ကျောင်းအပ်လို့ ပိုက်ဆံတောင်းရင် တိုင်ကြားနိုင်တဲ့ လိပ်စာကို ပညာရေးဝန်ကြီး ထုတ်ပြန်
|ကျောင်းအပ်စဉ် ငွေကြေးကောက်ခံပါက ဝန်ကြီးရုံးသို့ တိုင်ကြားနိုင်”,”summary”:” ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအားငွေ ကြေး၊ လက်ဆောင်ပစ္စည်းများ မပေးရန် ကျောင်းအပ်နှံရေးသီ တင်းပတ်ဆိုင်ရာ မိဘ၊
အုပ်ထိန်းသူ၊ပြည်သူသို့ အသိပေးချက်ပညာရေးဝန်ကြီးဌာနက မေတ္တာ ရပ်ခံထားသည်။”၂၀၂၀-၂၁ ပညာသင်နှစ်အ ခြေခံပညာ အထက်တန်းအဆင့် အတန်းများ ဖြစ်သည့် သင်ရိုးသစ် ဒသမတန်းGrade-10(ယခင် ညာသင်နှစ်
က အဋ္ဌမတန်း-Grade 9 တက်ရောက်အောင်မြင် ခဲ့သူများ တက်ရမည်)နှင့်သင်ရိုး ဟောင်း ဒသမတန်း Grade-11 (ယခင်ပညာသင်နှစ်က နဝမ တန်း Grade-10 တက်ရောက် အောင် မြင်ခဲ့သူများတက်ရမည်)တို့၏
ကျောင်း အပ်နှံရေးသီတင်း ပတ်ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ သတ် မှတ်ထားသည်။ထိုအတန်းနှစ်တန်းကို ဇူ လိုင် ၂၁ ရက်တွင် ကျောင်းစတင် ဖွင့်လှစ်မည်ဖြစ်သည်။ COVID-19 ကြောင့်ယခင်နှစ်များကဲ့ သို့အခြေခံ
ပညာအတန်းအား လုံးကို တစ်ပြိုင်တည်း ကျောင်း အပ်လက်ခံမည်မဟုတ်ဘဲအ ထက်တန်းအဆင့် အတန်းနှစ် တန်းကို ဦးစွာကျောင်းအလက်ခံ မည်ဖြစ်သည်။ကျောင်းအပ်နှံရာတွင် လူစု လူဝေးမဖြစ်စေရန် ကျောင်းတစ် ာင်း
ချင်းအလိုက် စီမံဆောင် ရွက်မည့်အစီ အစဉ်ကိုလည်းအ ခြေခပညာကျောင်းများက အခြေ ခံပညာဦးစီးဌာနသို့ တင်ပြရန် ဇွန် လ ၃၀ ရက်က ညွှန်ကြားထား သည်။ကျောင်းသားဦးရေ များလာ ခြင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မား
လာခြင်း၊ ထပ်ကျော့ ကျောင်းအပ် နှံခြင်း၊ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များကို လုံလောက်စွာ ဖြန့်ဝေပေး လိုခြင်းတို့ကြောင့် မြို့ နယ်အ လိုက် သတ်မှတ်နယ်မြေတွင်သာကျောင်းအပ်နှံကြရန် ပညာရေး ဝန်ကြီးဌာနက အသိပေးထား
သည်။မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူ များအနေဖြင့် ငွေကြေး၊ လက် ဆောင်ပစ္စည်းများကို ပညာရေး ဝန်ထမ်းများအားပေးအပ်ခြင်း မပြုရန်နှင့် ပညာရေးဝန်ထမ်းများ ကလည်း မည်သည့် အခကြေး ငွေမျှ ကောက်ခံခြင်းမပြုရန်၊
ငွေ ကြေး၊ လက်ဆောင်ပစ္စည်း လက် ခံခြင်းမပြုရန်၊ ကျောင်းဝတ်စုံအ တွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များရောင်းချခြင်းမပြုရန်၊ အခြား မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ကျောင်း အုပ်၊ ဆရာ၊ ဆရာမ၊
အရာထမ်း၊ အမှုထမ်းများကိုလည်း ညွှန်ကြား ထားသည်။‘‘မိဘတွေကလည်း မပေး ဖို့လိုတယ်။ ပေးရကမ်းရတာရှိရင် လည်း အချိန်မရွေးတိုင်လို့ရ တယ်။တိုင်တာနဲ့ ဌာနဆိုင်ရာ စုံ စမ်းစစ်ဆေးပြီး ဝန်ထမ်းမှာအပြစ် ရှိရင်
တစ်ခါတည်း အရေးယူမှာ’’ ဟုအခြေခံပညာဦးစီး ဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျောင်းအပ်နှံရေး ကိစ္စများနှင့် ပတ်သက်၍ ပြောကြားထား သည်။
ပြောကြားထား သည်။အခြေခံပညာကျောင်းများ တွင် အခကြေးငွေကောက်ခံခြင်း၊ပ စ္စည်း ရောင်းချခြင်းများရှိပါက ပညာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးတ်(၁၃)နေပြည်တော်(သို့မဟုတ်)ပညာသင်dpsoffice(at)moe(dot)
edu(dot)mm , edpsoffice (at) moe(dot)edu(dot)mm သို့တိုင်ကြားနိုင်သည်ဟု ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်ရာ အသိပေးချက်တွင် ကြေ ညာထားသည်။ယခုပညာသင်နှစ်အတွက် ကျောင်းလခ၊ မိဘဆရာ
အသင်း ကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနှင့်စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေး ငွေမှ မကောက်ခံကြောင်းလည်း ပညာရေးဝန်ကြီးဌာနက အသိ ပေးထားသည်။
Ref ; 7Day
Zawgyi Version
ေက်ာင္းအပ္စဥ္ ေငြေၾကးေကာက္ခံပါက ဝန္ႀကီး႐ုံးသို႔ တိုင္ၾကားႏိုင္”,”summary”:” ေက်ာင္းအုပ္၊ ဆရာ၊ ဆရာမ၊ ဝန္ထမ္းမ်ားအားေငြ ေၾကး၊ လက္ေဆာင္ပစၥည္းမ်ား မေပးရန္ ေက်ာင္းအပ္ႏွံေရးသီ တင္းပတ္ဆိုင္ရာ မိဘ၊
အုပ္ထိန္းသူ၊ျပည္သူသို႔ အသိေပးခ်က္ပညာေရးဝန္ႀကီးဌာနက ေမတၱာ ရပ္ခံထားသည္။”၂၀၂၀-၂၁ ပညာသင္ႏွစ္အ ေျခခံပညာ အထက္တန္းအဆင့္ အတန္းမ်ား ျဖစ္သည့္ သင္႐ိုးသစ္ ဒသမတန္းGrade-10(ယခင္ ညာသင္ႏွစ္
က အ႒မတန္း-Grade 9 တက္ေရာက္ေအာင္ျမင္ ခဲ့သူမ်ား တက္ရမည္)ႏွင့္သင္႐ိုး ေဟာင္း ဒသမတန္း Grade-11 (ယခင္ပညာသင္ႏွစ္က နဝမ တန္း Grade-10 တက္ေရာက္ ေအာင္ ျမင္ခဲ့သူမ်ားတက္ရမည္)တို႔၏
ေက်ာင္း အပ္ႏွံေရးသီတင္း ပတ္ကို ဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္အထိ သတ္ မွတ္ထားသည္။ထိုအတန္းႏွစ္တန္းကို ဇူ လိုင္ ၂၁ ရက္တြင္ ေက်ာင္းစတင္ ဖြင့္လွစ္မည္ျဖစ္သည္။ COVID-19 ေၾကာင့္ယခင္ႏွစ္မ်ားကဲ့ သို႔အေျခခံ
ပညာအတန္းအား လုံးကို တစ္ၿပိဳင္တည္း ေက်ာင္း အပ္လက္ခံမည္မဟုတ္ဘဲအ ထက္တန္းအဆင့္ အတန္းႏွစ္ တန္းကို ဦးစြာေက်ာင္းအလက္ခံ မည္ျဖစ္သည္။ေက်ာင္းအပ္ႏွံရာတြင္ လူစု လူေဝးမျဖစ္ေစရန္ ေက်ာင္းတစ္ ာင္း
ခ်င္းအလိုက္ စီမံေဆာင္ ႐ြက္မည့္အစီ အစဥ္ကိုလည္းအ ေျခခပညာေက်ာင္းမ်ားက အေျခ ခံပညာဦးစီးဌာနသို႔ တင္ျပရန္ ဇြန္ လ ၃၀ ရက္က ၫႊန္ၾကားထား သည္။ေက်ာင္းသားဦးေရ မ်ားလာ ျခင္း၊ ေက်ာင္းအပ္ႏွံႏႈန္း ျမင့္မား
လာျခင္း၊ ထပ္ေက်ာ့ ေက်ာင္းအပ္ ႏွံျခင္း၊ေက်ာင္းသုံးျပ႒ာန္းစာအုပ္ မ်ားကို လုံေလာက္စြာ ျဖန႔္ေဝေပး လိုျခင္းတို႔ေၾကာင့္ ၿမိဳ႕ နယ္အ လိုက္ သတ္မွတ္နယ္ေျမတြင္သာေက်ာင္းအပ္ႏွံၾကရန္ ပညာေရး ဝန္ႀကီးဌာနက အသိေပးထား
သည္။မိဘ၊ အုပ္ထိန္းသူ၊ ျပည္သူ မ်ားအေနျဖင့္ ေငြေၾကး၊ လက္ ေဆာင္ပစၥည္းမ်ားကို ပညာေရး ဝန္ထမ္းမ်ားအားေပးအပ္ျခင္း မျပဳရန္ႏွင့္ ပညာေရးဝန္ထမ္းမ်ား ကလည္း မည္သည့္ အခေၾကး ေငြမွ် ေကာက္ခံျခင္းမျပဳရန္၊
ေငြ ေၾကး၊ လက္ေဆာင္ပစၥည္း လက္ ခံျခင္းမျပဳရန္၊ ေက်ာင္းဝတ္စုံအ တြက္ အတန္းတံဆိပ္ႏွင့္ ေက်ာင္းတံဆိပ္မ်ားေရာင္းခ်ျခင္းမျပဳရန္၊ အျခား မည္သည့္ပစၥည္းကိုမွ် ေရာင္းခ်ျခင္းမျပဳရန္ ေက်ာင္း အုပ္၊ ဆရာ၊ ဆရာမ၊
အရာထမ္း၊ အမႈထမ္းမ်ားကိုလည္း ၫႊန္ၾကား ထားသည္။‘‘မိဘေတြကလည္း မေပး ဖို႔လိုတယ္။ ေပးရကမ္းရတာရွိရင္ လည္း အခ်ိန္မေ႐ြးတိုင္လို႔ရ တယ္။တိုင္တာနဲ႔ ဌာနဆိုင္ရာ စုံ စမ္းစစ္ေဆးၿပီး ဝန္ထမ္းမွာအျပစ္ ရွိရင္
တစ္ခါတည္း အေရးယူမွာ’’ ဟုအေျခခံပညာဦးစီး ဌာန ၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေက်ာင္းအပ္ႏွံေရး ကိစၥမ်ားႏွင့္ ပတ္သက္၍ ေျပာၾကားထား သည္။
ေျပာၾကားထား သည္။အေျခခံပညာေက်ာင္းမ်ား တြင္ အခေၾကးေငြေကာက္ခံျခင္း၊ပ စၥည္း ေရာင္းခ်ျခင္းမ်ားရွိပါက ပညာေရး ဝန္ႀကီးဌာန ဝန္ႀကီး႐ုံး၊ ႐ုံးတ္(၁၃)ေနျပည္ေတာ္(သို႔မဟုတ္)ပညာသင္dpsoffice(at)moe(dot)
edu(dot)mm , edpsoffice (at) moe(dot)edu(dot)mm သို႔တိုင္ၾကားႏိုင္သည္ဟု ေက်ာင္းအပ္ႏွံေရး သီတင္းပတ္ ဆိုင္ရာ အသိေပးခ်က္တြင္ ေၾက ညာထားသည္။ယခုပညာသင္ႏွစ္အတြက္ ေက်ာင္းလခ၊ မိဘဆရာ
အသင္း ေၾကး၊ အားကစားေၾကး၊ စာေရး ကိရိယာႏွင့္စာၾကည့္တိုက္ေၾကး အပါအဝင္ မည္သည့္အခေၾကး ေငြမွ မေကာက္ခံေၾကာင္းလည္း ပညာေရးဝန္ႀကီးဌာနက အသိ ေပးထားသည္။
Ref ; 7Day