မိန်းကလေးမွေးလို့ မလိုချင်ဘူးဆိုပြီး မြေမြှပ်ဖို့ ကြိုးစားတဲ့ အဘိုးဖြစ်သူကို ရဲကဖမ်းမိခဲ့တဲ့ (ရုပ်သံ)

Sharing is caring!

  • အောက်တွင် ရုပ်သံဖိုင် ထည့်ထားပါသည်

ယခုခေတ်ကာလအရ ကမ္ဘာတစ်ဝန်းကအမျိုးသမီးအတော်များများ အောင်မြင်တဲ့စီးပွားရေးရှင်ကြီးများ ၊ နိုင်ငံရေးသမားကြီးတွေ စတဲ့ဘက်ပေါင်းစုံတွေမှာအောင်မြင်တဲ့သူတွေဖြစ်လာကြပြီး မိသားစုဝင်တွေဂုဏ်ယူနေရတဲ့ အမျိုးသမီး မျိုးအတော်လေးကိုများပြားလာခဲ့နေပါပြီ ။

သို့ပေမဲ့လည်း အခြားသောနိုင်ငံအနည်းစုမှာတော့ အမျိုးသမီးတွေကို ဘာသာရေးအရ ၊ ရိုးရာဓလေ့အရ အမြဲဖိနှိပ်ချင်ကြပြီး ကိုယ့်သွေးသားရင်းတွေဆိုရင်တောင်မှ ယောကျာၤးလေးကိုသာလိုချင်ကြပြီး ၊ မိန်းကလေးတွေကို မလိုချင်ကြတဲ့အထိပါပဲ ။ဒီတစ်ခေါက်မှာလည်း

အိန္ဒိယနိုင်ငံ ၊ Hyderabad မြို့မှာရှိတဲ့မိသားစုတစ်ခုဟာ ၎င်းတို့ရဲ့မွေးကင်းစမြေးမလေးကို အရှင်လတ်လတ်မြေမြုပ်ပစ်ဖို့ကြိုးစားခဲ့လို့ ရဲအရာရှိတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ် ။ Video ထဲမှာတွေ့မြင်ရတဲ့အတိုင်း ကလေးကိုပွေ့ချီထားခဲ့တဲ့အမျိုးသားမှာ ကလေး

ငယ်၏အဘိုးဖြစ်သူ ဖြစ်တဲ့အပြင် ၊ မြေကျင်းတူနေခဲ့တဲ့ကောင်လေးမှာလည်း ကလေးငယ်နှင့်အမျိုးတော်စပ်နေသူဖြစ်ပါတယ် ။ Video ထဲမှာကြားရတဲ့အတိုင်းပဲ အဘိုးဖြစ်သူက သူ၏သမီးဖြစ်သူမှာမြေးမလေးကိုမွေးလာခဲ့၍မလိုချင်တဲ့အဆုံး မြေးမလေးကိုအိမ်မခေါ်ပြန်ချင်လို့ပါ

ဆိုပြီး ပြောဆိုနေခဲ့တာကိုကြားသိရမှာပါ ။ ” ကလေးကသေနေပြီလို့ ကျွန်တော်ထင်နေခဲ့တာ ။ အဲ့ကြောင့် သူ့ကိုမြေမြုပ်မလို့ ဒီကိုလာခဲ့တာပါ ” ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါသေးတယ် ။ရဲအရာရှိတွေရဲ့ပြောကြားချက်အရ သုံးဘီးဆိုင်ကယ်မောင်းသမားဟာ သံသယဖြစ်

ဖွယ်ကောင်းတဲ့အမျိုးသားနှစ်ဦးဟာ တစ်ယောက်မှာတစ်ခုခုကိုပွေ့ချီထားခဲ့ပြီး ၊ ကျန်တစ်ယောက်မှာ မြေကျင်းတူးနေတာကိုတွေ့ရှိခဲ့၍ စိတ်ထဲသင်္ကာမကင်းဖြစ်လာခဲ့၍ချက်ချင်းပဲ ရဲအရာရှိတွေကိုတိုင်ကြားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကလေးငယ်ကို အသက်

အန္တရာယ်မဖြစ်ခင်အချိန်မှာကယ်တင်နိုင်ခဲ့တဲ့အပြင် ယခုချိန်မှာတော့ ကလေးငယ်ကိုဆေးရုံတွင် ဆေးကုသနေပြီးစောင့်ကြည့်စစ်ဆေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

  • ရုပ်သံဖိုင်အား ကြည့်ရန် နှိပ်ပါ

Jasmine (Mckzone Daily)

Zawgyi Version

  • ေအာက္တြင္ ႐ုပ္သံဖိုင္ ထည့္ထားပါသည္

ယခုေခတ္ကာလအရ ကမာၻတစ္ဝန္းကအမ်ိဳးသမီးအေတာ္မ်ားမ်ား ေအာင္ျမင္တဲ့စီးပြားေရးရွင္ႀကီးမ်ား ၊ ႏိုင္ငံေရးသမားႀကီးေတြ စတဲ့ဘက္ေပါင္းစုံေတြမွာေအာင္ျမင္တဲ့သူေတြျဖစ္လာၾကၿပီး မိသားစုဝင္ေတြဂုဏ္ယူေနရတဲ့ အမ်ိဳးသမီး မ်ိဳးအေတာ္ေလးကိုမ်ားျပားလာခဲ့ေနပါၿပီ ။

သို႔ေပမဲ့လည္း အျခားေသာႏိုင္ငံအနည္းစုမွာေတာ့ အမ်ိဳးသမီးေတြကို ဘာသာေရးအရ ၊ ႐ိုးရာဓေလ့အရ အၿမဲဖိႏွိပ္ခ်င္ၾကၿပီး ကိုယ့္ေသြးသားရင္းေတြဆိုရင္ေတာင္မွ ေယာက်ာၤးေလးကိုသာလိုခ်င္ၾကၿပီး ၊ မိန္းကေလးေတြကို မလိုခ်င္ၾကတဲ့အထိပါပဲ ။ဒီတစ္ေခါက္မွာလည္း

အိႏၵိယႏိုင္ငံ ၊ Hyderabad ၿမိဳ႕မွာရွိတဲ့မိသားစုတစ္ခုဟာ ၎တို႔ရဲ႕ေမြးကင္းစေျမးမေလးကို အရွင္လတ္လတ္ေျမျမဳပ္ပစ္ဖို႔ႀကိဳးစားခဲ့လို႔ ရဲအရာရွိေတြရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရပါတယ္ ။ Video ထဲမွာေတြ႕ျမင္ရတဲ့အတိုင္း ကေလးကိုေပြ႕ခ်ီထားခဲ့တဲ့အမ်ိဳးသားမွာ ကေလး

ငယ္၏အဘိုးျဖစ္သူ ျဖစ္တဲ့အျပင္ ၊ ေျမက်င္းတူေနခဲ့တဲ့ေကာင္ေလးမွာလည္း ကေလးငယ္ႏွင့္အမ်ိဳးေတာ္စပ္ေနသူျဖစ္ပါတယ္ ။ Video ထဲမွာၾကားရတဲ့အတိုင္းပဲ အဘိုးျဖစ္သူက သူ၏သမီးျဖစ္သူမွာေျမးမေလးကိုေမြးလာခဲ့၍မလိုခ်င္တဲ့အဆုံး ေျမးမေလးကိုအိမ္မေခၚျပန္ခ်င္လို႔ပါ

ဆိုၿပီး ေျပာဆိုေနခဲ့တာကိုၾကားသိရမွာပါ ။ ” ကေလးကေသေနၿပီလို႔ ကြၽန္ေတာ္ထင္ေနခဲ့တာ ။ အဲ့ေၾကာင့္ သူ႔ကိုေျမျမဳပ္မလို႔ ဒီကိုလာခဲ့တာပါ ” ဆိုၿပီးေတာ့လည္း ေျပာဆိုခဲ့ပါေသးတယ္ ။ရဲအရာရွိေတြရဲ႕ေျပာၾကားခ်က္အရ သုံးဘီးဆိုင္ကယ္ေမာင္းသမားဟာ သံသယျဖစ္

ဖြယ္ေကာင္းတဲ့အမ်ိဳးသားႏွစ္ဦးဟာ တစ္ေယာက္မွာတစ္ခုခုကိုေပြ႕ခ်ီထားခဲ့ၿပီး ၊ က်န္တစ္ေယာက္မွာ ေျမက်င္းတူးေနတာကိုေတြ႕ရွိခဲ့၍ စိတ္ထဲသကၤာမကင္းျဖစ္လာခဲ့၍ခ်က္ခ်င္းပဲ ရဲအရာရွိေတြကိုတိုင္ၾကားခဲ့တာျဖစ္ေၾကာင္းသိရွိရပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ကို အသက္

အႏၲရာယ္မျဖစ္ခင္အခ်ိန္မွာကယ္တင္ႏိုင္ခဲ့တဲ့အျပင္ ယခုခ်ိန္မွာေတာ့ ကေလးငယ္ကိုေဆး႐ုံတြင္ ေဆးကုသေနၿပီးေစာင့္ၾကည့္စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရပါတယ္ ။

  • ႐ုပ္သံဖိုင္အား ၾကည့္ရန္ ႏွိပ္ပါ

Jasmine (Mckzone Daily)

Add a Comment

Your email address will not be published.