သန္ဓေတားတဲ့ မိခင်ကို တုန်လှုပ်စေခဲ့တဲ့ ကလေးငယ်
|ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ ကိုယ်ဝန်ထပ်မရအောင် တားမြစ်ကြတဲ့အမျိုးသမီးတွေအတွက်ကတော့ အတော်လေးတုန်လှုပ်စေမဲ့အဖြစ်လို့ပြောရမှာပါပဲ ။ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Hai Phong မြို့က ဆေးရုံမှာ မိခင်ဖြစ်သူန္ဓာ
ကိုယ်ထဲထဲသွင်းထားတဲ့ သန္ဓေတားဆေးတံနဲ့အတူ ကလေးငယ်တစ်ယောက်မွေးဖွားလာခဲ့ပါတယ် ။ကလေးငယ်ရဲ့မိခင်ဟာ အသက် 34နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၊ ကလေး 2ယောက်ရဲ့မိခင်လည်းဖြစ်နေပြီဖြစ်လို့ လွန်ခဲ့တဲ့ 2နှစ်တည်း
က သန္ဓေတားဆေးတံကိုထည့်ခဲ့တာဖြစ်ပါတယ် ။အမှန်တကယ်တော့ ကလေးငယ်ဟာ သန္ဓေတားဆေးတံကိုဆုပ်ကိုင်ပြီး မွေးဖွားလာခဲ့တာမဟုတ်မှန်ကြောင်း သို့ပေမဲ့မွေးဖွားချိန်မှာ ကလေးငယ်နှင့်အတူ သန္ဓေတားဆေးတံက
ထွက်လာခဲ့တာဖြစ်ပါတယ် ။ထို့ကြောင့် သားဖွားဆရာဝန်ကလည်း ကလေးငယ် နှင့် သန္ဓေတားဆေးတံကိုအတူ ဓာတ်ပုံရိုက်ဖို့စိတ်ကူးရလာခဲ့တာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း မထင်မှတ်ထားလောက်အောင်သန္ဓေတားဆေးတံပ်
ကိုင်ထားတဲ့ မွေးကင်းစကလေးငယ်ရဲ့ဓာတ်ပုံဟာ အတော်လေး လူစိတ်ဝင်စားမှုကိုရရှိသွားခဲ့ပါတယ် ။ကလေးငယ်မှာ ကျန်းမာစွာမွေးဖွားလာခဲ့တဲ့အပြင် ၊ ပေါင်ချိန် 7ပေါင်ခန့်ရှိကြောင်းလည်းသိရှိရပါတယ် ။ ထို့အပြင် ကလေးငယ်ရဲ့
မိခင်ကထပ်ပြီး ” သန္ဓေတားခြင်း ကျရှုံးသွားတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ ကလေးငယ်ရဲ့ဓာတ်ပုံကိုထပ်မံဝေမျှခဲ့တဲ့အတွက် လူအတော်အများက ကလေးငယ်ဟာအဆိုပါသန္ဓေတားဆေးတံကို ဆုပ်ကိုင်ပြီးမွေးဖွားလာခဲ့တာဆိုပြီး
အမှန်တကယ်ကိုထင်သွားခဲ့ကြပါတယ်။
credit;
Zawgyi Version
credit;