သဘာဝ မြေသြဇာကို ပိုက်ဆံမကုန်ပဲ အလွယ်လုပ်ကြမယ်

Sharing is caring!

အကျိုးအါနိသင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ကောင်းမွန်သောအရသာ၊ အရည်အသွေးမြင့်မားစေခြင်း။ပင်စည် အကိုင်းအခတ်အရွက် စသည် ဖွံ့ဖြိုးတိုးပွားမူ့မြန်စေခြင်း ၊

ရောဂါပိုးတို့၏ တိုက်ခိုက်မှုဒဏ်ကိုလည်း ခုခံကာကွယ်

နိုင်ပါသည်။မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသဖြင့် ရေငတ်သည့်ဒဏ်၊ မိုးခေါင်းသည့်ဒဏ်၊ နေလောင်သည့်ဒဏ် စသည့် ရာသီဥတု ဆိုကျိုးဒဏ်တို့ကိုလည်း

ခုခံနိုင်စွမ်းရှိခြင်း။သဘာဝမြေ သြဇာကို နေ ရောင် တိုက်ရိုက်

မကျသော သစ်ပင်၊ ဝါးပင်အောက်များ၌ ပြုလုပ်သင့်သည်။မိုးရာသီတွင် အမိုးမိုးပေးရန်လိုသည်။ ရေမဝင်စေရန် ကုန်းအမြင့်ပိုင်းတွင် ပြုလုပ်သင့်သည်။

ကြက်ချေး ၂ တင်း ၊ သစ်ပင်ကြီးအောက် မြေ ၃ တင်း ၊ ဖွဲနု ၁ တင်း

ထင်းပြာ ၁ တင်း ၊စပါးခွံပြာ ၁ တင်း

သကြားညှိကျိုရည် ၁ လီတာ

ကုန်ကျမ်းများကို ရောမွေကာ အပုံတွင်းသို့ ရေလိုသလောက်ရောကာ ဖြန်းနိုင်သည်။ သမမှုသည် အဓိကကျပြီး စိုထိုင်းဆ ၆၀% ခန့်ရှိရမည်။ စိုထိုင်းဆ ၆၀%ဆိုသည်မှာ ၎င်းအရောကိုလက်ဖြင့်ဆုပ်ကြည့်လျှင် အ လုံးဖြစ်ပြီး လက်

ညိုးဖြင့် ဖိလိုက်လျှင် ကွဲသွား သော အနေအထားဖြစ်ရမည်။၎င်းအပုံ၏ အပေါ်မှ ကောက်ရိုး (သို့ိမဟုတ်) ငှက်ပျောရွက်တို့ဖြင့် ဖုံးအုပ်နိုင်သည်။ ဖုံးအုပ်ပြီး ၂ပတ်ခန့်အကြာတွင် စတင်အသုံးပြုနိုင်သည်။

စိုက်ပျိုးရေး နည်းပည

Add a Comment

Your email address will not be published. Required fields are marked *