လုပ်ငန်းရှင်များအတွက် အစိုးရမှ ဘီလီယံ ၅၀၀ အထိ ထုတ်ချေးပေးတော့မည်
|မိသားစု ၅သန်း ၄သိန်းကျော်ကို ငွေသား ၂ သောင်းကျပ်စီ နိုင်ငံတော်က ပေးအပ်ထောက်ပံ့မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုာ်မတီ
(၁/၂၀၂၀)အစည်းအဝေးတွင် အမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများအတွက်လည်း အတိုး၁ရာခိုင်နှုန်းဖြင့် နောက်ထပ်ကျပ်ဘီလီယံ ၂၀၀မှ ၅၀၀ အထိ ထပ်မံထုတ်ချေး
ပေးသွားရန်ရှိသည့်အကြောင်းပါ တစ်ပါတည်း အသိပေးခဲ့သည်ကိုတွေ့ရသည်။“COVID-19 ကပ်ရောဂါရဲ့ ထိခိုက်မှုတွေကို ကုစားမှု တွေ ဆောင်ရွက်ရာမှာ ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစား အိမ်ထောင်စုတစ်ခုစီအတွက် ကျပ်
တစ်သောင်းခွဲဖိုး ရိက္ခာဝေငှတာကို ပထမအကြိမ် ဆောင်ရွက်ပေးပြီး ဖြစ်ပါ တယ်။ ဒုတိယအကြိမ်အဖြစ် မိသားစု ၅သန်း ၄သိန်းကျော် ကို ငွေသား ၂ သောင်းစီ ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ လုပ်ငန်းတွေကို ကုစားမှုပေးရာမှာ
တော့ လုပ်ငန်းရှင်တွေ က လုပ်ငန်းဆက်လက်လုပ်ဆောင်ပြီး ဝန်ထမ်းတွေ အလုပ် အကိုင်ရရှိကာ ဝင်ငွေရရှိရေးကို ဦးတည်ချက်ထား ကူညီ ပေးပါတယ်။ဘဏ်တိုးတွေ လျှော့ချပေးခြင်း၊ လိုင်စင်ခွန် တွေ အချိန်ကာလသတ်မှတ်
ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးဆောင်ရမယ့် ဝင်ငွေခွန်တွေ၊ ကုန်သွယ်လုပ်ငန်းခွန် တွေ ရွှေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်းတို့နဲ့ ဖြေလျှော့ပေးခဲ့ သလို လက်ခစားစနစ်နဲ့ ဆောင်ရွက်နေတဲ့ အထည်ချုပ် လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား
လုပ်ငန်းများနဲ့ အသေး စား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ၁ ရာခိုင်နှုန်း အတိုးနဲ့ တစ်နှစ်ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်ကျပ်ဘီလီယံ ၂၀၀ က ၅၀၀ အထိ ထပ်မံ
ထုတ်ချေးပေးသွားဖို့ရှိပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။ချေးငွေများထုတ်ချေးပေးရခြင်းက ကိုဗစ်ကြောင့် လုပ်ငန်းရပ်ဆိုင်းနေစဉ်ကာလအတွင်း ဝန်ထမ်းများကို လစာပေးထားနိုင်ရေး အကူအပံ့အဖြစ် ထုတ်
ချေးပေးခြင်းဖြစ်ပြီး ချေးငွေသည် နိုင်ငံတော်ဘဏ္ဍာဖြစ်သည့်အတွက် ဝင်ငွေရရှိအောင် လုပ်ငန်းလုပ်ဆောင်ပြီး သတ်မှတ်ကာလတွင် ပြန်လည်ပေးဆပ်ရမည်ဟုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
ကိုမင်း/Myanmar Harp
Zawgyi Version
မိသားစု ၅သန္း ၄သိန္းေက်ာ္ကို ေငြသား ၂ ေသာင္းက်ပ္စီ ႏိုင္ငံေတာ္က ေပးအပ္ေထာက္ပံ့မည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။ အမ်ိဳးသားခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုာ္မတီ
(၁/၂၀၂၀)အစည္းအေဝးတြင္ အမွာစကားေျပာၾကားစဥ္ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ထိခိုက္ခဲ့သည့္ လုပ္ငန္းမ်ားအတြက္လည္း အတိုး၁ရာခိုင္ႏႈန္းျဖင့္ ေနာက္ထပ္က်ပ္ဘီလီယံ ၂၀၀မွ ၅၀၀ အထိ ထပ္မံထုတ္ေခ်း
ေပးသြားရန္ရွိသည့္အေၾကာင္းပါ တစ္ပါတည္း အသိေပးခဲ့သည္ကိုေတြ႕ရသည္။“COVID-19 ကပ္ေရာဂါရဲ႕ ထိခိုက္မႈေတြကို ကုစားမႈ ေတြ ေဆာင္႐ြက္ရာမွာ ပုံမွန္ဝင္ေငြမရွိတဲ့အေျခခံလူတန္းစား အိမ္ေထာင္စုတစ္ခုစီအတြက္ က်ပ္
တစ္ေသာင္းခြဲဖိုး ရိကၡာေဝငွတာကို ပထမအႀကိမ္ ေဆာင္႐ြက္ေပးၿပီး ျဖစ္ပါ တယ္။ ဒုတိယအႀကိမ္အျဖစ္ မိသားစု ၅သန္း ၄သိန္းေက်ာ္ ကို ေငြသား ၂ ေသာင္းစီ ေပးအပ္သြားဖို႔ စီစဥ္ေနပါတယ္။ လုပ္ငန္းေတြကို ကုစားမႈေပးရာမွာ
ေတာ့ လုပ္ငန္းရွင္ေတြ က လုပ္ငန္းဆက္လက္လုပ္ေဆာင္ၿပီး ဝန္ထမ္းေတြ အလုပ္ အကိုင္ရရွိကာ ဝင္ေငြရရွိေရးကို ဦးတည္ခ်က္ထား ကူညီ ေပးပါတယ္။ဘဏ္တိုးေတြ ေလွ်ာ့ခ်ေပးျခင္း၊ လိုင္စင္ခြန္ ေတြ အခ်ိန္ကာလသတ္မွတ္
ကင္းလြတ္ခြင့္ျပဳျခင္း၊ ေပးေဆာင္ရမယ့္ ဝင္ေငြခြန္ေတြ၊ ကုန္သြယ္လုပ္ငန္းခြန္ ေတြ ေ႐ႊ႕ဆိုင္းေပးသြင္းခြင့္ျပဳျခင္းတို႔နဲ႔ ေျဖေလွ်ာ့ေပးခဲ့ သလို လက္ခစားစနစ္နဲ႔ ေဆာင္႐ြက္ေနတဲ့ အထည္ခ်ဳပ္ လုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြား
လုပ္ငန္းမ်ားနဲ႔ အေသး စား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား အတြက္ ၁ ရာခိုင္ႏႈန္း အတိုးနဲ႔ တစ္ႏွစ္ေခ်းေငြ က်ပ္ဘီလီယံ ၁၀၀ ထုတ္ေခ်းခဲ့ၿပီး ျဖစ္ပါတယ္။ ေနာက္ထပ္က်ပ္ဘီလီယံ ၂၀၀ က ၅၀၀ အထိ ထပ္မံ
ထုတ္ေခ်းေပးသြားဖို႔ရွိပါတယ္”ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကေျပာသည္။ေခ်းေငြမ်ားထုတ္ေခ်းေပးရျခင္းက ကိုဗစ္ေၾကာင့္ လုပ္ငန္းရပ္ဆိုင္းေနစဥ္ကာလအတြင္း ဝန္ထမ္းမ်ားကို လစာေပးထားႏိုင္ေရး အကူအပံ့အျဖစ္ ထုတ္
ေခ်းေပးျခင္းျဖစ္ၿပီး ေခ်းေငြသည္ ႏိုင္ငံေတာ္ဘ႑ာျဖစ္သည့္အတြက္ ဝင္ေငြရရွိေအာင္ လုပ္ငန္းလုပ္ေဆာင္ၿပီး သတ္မွတ္ကာလတြင္ ျပန္လည္ေပးဆပ္ရမည္ဟုလည္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ဆိုသည္။
ကိုမင္း/Myanmar Harp