Drone အခု ၃၀၀ သုံးပြီး ကျန်းမာရေးဝန်ထမ်းတွေကို မျက်ရည်ကျစေခဲ့တဲ့ တောင်ကိုရီးယားအစိုးရ
|ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ရှေ့တန်းကနေ တွန်းလှန်တိုက်ဖျက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ တောင်ကိုရီးယား အစိုးရရဲ့ပြကွက်ကတော့ အံ့မခန်းပါပဲ။ဇူလိုင်လ ၄ ရက်က ဆိုးလ်မြို့
မှာရှိတဲ့ ဟန်မြစ်ရဲ့ ညဉ့်ကောင်းကင်ယံမှာ မောင်းသူမဲ့ယာဉ်တွေသုံးပြီး ၁၀ မိနစ်ကြာမြင့်တဲ့ မီးရောင်ပြကွက်ကို ဖော်ပြခဲ့တာပါ။မီးထွန်းထားတဲ့ မောင်းသူမဲ့ယာဉ်တွေဟာ အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်း
တွေကို ပုံဖော်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို ပြည်သူ တွေအနေနဲ့ တားဆီးကာကွယ်ရေးစည်းမျဉ်းတွေ လိုက်နာကြစေဖို့ လက်ဆေးနေတဲ့ပုံတွေ၊ နှာခေါင်းစည်းတပ်ထားတဲ့ လူပုံတွေ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေ
ကြတဲ့ပုံတွေကိုလည်း ပုံဖော်ခဲ့ပါတယ်။မီးရောင်ပြကွက်တွေ ပုံဖော်ရာမှာ လူတွေအုပ်စုလိုက် လာမကြည့်စေဖို့ ဒီအစီအစဉ်ကို ကြိုတင်ကြေညာခဲ့ခြင်းမရှိပါဘူး။တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိရောက်
မြန်ဆန်စွာ ထိန်းသိမ်းနိုင်ခဲ့တဲ့နိုင်ငံအဖြစ် စံနမူနာပေးခံရပေမဲ့ လက်ရှိအချိန်အထိတော့ ကူးစက်မှုသစ်တွေ ရှိနေဆဲပါ။ပြီးခဲ့တဲ့စနေနေ့က တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၆၃ ယောက်ရှိခဲ့တဲ့အနက် ၃၆ယေ
ာက် က ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၇ ယောက်ကတော့ ပြည်ပကနေ ဝင်ရောက်လာသူတွေပါ။တောင်ကိုရီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၃၂၄၄ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၂၈၅ ယောက် ရှိပါ တယ်။သွား
အလာကန့်သတ်မှု ကနေ လွတ်မြောက် ခွင့်ရခဲ့တဲ့ လူနာ ၁၁၉၇၀ ယောက်ရှိပြီး လူနာ ၉၈၉ ယောက်ကတော့ အသွားအလာ ကန့်သတ်ခံထားရဆဲပါ။
Credit
Zawgyi Version
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ေရွ႕တန္းကေန တြန္းလွန္တိုက္ဖ်က္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအေပၚ ေက်းဇူးတင္ေၾကာင္း ေဖာ္ျပတဲ့ ေတာင္ကိုရီးယား အစိုးရရဲ႕ျပကြက္ကေတာ့ အံ့မခန္းပါပဲ။ဇူလိုင္လ ၄ ရက္က ဆိုးလ္ၿမိဳ႕
မွာရွိတဲ့ ဟန္ျမစ္ရဲ႕ ညဥ့္ေကာင္းကင္ယံမွာ ေမာင္းသူမဲ့ယာဥ္ေတြသုံးၿပီး ၁၀ မိနစ္ၾကာျမင့္တဲ့ မီးေရာင္ျပကြက္ကို ေဖာ္ျပခဲ့တာပါ။မီးထြန္းထားတဲ့ ေမာင္းသူမဲ့ယာဥ္ေတြဟာ အကာအကြယ္ဝတ္စုံ ဝတ္ဆင္ထားတဲ့ က်န္းမာေရးဝန္ထမ္း
ေတြကို ပုံေဖာ္ၿပီး ေက်းဇူးတင္ေၾကာင္း ေဖာ္ျပခဲ့သလို ျပည္သူ ေတြအေနနဲ႔ တားဆီးကာကြယ္ေရးစည္းမ်ဥ္းေတြ လိုက္နာၾကေစဖို႔ လက္ေဆးေနတဲ့ပုံေတြ၊ ႏွာေခါင္းစည္းတပ္ထားတဲ့ လူပုံေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေန
ၾကတဲ့ပုံေတြကိုလည္း ပုံေဖာ္ခဲ့ပါတယ္။မီးေရာင္ျပကြက္ေတြ ပုံေဖာ္ရာမွာ လူေတြအုပ္စုလိုက္ လာမၾကည့္ေစဖို႔ ဒီအစီအစဥ္ကို ႀကိဳတင္ေၾကညာခဲ့ျခင္းမရွိပါဘူး။ေတာင္ကိုရီးယားႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိေရာက္
ျမန္ဆန္စြာ ထိန္းသိမ္းႏိုင္ခဲ့တဲ့ႏိုင္ငံအျဖစ္ စံနမူနာေပးခံရေပမဲ့ လက္ရွိအခ်ိန္အထိေတာ့ ကူးစက္မႈသစ္ေတြ ရွိေနဆဲပါ။ၿပီးခဲ့တဲ့စေနေန႔က ေတာင္ကိုရီးယားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ လူနာသစ္ ၆၃ ေယာက္ရွိခဲ့တဲ့အနက္ ၃၆ေယ
ာက္ က ျပည္တြင္းကူးစက္မႈျဖစ္ၿပီး ၂၇ ေယာက္ကေတာ့ ျပည္ပကေန ဝင္ေရာက္လာသူေတြပါ။ေတာင္ကိုရီးယား ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၁၃၂၄၄ ေယာက္ ရွိခဲ့ၿပီး ေသဆုံးသူ ၂၈၅ ေယာက္ ရွိပါ တယ္။သြား
အလာကန႔္သတ္မႈ ကေန လြတ္ေျမာက္ ခြင့္ရခဲ့တဲ့ လူနာ ၁၁၉၇၀ ေယာက္ရွိၿပီး လူနာ ၉၈၉ ေယာက္ကေတာ့ အသြားအလာ ကန႔္သတ္ခံထားရဆဲပါ။
Credit