ဘုရားရှိခိုးဖို့ ဝန်လေးတာ ၊ ဘုရားရဲ့တရားတော်တွေကို ယုံကြည်မှုလျော့နည်းလာတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး ( လူငယ်ဖတ်ဖို့)

Sharing is caring!

Unicode / Zawgyi

ယခု သတင်းကို ( Ven Nandacara ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်စိတ်ထဲကနေ မြတ်စွာဘုရားကို မရည်ရွယ်ဘဲ ဆဲဆိုနေမိခြင်း မိုက်မိုက်ရိုင်းရိုင်း ပြစ်မှားနေမိရတဲ့ အကြောင်းအရင်း
ဘာသာရေး ကိုးကိုယ်ယုံကြည်မှုမှာ ဖြစ်တတ်တဲ့ ထူးဆန်းသော စိတ်တစ်ခု အကြောင်းပြောပြပေးချင်ပါတယ်ဘုရားကန်တော့တဲ့အခါ ဘုရားဆင်းတုတော်တွေ ရှေ့ရောက်တဲ့အခါ မြတ်စွာဘုရားရဲ့ မျက်နှာတော်ကို စေ့စေ့မကြည့်ရဲတဲ့ စိတ်ခံစားမှုပြဿနာ… ဒီလိုဖြစ်ကြတာ လူတော်တော်များများဖြစ်ကြတယ်လို့ သိရတယ်။အမျိုးသမီးတွေမှာ အဖြစ်များကြတယ်လို့ပြောပြီး အမျိုးသား အများစုလည်း ဖြစ်တဲ့သူတွေရှိတာကိုတွေ့ရတယ်။လူငယ် ဆယ်ကျော်သက်တွေမှာ

အဖြစ်များတယ်လို့လည်း ပြောလို့ရတယ်။မြတ်စွာဘုရားကို အာရုံပြုတဲ့အခါဖြစ်စေ မြတ်စွာဘုရားရဲ့ မျက်နှာတော်ကို မြင်တဲ့အခါဖြစ်စေ စိတ်မှာ ပြစ်မှားလိုတဲ့ စိတ်တွေဖြစ်လာကြတယ်။ဒီလို ဖြစ်တဲ့အကြိမ်များလာတော့ မြတ်စွာဘုရားနဲ့ ဝေးရာကို ရှောင်နေကြတော့တယ်။ အပြစ်ဖြစ်မှာ စိုးရိမ်နေတာကြောင့် ဘုရားကန်တောဖို့ ဝန်လေးလာကြတယ်။ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာကို ဗုဒ္ဓစိတ်ပညာရှုထောင့်ကနေ လေ့လာကြည့်သင့်ပါတယ်။ အချို့ကတော့ ပယောဂလို့ ဆိုပြီး အချို့က ပရလောကနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာတွေကြောင့်လို့ ဆိုကြသလို အချို့ကတော့ စိတ်ရောဂါသီးသန့်လို့ ဆိုကြပါတယ်။ဒါကတော့ ရှုထောင့်မျိုးစုံနဲ့ အဖြေမျိုးစုံ ဖြစ်နေမှာပါပဲ။ ပထမဆုံး ဖြစ်နိုင်တာက “OCD BLASPHEMOUS

THOUGHTS” လို့ခေါ်တဲ့ ဘုရား.. တရား.. သံဃာနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပြစ်မှားတဲ့အတွေးတွေ တွေးမိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တချို့က စိတ်မှာ ရတနာသုံးပါးကို ကြည်ညိုသော်လည်း ထူးဆန်းတဲ့ အတွေးတွေပေါ်တယ်။ဘုရားကန်တော့နေရင်း ဆွမ်းလောင်းနေရင်း တရားစာရွတ်နေရင်းပေါ့။ ဘုရားကန်တော့နေရင်း ဘုရားဆင်းတုကြီးကို ရိုက်ချင်နှက်ချင်လာတယ် ကန်ကြောက်ချင်လာတယ်။ဆွမ်းလောင်းနေရင်း ရဟန်းကို တံတွေးနဲ့ထွေးချင်

လာတယ်။ တရားစာရွတ်ဖတ်နေရင်း စာရွက်တွေ ဆွဲဖြဲချင်လာတယ်။ တချို့က လိင်စိတ်တွေဖြစ်လာတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ်တွေဖြစ်လာတယ်။အဲ့လိုတွေဖြစ်ကြတယ်.. ဒါကို Obsessive-compulsive disorder ခေါင်းစဉ်အောက်မှာ OCD BLASPHEMOUS THOUGHTS လို့ခေါ်တယ်။နောက်အမည်တခုနဲ့ Instrive Thoughts လို့လည်း ခေါ်တယ်။ သုတေသနအရ လူ တွေမှာ ၉၄% လောက်အထိဖြစ်ကြတယ်လို့ ဆိုတယ်။ instrive thoughts တွေမှာ အထက်မှာပြောသလို aggressive thoughts တွေ ရှိသလို sexual thoughts တွေလည်း ရှ်တယ်။အသက် ၄၀ အောက်မှာ ပဲ အဖြစ်များပြီး အသက်၄၀-၆၀ ကြားတွေမှာတော့ OCD ရောဂါရှိသူတွေပဲ ဖြစ်

ပါတယ်။ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ စိတ်သဘာဝမို့ သတိလေးထားပြီး နေသင့်ပါတယ်။အဲ့လို စိတ်တွေဖြစ်လာပြီဆိုရင် သတိလေးနဲ့ နေသင့်ပါတယ်။ အရမ်းဆိုးဆိုးဝါးဝါးဖြစ်လာတယ်ဆိုရင်တော့ စိတ်ပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။ာက်တစ်ခုက အတိတ်ကာလက ပြုထားတဲ့ ဒုစရိုက် တရားတစ်ခုခုကြောင့် ဖြစ်လေ့ရှိတဲ့ moral shaming ကြောင့် ဖြစ်လာတဲ့ စိတ်ရောဂါ တစ်ခုလို့လည်း ယူဆကြတယ်။သာမညဖလသုတ်မှာလာတဲ့ အဇာတဘုရင်ရဲ့ စိတ်သောကကို

သေချာ လေ့လာကြည့်ရင် ဒီလိုမျိုးကို တွေ့နိုင်တယ်။ အဇာတ ဘုရင်လည်း cognitive therapy နဲ့ကုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ဒါပေမယ့် နောက်ဆုံးမှာ behavioral therapy အသွင် သီလအားဖြင့် ကုသတဲ့ အခါမှာတော့ ယင်းစိတ်ရောဂါပျောက်ကင်းခဲ့တယ်။ဒီတော့ moral anxiety လို့ ယူဆလို့လည်း ရတယ်။ ဒါက ဒုတိယ အမြင်… နောက်ဆုံး အနေနဲ့ တစ်ခုကတော့ Culture Bound Syndome DSM IV-TR မှာ Culture Bound

Syndome လို့ ဖော်ပြပြီး DSM-5 မှာတော့ Cultural Concepts of Distress လို့ ဖော်ပြတယ်။မြန်မာပြည်အယူအဆတွေနဲ့ စပ်ဆက်တွေးကြည့်တဲ့အခါ နတ်ကိုးကွယ်မှုတွေ ပယောဂ တွေနဲ့ သက်ဆိုင်တဲ့ အချက်တွေကို တွေ့ရပါတယ်။ ပုဂံခေတ် နတ်ကိုးကွယ်မှု သမိုင်းတွေနဲ့ ဗုဒ္ဓဘာသာ ခေတ်ပြောင်းတော်လှန်ရေး သမိုင်းတွေကို လေ့လာကြည့်တဲ့အခါ cultural concept နဲ့ပါတ်သက်တဲ့ distress တွေ အခြား abnormal behavioral

problems တွေကို တွေ့ရပါတယ်။မြန်မာတွေအသိများတဲ့ နတ်ကိုင်တာတို့ ပယောဂတိုက်တာတို့ စသည်ဖြင့်ပေါ့။ မာန်နတ်ရဲ့ လှဲ့စားမှုလည်း ထဲ့တွက်ရမှာပေါ့။ ဒါတွေကလည်း သက်ဆိုင်ရာ ယုံကြည်မှုတွေနဲ့ ချဉ်းကပ်ပြီး ကုသသင့်ပါတယ်။မှားတာ မှန်တာကို အဖြေရှာတာထက် client ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံပြည့်ဝစေမှုကို ရှေးရှုသောအားဖြင့် ဆောင်ရွက်စေသင့်ပါတယ်။ စိတ်ပညာရှင် တစ်ယောက်အနေနဲ့ မယုံကြည်ဘူး မဖြစ်နိုင်ဘူးလို့တော့ တပ်အပ်ပြောလို့ မရဘူး။ Parapsychology, Demonology စသည်ဖြင့် ဘာသာရပ် နယ်ပယ်တွေနဲ့ လေ့လာမှုတွေလည်း ရှိတဲ့အပြင် ရှေ့မှာပြောခဲ့သလို DSM မှာလည်း ပါနေတော့ လက်ခံပြီး မိမိတို့ ဆိုင်ရာ ရှုထောင့်ကနေ လေ့လာသင့်ပါ

တယ်။ကုစားဖို့က အရေးကြီးတာ ကိုယ်တစ်ယောက်ထဲ ဖြစ်နေတယ်လို့ မထင်ပါနဲ့။ ဒီလိုဖြစ်နေတာ အများကြီးပါ။ ဗုဒ္ဓဘာသာတွေတင် မကပဲ အခြား ဘာသာခြားတွေလည်း သူတို့ ဘုရားကို အဲ့လို စိတ်တွေဖြစ်တတ်ပါတယ်။

ရတနာသုံးပါးကိုတင်မကဘူး မိဘ ဆရာသမားတွေ မိမိလေးစားရတဲ့သူတွေ အပေါ်မှာလည်း ဖြစ်တာကိုတွေ့ရပါတယ်။ ကောင်းတာကတော့ ခင်ပွန်းကြီးဆယ်ပါး ရှစ်ခိုးခြင်း၊ သီလကို ပြုပြင်ခြင်း စောင့်ထိန်းခြင်းဖြင့် ကျော်လွှားနိုင်မယ်လို့ မြင်ပါတယ်။Modern Psychotherapy မှာဆိုရင်တော့ DBT လို therapy မျိုးနဲ့ ကုမယ်ထင်ပါတယ်။ DBT နဲ့ CBT ဟာ အနည်းငယ်ကွဲလွဲမှု ရှိတယ်။ သို့ပေမယ့် ပထမလို moral ကြောင့် ဖြစ်တဲ့ case တွေမှာ DBT ကိုသာ

ဦးစားပေးရမယ်လို့ မြင်ပါတယ်။cultural ရှုထောင့်ကနေ ကုစားမယ်ဆိုရင်တော့ CBT ကို အဓိကထားပြီး ကုသရမယ်လို့ မြင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်သူတို့ ယုံကြည်ရာ folk religions တွေက ဆိုင်ရာ ဆရာများနှင့်လည်း ကုသသင့်ပါတယ်။ (တချို့က ကိုယ်တိုင်တော့ နတ်မယုံပါဘူး ဒါပေမယ့် မိဘက နတ်ကိုးကွယ်တာတွေရှိခဲ့တဲ့ အစဉ်အလာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အကျယ်ကိုတော့ Culture Bound Syndome symptoms & cases

တွေကို ကြည့်ပါ။ )ဒါ့အပြင် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခြင်း ရွတ်ဖတ်စေခြင်း ၊ မေတ္တသုတ် ၊ ရတနသုတ်၊ အာဋာနာဋိယသုတ်၊ ပုဗ္ဗဏှသုတ် စသည်တို့ကို အထူးပြုရွတ်ဘာသ်စေပြီး၊ မေတ္တာပို့ခြင်းကိုလည်း မပျက်ဆောင်ရွက်ပါ။ဤအချက်များကို ပြုခြင်းအားဖြင့် ကျော်လွားနိုင်မည်ဟု ယုံကြည်ပါသည်။ စိတ်မှာ ပြစ်မှားမိနေလို့ အကုသိုလ်ဖြစ်မှာ စိုးတယ်ဆိုပြီး ရှောင်နေတာကတော့ အဖြေမဟုတ်ပါ။ပြီးတော့ အရမ်းလည်း အစိုးရိမ် မလွန်စေလို

ပါ။ အသက်အရွယ် အပိုင်းအခြားတစ်ခုရောက်ရင်လည်း အလိုလိုပျောက်သွားနိုင်ပါတယ်။ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ကြပါစေ။

#Nandacar Intrusive Thoughts Post

မဖိတ်ခေါ်ပဲ ရောက်လာသော အတွေးများ ယမန်နေ့က လူမှုကွန်ယက်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုအကြောင်းကို တင်ခဲ့ပြီး ယင်း ဆောင်းပါးဟာ လူငယ်အများစုကြားမှာ ပြန့်နှံ့ခဲ့တယ်။မြန်မာပြည်မှာတော့ အများစုဟာဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဘုရား တရား သံဃာအပေါ်မှာ ရိုသေလေးစားမှု မကောင်းမပြုလိုမှု၊ မပြစ်မှားလိုမှု ရှိကြတယ်။ဒါပေမယ့် မိမိတို့ကိုယ်တိုင်ကိုယ်က ရတနာသုံးပါးအပေါ်မှာ ကြည်ညိုပါလျှက်နဲ့ မပြစ်မှားချင်ပဲ ရှိ

သော်လည်း တစ်ခါတစ်ရံ ဘုရားရှစ်ခိုးနေတဲ့အခါ ဘုရားဆင်းတု၊ ဘုရားရုပ်ပုံ စတာတွေကို အကြမ်းဖက် လိုလာတာမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ ရာဂဖြစ်လာမျိုးတွေ ဖြစ်တတ်ကြတယ်။တရားစာတွေ ရွတ်နေရင်းနဲ့လည်း ထို့အတူပင်၊ မိမိတို့လေးစားအားကျရသော ဆရာတော်ကြီးများကို တွေ့ရ ဖူးရ လျှင်လည်း ထိုသို့သော အကြမ်းဖက်လိုမှုတွေ ပြစ်မှားချင်စိတ်တွေ မဖြစ်ချင်ပဲ ဖြစ်လာတတ်တယ်။ရတနာ သုံးပါးမှာမှ အဲ့လိုမဟုတ်ဘူး မိဘတွေကိုလည်း တစ်ခါ

တစ်ရံ ဖြစ်ပြီး ဆရာသမားတွေ လေးစားရတဲ့ လူကြီးသူမတွေအပေါ်ကိုလည်း အဲ့လိုစိတ်ခံစားမှုတွေ ဖြစ်လာတတ်တယ်။မိမိတို့ ကိုးကွယ်ရာ ယုံကြည်ရာ အားထားရာတွေ အပေါ်ကို ဒီလိုစိတ်ရိုင်းတွေဖြစ်လာတဲ့အခါ အပြစ်တွေဖြစ်မှာကို စိုးရိမ်ကြတယ်။ ဒီတော့ ခပ်ရှောင်ရှောင်နေလာကြတော့တယ်။ ဘုရားကန်တော့ဖို့ ဝန်လေးလာတယ်၊ တရားစာရွတ်ဖတ်ပူဇော်ဖို့ စိုးရွံ့လာတယ်။ဒါနဲ့ပဲ ကုသိုလ်တရားတွေနဲ့ ဝေးလာတဲ့ အဖြစ်မျိုးဖြစ်လာတယ်။ ဒီနေ့မှာတော့ ဒီစိတ်မျိုးကို

ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်လာတာလဲ ၊ ဘယ်လို ကျော်လွားမလည်း ဆိုတဲ့အကြောင်းကို ပြောပြပေးသွားပါမယ်။ဒီလိုဖြစ်တာကို ဝေါဟာရအားဖြင့်တော့ မဖိတ်ခေါ်ပဲ ရောက်လာသော အတွေးများ (Intrusive Thoughts) လို့ခေါ်ပါတယ်။ သုတေသနစစ်တမ်းတွေ အရ ဒီလိုဖြစ်နေတာ အသက်၁၀ နှစ်မှ ၄၀ ကြားက လူတွေ ရဲ့ ၉၄% အထိဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုရင် လူငယ်ဦးရေ ၆သန်းလောက် ခံစားရတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ဒီတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာကို အမြဲသိထားစေလိုပါတယ်။မဖိတ်ခေါ်ပဲ ရောက်လာတဲ့ အတွေးတွေက အမျိုးမျိုးဖြစ်နိုင်တယ်။ တချို့က အကြမ်းဖက်လိုစိတ်၊ တစ်ချို့က ကာမရာဂစိတ်၊ တစ်ချို့က ဘုရား တရား သံဃာနှင့် အခြားသော ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေ၊ ဆရာတွေကို ဆဲဆိုကြိမ်းမောင်းလိုမှု၊ အော်ဟစ်ရမ်းကားလိုမှု၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှားလိုမှုများဖြစ်ကြပါတယ်။ဒါတွေက မဖိတ်ခေါ်ပဲ ဖြစ်လာတဲ့ အတွေးတွေပါ။

စိတ်ရောဂါလည်း မဟုတ်သလို အပြစ်ကြီးလည်း မဟုတ်ဘူး ဆိုတာကိုတော့ ဦးစွာ သိထားရပါမယ်။ လူတွေ အများစုက ရှက်လို့သာ မပြောကြတာ တော်တော်များများမှာ ဒီပြဿနာရှိပါတယ်။ ဒီတော့ သိပ်ကြီး အစိုးရိမ် မလွန်ဖို့ ဦးစွာ ပြောလိုပါတယ်။ထပ်ခါထပ်ခါ နေ့စဉ်ရက်ဆက် ဆိုသလို ဘုရားရှေ့မှာ ဖြစ်စေ မိမိတစ်ကိုယ်တည်း နေတဲ့အခါဖြစ်စေ အတွေးတွေဖြစ်လာပြီ၊ အတွေးထဲက အတိုင်း လက်တွေ့မှာ လုပ်ဆောင်လာပြီဆိုရင်တော့ စိတ်ပညာရှင်တွေ

နဲ့ နှီးနှောတိုင်ပင်ပြီး ကုစားဖို့ သင့်ပါတယ်။Intrusive Thoughts တွေက တစ်ခါ တစ်ရံ Obsessive-compulsive disorder (OCD), depression, body dysmorphic disorder (BDD), attention-deficit hyperactivity disorder (ADHD), posttraumatic stress disorder(PTSD), anxiety disorders, eating disorders, စတဲ့ စိတ်ရောဂါတွေနဲ့ စပ်ဆိုင်နေတတ်ပါတယ်။ဒါကြောင့် လွန်ကဲလာပြီဆိုရင်တော့

ပညာရှင်တွေနဲ့ တွေ့ဖို့ လိုပါပြီ။ ပုံမှန်ကတော့ လူတိုင်းနီးပါး ၊ လူငယ်တွေမှာ အထူးသဖြင့် ဖြစ်နေကျပါ။ဒီတော့ တစ်ယောက်တည်း လို့ မထင်ပါနဲ့ ၊ ဗုဒ္ဓဘာသာတွေမှ မဟုတ်ပါဘူး အခြားဘာသာဝင်တွေမှာလည်းဖြစ်ပါတယ်။ ခရစ်ယာန် ဘုန်းတော်ကြီး Martin Luther နဲ့ Ignatius of Loyola တို့ ဆိုရင်လည်း သူတို့ရဲ့ ဘုရားသခင် ယေရှုခရစ်ရဲ့ ပုံကိုကြည့်ရင်း၊ ဝတ်ပြုဆုတောင်းရင်း အကြိမ်ကြိမ် ပြစ်မှားလိုစိတ်တွေ ဖြစ်ခဲ့ပြီး စိုးရိမ်ကြောက်လန့်

ခဲ့တယ်လို့ ဝန်ခံထားတာ ရှိပါတယ်။ဒီတော့ ဒီလို လူတိုင်းဖြစ်နေတဲ့ ၊ ဖြစ်နိုင်တဲ့ ၊ မခေါ်ပဲ ရောက်လာတဲ့ အတွေးများကြောင့် စိုးရိမ်ကြောက်လန့်မနေသင့်ပါဘူး။ ဘယ်လိုကုစားမလည်း ဆိုရင်တော့ ဖြစ်လာတဲ့ အခါတိုင်း ဖြစ်တဲ့စိတ်လေးကို သတိထားလိုက်ပါ။ သတိနဲ့ ကြည့်လိုက်ပါ။ ဘာမှ ဆုံးဖြတ်ချက်မပေးပါနဲ့။ကြောက်စရာလည်း မလိုသလို၊ ငါတော့ အကုသိုလ်တွေများတော့မှာပဲ ငရဲရောက်တော့မှာပဲဆိုပြီးလည်း စိုးရိမ်မနေပါနဲ့။ ဖြစ်လာတဲ့အခါ အဲ့ဒီ

စိတ်လေးကို သတိလေးနဲ့သာ ကြည့်လိုက်ပါ။ ကုသိုလ်တောင် ဖြစ်ပါသေးတယ်။ကိုယ့်ရဲ့ စိတ်ကို ကိုယ်သတိနဲ့ ကြည့်တာကို တရားအားထုတ်တယ်လို့ ခေါ်တာပါပဲ။ အနောက်တိုင်း စိတ်ပညာကုထုံးတွေကလည်း ဒီစိတ် အခြေနေအတွက် Mindfulness လို meditation နည်းတွေ ညွန်းပါတယ်။ ဆေးတွေအနေနဲ့တော့ SSRi, antidepressants, နဲ့ SRi ဆိုတဲ့ ဆေးတွေ ပေးပါတယ်။

စိတ်ကုထုံးတွေ အနေနဲ့တော့ Cognitive Behavioral Therapy (CBT) နဲ့ Emotion Regulation Therapy (ERT) စတာတွေ ဆောင်ရွက်ပါတယ်။ ကျော်လွှားနိုင်ဖို့အတွက် အကြံပေးပါမယ် ၁- တစ်ယောက်တည်း လို့မခံယူပါနဲ့၊ လူတော်တော်များများဖြစ်နေပါတယ်၂- အပြစ်အကြီးကြီး ဖြစ်ပြီဆိုပြီး ကြောက်ရွံ့မနေပါနဲ့. ၃-ဖြစ်လာတဲ့ အခါတိုင်း သတိလေးနဲ့ အာရုံစိုက်ကြည့်လိုက်ပါ။ ၄-(သတိနဲ့ ကြည့်မရတဲ့အခါ စိတ်ထဲမှာပိုဆိုးလာတယ် ထင်တဲ့အခါ)

ဝင်တဲ့လေ ထွက်တဲ့လေ တစ်ခါကို တစ်လို့ မှတ်ပြီး အဲ့လို ရှစ်အထိ ရေတွက်ပါ။၅- တစ်ယောက်တည်း ဘုရားမကန်တော့ရဲ တရားမထိုင်ရဲဖြစ်နေရင် သူငယ်ချင်း အပေါင်းအသင်းများ မိသားစုဝင်များနဲ့ အတူတူ ဘုရားကန်တော့ တရားထိုင် ရွတ်ဘာသာ ပူဇော်မှုကိုပြုပါ။ (ရှောင်ပြီး ထွက်ပြေးနေခြင်းက အဖြေမဟုတ်ပါ)

၆- နေ့စဉ်ရက်ဆက် ဆိုးရွားလာပြီး အပြုအမူတွေပါ ဖြစ်လာပြီ၊ စိတ်ထဲကအတိုင်း လက်တွေ့မှာ ပြုမူလာပြီ ဆိုရင်တော့ ကျွမ်းကျင်သူ စိတ်ပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။

၇- အသက်၄၀ ကျော်ရင်လည်း အလိုလို ပျောက်သွားပါလိမ့်မယ်။ အမြဲ ဖြစ်မနေပါဘူး။ တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့၊ အမြဲမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ သတိနဲ့ကြည့်ဖို့ မမေ့ပါနဲ့။ လူသားတိုင်း စိတ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ…..

Credit Ven Nandacara

Zawgyi Version

ယခု သတင္းကို ( Ven Nandacara ) စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္စိတ္ထဲကေန ျမတ္စြာဘုရားကို မရည္႐ြယ္ဘဲ ဆဲဆိုေနမိျခင္း မိုက္မိုက္႐ိုင္း႐ိုင္း ျပစ္မွားေနမိရတဲ့ အေၾကာင္းအရင္း
ဘာသာေရး ကိုးကိုယ္ယုံၾကည္မႈမွာ ျဖစ္တတ္တဲ့ ထူးဆန္းေသာ စိတ္တစ္ခု အေၾကာင္းေျပာျပေပးခ်င္ပါတယ္ဘုရားကန္ေတာ့တဲ့အခါ ဘုရားဆင္းတုေတာ္ေတြ ေရွ႕ေရာက္တဲ့အခါ ျမတ္စြာဘုရားရဲ႕ မ်က္ႏွာေတာ္ကို ေစ့ေစ့မၾကည့္ရဲတဲ့ စိတ္ခံစားမႈျပႆနာ… ဒီလိုျဖစ္ၾကတာ လူေတာ္ေတာ္မ်ားမ်ားျဖစ္ၾကတယ္လို႔ သိရတယ္။အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားၾကတယ္လို႔ေျပာၿပီး အမ်ိဳးသား အမ်ားစုလည္း ျဖစ္တဲ့သူေတြရွိတာကိုေတြ႕ရတယ္။လူငယ္ ဆယ္ေက်ာ္သက္ေတြမွာ

အျဖစ္မ်ားတယ္လို႔လည္း ေျပာလို႔ရတယ္။ျမတ္စြာဘုရားကို အာ႐ုံျပဳတဲ့အခါျဖစ္ေစ ျမတ္စြာဘုရားရဲ႕ မ်က္ႏွာေတာ္ကို ျမင္တဲ့အခါျဖစ္ေစ စိတ္မွာ ျပစ္မွားလိုတဲ့ စိတ္ေတြျဖစ္လာၾကတယ္။ဒီလို ျဖစ္တဲ့အႀကိမ္မ်ားလာေတာ့ ျမတ္စြာဘုရားနဲ႔ ေဝးရာကို ေရွာင္ေနၾကေတာ့တယ္။ အျပစ္ျဖစ္မွာ စိုးရိမ္ေနတာေၾကာင့္ ဘုရားကန္ေတာဖို႔ ဝန္ေလးလာၾကတယ္။ဒီစိတ္ပိုင္းဆိုင္ရာ ျပႆနာကို ဗုဒၶစိတ္ပညာရႈေထာင့္ကေန ေလ့လာၾကည့္သင့္ပါတယ္။ အခ်ိဳ႕ကေတာ့ ပေယာဂလို႔ ဆိုၿပီး အခ်ိဳ႕က ပရေလာကနဲ႔ ဆက္ႏြယ္တဲ့ အေၾကာင္းအရာေတြေၾကာင့္လို႔ ဆိုၾကသလို အခ်ိဳ႕ကေတာ့ စိတ္ေရာဂါသီးသန႔္လို႔ ဆိုၾကပါတယ္။ဒါကေတာ့ ရႈေထာင့္မ်ိဳးစုံနဲ႔ အေျဖမ်ိဳးစုံ ျဖစ္ေနမွာပါပဲ။ ပထမဆုံး ျဖစ္ႏိုင္တာက “OCD BLASPHEMOUS

THOUGHTS” လို႔ေခၚတဲ့ ဘုရား.. တရား.. သံဃာနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြကို ျပစ္မွားတဲ့အေတြးေတြ ေတြးမိတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာ တခ်ိဳ႕က စိတ္မွာ ရတနာသုံးပါးကို ၾကည္ညိဳေသာ္လည္း ထူးဆန္းတဲ့ အေတြးေတြေပၚတယ္။ဘုရားကန္ေတာ့ေနရင္း ဆြမ္းေလာင္းေနရင္း တရားစာ႐ြတ္ေနရင္းေပါ့။ ဘုရားကန္ေတာ့ေနရင္း ဘုရားဆင္းတုႀကီးကို ႐ိုက္ခ်င္ႏွက္ခ်င္လာတယ္ ကန္ေၾကာက္ခ်င္လာတယ္။ဆြမ္းေလာင္းေနရင္း ရဟန္းကို တံေတြးနဲ႔ေထြးခ်င္

လာတယ္။ တရားစာ႐ြတ္ဖတ္ေနရင္း စာ႐ြက္ေတြ ဆြဲၿဖဲခ်င္လာတယ္။ တခ်ိဳ႕က လိင္စိတ္ေတြျဖစ္လာတယ္။ လိင္ပိုင္းဆိုင္ရာ ေစာ္ကားလိုစိတ္ေတြျဖစ္လာတယ္။အဲ့လိုေတြျဖစ္ၾကတယ္.. ဒါကို Obsessive-compulsive disorder ေခါင္းစဥ္ေအာက္မွာ OCD BLASPHEMOUS THOUGHTS လို႔ေခၚတယ္။ေနာက္အမည္တခုနဲ႔ Instrive Thoughts လို႔လည္း ေခၚတယ္။ သုေတသနအရ လူ ေတြမွာ ၉၄% ေလာက္အထိျဖစ္ၾကတယ္လို႔ ဆိုတယ္။ instrive thoughts ေတြမွာ အထက္မွာေျပာသလို aggressive thoughts ေတြ ရွိသလို sexual thoughts ေတြလည္း ရွ္တယ္။အသက္ ၄၀ ေအာက္မွာ ပဲ အျဖစ္မ်ားၿပီး အသက္၄၀-၆၀ ၾကားေတြမွာေတာ့ OCD ေရာဂါရွိသူေတြပဲ ျဖစ္

ပါတယ္။ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ စိတ္သဘာဝမို႔ သတိေလးထားၿပီး ေနသင့္ပါတယ္။အဲ့လို စိတ္ေတြျဖစ္လာၿပီဆိုရင္ သတိေလးနဲ႔ ေနသင့္ပါတယ္။ အရမ္းဆိုးဆိုးဝါးဝါးျဖစ္လာတယ္ဆိုရင္ေတာ့ စိတ္ပညာရွင္နဲ႔ ေဆြးေႏြးသင့္ပါတယ္။ာက္တစ္ခုက အတိတ္ကာလက ျပဳထားတဲ့ ဒုစ႐ိုက္ တရားတစ္ခုခုေၾကာင့္ ျဖစ္ေလ့ရွိတဲ့ moral shaming ေၾကာင့္ ျဖစ္လာတဲ့ စိတ္ေရာဂါ တစ္ခုလို႔လည္း ယူဆၾကတယ္။သာမညဖလသုတ္မွာလာတဲ့ အဇာတဘုရင္ရဲ႕ စိတ္ေသာကကို

ေသခ်ာ ေလ့လာၾကည့္ရင္ ဒီလိုမ်ိဳးကို ေတြ႕ႏိုင္တယ္။ အဇာတ ဘုရင္လည္း cognitive therapy နဲ႔ကုဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့တယ္။ဒါေပမယ့္ ေနာက္ဆုံးမွာ behavioral therapy အသြင္ သီလအားျဖင့္ ကုသတဲ့ အခါမွာေတာ့ ယင္းစိတ္ေရာဂါေပ်ာက္ကင္းခဲ့တယ္။ဒီေတာ့ moral anxiety လို႔ ယူဆလို႔လည္း ရတယ္။ ဒါက ဒုတိယ အျမင္… ေနာက္ဆုံး အေနနဲ႔ တစ္ခုကေတာ့ Culture Bound Syndome DSM IV-TR မွာ Culture Bound

Syndome လို႔ ေဖာ္ျပၿပီး DSM-5 မွာေတာ့ Cultural Concepts of Distress လို႔ ေဖာ္ျပတယ္။ျမန္မာျပည္အယူအဆေတြနဲ႔ စပ္ဆက္ေတြးၾကည့္တဲ့အခါ နတ္ကိုးကြယ္မႈေတြ ပေယာဂ ေတြနဲ႔ သက္ဆိုင္တဲ့ အခ်က္ေတြကို ေတြ႕ရပါတယ္။ ပုဂံေခတ္ နတ္ကိုးကြယ္မႈ သမိုင္းေတြနဲ႔ ဗုဒၶဘာသာ ေခတ္ေျပာင္းေတာ္လွန္ေရး သမိုင္းေတြကို ေလ့လာၾကည့္တဲ့အခါ cultural concept နဲ႔ပါတ္သက္တဲ့ distress ေတြ အျခား abnormal behavioral

problems ေတြကို ေတြ႕ရပါတယ္။ျမန္မာေတြအသိမ်ားတဲ့ နတ္ကိုင္တာတို႔ ပေယာဂတိုက္တာတို႔ စသည္ျဖင့္ေပါ့။ မာန္နတ္ရဲ႕ လွဲ႔စားမႈလည္း ထဲ့တြက္ရမွာေပါ့။ ဒါေတြကလည္း သက္ဆိုင္ရာ ယုံၾကည္မႈေတြနဲ႔ ခ်ဥ္းကပ္ၿပီး ကုသသင့္ပါတယ္။မွားတာ မွန္တာကို အေျဖရွာတာထက္ client ရဲ႕ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံျပည့္ဝေစမႈကို ေရွးရႈေသာအားျဖင့္ ေဆာင္႐ြက္ေစသင့္ပါတယ္။ စိတ္ပညာရွင္ တစ္ေယာက္အေနနဲ႔ မယုံၾကည္ဘူး မျဖစ္ႏိုင္ဘူးလို႔ေတာ့ တပ္အပ္ေျပာလို႔ မရဘူး။ Parapsychology, Demonology စသည္ျဖင့္ ဘာသာရပ္ နယ္ပယ္ေတြနဲ႔ ေလ့လာမႈေတြလည္း ရွိတဲ့အျပင္ ေရွ႕မွာေျပာခဲ့သလို DSM မွာလည္း ပါေနေတာ့ လက္ခံၿပီး မိမိတို႔ ဆိုင္ရာ ရႈေထာင့္ကေန ေလ့လာသင့္ပါ

တယ္။ကုစားဖို႔က အေရးႀကီးတာ ကိုယ္တစ္ေယာက္ထဲ ျဖစ္ေနတယ္လို႔ မထင္ပါနဲ႔။ ဒီလိုျဖစ္ေနတာ အမ်ားႀကီးပါ။ ဗုဒၶဘာသာေတြတင္ မကပဲ အျခား ဘာသာျခားေတြလည္း သူတို႔ ဘုရားကို အဲ့လို စိတ္ေတြျဖစ္တတ္ပါတယ္။

ရတနာသုံးပါးကိုတင္မကဘူး မိဘ ဆရာသမားေတြ မိမိေလးစားရတဲ့သူေတြ အေပၚမွာလည္း ျဖစ္တာကိုေတြ႕ရပါတယ္။ ေကာင္းတာကေတာ့ ခင္ပြန္းႀကီးဆယ္ပါး ရွစ္ခိုးျခင္း၊ သီလကို ျပဳျပင္ျခင္း ေစာင့္ထိန္းျခင္းျဖင့္ ေက်ာ္လႊားႏိုင္မယ္လို႔ ျမင္ပါတယ္။Modern Psychotherapy မွာဆိုရင္ေတာ့ DBT လို therapy မ်ိဳးနဲ႔ ကုမယ္ထင္ပါတယ္။ DBT နဲ႔ CBT ဟာ အနည္းငယ္ကြဲလြဲမႈ ရွိတယ္။ သို႔ေပမယ့္ ပထမလို moral ေၾကာင့္ ျဖစ္တဲ့ case ေတြမွာ DBT ကိုသာ

ဦးစားေပးရမယ္လို႔ ျမင္ပါတယ္။cultural ရႈေထာင့္ကေန ကုစားမယ္ဆိုရင္ေတာ့ CBT ကို အဓိကထားၿပီး ကုသရမယ္လို႔ ျမင္ပါတယ္။ ဒါ့အျပင္ သက္ဆိုင္သူတို႔ ယုံၾကည္ရာ folk religions ေတြက ဆိုင္ရာ ဆရာမ်ားႏွင့္လည္း ကုသသင့္ပါတယ္။ (တခ်ိဳ႕က ကိုယ္တိုင္ေတာ့ နတ္မယုံပါဘူး ဒါေပမယ့္ မိဘက နတ္ကိုးကြယ္တာေတြရွိခဲ့တဲ့ အစဥ္အလာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ အက်ယ္ကိုေတာ့ Culture Bound Syndome symptoms & cases

ေတြကို ၾကည့္ပါ။ )ဒါ့အျပင္ ပရိတ္တရားေတာ္မ်ား ႐ြတ္ဖတ္ေပးျခင္း ႐ြတ္ဖတ္ေစျခင္း ၊ ေမတၱသုတ္ ၊ ရတနသုတ္၊ အာဋာနာဋိယသုတ္၊ ပုဗၺဏွသုတ္ စသည္တို႔ကို အထူးျပဳ႐ြတ္ဘာသ္ေစၿပီး၊ ေမတၱာပို႔ျခင္းကိုလည္း မပ်က္ေဆာင္႐ြက္ပါ။ဤအခ်က္မ်ားကို ျပဳျခင္းအားျဖင့္ ေက်ာ္လြားႏိုင္မည္ဟု ယုံၾကည္ပါသည္။ စိတ္မွာ ျပစ္မွားမိေနလို႔ အကုသိုလ္ျဖစ္မွာ စိုးတယ္ဆိုၿပီး ေရွာင္ေနတာကေတာ့ အေျဖမဟုတ္ပါ။ၿပီးေတာ့ အရမ္းလည္း အစိုးရိမ္ မလြန္ေစလို

ပါ။ အသက္အ႐ြယ္ အပိုင္းအျခားတစ္ခုေရာက္ရင္လည္း အလိုလိုေပ်ာက္သြားႏိုင္ပါတယ္။ ရဲရဲဝံ့ဝံ့ရင္ဆိုင္ၿပီး ေက်ာ္ျဖတ္ႏိုင္ၾကပါေစ။

#Nandacar Intrusive Thoughts Post

မဖိတ္ေခၚပဲ ေရာက္လာေသာ အေတြးမ်ား ယမန္ေန႔က လူမႈကြန္ယက္မွာ စိတ္ပိုင္းဆိုင္ရာ ျပႆနာ တစ္ခုအေၾကာင္းကို တင္ခဲ့ၿပီး ယင္း ေဆာင္းပါးဟာ လူငယ္အမ်ားစုၾကားမွာ ျပန႔္ႏွံ႔ခဲ့တယ္။ျမန္မာျပည္မွာေတာ့ အမ်ားစုဟာဒၶဘာသာဝင္ေတြျဖစ္တဲ့အတြက္ ဘုရား တရား သံဃာအေပၚမွာ ႐ိုေသေလးစားမႈ မေကာင္းမျပဳလိုမႈ၊ မျပစ္မွားလိုမႈ ရွိၾကတယ္။ဒါေပမယ့္ မိမိတို႔ကိုယ္တိုင္ကိုယ္က ရတနာသုံးပါးအေပၚမွာ ၾကည္ညိဳပါလွ်က္နဲ႔ မျပစ္မွားခ်င္ပဲ ရွိ

ေသာ္လည္း တစ္ခါတစ္ရံ ဘုရားရွစ္ခိုးေနတဲ့အခါ ဘုရားဆင္းတု၊ ဘုရား႐ုပ္ပုံ စတာေတြကို အၾကမ္းဖက္ လိုလာတာမ်ိဳးေတြ၊ လိင္ပိုင္းဆိုင္ရာ ရာဂျဖစ္လာမ်ိဳးေတြ ျဖစ္တတ္ၾကတယ္။တရားစာေတြ ႐ြတ္ေနရင္းနဲ႔လည္း ထို႔အတူပင္၊ မိမိတို႔ေလးစားအားက်ရေသာ ဆရာေတာ္ႀကီးမ်ားကို ေတြ႕ရ ဖူးရ လွ်င္လည္း ထိုသို႔ေသာ အၾကမ္းဖက္လိုမႈေတြ ျပစ္မွားခ်င္စိတ္ေတြ မျဖစ္ခ်င္ပဲ ျဖစ္လာတတ္တယ္။ရတနာ သုံးပါးမွာမွ အဲ့လိုမဟုတ္ဘူး မိဘေတြကိုလည္း တစ္ခါ

တစ္ရံ ျဖစ္ၿပီး ဆရာသမားေတြ ေလးစားရတဲ့ လူႀကီးသူမေတြအေပၚကိုလည္း အဲ့လိုစိတ္ခံစားမႈေတြ ျဖစ္လာတတ္တယ္။မိမိတို႔ ကိုးကြယ္ရာ ယုံၾကည္ရာ အားထားရာေတြ အေပၚကို ဒီလိုစိတ္႐ိုင္းေတြျဖစ္လာတဲ့အခါ အျပစ္ေတြျဖစ္မွာကို စိုးရိမ္ၾကတယ္။ ဒီေတာ့ ခပ္ေရွာင္ေရွာင္ေနလာၾကေတာ့တယ္။ ဘုရားကန္ေတာ့ဖို႔ ဝန္ေလးလာတယ္၊ တရားစာ႐ြတ္ဖတ္ပူေဇာ္ဖို႔ စိုး႐ြံ႕လာတယ္။ဒါနဲ႔ပဲ ကုသိုလ္တရားေတြနဲ႔ ေဝးလာတဲ့ အျဖစ္မ်ိဳးျဖစ္လာတယ္။ ဒီေန႔မွာေတာ့ ဒီစိတ္မ်ိဳးကို

ဘာေၾကာင့္ျဖစ္တာလဲ၊ ဘယ္လိုျဖစ္လာတာလဲ ၊ ဘယ္လို ေက်ာ္လြားမလည္း ဆိုတဲ့အေၾကာင္းကို ေျပာျပေပးသြားပါမယ္။ဒီလိုျဖစ္တာကို ေဝါဟာရအားျဖင့္ေတာ့ မဖိတ္ေခၚပဲ ေရာက္လာေသာ အေတြးမ်ား (Intrusive Thoughts) လို႔ေခၚပါတယ္။ သုေတသနစစ္တမ္းေတြ အရ ဒီလိုျဖစ္ေနတာ အသက္၁၀ ႏွစ္မွ ၄၀ ၾကားက လူေတြ ရဲ႕ ၉၄% အထိျဖစ္ပါတယ္။အေမရိကန္ႏိုင္ငံမွာဆိုရင္ လူငယ္ဦးေရ ၆သန္းေလာက္ ခံစားရတယ္လို႔ စစ္တမ္းေတြက ဆိုပါတယ္။

ဒီေတာ့ ကိုယ္တစ္ေယာက္တည္း ျဖစ္ေနတာ မဟုတ္ဘူးဆိုတာကို အၿမဲသိထားေစလိုပါတယ္။မဖိတ္ေခၚပဲ ေရာက္လာတဲ့ အေတြးေတြက အမ်ိဳးမ်ိဳးျဖစ္ႏိုင္တယ္။ တခ်ိဳ႕က အၾကမ္းဖက္လိုစိတ္၊ တစ္ခ်ိဳ႕က ကာမရာဂစိတ္၊ တစ္ခ်ိဳ႕က ဘုရား တရား သံဃာႏွင့္ အျခားေသာ ဘာသာေရးဆိုင္ရာပုဂၢိဳလ္ေတြ၊ ဆရာေတြကို ဆဲဆိုႀကိမ္းေမာင္းလိုမႈ၊ ေအာ္ဟစ္ရမ္းကားလိုမႈ၊ လိင္ပိုင္းဆိုင္ရာ ျပစ္မွားလိုမႈမ်ားျဖစ္ၾကပါတယ္။ဒါေတြက မဖိတ္ေခၚပဲ ျဖစ္လာတဲ့ အေတြးေတြပါ။

စိတ္ေရာဂါလည္း မဟုတ္သလို အျပစ္ႀကီးလည္း မဟုတ္ဘူး ဆိုတာကိုေတာ့ ဦးစြာ သိထားရပါမယ္။ လူေတြ အမ်ားစုက ရွက္လို႔သာ မေျပာၾကတာ ေတာ္ေတာ္မ်ားမ်ားမွာ ဒီျပႆနာရွိပါတယ္။ ဒီေတာ့ သိပ္ႀကီး အစိုးရိမ္ မလြန္ဖို႔ ဦးစြာ ေျပာလိုပါတယ္။ထပ္ခါထပ္ခါ ေန႔စဥ္ရက္ဆက္ ဆိုသလို ဘုရားေရွ႕မွာ ျဖစ္ေစ မိမိတစ္ကိုယ္တည္း ေနတဲ့အခါျဖစ္ေစ အေတြးေတြျဖစ္လာၿပီ၊ အေတြးထဲက အတိုင္း လက္ေတြ႕မွာ လုပ္ေဆာင္လာၿပီဆိုရင္ေတာ့ စိတ္ပညာရွင္ေတြ

နဲ႔ ႏွီးေႏွာတိုင္ပင္ၿပီး ကုစားဖို႔ သင့္ပါတယ္။Intrusive Thoughts ေတြက တစ္ခါ တစ္ရံ Obsessive-compulsive disorder (OCD), depression, body dysmorphic disorder (BDD), attention-deficit hyperactivity disorder (ADHD), posttraumatic stress disorder(PTSD), anxiety disorders, eating disorders, စတဲ့ စိတ္ေရာဂါေတြနဲ႔ စပ္ဆိုင္ေနတတ္ပါတယ္။ဒါေၾကာင့္ လြန္ကဲလာၿပီဆိုရင္ေတာ့

ပညာရွင္ေတြနဲ႔ ေတြ႕ဖို႔ လိုပါၿပီ။ ပုံမွန္ကေတာ့ လူတိုင္းနီးပါး ၊ လူငယ္ေတြမွာ အထူးသျဖင့္ ျဖစ္ေနက်ပါ။ဒီေတာ့ တစ္ေယာက္တည္း လို႔ မထင္ပါနဲ႔ ၊ ဗုဒၶဘာသာေတြမွ မဟုတ္ပါဘူး အျခားဘာသာဝင္ေတြမွာလည္းျဖစ္ပါတယ္။ ခရစ္ယာန္ ဘုန္းေတာ္ႀကီး Martin Luther နဲ႔ Ignatius of Loyola တို႔ ဆိုရင္လည္း သူတို႔ရဲ႕ ဘုရားသခင္ ေယရႈခရစ္ရဲ႕ ပုံကိုၾကည့္ရင္း၊ ဝတ္ျပဳဆုေတာင္းရင္း အႀကိမ္ႀကိမ္ ျပစ္မွားလိုစိတ္ေတြ ျဖစ္ခဲ့ၿပီး စိုးရိမ္ေၾကာက္လန႔္

ခဲ့တယ္လို႔ ဝန္ခံထားတာ ရွိပါတယ္။ဒီေတာ့ ဒီလို လူတိုင္းျဖစ္ေနတဲ့ ၊ ျဖစ္ႏိုင္တဲ့ ၊ မေခၚပဲ ေရာက္လာတဲ့ အေတြးမ်ားေၾကာင့္ စိုးရိမ္ေၾကာက္လန႔္မေနသင့္ပါဘူး။ ဘယ္လိုကုစားမလည္း ဆိုရင္ေတာ့ ျဖစ္လာတဲ့ အခါတိုင္း ျဖစ္တဲ့စိတ္ေလးကို သတိထားလိုက္ပါ။ သတိနဲ႔ ၾကည့္လိုက္ပါ။ ဘာမွ ဆုံးျဖတ္ခ်က္မေပးပါနဲ႔။ေၾကာက္စရာလည္း မလိုသလို၊ ငါေတာ့ အကုသိုလ္ေတြမ်ားေတာ့မွာပဲ ငရဲေရာက္ေတာ့မွာပဲဆိုၿပီးလည္း စိုးရိမ္မေနပါနဲ႔။ ျဖစ္လာတဲ့အခါ အဲ့ဒီ

စိတ္ေလးကို သတိေလးနဲ႔သာ ၾကည့္လိုက္ပါ။ ကုသိုလ္ေတာင္ ျဖစ္ပါေသးတယ္။ကိုယ့္ရဲ႕ စိတ္ကို ကိုယ္သတိနဲ႔ ၾကည့္တာကို တရားအားထုတ္တယ္လို႔ ေခၚတာပါပဲ။ အေနာက္တိုင္း စိတ္ပညာကုထုံးေတြကလည္း ဒီစိတ္ အေျခေနအတြက္ Mindfulness လို meditation နည္းေတြ ၫြန္းပါတယ္။ ေဆးေတြအေနနဲ႔ေတာ့ SSRi, antidepressants, နဲ႔ SRi ဆိုတဲ့ ေဆးေတြ ေပးပါတယ္။

စိတ္ကုထုံးေတြ အေနနဲ႔ေတာ့ Cognitive Behavioral Therapy (CBT) နဲ႔ Emotion Regulation Therapy (ERT) စတာေတြ ေဆာင္႐ြက္ပါတယ္။ ေက်ာ္လႊားႏိုင္ဖို႔အတြက္ အႀကံေပးပါမယ္ ၁- တစ္ေယာက္တည္း လို႔မခံယူပါနဲ႔၊ လူေတာ္ေတာ္မ်ားမ်ားျဖစ္ေနပါတယ္၂- အျပစ္အႀကီးႀကီး ျဖစ္ၿပီဆိုၿပီး ေၾကာက္႐ြံ႕မေနပါနဲ႔. ၃-ျဖစ္လာတဲ့ အခါတိုင္း သတိေလးနဲ႔ အာ႐ုံစိုက္ၾကည့္လိုက္ပါ။ ၄-(သတိနဲ႔ ၾကည့္မရတဲ့အခါ စိတ္ထဲမွာပိုဆိုးလာတယ္ ထင္တဲ့အခါ)

ဝင္တဲ့ေလ ထြက္တဲ့ေလ တစ္ခါကို တစ္လို႔ မွတ္ၿပီး အဲ့လို ရွစ္အထိ ေရတြက္ပါ။၅- တစ္ေယာက္တည္း ဘုရားမကန္ေတာ့ရဲ တရားမထိုင္ရဲျဖစ္ေနရင္ သူငယ္ခ်င္း အေပါင္းအသင္းမ်ား မိသားစုဝင္မ်ားနဲ႔ အတူတူ ဘုရားကန္ေတာ့ တရားထိုင္ ႐ြတ္ဘာသာ ပူေဇာ္မႈကိုျပဳပါ။ (ေရွာင္ၿပီး ထြက္ေျပးေနျခင္းက အေျဖမဟုတ္ပါ)

၆- ေန႔စဥ္ရက္ဆက္ ဆိုး႐ြားလာၿပီး အျပဳအမူေတြပါ ျဖစ္လာၿပီ၊ စိတ္ထဲကအတိုင္း လက္ေတြ႕မွာ ျပဳမူလာၿပီ ဆိုရင္ေတာ့ ကြၽမ္းက်င္သူ စိတ္ပညာရွင္နဲ႔ ေဆြးေႏြးသင့္ပါတယ္။

၇- အသက္၄၀ ေက်ာ္ရင္လည္း အလိုလို ေပ်ာက္သြားပါလိမ့္မယ္။ အၿမဲ ျဖစ္မေနပါဘူး။ တစ္ေယာက္ထဲ မဟုတ္ဘူးဆိုတာ မေမ့ပါနဲ႔၊ အၿမဲမဟုတ္ဘူးဆိုတာ မေမ့ပါနဲ႔။ သတိနဲ႔ၾကည့္ဖို႔ မေမ့ပါနဲ႔။ လူသားတိုင္း စိတ္၏က်န္းမာျခင္းႏွင့္ ျပည့္စုံႏိုင္ၾကပါေစ…..

Credit Ven Nandacara

Add a Comment

Your email address will not be published. Required fields are marked *