ရေညစ် ၊ ရေနောက်များကို အရေးပေါ် ရေသန့်စင်နည်း
|မင်္ဂလာပါ ပရိသတ်ရေ။ ယခုအခါက မိုးရာသီဖြစ်တာကြောင့် မြစ်ချောင်း အင်းအိုင်နဲ့ နီးစပ်တဲ့ နေရာတွေ၊ ရေတွင်းရေသုံးသူတွေဆိုရင် ရေနောက်တဲ့ ရေညစ်တဲ့ အဖြစ်ကို ကြုံရမှာပါနော်။
ဒီလို ကြုံလာရင် ရေကို သန့်စင်စေတဲ့ နည်းလေးကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်နော်။မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ စသဖြင့်သော ရေတွေဟာ အခုလို မိုးရာသီတွေမှာ မကြည်လင်ပဲ နောက်နေတတ်ပါတယ်။ဒီလို ရောက်
ကို
ရေကြည် ရေသန့် ဖြစ်အောင် စစ်တဲ့ အလွယ်ဆုံး နည်းလေး တင်ပေးချင်ပါတယ်။ ဒီနည်းက ရေစစ်နည်း လေးဆိုတော့ ရေထဲမှာ ပါဝင်လာမယ့် ပိုးတော့ မသေနိုင်တာမို့ကျိုချက် သောက်ရင် အန္တရာယ် အကင်းဆုံး ပါ။
အရေးပေါ် ရေသန့်စင်နည်းလိုအပ်သော ပစ္စည်းများ။
အဝတ်၊ မြက်၊ သဲ၊ကျောက်စရစ်ခဲများ (သို့မဟုတ်) မီးသွေး (မီးသွေးမရှိက ထင်းကိုမီးရှို့ပြီးရလာတဲ့ မီးသွေးခဲ လည်း သုံးနိုင်သည်) စသည်တို့ ဖြင့် အဆင့်ဆင့်ပေါင်းကျရည်ခံကာ ရေကိုသန့်စင်သောက်သုံးနိုင်သည်။
မြက်၊ သဲများကို မကြာခဏ လဲလှယ်ပေးပါ။
အဝတ်မရှိပါက ရေသန့်ဘူးအကြီးအခွံတွေ၊ ပလတ်စတစ်ပုံး စသည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ပထမဦးစားပေး…. မိုးရေ၊ဒုတိယ … ရွေ့လျားနေသော ချောင်းရေ/ မြစ်ရေ။(ရေ သေကို တတ်နိင်သမျှရှောင်ပါ)
ရေရှင်ဖြစ်သော်လည်း ရေထဲမှာ ကျွဲနွားသေများ မျောနေသော ရေဖြစ်ပါက… ကမ်းစပ်က နွံစပ်ရေကို တူးပြီး စစ်ယူကာ အထက်ပါနည်းအတိုင်း ထပ်စစ်ပါ။ နွံစပ်ကလက်တွင်းရေဟာ သဲနွံထဲက စစ်ပြီးသားလို ဖြစ်တာမို့ ကျွဲနွာ
းသေမျောနေသော ချောင်း/မြစ် ရေထက် သန့်စင်ပါတယ်။ အီဂျစ်တွေ နိုင်းမြစ်ကြီး အဆိပ်သင့် လူသေတွေမျောခဲ့တုန်းက.. မြစ်ထဲကရေကို တိုက်ရိုက်မယူဘဲ သောင်ကမ်းစပ်သဲကို လက်နဲ့ယက်ပြီး ရေစစ်ခပ်သောက်ကြတဲ့
နည်းပါ။
ဒါလေးကို လက်ကမ်းစာလေးတွေအဖြစ် ဝေမျှပေးနိုင်ကြရင်ကောင်းပါမယ်။ ကျောင်းတွေမှာ ကလေးတွေကို science project အနေနဲ့ ငယ်စဉ်ကတည်းက **လက်တွေ့**သင်ပြပေးနိုင်မယ်ဆိုရင်လည်းကောင်းပါမယ်။
Pic Credit: Soe Moe Root
Zawgyi Version
မဂၤလာပါ ပရိသတ္ေရ။ ယခုအခါက မိုးရာသီျဖစ္တာေၾကာင့္ ျမစ္ေခ်ာင္း အင္းအိုင္နဲ႔ နီးစပ္တဲ့ ေနရာေတြ၊ ေရတြင္းေရသုံးသူေတြဆိုရင္ ေရေနာက္တဲ့ ေရညစ္တဲ့ အျဖစ္ကို ႀကဳံရမွာပါေနာ္။
ဒီလို ႀကဳံလာရင္ ေရကို သန႔္စင္ေစတဲ့ နည္းေလးကို ဗဟုသုတအျဖစ္ ေျပာျပခ်င္ပါတယ္ေနာ္။ျမစ္ေရ၊ ေခ်ာင္းေရ၊ တြင္းေရ စသျဖင့္ေသာ ေရေတြဟာ အခုလို မိုးရာသီေတြမွာ မၾကည္လင္ပဲ ေနာက္ေနတတ္ပါတယ္။ဒီလို ေရာက္
ကို
ေရၾကည္ ေရသန႔္ ျဖစ္ေအာင္ စစ္တဲ့ အလြယ္ဆုံး နည္းေလး တင္ေပးခ်င္ပါတယ္။ ဒီနည္းက ေရစစ္နည္း ေလးဆိုေတာ့ ေရထဲမွာ ပါဝင္လာမယ့္ ပိုးေတာ့ မေသႏိုင္တာမို႔က်ိဳခ်က္ ေသာက္ရင္ အႏၲရာယ္ အကင္းဆုံး ပါ။
အေရးေပၚ ေရသန႔္စင္နည္းလိုအပ္ေသာ ပစၥည္းမ်ား။
အဝတ္၊ ျမက္၊ သဲ၊ေက်ာက္စရစ္ခဲမ်ား (သို႔မဟုတ္) မီးေသြး (မီးေသြးမရွိက ထင္းကိုမီးရႈိ႕ၿပီးရလာတဲ့ မီးေသြးခဲ လည္း သုံးႏိုင္သည္) စသည္တို႔ ျဖင့္ အဆင့္ဆင့္ေပါင္းက်ရည္ခံကာ ေရကိုသန႔္စင္ေသာက္သုံးႏိုင္သည္။
ျမက္၊ သဲမ်ားကို မၾကာခဏ လဲလွယ္ေပးပါ။
အဝတ္မရွိပါက ေရသန႔္ဘူးအႀကီးအခြံေတြ၊ ပလတ္စတစ္ပုံး စသည္ကိုလည္း အသုံးျပဳႏိုင္ပါတယ္။ပထမဦးစားေပး…. မိုးေရ၊ဒုတိယ … ေ႐ြ႕လ်ားေနေသာ ေခ်ာင္းေရ/ ျမစ္ေရ။(ေရ ေသကို တတ္နိင္သမွ်ေရွာင္ပါ)
ေရရွင္ျဖစ္ေသာ္လည္း ေရထဲမွာ ကြၽဲႏြားေသမ်ား ေမ်ာေနေသာ ေရျဖစ္ပါက… ကမ္းစပ္က ႏြံစပ္ေရကို တူးၿပီး စစ္ယူကာ အထက္ပါနည္းအတိုင္း ထပ္စစ္ပါ။ ႏြံစပ္ကလက္တြင္းေရဟာ သဲႏြံထဲက စစ္ၿပီးသားလို ျဖစ္တာမို႔ ကြၽဲႏြာ
းေသေမ်ာေနေသာ ေခ်ာင္း/ျမစ္ ေရထက္ သန႔္စင္ပါတယ္။ အီဂ်စ္ေတြ ႏိုင္းျမစ္ႀကီး အဆိပ္သင့္ လူေသေတြေမ်ာခဲ့တုန္းက.. ျမစ္ထဲကေရကို တိုက္႐ိုက္မယူဘဲ ေသာင္ကမ္းစပ္သဲကို လက္နဲ႔ယက္ၿပီး ေရစစ္ခပ္ေသာက္ၾကတဲ့
နည္းပါ။
ဒါေလးကို လက္ကမ္းစာေလးေတြအျဖစ္ ေဝမွ်ေပးႏိုင္ၾကရင္ေကာင္းပါမယ္။ ေက်ာင္းေတြမွာ ကေလးေတြကို science project အေနနဲ႔ ငယ္စဥ္ကတည္းက **လက္ေတြ႕**သင္ျပေပးႏိုင္မယ္ဆိုရင္လည္းေကာင္းပါမယ္။
Pic Credit: Soe Moe Root