စောင့်ရှောက်သူမရှိပဲ ပျက်စီးနေတဲ့ တတိယနိုင်ငံကိုတည်ထောင်ခဲ့သူ ဦးအောင်ဇေယျ ရဲ့ ဂူဗိမာန်

Sharing is caring!

“သမိုင်းကိုမသိရင်_လူအပဲ”

“သမိုင်းကို တန်ဖိုးမထားတတ်တာ ဖျောက်ပစ်တတ်တာ တို့မြန်မာလူမျိုးတွေလား”

*မိမိရဲ့ အားလပ်ရက်လေးမှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကင်းရွာမှာရှိတဲ့ သရက်တောကျောင်းတိုက်နားက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အုတ်ဂူလို့ ကြားဖူးတာနဲ့ ဝင်ရောက်လေ့လာခဲ့မိတယ် ….။

*အုတ်ဂူသည်ကား အတော်ပျက်စီးနေပါပြီ။ ရှေးလက်ရာ မင်းသမီးရုပ် နတ်ရုပ် မြွေရုပ် လိပ်ရုပ် စသည်ဖြင့် အရုပ်များမှာ ခေါင်းများပင် မရှိတော့ချေ။ ရာသီဥတုဒဏ် ကာလရွေ့လျားမှု ဒဏ်များက အုတ်ဂူကို အတော်ကို ပျက်ဆီးစေခဲ့လေပြီ။

*မြန်မာတွေ ထိုင်းနဲ့ဘောကန်ရင် ဦးအောင်ဇေယျကို “တ”ကြတယ်။ နိုင်ပါလိမ့်မယ်…. အားကြီးကြီး ။ မနိုင်ရတဲ့ အကြောင်းရင်းကို ခုမှ သိတော့တယ်….။ သူ့ကိုတန်ဖိုးမထားဘဲ “တ”နေမှတော့ ရမယ်မထင်။

*သမိုင်းကိုတန်ဖိုးထားကြပါဗျာ…..။တာဝန်ရှိသူများ ထိန်းသိမ်းပေးကြပါ။

*ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်းကို သေချာ ထိန်းသိမ်းထားမှုတွေထဲမှာ ဦးအောင်ဇေယျ နှင့် ပတ်သတ်တာတွေ အကုန် နဂိုအတိုင်းပဲ။ သူတို့လူမျိုးတွေရဲ့ သမိုင်းကို တန်ဖိုးထားမှုက တို့လူမျိုးတွေနဲ့ ဘာမှမဆိုင်ဘူး။

*ဦးအောင်ဇေယျကို ထိုင်းတွေရှုံးခဲ့တာကို ခုထိသူတို့မျိုးဆက်သစ်တွေကို အားလပ်ရက်မှာ တကူးတကလိုက်ပြတုန်း။ အရှုံးသမားဖြစ်ရတဲ့ ဘဝကို မမေ့ဖို့ပေါ့။ တို့လူမျိုးတွေက နိုင်ခဲ့တာပါ ။ ပိုပြီးဂုဏ်ယူဝံ့ကြားစွာ တန်ဖိုးထား ထိန်းသိမ်းသင့်တာပါ။ ဒါမှ တို့မျိုးဆက်သစ်တွေကို သမိုင်းဝင်ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်လာစေဖို့ အားကျစရာပဲ မဟုတ်ပါလော…..။ ခုတော့ ….. ခုတော့….

ဘာမှမပြောချင်တော့ပါပြီ။

*သမိုင်းကို တန်ဖိုးမထားတတ်တဲ့ ကိုယ့်မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကိုပဲ ပြေးမြင်မိတော့တယ်…..

*အားလုံးခေါင်းဆောင်ကောင်းတစ်ဦးရဲ့ စိတ်ဓာတ်ကို အတုခိုးနိုင်ပြီး သမိုင်းကိုတန်ဖိုးထားတတ်ပါစေလို့သာ တိုက်တွန်းပါရစေ…..။

မဟာနွယ် (မြနန်း)

“သမုိင္းကုိမသိရင္_လူအပဲ”

“သမုိင္းကုိ တန္ဖုိးမထားတတ္တာ ေဖ်ာက္ပစ္တတ္တာ တုိ႔ျမန္မာလူမ်ိဳးေတြလား”

*မိမိရဲ႕ အားလပ္ရက္ေလးမွာ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ထဲက ကင္းရြာမွာ႐ွိတဲ့ သရက္ေတာေက်ာင္းတုိက္နားက အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် အုတ္ဂူလုိ႔ ၾကားဖူးတာနဲ႔ ၀င္ေရာက္ေလ့လာခဲ့မိတယ္ ….။

*အုတ္ဂူသည္ကား အေတာ္ပ်က္စီးေနပါၿပီ။ ေ႐ွးလက္ရာ မင္းသမီး႐ုပ္ နတ္႐ုပ္ ေႁမြ႐ုပ္ လိပ္႐ုပ္ စသည္ျဖင့္ အ႐ုပ္မ်ားမွာ ေခါင္းမ်ားပင္ မ႐ွိေတာ့ေခ်။ ရာသီဥတုဒဏ္ ကာလေရြ႔လ်ားမႈ ဒဏ္မ်ားက အုတ္ဂူကုိ အေတာ္ကုိ ပ်က္ဆီးေစခဲ့ေလၿပီ။

*ျမန္မာေတြ ထုိင္းနဲ႔ေဘာကန္ရင္ ဦးေအာင္ေဇယ်ကုိ “တ”ၾကတယ္။ ႏုိင္ပါလိမ့္မယ္…. အားႀကီးႀကီး ။ မႏုိင္ရတဲ့ အေၾကာင္းရင္းကုိ ခုမွ သိေတာ့တယ္….။ သူ႔ကုိတန္ဖုိးမထားဘဲ “တ”ေနမွေတာ့ ရမယ္မထင္။

*သမုိင္းကုိတန္ဖုိးထားၾကပါဗ်ာ…..။တာ၀န္႐ွိသူမ်ား ထိန္းသိမ္းေပးၾကပါ။

*ထုိင္းမွာ အယုဒၶယၿမိဳ႕ေဟာင္းကုိ ေသခ်ာ ထိန္းသိမ္းထားမႈေတြထဲမွာ ဦးေအာင္ေဇယ် ႏွင့္ ပတ္သတ္တာေတြ အကုန္ နဂုိအတုိင္းပဲ။ သူတုိ႔လူမ်ိဳးေတြရဲ႕ သမုိင္းကုိ တန္ဖုိးထားမႈက တုိ႔လူမ်ိဳးေတြနဲ႔ ဘာမွမဆုိင္ဘူး။

*ဦးေအာင္ေဇယ်ကုိ ထုိင္းေတြ႐ႈံးခဲ့တာကုိ ခုထိသူတုိ႔မ်ိဳးဆက္သစ္ေတြကုိ အားလပ္ရက္မွာ တကူးတကလုိက္ျပတုန္း။ အ႐ႈံးသမားျဖစ္ရတဲ့ ဘ၀ကုိ မေမ့ဖုိ႔ေပါ့။ တုိ႔လူမ်ိဳးေတြက ႏုိင္ခဲ့တာပါ ။ ပုိၿပီးဂုဏ္ယူဝံ့ၾကားစြာ တန္ဖုိးထား ထိန္းသိမ္းသင့္တာပါ။ ဒါမွ တုိ႔မ်ိဳးဆက္သစ္ေတြကုိ သမုိင္း၀င္ေခါင္းေဆာင္တစ္ဦးရဲ႕ စိတ္ဓာတ္ေတြ ျဖစ္ေပၚလာေစဖုိ႔ အားက်စရာပဲ မဟုတ္ပါေလာ…..။ ခုေတာ့ ….. ခုေတာ့….

ဘာမွမေျပာခ်င္ေတာ့ပါၿပီ။

*သမုိင္းကုိ တန္ဖုိးမထားတတ္တဲ့ ကုိယ့္ျမန္မာလူမ်ိဳးေတြရဲ႕ စိတ္ဓာတ္ကုိပဲ ေျပးျမင္မိေတာ့တယ္…..

*အားလုံးေခါင္းေဆာင္ေကာင္းတစ္ဦးရဲ႕ စိတ္ဓာတ္ကုိ အတုခုိးႏုိင္ၿပီး သမုိင္းကုိတန္ဖုိးထားတတ္ပါေစလုိ႔သာ တုိက္တြန္းပါရေစ…..။

မဟာႏြယ္ (ျမနန္း)

Add a Comment

Your email address will not be published.