ပရိသတ်ရဲ့မေတ္တာကြောင့် ဖခင် ပြန်လည် ကျန်းမာလာတာပါဆိုတဲ့ ထက်ထက်
|နိုင်ငံကျော် သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ဖခင်ဟာ ကျန်းမာရေးအခြေအနေမကောင်းလို့ မကြာသေးခင်က ဆေးရုံတက်ရောက်ပြီး ကုသမှု ခံယူခဲ့ရပါတယ်။အခုအခါမှာတော့ ထက်ထက်မိုးဦးဟာ တစ်လနီးပါး ဆေးရုံတက်နေရ
တဲ့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာမှုကြောင့် ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ အချိန်ပြည့် ပြုစုပေးနေရတဲ့ သူမအတွက် ပင်ပန်းရကျိုးနပ်တယ်လို့ ပြောလာပါတယ်။” ဆေးရုံမှာတစ်လပြည့်လုနီးကြာပြီ။
အဖေလည်း သက်သာလာတာတွေ့ရတော့သမီးပင်ပန်းရကျိုးနပ်ပါပြီ။ လွန်ခဲ့တဲ့ ၇ နှစ်ခန့် က ischaemic heart disease ဖြစ်တော့သွေးကြော၂ချောင်းချဲ့ရတယ်။ အချိန်မီအသက်ကယ်လို့ရခဲ့တယ်။အခုလည်း ပြန်သက်သာလာ
အောင်သမီးကြိုးစားခွင့်ရခဲ့တယ်။ အဖေလည်း အဖေ့ရဲ့သီလနဲ့ကျွန်မကိုချစ်တဲ့သူတွေဝိုင်းပြီးဆုတောင်းပေးကြတဲ့အတွက်အဖေသက်သာလာတာ” ဆိုပြီးတော့ ဒီနေ့ မနက်မှာ သူမရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါ
တယ်။ထက်ထက်မိုးဦးရဲ့ ဖခင်အခုလို ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှုအပေါ် ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေကလည်း ဝမ်းသာစကားဆိုထားကြပါတယ်။
#KS
Zawgyi Version
#KS