အမေက အိမ်အသစ်ကြီးကို အရမ်းသဘောကျနေတယ်လို့ ပြောပြလာတဲ့ ဖြူဖြူထွေး

Sharing is caring!

ဖြူဖြူထွေး ကတော့ သူမ ရဲ့ အိမ်အသစ် ကို မိခင်ဖြစ်သူက အင်မတန် သဘောကျတယ် လို့ ဆိုပါတယ်။ သူမ ကိုလည်း ပိုက်ဆံကို ကိုယ်တိုင် သုံးခွင့်မပေးထားဘူးလို့ ပြော လာပါတယ်။ “ အမေကတော့ အိမ်ကို ကြည့်ပြီး ပြုံးဘဲ

ပြုံးနေတာ။ ပြုံးလိုက် အိမ် အပြင်လေး ထွက်လိုက် အိမ်ထဲ ပြန်ဝင် လာလိုက်ပေါ့။ အမေကတော့ ကိုယ့်သမီးလေး က ဒီလို အိမ်မျိုး နဲ့ တင့်တောင့် တင့်တယ် ထားနိုင်တော့ ပျော်တာပေါ့နော်။ အခု ဆိုရင် သူက ပိုက်ဆံတွေ

တောင် ထုတ်ပေးနေတာ။ အမေ ပိုက်ဆံ ရေနေရင်လည်း ညနေ ကတည်းက ရေတွက်ရင် မနက်ရောက်မှပြီးတယ်။ တစ်ရွက် ချင်း ရေတွက်နေတာ အပြင်ထွက်သွားပြီး လို့ အိမ်ပြန်ရောက်လာရင် အမေ ဘာလုပ်နေ တာလဲ

မေးရင် ပိုက်ဆံ ရေနေတာ။ ပိုက်ဆံ ရေတိုင်း လည်း မှားမှားနေလို့ ပြန် ပြန်ရေတွက်နေတာ။ မုန့်ဖိုးလည်း အိမ်က မပေးဘူး ပိုက်ဆံကို ထားထားတယ်။ လိုအပ် တာ ရှိရင် လိုက်ဝယ်ပေးတယ်။ ပိုက်ဆံ ကို အိမ်က ပေးမကိုင်

ဘူး။ မုန့်စားချင်တယ် ဆိုရင်လည်း ခေါင်းအုံးအောက်မှာ အပြည့်ပဲ” ဆိုပြီးတော့ “ဝူခုန်း” ခြင်ဆေးခွေ ကြော်ငြာ ရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ မိခင်ဖြစ်သူကတော့ဖြူဖြူထွေးကို ရည်းစား မထားစေချင်ဘူးလို့ သူမကဆိုပါတယ်။ ဖြူဖြူ

ထွေး ကိုယ်တိုင် ကလည်း အချစ်ရေး သတင်းတွေ နဲ့ပတ်သက်လာရင် တည်ငြိမ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ “ အခန်းထဲ လာလာပြီးတော့ တစ်ခု ပြောတာတော့ ရှိတယ် ရည်းစားမထားနဲ့နော် ယောင်္ကျားတွေက မကောင်း

ဘူး။ သမီးက သိုက်က လာတာနော် ယောင်္ကျားယူလို့ မရဘူးပေါ့။ သူငယ်ချင်းနဲ့ Video Call ပြောနေလည်း အဲ့ဒါ ဘယ်သူတုန်း ဆိုတာက လာတယ်။ သမီး ရည်းစားလည်း မထားဘူး၊ ရှိလည်း မရှိဘူးလို့ ပြောလိုက်ရတယ်”

လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေ နဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှု

တွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေ ကိုလည်း ပိုင်ဆိုင် လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေ

ကို တိုက်အိမ်ဆောက်ပေး ထားတယ်လို့ သိရပါတယ်။

Credit

Zawgyi Version

ျဖဴျဖဴေထြး ကေတာ့ သူမ ရဲ႕ အိမ္အသစ္ ကို မိခင္ျဖစ္သူက အင္မတန္ သေဘာက်တယ္ လို႔ ဆိုပါတယ္။ သူမ ကိုလည္း ပိုက္ဆံကို ကိုယ္တိုင္ သုံးခြင့္မေပးထားဘူးလို႔ ေျပာ လာပါတယ္။ “ အေမကေတာ့ အိမ္ကို ၾကည့္ၿပီး ၿပဳံးဘဲ

ၿပဳံးေနတာ။ ၿပဳံးလိုက္ အိမ္ အျပင္ေလး ထြက္လိုက္ အိမ္ထဲ ျပန္ဝင္ လာလိုက္ေပါ့။ အေမကေတာ့ ကိုယ့္သမီးေလး က ဒီလို အိမ္မ်ိဳး နဲ႔ တင့္ေတာင့္ တင့္တယ္ ထားႏိုင္ေတာ့ ေပ်ာ္တာေပါ့ေနာ္။ အခု ဆိုရင္ သူက ပိုက္ဆံေတြ

ေတာင္ ထုတ္ေပးေနတာ။ အေမ ပိုက္ဆံ ေရေနရင္လည္း ညေန ကတည္းက ေရတြက္ရင္ မနက္ေရာက္မွၿပီးတယ္။ တစ္႐ြက္ ခ်င္း ေရတြက္ေနတာ အျပင္ထြက္သြားၿပီး လို႔ အိမ္ျပန္ေရာက္လာရင္ အေမ ဘာလုပ္ေန တာလဲ

ေမးရင္ ပိုက္ဆံ ေရေနတာ။ ပိုက္ဆံ ေရတိုင္း လည္း မွားမွားေနလို႔ ျပန္ ျပန္ေရတြက္ေနတာ။ မုန႔္ဖိုးလည္း အိမ္က မေပးဘူး ပိုက္ဆံကို ထားထားတယ္။ လိုအပ္ တာ ရွိရင္ လိုက္ဝယ္ေပးတယ္။ ပိုက္ဆံ ကို အိမ္က ေပးမကိုင္

ဘူး။ မုန႔္စားခ်င္တယ္ ဆိုရင္လည္း ေခါင္းအုံးေအာက္မွာ အျပည့္ပဲ” ဆိုၿပီးေတာ့ “ဝူခုန္း” ျခင္ေဆးေခြ ေၾကာ္ျငာ ႐ိုက္ကြင္းမွာ ေျဖဆိုခဲ့တာပါ။ မိခင္ျဖစ္သူကေတာ့ျဖဴျဖဴေထြးကို ရည္းစား မထားေစခ်င္ဘူးလို႔ သူမကဆိုပါတယ္။ ျဖဴျဖဴ

ေထြး ကိုယ္တိုင္ ကလည္း အခ်စ္ေရး သတင္းေတြ နဲ႔ပတ္သက္လာရင္ တည္ၿငိမ္တဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ “ အခန္းထဲ လာလာၿပီးေတာ့ တစ္ခု ေျပာတာေတာ့ ရွိတယ္ ရည္းစားမထားနဲ႔ေနာ္ ေယာက်ၤားေတြက မေကာင္း

ဘူး။ သမီးက သိုက္က လာတာေနာ္ ေယာက်ၤားယူလို႔ မရဘူးေပါ့။ သူငယ္ခ်င္းနဲ႔ Video Call ေျပာေနလည္း အဲ့ဒါ ဘယ္သူတုန္း ဆိုတာက လာတယ္။ သမီး ရည္းစားလည္း မထားဘူး၊ ရွိလည္း မရွိဘူးလို႔ ေျပာလိုက္ရတယ္”

လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ဟာသဗီဒီယိုဖိုင္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြ နဲ႔အတူ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတဲ့ျဖဴျဖဴေထြးဟာ ယခုဆိုရင္ေတာ့ ဗီဒီယိုဇာတ္ကားေတြ ႐ိုက္ကူးေနရၿပီ ျဖစ္ပါတယ္။ သူမဟာ ေဝဖန္မႈ

ေတြကိုႀကံ့ႀကံ့ခံၿပီး ကိုယ္ယုံၾကည္ရာကို ေလွ်ာက္လွမ္းလာတဲ့သူ ျဖစ္တာေၾကာင့္ သူ႔ကို ခ်စ္ခင္တဲ့ ပရိသတ္ေတြ ကိုလည္း ပိုင္ဆိုင္ လာခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူမရဲ႕ ႀကိဳးစားအားထုတ္မႈက ရတဲ့ အႏုပညာေၾကးနဲ႔ မိဘေတြ

ကို တိုက္အိမ္ေဆာက္ေပး ထားတယ္လို႔ သိရပါတယ္။

Credit

Add a Comment

Your email address will not be published.