ယောက်ျားလေးများ သတိထားရမည့် Online ပေါ်ကကျားထောင်ချောက်

Sharing is caring!

ဒီလောက်သတိပေးနေတဲ့ကြားက သူငယ်ချင်းတစ်ယောက်တော့ထိ သွားပြန်ပြီ

တော်သေးတယ် ကျွန်တော်အရင်က တင်တဲ့ ပို့စ်ကိုဖတ်ထားမိလို့ နည်းနည်းဘဲ ရှပ်ထိသွားတာ ။သူ့ဆီကို Ei Ei Zaw ဆိုတဲ့ကောင်မလေးက Friend request လာလုပ်လို့ လက်ခံလိုက်မိပါသတဲ့ ။

ခနနေတော့ ထုံးစံအတိုင်း Hi အကို နေကောင်းလား ဘာလားပေါ့ ။ ခနနေတော့ အကိုတစ်ယောက်ထဲလား ၊ ညီမပျင်းနေလို့ Vcall ခေါ်လို့ရလားပေါ့ ။ သူက မရဘူး ဘေးမှာ မိန်းမနဲ့ ကလေးတွေ ရှိနေလို့ အဆင်မပြေဘူးပါ့ ။

ဒါနဲ့ အာ့ဆို ညီမတစ်ယောက်တည်းပျင်းနေလို့ စိတ်ကလည်းတအားလာနေလို့ အကို့ကိုညီမ ခနလေး V Call ခေါ်လိုက်မယ် အိမ်သာထဲခနဝင်လိုက်ပါလား ဆိုပြီး ရေလာ မြောင်းပေးလုပ်သတဲ့ ၊ ဟိုကလည်း V Call လေးခေါ်ရုံလောက်နဲ့တော့ ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး အိမ်သာထဲဝင် V Call ကို Answer လုပ်လိုက်တော့ တဘက်က မိန်းကလေးက Masturbate လုပ်နေတဲ့ Video ကိုပြပြီး မနက်ကတတည်းက စိတ်လာနေတာ ၊ မြန်မြန်ပြီးသွားအောင် အကို့ ဟာလေး ခနပြပါလားဆိုတာနဲ့ သူကလည်း မိန်းကလေးတွေကို အားနာတတ်တာနဲ့ ကူညီလိုက်မိပါသတဲ့ ။

အဲ့မှာတင် သူက အရင်ကျွန်တော်တင်ထားတဲ့ ပို့စ်ကို ဖတ်ထားဘူးတော့ သူတို့ခိုင်းသမျှ ဟိုလိုလုပ်ပြ ဒီလိုလုပ်ပြ ဆိုတာတွေ မလုပ်တော့ဘဲ V call ကို အမြန်ချလိုက်ပါသတဲ့ ။

ဒါပေမဲ့ ခနနေတော့ အောက်မှာတွေ့ရတဲ့ ခြိမ်းခြောက်စာတွေ ဒလစပ် ဝင်လာတော့တယ်ဆိုဘဲ ။

ဒါ့ကြောင့် ယေင်္ကျား ၁၀၀ မှာ ၉၀ ကဘူး ၊ ၁၀ က ဒူး ဆိုပေမဲ့ သတိနဲ့ ဘူးကြပါလို့ ဒုတိယမ္ပိ သတိထပ်ပေးလိုက်ကြောင်းပါ ။ သူတို့ Target ထားတာက ချမ်းသာသူတွေ ၊ ရာထူးကြီးသူတွေ ၊ လုပ်ငန်းရှင်တွေပါ ။ အုပ်စုနဲ့ လှုပ်ရှားနေတာပါ ။ ခြိမ်းခြောက်စာတွေအများကြီးကို မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း ဒရစပ် တင်နေတာ ကြည့်ခြင်းအားဖြင့် အုပ်စုဖွဲ့ ကြိုတင်ကြံစည်မှုဆိုတာ သိသာပါတယ် ။

အမျိုးသမီးပုံနဲ့ account ကတော့အမျိုးမျိုးပြောင်းနေပေမဲ့ သူတို့ ပို့ တဲ့ message တွေက အားလုံးတထေရာတည်းဘဲ ။

ဒါကြောင့် အမျိုးသမီးပုံနဲ့ account လာadd ရင်သတိကြီးစွာထားပြီးလက်ခံကြပါ ။ လိင်စိတ်နှိုးဆွတဲ့ chatting တွေလာလုပ်ပြီး Vcall ခေါ်လာရင်လုံးဝမကိုင်ဘဲ တန်းပြီး block လိုက်တာ အန္တရာယ်အကင်းဆုံးပါဘဲ။

နောက်တစ်ခုက ကိုယ့် friend list ထဲဝင်ကြည့်လို့မရအောင် ၊ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေကို tag တွဲလို့မရအောင် ၊ ကိုယ့် time line ထဲကိုဝင်ရေးလို့မရအောင် privacy and security setting တွေကို only me တွေချည်းလုပ်ထားလိုက်ရင် သူတို့အလွယ်တကူ ဒုက္ခပေးလို့မရတော့သလို ကိုယ့် friend list ထဲက friend တွေကို ကာကွယ်ပေးရာလည်းရောက်ပါတယ်။

Cyber Threat ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
ဒုက္ခပေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ။

Credit- မူရင်းရေးသားသူ

Zawgyi Version












Credit- မူရင်းရေးသားသူ

Add a Comment

Your email address will not be published. Required fields are marked *