ဆီးချိုကြောင့် အနာရင်းနေရင် ကိုယ်တွေ့ပျောက်တဲ့ဆေးနည်း
|ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှုမရှိအောင် အတော်သတိထားနေရပါသည်။ထိခိုက်ပွန်းပဲ့ ဒဏ်ရာ သည် ဆီးချို ရောဂါ မှ သကြားဓာတ် အချို့ ကြောင့်အနာခြောက်သွေ့ပျောက်ကင်းမှုမရှိဘဲ မလိုလားသောပိုးမွှားများဝင်ာက်၍အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်တတ်သော ကြောင့်ဖြစ်ပါ သည်။မိတ်ဆွေ ရဲတပ်ကြပ်ကြီးတစ်ဦး ဆီးချို ရောဂါအသက်(၅၀)ကျော်တွင်ဖြစ်ခဲ့သည်။တစ်နေ့စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်းဆူး ငြောင့်ကြီးစူးရာမှ ဖနောင့်တွင်
အနာတရဖြစ်ခဲ့သည်။ ဆီးချိုရောဂါအခံရှိ၍လချီသော်လည်းအနာမပျောက်ပါ။တဖြည်းဖြည်းအနာလှိုက်စားသွားကာ လက်ညှိုးတစ်ဆစ်နှစ်ဆစ်အထိတွင်းနက်ကြီးဖြစ်သွားခဲ့သည်။ထိုအနာခေါင်းအားယူဇောပတ်တီးစထိုးသွင်းပြီး လမ်းလျှောက်ရသည်။ သုံးနှစ်ခန့်ကြာသော်လည်းထိုအနာသည်မပျောက်ဘဲ နောက်ဆုံးယင်းအနာနှင့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ဆီးချိုအနာပျောက်ကင်းစေရန်နည်းလမ်းနှစ်သွယ်
(၁) ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်ကိုခူးယူရေစင် အောင်ဆေးပြီး ထမင်းဖြူခဲနှင့် ပတ်စာ သားကျ အောင်ညက်စွာကြိတ်၍ အနာပေါ်အုံပေး ကပ်ပေး ရသည်။တစ်နေ့နှစ်ကြိမ်လဲကပ်ပေးပါ။အနာကျက်ပြီး ပျောက်ကင်းစေပါသည်။
(၂) ဆိတ်ဖလူးပင်မှ အရွက်လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံးရိုးရိုး ဆား အနည်းငယ်ထည့်ကြိတ်၍သတ္တုရည်ညှစ်ယူပါ။ ထိုသတ္တုရည်နှင့်ဆီးချိုရှိသူ၏အနာမှန်သမျှ တစ်နေ့သုံးခါလိမ်းပေးပါ။ အနာအမြန်ဆုံးပျောက် ကင်းသွားပါလိမ့်မည်။
သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟုခေါ်ကြောင်း၊လူကိုအန္တရာယ်ပေးသောအဆိပ်တို့ကို ဘီးလူး သဖွယ်စုပ်ယူတတ်ခြင်းကြောင့်ဟုဆိုပါသည်။ဆေးကျမ်းတို့တွင် အံသြဖွယ်ဆိပ်ဖလူးပင်ဆေး စွမ်းအင်တို့ကများ လှပါသည်။
သိမီသမျှအသုံးလိုသူတို့အတွက်မျှဝေပေးလိုက်ပါသည်။
သူရဇ္ဖမဂ္ဂဇင်းအတွဲ(၁၇)အမှတ်(၁၀)
ဆီးချိုရှိသူများအနာကျက်မြန်စေရန် (နတ်မောက်မင်းသန့်နိုင်)
Credit :ရဲမျိုးသူ(ဗောဓိမြိုင်)
Zawgyi Version
ဆီးခ်ိဳေဝဒနာရွင္တို႔ ထိခိုက္မႈမရွိေအာင္ အေတာ္သတိထားေနရပါသည္။ထိခိုက္ပြန္းပဲ့ ဒဏ္ရာ သည္ ဆီးခ်ိဳ ေရာဂါ မွ သၾကားဓာတ္ အခ်ိဳ႕ ေၾကာင့္အနာေျခာက္ေသြ႕ေပ်ာက္ကင္းမႈမရွိဘဲ မလိုလားေသာပိုးမႊားမ်ားဝင္ာက္၍အသက္အႏၲရာယ္ထိခိုက္သည္အထိျဖစ္တတ္ေသာ ေၾကာင့္ျဖစ္ပါ သည္။မိတ္ေဆြ ရဲတပ္ၾကပ္ႀကီးတစ္ဦး ဆီးခ်ိဳ ေရာဂါအသက္(၅၀)ေက်ာ္တြင္ျဖစ္ခဲ့သည္။တစ္ေန႔စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ရင္းဆူး ေျငာင့္ႀကီးစူးရာမွ ဖေနာင့္တြင္
အနာတရျဖစ္ခဲ့သည္။ ဆီးခ်ိဳေရာဂါအခံရွိ၍လခ်ီေသာ္လည္းအနာမေပ်ာက္ပါ။တျဖည္းျဖည္းအနာလႈိက္စားသြားကာ လက္ညႇိဳးတစ္ဆစ္ႏွစ္ဆစ္အထိတြင္းနက္ႀကီးျဖစ္သြားခဲ့သည္။ထိုအနာေခါင္းအားယူေဇာပတ္တီးစထိုးသြင္းၿပီး လမ္းေလွ်ာက္ရသည္။ သုံးႏွစ္ခန႔္ၾကာေသာ္လည္းထိုအနာသည္မေပ်ာက္ဘဲ ေနာက္ဆုံးယင္းအနာႏွင့္ပင္ အသက္ဆုံးရႈံးခဲ့ရသည္။ဆီးခ်ိဳအနာေပ်ာက္ကင္းေစရန္နည္းလမ္းႏွစ္သြယ္
(၁) ခ်ဥ္ေပါင္႐ြက္ လက္တစ္ဆုပ္ခန႔္ကိုခူးယူေရစင္ ေအာင္ေဆးၿပီး ထမင္းျဖဴခဲႏွင့္ ပတ္စာ သားက် ေအာင္ညက္စြာႀကိတ္၍ အနာေပၚအုံေပး ကပ္ေပး ရသည္။တစ္ေန႔ႏွစ္ႀကိမ္လဲကပ္ေပးပါ။အနာက်က္ၿပီး ေပ်ာက္ကင္းေစပါသည္။
(၂) ဆိတ္ဖလူးပင္မွ အ႐ြက္လက္တစ္ဆုပ္ခူး၍ ေရစင္ေအာင္ေဆးၿပီး မီးဖိုေခ်ာင္သုံး႐ိုး႐ိုး ဆား အနည္းငယ္ထည့္ႀကိတ္၍သတၱဳရည္ညႇစ္ယူပါ။ ထိုသတၱဳရည္ႏွင့္ဆီးခ်ိဳရွိသူ၏အနာမွန္သမွ် တစ္ေန႔သုံးခါလိမ္းေပးပါ။ အနာအျမန္ဆုံးေပ်ာက္ ကင္းသြားပါလိမ့္မည္။
သိသူတို႔က ဆိပ္ဖလူးကို ဆိပ္ဘီးလူးဟုေခၚေၾကာင္း၊လူကိုအႏၲရာယ္ေပးေသာအဆိပ္တို႔ကို ဘီးလူး သဖြယ္စုပ္ယူတတ္ျခင္းေၾကာင့္ဟုဆိုပါသည္။ေဆးက်မ္းတို႔တြင္ အံၾသဖြယ္ဆိပ္ဖလူးပင္ေဆး စြမ္းအင္တို႔ကမ်ား လွပါသည္။
သိမီသမွ်အသုံးလိုသူတို႔အတြက္မွ်ေဝေပးလိုက္ပါသည္။
သူရဇၹမဂၢဇင္းအတြဲ(၁၇)အမွတ္(၁၀)
ဆီးခ်ိဳရွိသူမ်ားအနာက်က္ျမန္ေစရန္ (နတ္ေမာက္မင္းသန႔္ႏိုင္)
Credit :ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)