ကိုဗစ် ၁၉ ဟာ လေထဲကနေတဆင့် ကူးစက်နိုင်ကြောင်း သက်သေများတွေ့ရှိထား
Sharing is caring!
လေထဲကအမှုန်အသေးစားတွေထဲမှာရှိတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်က လူတွေကိုကူးစက်နိုင်တယ်ဆိုတဲ့သက်သေရှိနေတယ်လို့ သိပ္ပံပညာရှင်ရာချီကပြောနေပြီး အကြံပြုချက်တွေကိုပြန်သုံးသပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)ကို
တိုက်တွန်းနေတယ်လို့ စနေနေ့မှာ နယူးယောက်တိုင်း New York Times သတင်းစာကဖော်ပြပါတယ်။COVID-19 ရောဂါရှိတဲ့လူတစ်ယောက် နှာချေ၊ ချောင်းဆို၊ စကားပြောတဲ့အခါ နှာခေါင်း(ဒါမှမဟုတ်) ပါးစပ်ကနေထွက်လာတဲ့
အစက်အသေးစားလေးတွေကနေ လူတစ်ယောက်ကနေနောက်တစ်ယောက်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်တယ်လို့ WHO ကပြောထားပါတယ်။သိပ္ပံဆိုင်ရာဂျာနယ်တစ်ခုမှာ လာမယ့်တစ်ပတ်အတွင်းဖြန့်ချိဖို့ သုတေသီတွေစီစဉ်
ထားတဲ့ WHO ဆီအိတ်ဖွင့်ပေးစာမှာ နိုင်ငံ ၃၂ နိုင်ငံက သုတေသီ ၂၃၉ ယောက်က ပိုပြီးသေးတဲ့အမှုန်တွေကနေလည်း လူတွေဆီကူးစက်နိုင်ကြောင်း ထုတ်နှုတ်ဖော်ပြခဲ့တယ် လို့ နယူးယောက်တိုင်းကဖော်ပြပါတယ်။WHO ကတော့
တစုံတရာမှတ်ချက်မပြုထားပါဘူး။ နယူးယောက်တိုင်းသတင်းအရတော့ နှာချေပြီးထွက်လာတဲ့အစက်အကြီးစား တွေ ဒါမှမဟုတ် အခန်းတစ်ခန်းစာလောက်အကျယ်အထိရောက်နိုင်တဲ့ ပိုသေးတဲ့အစက်လေးတွေကိုလေထဲပုံကြီးချဲ့ကြည့်
ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကို လေကသယ်ဆောင်နိုင်ပြီး အသက်ရှူသွင်းတဲ့အချိန်မှာ လူတွေကိုကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ဒါပေမဲ့ WHOကတော့ ဗိုင်းရပ်စ်ကိုလေကသယ်ဆောင်ပေးတယ်ဆိုတဲ့ချက်အလက်
သိပ္ပံပညာရှင်တွေကဒါပေမဲ့ WHOကတော့ ဗိုင်းရပ်စ်ကိုလေကသယ်ဆောင်ပေးတယ်ဆိုတဲ့ချက်အလက်ဟာ ယုံကြည်လောက်အောင်မဟုတ်ဘူး လို့ ပြောတယ်ဆိုပြီး နယူးယောက်တိုင်းကဖော်ပြပါတယ်။
Ref : Scientists say coronavirus is airborne, ask WHO to revise recommendations
Zawgyi Version
Add a Comment
Your email address will not be published.