ဖတ်သူတိုင်း မျက်ရည်ဝဲရတဲ့ ရင့်နင့်ဖွယ် အဖြစ်မှန်လေး

Sharing is caring!

ရင့်နင့်ဖွယ် ဇာတ်လမ်း

မိုးက မသည်းပေမဲ့ တစ်စိမ့်စိမ့် ရွာနေသည် ။ဘယ်လို ဖြစ်မှန်းမသိ မှော်ထဲ သွားရမှာ စိတ်လေးနေမိသည် ။အိပ်ယာထဲမှ ကိုကြီးကိုလည်း သနားမိသည် ။ ကိုကြီးက ကျွန်တော်တို့ မောင်နှမတွေကို ငဲ့ကာ ကျောင်းထွက်ပြီးး မှော်ထဲ အရင် ရောက်နှင့်သူ ။ ခုတော့ ဆေးသမား ဖြစ်နေရှာပြီလေ ။မှော်ထဲက မသွားလို့ မဖြစ် ၊ ပိုက်ဆံရှာရမည်။ ကိုကြီးကိုလဲ ရွာပြန်ခေါ်ပြီးး ဆေးဖြတ်ပေးချင်သည်။ အိမ်က ညီနဲ့ ညီမလေးတွက် ကျောင်းစရိတ်က ရှိသေးသည် ။

covide ကပ်ရောဂါကြောင့် အိမ်မှာလဲ ကြပ်တည်း နေတာ ကျွန်တော် သိသည် ။ ခုရက်ပိုင်းး ကျောက်ကောင်းတွေက ရနေတော့ လက်လွတ် မခံချင် ။ ကော်ဖီမစ် တစ်ခွက် သောက်ပြီးး သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

“ဂွမ်းး.”ရုတ်တရက် ဆိုသလိုပဲ ကျွန်တော် ကော်ဖီမစ်ခွက်လေး မတော်တဆ ကျကွဲသွားသည် ။ စိတ်လေးနေရတဲ့ ကြားထဲ ခွက်လေးကွဲသွားတော့ အိမ်ကမိသားစုတွက် စိတ်ပူမိ၏ ။ အမေနေမှ ကောင်းရဲ့လားး ။

ဖုန်းနံပါတ်တွေ စီသို့ လက်ကလေး အလိုလို ရောက်မိသား ဖြစ်သွားသည်။” ဟဲလို အမေ. သားး”” အမေ နေကောင်းလား”

အမေက နေကောင်းကြောင်းးး သားတို့ ညီအကို နှစ်ယောက် အမြန်ပြန်လာဖို့ အကြောင်းနဲ့ ဗေဒင် မေးကြည့်တာ …သား ဇာတာ မကောင်းး ကြောင်းး ရွာမှာ မရှိ… ရှိတာ လုပ်စားမယ့် အကြောင်း တတွတ်တွတ်မှာသည်။

” သားး ဒီတစ်ကျော ရှာပြီးရင် ပြန်လာမှာ အမေရဲ့”” ဘာမှ စိတ်မပူနဲ့နော် အမေ ၊ သားကော ကိုကြီးကော အတူတူ ပြန်လာမှာ “အမေက ငိုနေသည်။အမေနဲ့ ဆက်ပြောနိုင်စွမ်း မရှိတာနဲ့ ညီလေးနဲ့ ညီမလေး ကို ဖုန်းပေးခိုင်းလိုက်သည် ။ ညီလေးက ဂိမ်းကစားဖို့ ဖုန်းဝယ်ပေးဖို့နှင့် ညီမလေးက စက်ဘီး ပူစာသည် ။

ကိုကြီးပြန်လာရင် ဝယ်ပေးမယ် ဆိုတဲ့ အကြောင်းး ပြောပြီးး ညီလေး ညီမလေးအား အာဘွား ပေးခဲ့ သေးသည်။အိပ်ယာထဲမှ ကိုကြီးကို -” ကိုကြီးး ညီလေးး မှော်ထဲ သွားတော့မယ်နော်”ကိုကြီးက ညီလေးး နားပါဦးလားဆိုပြီး လှမ်းပြောသေးသည် ။ နားမရဘူးး ကိုကြီးရေ ဒီရက်ပိုင်း ကျောက်ကောင်းတွေ ထွက်နေပြီလေ ။ ဒီတစ်ကျော ရှာပြီးရင် ညီလေးကော ကိုကြီးကော အတူတူ ပြန်နားကြမယ်လို့ စိတ်ထဲက ပြောမိသည် ။ ! အော်. ချစ်သူစီ စာပို့ရအုံးမယ် ။

မောနင်းးပါ ချစ် ။ အကို မှော်ထဲ သွားတော့မယ်နော် ။ကြည့်စမ်းး ကောင်မလေးး ခုထိ မနိုးသေးဘူးး အိပ်ပုတ် ကျွန်တော်က ကျွန်တော့်ကောင်မလေးကို အရမ်းချစ်တာ ။ သူကလဲ ကျွန်တော့်ကို ချစ်တယ် ။

” သူငယ်ချင်းရေ သွားရအောင်”သူငယ်ချင်းအား အော်ခေါ်ရင်းး သူငယ်ချင်းး နှစ်ယောက် အတူ ထွက်ခဲ့ သည် ။မှော်ထဲ ရောက်တော့ ကျွန်တော်တို့ နောက်ကျ နေပြီ ။ ဒီနေရာ က ကျောက်လဲရ ကျောက်ကောင်းလဲ ထွက်ဆိုတော့ အောက်ထဲမှာတင် လူ နှစ်ရာ ကျော်လောက် ရောက်နှင့်နေပြီ ။မိုးကလဲ ရွာကောင်းတုန်းး ။ သူငယ်ချင်းး နှစ်ယောက် အိမ်မက်ကိုယ်စီဖြင့် တွင်းထဲသို့ ဆင်းးရှာတုန်းး

ထိုအချိန်တွင်….. ” ပြေးဟေ့! ပြေး ပြေး”ဆိုတဲ့ အသံ…. သဲ့သဲ့ ကြားလိုက်မိသည် ။

” ဟေးးး အားဒီ …ဒီနေ့ ကျောက်တွေ အများကြီးး ရတယ်ဟ ” လို့ သူငယ်ချင်းကို အော်ပြောမိသည်။ သူငယ်ချင်းကလဲ သူလဲ ရကြောင်း လက်မထောင်ပြသည် ။ မှော်ထဲက လူ နှစ်ရာကျော် အကုန်လုံးး အပြုံးလေးတွေ ကိုယ်စီဖြင့် ။ သူငယ်ချင်း အားဒီက လှမ်းအော်သေးသည် ။ ” ငါတို့ လော်ပန်းဖြစ်ပြီကွ” လို့ကျွန်တော်လဲ ဒါလေးက အမေ့တွက် ကျောက်စိမ်းလက်ကောက်လေးး ၊

ဒါလေးက ချစ်သူတွက် လည်ဆွဲသီးလေး ဆိုပြီးး သက်သက်ဖယ်ထားပြီး အရမ်းပျော်နေမိပြီ ။ရသင့်သလောက်လဲ ရပြီးပီမို့ သူငယ်ချင်းအားး ခေါ်ကာ ပြန်ခဲ့ကြပြီ ။ မိုးက မသည်းပေမယ့် တစ်စိမ့်စိမ့် ကျတုန်းးး ရှေ့မှာ ငိုသံ သဲ့သဲ့ ကြားနေရသည်။ အနားနီးလာတော့ ငိုသံကို ပီပြင်စွာကြားလာရသည် ။ ငိုသံက…. ” ကိုကြီးး ငိုသံ ၊ ကိုကြီးး ငိုသံ “ကျွန်တော် ကိုကြီးအား စိတ်ပူစွာဖြင့် အပြေးအလွှား သွားမိ၏

ကိုကြီးသည် ရုပ်အလောင်းး တစ်ခုအားး ဖတ်ငိုနေသည် ။ ဘေးမှာ သူငယ်ချင်းး အားဒီ ရဲ့ ရုပ်အလောင်းး ။ သေသေချာချာ ကြည့်လိုက်တော့ ….ကိုကြီး ဖတ်ထားသည်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ဖြစ်နေသည် ။” အာ! ဘာတွေလဲ ဘာတွေလဲ”သူငယ်ချင်း အားဒီက ကျွန်တော့ လက်ကလေး ဆုတ်ကာ လာပြောသည် ။

” ငါတို့ ပါသွားပြီ” တဲ့ ။ကျွန်တော် အသံမထွက်နိုင်အောင်ပင် အလွန်ဝမ်းနည်းး သွားမိ၏ ၊ ဒူးထောက်ကာ ရှိုက်ကြီးး တငင်ငင် ငိုနေမိ သည် ။ ကျွန်တော့်ရဲ့ လောပန်းလောင်း အိမ်မက်တွေ ဘယ်ရောက်ကုန်ပြီလဲ ။

ဒါဆို …ဒီကျောက်စိမ်းတွေက ငါတို့ အရိုးတွေပေါ့ ။ ငါတို့ အရိုးတွေပေါ့ ။ကျွန်တော် မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကာ ကျောက်စိမ်းတုန်းတွေကို ဦးတည်ရာမဲ့ လွင့်ပစ်နေမိသည် ။ ” ဒါ ကျောက်စိမ်းတွေ မဟုတ်ဘူးး အရိုးတွေ အရိုးး တွေ” ဟု ပါးစပ်ကလဲ ပြောမိသေးသည် ။လွင့်ပစ်သည့် ကျောက်စိမ်းတုန်းတွေထဲမှာတော့ အမေတွက် လက်ကောက် လုပ်ပေးရန်နှင့် ချစ်သူတွက် လည်ဆွဲသီးလေး မပါ ။

ကိုကြီးး ကျွန်တော့ ရုပ်အလောင်းး ဖတ်ကာငိုတုန်းး ။ အန္တယ် ရာယ် များမှန်းသိရဲ့နဲ့ ဘာလို့ လိုက်လာတာလဲ ညီလေးရယ်တဲ့ ။ ညီလေး ကိုကြီးနောက် လိုက်လာလို့ ဒီလို ဖြစ်ရတာတဲ့ ။ကျွန်တော် ကိုကြီးဘေးနား ဒူးထောက်ထိုင်ချလိုက်သည်။

ကိုကြီးရယ်….သေမင်းနဲ့ နီးမှန်း သိပေမယ့်အိမ်မက်နဲ့လဲ နီးတာမို့ညီလေးး ဒီလမ်းကို ရွေးခြယ်မိတာပါ။ စွန့်ပစ် မြေဇာပုံ ဆိုတာမပြို လဲ အောင် ထိန်းထားရတဲ့အသက်ငင်နေတဲ့ တောင် တစ်တောင် ဆိုတာညီလေးး သိပါတယ် ။ ရေမဆေး ကျောက်တစ်တုံးဟာအရိုးယောင် ဆောင်ထားတဲ့အသားတုံးး တစ်တုံးး ဖြစ်နိုင်တယ် ဆိုတဲ့ရေမဆေး သမားတွေရဲ့ မျှော်လင့်ချက်နဲ့ညီလေးး လာခဲ့တာပါ ။

အမှိုက်ပုံပေါ်က ခွေးတွေ ဟာစားကြွင်းစားကျန် ရှာရသလို မြေဇာပုံ ပေါ်က ညီလေးတို့ ဘဝဟာလည်းကျောက်ကြွင်းကျောက်ကျန် ရှာရမှာပဲ အကို။သေမင်းနဲ့ နီးပေမယ့်အိမ်မက်နဲ့လဲ နီးတာမို့ညီလေးး ဒီလမ်းကိုရွေးခဲ့ မိတာပါ ကိုကြီးရယ် ။ ကိုကြီးးဘေးမှာ ဒူးထောက်ပြီးး ကျွန်တော် ပြောနေမိသည် ။

ဒါပေမယ့် …..ကျွန်တော်ပြောတာတွေ ကိုကြီးမကြား နိုင်တော့ ပါ ။

ကျွန်တော့် ရုပ်အလောင်း ဘေးမှ အန်တီကြီးက သူ့သား အလောင်းအားး ဖွေ့ဖတ်ကာ” သားးး အဖေကောင်း အမေကောင်းး ရှာနော်”” သားးး အဖေကောင်း အမေကောင်း ရှာနော်”” နောင်ဘဝ အမေတို့ဆီပြန်မလာနဲ့တော့ နော်”တဲ့။ကျွန်တော် အလွန် ဝမ်းနည်းသွားမိသည်။ အမေ့ကိုလဲ သတိရမိ သွားသည်။

အမေ…သား သတင်းကြားရင်အမေ မငိုနဲ့ နော် ။လယ်တွေသိမ်းလို့ ဆန္ဒ ပြရင်းးထောင်ထဲ ရောက်နေတဲ့ အဖေ့ကိုလဲ ပြောပေးပါ ။သား သတိရပါတယ်လို့ ။သားကို ဒီအရွယ်ထိ ပြုစုပြိုးထောင်ပေးတဲ့အဖေ အမေ တို့ ကျေးဇူးကိုမမေ့ပါဘူးးးသား ပြန်လာခဲ့မယ်နော် အမေ ။သားကို မနှင်ပါနဲ့ နော် ။နော် အမေ. နော် ။သားပြောတာတွေ အမေကြား နိုင်ပါစေနော် ။

ကျွန်တော် ဘယ်လောက်ကြာကြာ ငိုနေမိမှန်းး မသိ ။ သူငယ်ချင်းက ပခုံးလေး လာပုတ်မှ သတိရမိသည် ။အခုတော့ ….လွမ်းရေးထက် ဝမ်းရေးခတ်မို့ ချစ်သူနဲ့ လဲ ဘဝခြားခဲ့ပြီ ။ တောင်တန်းတွေလည်း ပျောက်ခဲ့ပြီ ဥရုချောင်းကြီးလည်းနှောက်ခဲ့ပြီ၊စမ်းချောင်းတွေလည်းပျောက်ကုန်ပြီလေ။ သေဘေးကို ခြေဖျားမှာထား ရေမဆေးရှာစားနေရတဲ့ ဘဝတွေ….ခဗျားတို့ကတော့ရေခြားမြေခြားအနေခြားတဲ့ကောင်တွေနဲ့ဝေစားနေကြတာ၊လိုခြင်တာဘဲသိပြီး..ပေးရကောင်းမှန်းမသိတဲ့လူတစ်စုကြောင့် တောင်တန်းတွေလည်း ရေကန်ဖြစ်ကုန်ပါပီလေ၊

မထူးတော့ပါဘူး ….တနေ့တော့ထူးခြားရမှာပါလေဆိုတဲ့ ရေမဆေးတွေဘဲ မြေစာပင် ဖြစ်ခဲ့ရလေပြီ။ကျွန်တော်တို့ ရုပ်အလောင်းများကို ကူညီ ကယ်ဆယ်ပေးသော မြန်မာနိုင်ငံ မီးသက်တပ်ဖွဲ့ဝင်များး ၊ပရဟိတအဖွဲ့အစည်းများ၊ ဘဝတူ ရေမဆေး သမားများကို ကျေးဇူးး အထူးတင်ပါတယ်လို့ တမလွန်ကနေ ပြောပါရစေ ။

ဘယ်အချိန်ထိ တွေဝေနေမိမှန်း မသိ ။ သူငယ်ချင်းက ပုံးခုံးလေး လာဖတ်ပြီး ပြောမှ သတိရမိသည် ။ ငါ့တို့တွေ ကိုယ့်အရိုး ကိုယ် ပြန်တူးနေတဲ့ဘဝ ကြီးကနေ လွတ်ခဲ့တာပေါ့ ကွာ တဲ့ ။ ကျွန်တော် ရှိုက်သံ တစ်ချက် ထွက် လာမိသည် ။

” ဟုတ်တယ် ငါ ကို့အရိုး ကိုယ်ပြန်တူးတဲ့ ဘဝက လွတ်ခဲ့တာ “ကိုယ့်အရိုးး ကိုယ်ပြန်တူးးတဲ့ ဘဝက လွတ်ခဲ့တာဟေ့လို့ …ဖားကန့်တခွင်လုံးး ကြားအောင် အော်လိုက်မိသည် ။

သြော်

ဒါ ဒို့ပြည်

ဒါ ဒို့မြေ လေ ။

ရတုကဗျာ

စိတ်မကောင်းခြင်းများစွာနဲ့ပါညီလေးတို့ရေ..ကောင်းရာဘုံဘဝရောက်ပါစေ။

Zawgyi Version

ရင့္နင့္ဖြယ္ ဇာတ္လမ္း

မိုးက မသည္းေပမဲ့ တစ္စိမ့္စိမ့္ ႐ြာေနသည္ ။ဘယ္လို ျဖစ္မွန္းမသိ ေမွာ္ထဲ သြားရမွာ စိတ္ေလးေနမိသည္ ။အိပ္ယာထဲမွ ကိုႀကီးကိုလည္း သနားမိသည္ ။ ကိုႀကီးက ကြၽန္ေတာ္တို႔ ေမာင္ႏွမေတြကို ငဲ့ကာ ေက်ာင္းထြက္ၿပီးး ေမွာ္ထဲ အရင္ ေရာက္ႏွင့္သူ ။ ခုေတာ့ ေဆးသမား ျဖစ္ေနရွာၿပီေလ ။ေမွာ္ထဲက မသြားလို႔ မျဖစ္ ၊ ပိုက္ဆံရွာရမည္။ ကိုႀကီးကိုလဲ ႐ြာျပန္ေခၚၿပီးး ေဆးျဖတ္ေပးခ်င္သည္။ အိမ္က ညီနဲ႔ ညီမေလးတြက္ ေက်ာင္းစရိတ္က ရွိေသးသည္ ။

covide ကပ္ေရာဂါေၾကာင့္ အိမ္မွာလဲ ၾကပ္တည္း ေနတာ ကြၽန္ေတာ္ သိသည္ ။ ခုရက္ပိုင္းး ေက်ာက္ေကာင္းေတြက ရေနေတာ့ လက္လြတ္ မခံခ်င္ ။ ေကာ္ဖီမစ္ တစ္ခြက္ ေသာက္ၿပီးး သြားမည္ဟု ဆုံးျဖတ္လိုက္သည္။

“ဂြမ္းး.”႐ုတ္တရက္ ဆိုသလိုပဲ ကြၽန္ေတာ္ ေကာ္ဖီမစ္ခြက္ေလး မေတာ္တဆ က်ကြဲသြားသည္ ။ စိတ္ေလးေနရတဲ့ ၾကားထဲ ခြက္ေလးကြဲသြားေတာ့ အိမ္ကမိသားစုတြက္ စိတ္ပူမိ၏ ။ အေမေနမွ ေကာင္းရဲ႕လားး ။

ဖုန္းနံပါတ္ေတြ စီသို႔ လက္ကေလး အလိုလို ေရာက္မိသား ျဖစ္သြားသည္။” ဟဲလို အေမ. သားး”” အေမ ေနေကာင္းလား”

အေမက ေနေကာင္းေၾကာင္းးး သားတို႔ ညီအကို ႏွစ္ေယာက္ အျမန္ျပန္လာဖို႔ အေၾကာင္းနဲ႔ ေဗဒင္ ေမးၾကည့္တာ …သား ဇာတာ မေကာင္းး ေၾကာင္းး ႐ြာမွာ မရွိ… ရွိတာ လုပ္စားမယ့္ အေၾကာင္း တတြတ္တြတ္မွာသည္။

” သားး ဒီတစ္ေက်ာ ရွာၿပီးရင္ ျပန္လာမွာ အေမရဲ႕”” ဘာမွ စိတ္မပူနဲ႔ေနာ္ အေမ ၊ သားေကာ ကိုႀကီးေကာ အတူတူ ျပန္လာမွာ “အေမက ငိုေနသည္။အေမနဲ႔ ဆက္ေျပာႏိုင္စြမ္း မရွိတာနဲ႔ ညီေလးနဲ႔ ညီမေလး ကို ဖုန္းေပးခိုင္းလိုက္သည္ ။ ညီေလးက ဂိမ္းကစားဖို႔ ဖုန္းဝယ္ေပးဖို႔ႏွင့္ ညီမေလးက စက္ဘီး ပူစာသည္ ။

ကိုႀကီးျပန္လာရင္ ဝယ္ေပးမယ္ ဆိုတဲ့ အေၾကာင္းး ေျပာၿပီးး ညီေလး ညီမေလးအား အာဘြား ေပးခဲ့ ေသးသည္။အိပ္ယာထဲမွ ကိုႀကီးကို -” ကိုႀကီးး ညီေလးး ေမွာ္ထဲ သြားေတာ့မယ္ေနာ္”ကိုႀကီးက ညီေလးး နားပါဦးလားဆိုၿပီး လွမ္းေျပာေသးသည္ ။ နားမရဘူးး ကိုႀကီးေရ ဒီရက္ပိုင္း ေက်ာက္ေကာင္းေတြ ထြက္ေနၿပီေလ ။ ဒီတစ္ေက်ာ ရွာၿပီးရင္ ညီေလးေကာ ကိုႀကီးေကာ အတူတူ ျပန္နားၾကမယ္လို႔ စိတ္ထဲက ေျပာမိသည္ ။ ! ေအာ္. ခ်စ္သူစီ စာပို႔ရအုံးမယ္ ။

ေမာနင္းးပါ ခ်စ္ ။ အကို ေမွာ္ထဲ သြားေတာ့မယ္ေနာ္ ။ၾကည့္စမ္းး ေကာင္မေလးး ခုထိ မႏိုးေသးဘူးး အိပ္ပုတ္ ကြၽန္ေတာ္က ကြၽန္ေတာ့္ေကာင္မေလးကို အရမ္းခ်စ္တာ ။ သူကလဲ ကြၽန္ေတာ့္ကို ခ်စ္တယ္ ။

” သူငယ္ခ်င္းေရ သြားရေအာင္”သူငယ္ခ်င္းအား ေအာ္ေခၚရင္းး သူငယ္ခ်င္းး ႏွစ္ေယာက္ အတူ ထြက္ခဲ့ သည္ ။ေမွာ္ထဲ ေရာက္ေတာ့ ကြၽန္ေတာ္တို႔ ေနာက္က် ေနၿပီ ။ ဒီေနရာ က ေက်ာက္လဲရ ေက်ာက္ေကာင္းလဲ ထြက္ဆိုေတာ့ ေအာက္ထဲမွာတင္ လူ ႏွစ္ရာ ေက်ာ္ေလာက္ ေရာက္ႏွင့္ေနၿပီ ။မိုးကလဲ ႐ြာေကာင္းတုန္းး ။ သူငယ္ခ်င္းး ႏွစ္ေယာက္ အိမ္မက္ကိုယ္စီျဖင့္ တြင္းထဲသို႔ ဆင္းးရွာတုန္းး

ထိုအခ်ိန္တြင္….. ” ေျပးေဟ့! ေျပး ေျပး”ဆိုတဲ့ အသံ…. သဲ့သဲ့ ၾကားလိုက္မိသည္ ။

” ေဟးးး အားဒီ …ဒီေန႔ ေက်ာက္ေတြ အမ်ားႀကီးး ရတယ္ဟ ” လို႔ သူငယ္ခ်င္းကို ေအာ္ေျပာမိသည္။ သူငယ္ခ်င္းကလဲ သူလဲ ရေၾကာင္း လက္မေထာင္ျပသည္ ။ ေမွာ္ထဲက လူ ႏွစ္ရာေက်ာ္ အကုန္လုံးး အၿပဳံးေလးေတြ ကိုယ္စီျဖင့္ ။ သူငယ္ခ်င္း အားဒီက လွမ္းေအာ္ေသးသည္ ။ ” ငါတို႔ ေလာ္ပန္းျဖစ္ၿပီကြ” လို႔ကြၽန္ေတာ္လဲ ဒါေလးက အေမ့တြက္ ေက်ာက္စိမ္းလက္ေကာက္ေလးး ၊

ဒါေလးက ခ်စ္သူတြက္ လည္ဆြဲသီးေလး ဆိုၿပီးး သက္သက္ဖယ္ထားၿပီး အရမ္းေပ်ာ္ေနမိၿပီ ။ရသင့္သေလာက္လဲ ရၿပီးပီမို႔ သူငယ္ခ်င္းအားး ေခၚကာ ျပန္ခဲ့ၾကၿပီ ။ မိုးက မသည္းေပမယ့္ တစ္စိမ့္စိမ့္ က်တုန္းးး ေရွ႕မွာ ငိုသံ သဲ့သဲ့ ၾကားေနရသည္။ အနားနီးလာေတာ့ ငိုသံကို ပီျပင္စြာၾကားလာရသည္ ။ ငိုသံက…. ” ကိုႀကီးး ငိုသံ ၊ ကိုႀကီးး ငိုသံ “ကြၽန္ေတာ္ ကိုႀကီးအား စိတ္ပူစြာျဖင့္ အေျပးအလႊား သြားမိ၏

ကိုႀကီးသည္ ႐ုပ္အေလာင္းး တစ္ခုအားး ဖတ္ငိုေနသည္ ။ ေဘးမွာ သူငယ္ခ်င္းး အားဒီ ရဲ႕ ႐ုပ္အေလာင္းး ။ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ ….ကိုႀကီး ဖတ္ထားသည္မွာ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္ ျဖစ္ေနသည္ ။” အာ! ဘာေတြလဲ ဘာေတြလဲ”သူငယ္ခ်င္း အားဒီက ကြၽန္ေတာ့ လက္ကေလး ဆုတ္ကာ လာေျပာသည္ ။

” ငါတို႔ ပါသြားၿပီ” တဲ့ ။ကြၽန္ေတာ္ အသံမထြက္ႏိုင္ေအာင္ပင္ အလြန္ဝမ္းနည္းး သြားမိ၏ ၊ ဒူးေထာက္ကာ ရႈိက္ႀကီးး တငင္ငင္ ငိုေနမိ သည္ ။ ကြၽန္ေတာ့္ရဲ႕ ေလာပန္းေလာင္း အိမ္မက္ေတြ ဘယ္ေရာက္ကုန္ၿပီလဲ ။

ဒါဆို …ဒီေက်ာက္စိမ္းေတြက ငါတို႔ အ႐ိုးေတြေပါ့ ။ ငါတို႔ အ႐ိုးေတြေပါ့ ။ကြၽန္ေတာ္ မ်က္ရည္ေတြ ၿဖိဳင္ၿဖိဳင္က်ကာ ေက်ာက္စိမ္းတုန္းေတြကို ဦးတည္ရာမဲ့ လြင့္ပစ္ေနမိသည္ ။ ” ဒါ ေက်ာက္စိမ္းေတြ မဟုတ္ဘူးး အ႐ိုးေတြ အ႐ိုးး ေတြ” ဟု ပါးစပ္ကလဲ ေျပာမိေသးသည္ ။လြင့္ပစ္သည့္ ေက်ာက္စိမ္းတုန္းေတြထဲမွာေတာ့ အေမတြက္ လက္ေကာက္ လုပ္ေပးရန္ႏွင့္ ခ်စ္သူတြက္ လည္ဆြဲသီးေလး မပါ ။

ကိုႀကီးး ကြၽန္ေတာ့ ႐ုပ္အေလာင္းး ဖတ္ကာငိုတုန္းး ။ အႏၲယ္ ရာယ္ မ်ားမွန္းသိရဲ႕နဲ႔ ဘာလို႔ လိုက္လာတာလဲ ညီေလးရယ္တဲ့ ။ ညီေလး ကိုႀကီးေနာက္ လိုက္လာလို႔ ဒီလို ျဖစ္ရတာတဲ့ ။ကြၽန္ေတာ္ ကိုႀကီးေဘးနား ဒူးေထာက္ထိုင္ခ်လိုက္သည္။

ကိုႀကီးရယ္….ေသမင္းနဲ႔ နီးမွန္း သိေပမယ့္အိမ္မက္နဲ႔လဲ နီးတာမို႔ညီေလးး ဒီလမ္းကို ေ႐ြးျခယ္မိတာပါ။ စြန႔္ပစ္ ေျမဇာပုံ ဆိုတာမၿပိဳ လဲ ေအာင္ ထိန္းထားရတဲ့အသက္ငင္ေနတဲ့ ေတာင္ တစ္ေတာင္ ဆိုတာညီေလးး သိပါတယ္ ။ ေရမေဆး ေက်ာက္တစ္တုံးဟာအ႐ိုးေယာင္ ေဆာင္ထားတဲ့အသားတုံးး တစ္တုံးး ျဖစ္ႏိုင္တယ္ ဆိုတဲ့ေရမေဆး သမားေတြရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ညီေလးး လာခဲ့တာပါ ။

အမႈိက္ပုံေပၚက ေခြးေတြ ဟာစားႂကြင္းစားက်န္ ရွာရသလို ေျမဇာပုံ ေပၚက ညီေလးတို႔ ဘဝဟာလည္းေက်ာက္ႂကြင္းေက်ာက္က်န္ ရွာရမွာပဲ အကို။ေသမင္းနဲ႔ နီးေပမယ့္အိမ္မက္နဲ႔လဲ နီးတာမို႔ညီေလးး ဒီလမ္းကိုေ႐ြးခဲ့ မိတာပါ ကိုႀကီးရယ္ ။ ကိုႀကီးးေဘးမွာ ဒူးေထာက္ၿပီးး ကြၽန္ေတာ္ ေျပာေနမိသည္ ။

ဒါေပမယ့္ …..ကြၽန္ေတာ္ေျပာတာေတြ ကိုႀကီးမၾကား ႏိုင္ေတာ့ ပါ ။

ကြၽန္ေတာ့္ ႐ုပ္အေလာင္း ေဘးမွ အန္တီႀကီးက သူ႔သား အေလာင္းအားး ေဖြ႕ဖတ္ကာ” သားးး အေဖေကာင္း အေမေကာင္းး ရွာေနာ္”” သားးး အေဖေကာင္း အေမေကာင္း ရွာေနာ္”” ေနာင္ဘဝ အေမတို႔ဆီျပန္မလာနဲ႔ေတာ့ ေနာ္”တဲ့။ကြၽန္ေတာ္ အလြန္ ဝမ္းနည္းသြားမိသည္။ အေမ့ကိုလဲ သတိရမိ သြားသည္။

အေမ…သား သတင္းၾကားရင္အေမ မငိုနဲ႔ ေနာ္ ။လယ္ေတြသိမ္းလို႔ ဆႏၵ ျပရင္းးေထာင္ထဲ ေရာက္ေနတဲ့ အေဖ့ကိုလဲ ေျပာေပးပါ ။သား သတိရပါတယ္လို႔ ။သားကို ဒီအ႐ြယ္ထိ ျပဳစုၿပိဳးေထာင္ေပးတဲ့အေဖ အေမ တို႔ ေက်းဇူးကိုမေမ့ပါဘူးးးသား ျပန္လာခဲ့မယ္ေနာ္ အေမ ။သားကို မႏွင္ပါနဲ႔ ေနာ္ ။ေနာ္ အေမ. ေနာ္ ။သားေျပာတာေတြ အေမၾကား ႏိုင္ပါေစေနာ္ ။

ကြၽန္ေတာ္ ဘယ္ေလာက္ၾကာၾကာ ငိုေနမိမွန္းး မသိ ။ သူငယ္ခ်င္းက ပခုံးေလး လာပုတ္မွ သတိရမိသည္ ။အခုေတာ့ ….လြမ္းေရးထက္ ဝမ္းေရးခတ္မို႔ ခ်စ္သူနဲ႔ လဲ ဘဝျခားခဲ့ၿပီ ။ ေတာင္တန္းေတြလည္း ေပ်ာက္ခဲ့ၿပီ ဥ႐ုေခ်ာင္းႀကီးလည္းေႏွာက္ခဲ့ၿပီ၊စမ္းေခ်ာင္းေတြလည္းေပ်ာက္ကုန္ၿပီေလ။ ေသေဘးကို ေျခဖ်ားမွာထား ေရမေဆးရွာစားေနရတဲ့ ဘဝေတြ….ခဗ်ားတို႔ကေတာ့ေရျခားေျမျခားအေနျခားတဲ့ေကာင္ေတြနဲ႔ေဝစားေနၾကတာ၊လိုျခင္တာဘဲသိၿပီး..ေပးရေကာင္းမွန္းမသိတဲ့လူတစ္စုေၾကာင့္ ေတာင္တန္းေတြလည္း ေရကန္ျဖစ္ကုန္ပါပီေလ၊

မထူးေတာ့ပါဘူး ….တေန႔ေတာ့ထူးျခားရမွာပါေလဆိုတဲ့ ေရမေဆးေတြဘဲ ေျမစာပင္ ျဖစ္ခဲ့ရေလၿပီ။ကြၽန္ေတာ္တို႔ ႐ုပ္အေလာင္းမ်ားကို ကူညီ ကယ္ဆယ္ေပးေသာ ျမန္မာႏိုင္ငံ မီးသက္တပ္ဖြဲ႕ဝင္မ်ားး ၊ပရဟိတအဖြဲ႕အစည္းမ်ား၊ ဘဝတူ ေရမေဆး သမားမ်ားကို ေက်းဇူးး အထူးတင္ပါတယ္လို႔ တမလြန္ကေန ေျပာပါရေစ ။

ဘယ္အခ်ိန္ထိ ေတြေဝေနမိမွန္း မသိ ။ သူငယ္ခ်င္းက ပုံးခုံးေလး လာဖတ္ၿပီး ေျပာမွ သတိရမိသည္ ။ ငါ့တို႔ေတြ ကိုယ့္အ႐ိုး ကိုယ္ ျပန္တူးေနတဲ့ဘဝ ႀကီးကေန လြတ္ခဲ့တာေပါ့ ကြာ တဲ့ ။ ကြၽန္ေတာ္ ရႈိက္သံ တစ္ခ်က္ ထြက္ လာမိသည္ ။

” ဟုတ္တယ္ ငါ ကို႔အ႐ိုး ကိုယ္ျပန္တူးတဲ့ ဘဝက လြတ္ခဲ့တာ “ကိုယ့္အ႐ိုးး ကိုယ္ျပန္တူးးတဲ့ ဘဝက လြတ္ခဲ့တာေဟ့လို႔ …ဖားကန႔္တခြင္လုံးး ၾကားေအာင္ ေအာ္လိုက္မိသည္ ။

ေၾသာ္

ဒါ ဒို႔ျပည္

ဒါ ဒို႔ေျမ ေလ ။

ရတုကဗ်ာ

စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ပါညီေလးတို႔ေရ..ေကာင္းရာဘုံဘဝေရာက္ပါေစ။

Add a Comment

Your email address will not be published.