သင့်ဖူးစာရှင် ဘယ်သူလည်း သိချင်ရင် ဒီနည်းအတိုင်း စမ်းကြည့်ပါ
|မိမိရဲ့ဖူးစာရှင်ကိုကြိုတင်တွေ့ဖူးချင်ကြတာဟာ လူတိုင်းပါပဲ…။ ဒါကြောင့် အိပ်မက်ထဲမှာ ဖူးစာရှင်ကိုတကယ်ပဲ မြင်ရမလားဆိုတာ သိရအောင် ကြားဖူးတဲ့နည်းလမ်းလေးတွေ မျှဝေပေးလိုက် ပါတယ် …။
ပထမဆုံးဗေဒင်ဆရာအချို့ပြောပြတဲ့နည်း လမ်းလေးကတော့ ဥတစ်လုံးကြက်သွန်ဖြူ သုံးလုံးကို ဆားရေနဲ့ပြုတ်ပေးရမယ်တဲ့။ ပြီးတဲ့ အခါ ကျက်သွားတဲ့ ကြက်သွန်ဖြူတွေကို တဝက်စီကိုက်စားလိုက်ပါ …။
ကျန်တဲ့ဟာတွေကို ခေါင်းအုံးအောက်မှာထည့်ထားပြီး မအိပ်ခင် မှာ နှင်းဆီရနံ့ရေမွှေး ကိုဆွတ်ပီးမှအိပ်ပါတဲ့။ စမ်းလုပ်ကြည့်ပေါ့နော် …။
နောက်တစ်နည်းကတော့ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါ ဆန်စေ့(၇)စေ့ကိုခေါင်းအုံး အောက်မှာထားပြီး ဖူးစာရှင်ကိုမြင်မက်အောင် သေချာဆုတောင်းပြီးအိပ်တာပါ …။
ပြီးတော့ Kiss me quick ပန်းတွေနဲ့လုပ်တဲ့နည်း လည်းရှိပါသေးတယ်…။မနက်ကတည်းက အဲ့ဒီပန်းတွေကို ပန်းကန်ပြားလေးပေါ်မှာ ထည့်ထားပြီး စင်ပေါ်တင်ထားပါ…။ညဘက် အိပ်ခါနီးကျမှ ခေါင်းအုံးအောက်ကိုထည့်ပြီး သေချာဆုတောင်းပြီးအိပ်ပါတဲ့ …။
ဖူးစာရှင်ကိုအိပ်မက် မက်သည်ဖြစ် စေမမက်သည်ဖြစ်စေ အဲ့ဒီနည်းလေးတွေကို လုပ်ကြည့်လိုက်လို့လဲ နစ်နာသွားတာမရှိပါဘူးနော်။ဒါကြောင့်တကယ်မြင်ရမလား မမြင်ရလားစမ်းသပ်ကြည့်လိုက်ပါနော် …။