မြေနေရာမလိုပဲ လတ်လတ်ဆတ်ဆတ်စားနိုင်မည့် ကန်စွန်းရွက်စိုက်ပျိုးနည်း
|ကန်စွန်းစိုက်ဖို့ မြေနေရာမရှိသူတွေအတွက် အပင်ဖောက် စိုက်ပျိုးနိုင်မည့် နည်းလမ်းကန်စွန်းစိုက်ဖို့ မြေနေရာမရှိသူတွေအတွက် ရက် ၂၀ ( ၃ ပတ်အတွင်း ) အတွင်း လတ်လတ်ဆတ်ဆတ် ကန်စွန်းရွက် အပင်ဖောက်ပြီး
စား
နိုင်မယ့် စိုက်ပျိုးနည်းလမ်း ဖြစ်ပါတယ်။ကန်းစွန်းမျိုးစေ့ကို မျိုးစေ့ရောင်းတဲ့ ဆိုင်တွေမှာ မေးဝယ်ပါ။စတင်စိုက်ရန် လိုအပ်ချက်များကတော့မျိုးစေ့ရောင်းတဲ့ ဆိုင်တွေမှာ မေးဝယ်ပါ။စတင်စိုက်ရန် လိုအပ်ချက်များကတေ
၁။ စကာပေါက်ပါ ခြင်းအသေးလေးတစ်လုံး
၂။ ရေဇလုံ / စကာပေါက်အနေတော်ကျမယ့် ပုံးတစ်ပုံး
၃။ ရေ
၄။ကန်စွန်းရွက်မျိုးစေ့ ပျိုးနည်းကတော့ အရမ်းလွယ်ပါတယ်
ဖော်ပြထားတဲ့ ၄ မျိုးအဆင်သင့်ဖြစ်ပြီဆိုရင် ကန်စွန်းရွက်မျိုးစေ့ကို ခြင်းထဲထည့်လိုက်ပါ။ူထို့နောက် ရေထည့်ထားသော ဇလုံ(သို့မဟုတ်) ပုံးထဲကို ကန်းစွန်းရွက်မျိုးစေ့ကို အနေတော် ရေနစ်ရုံလေး ထားလိုက်ပါ။၂ ရက် ၃ ရက် ကြာသွားတဲ့အခါမှာတော့ ကန်းစွန်းရွက် အပင် စပေါက်လာတာကို မြင်တွေ့ရပါလိမ့်မယ်။ အဲဒီနောက်မှာတော့ နေရောင်ခြည် ရရှိနိုင်တဲ့နေရာမှာ အပင်ကြီးထွားလာနိုင်စေရန် ထားရှိ စောင့်ဆိုင်းပြီး အပင်ကြီးထွားလာသည်နှင့်
အမျှ စားသုံးလို့ရပါပြီ။အကယ်၍ စာဖတ်သူများမှ ပိုမိုကောင်းမွန်ပြည့်စုံသော စိုက်ပျိုးနည်းစနစ်များ၊စိုက်ပျိုးပုံ နည်းလမ်းများ ရှိပါက ဖြည့်စွက်ကွန်မန့်များ ရေးသားမျှဝေပေးစေချင်ပါတယ်။ဒီနည်းလေးက နိုင်ငံခြားရောက်နေတဲ့ မိတ်ဆွေတွေအတွက်ဆို အရမ်းအသုံးဝင်ပါတယ်။ အချို့နိုင်ငံတွေမှာ ကန်စွန်းရွက်ကို ဈေးကြီးပေးစားရပါတယ်။ ဒီနည်းလေးနဲ့သာဆို မျိုးစေ့လေးတွေ ယူသွားရင် အိုကေပြီပေါ့။
သက်ဆိုင်သူအားလုံး ခရက်ဒစ်
Zawgyi Version
စား
၃။ ရေ