ပြည်သူတွေရဲ့ဘဝကို ကျန်းမာရေးဝန်ကြီး မြင်လှည့်စေချင်ပါတယ်

Sharing is caring!

ဆေးရုံတက်တဲ့လူတိုင်းကို ဆေးရုံက ဆရာဝန်တွေက ဆီးအဖြေ သွေးအဖြေ ဘာဖြစ်ဖြစ်အပြင်ကို သွားစစ်ခိုင်းတယ်။ဆေးရုံက စစ်ရမယ့်ဟာကို အပြင်ဓါတ်ခွဲခန်းက စာရွက်နဲ့ ဆရာဝန်နာမည်ပါထည့်ပြီး ရေးပေးလိုက်တာ ဘာဘောလဲ..?အပြင်က ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံကတာဝန်ကျ ဆရာဝန်တွေနဲ့ ဘယ်လိုပါတ်သက်ဆက်နွယ်နေတာလဲ …?ဆေးရုံကဆရာဝန်တွေဆီကို အပြင်ဓါတ်ခွဲခန်းက စာရွက်တွေက ဘာလို့ရောက်နေတာ ဘယ်လိုအချိတ်အဆက်

တွေရှိနေတယ်ဆိုတာ ကျမ္မာရေးဝန်ကြီးဌာနအနေနဲ့ရှင်းပြဖို့အချိန်တန်ပါပြီ။..မရှိလို့ အစိုးရဆေးရုံတက်ပါတယ် – လိုအပ်လား မလိုအပ်လား မသိရတဲ့ဆီးအဖြေ သွေးအဖြေ ကို ခဏ ခဏ စစ်ခိုင်းတယ်။ တနေ့တည်းမှာတင် ၃၀၀၀၀ ကနေ ၄၀၀၀၀ မက ကုန်တယ်။ နောက်ရက်ကျတော့လည်း ထပ်စစ်ခိုင်းတယ်။ အဖြေထွက်လာမှ ဆေးပေးတယ်။ ဆေးစစ်ချက်အဖြေမထွက်လာခင် ဘာဆေးပေးရမယ်ဆိုတာ မသိဘူးပေါ့ 🙄 ။Ok ရပြီ..အဖြေထွက်လာ

မှ ဆေးကုလို့ရမယ်ဆိုရင်အဲ့ ဆီးအဖြေ သွေးအဖြေအတွက် စစ်ပေးနိုင်တဲ့ စက်က ဆေးရုံမှာ ဘာလို့မရှိတာလဲ…?လူထုအတွက်တကယ်လိုအပ်နေတဲ့အရာကြီးလေဘာကြောင့်မရှိရတာလဲ ..?ဈေးကြီးလို့လား ၊ ကျန်းမာရေးဝန်ကြီးအနေနဲ့ budget မရှိလို့လား ၊ အပြင်ဓါတ်ခွဲခန်းတွေ လုပ်စားမရမှာစိုးလို့လား..? 🙄မရှိဆင်းရဲသားတွေ နေမကောင်းဖြစ်လို့ ပူဆွေးနေကြတဲ့ စိတ်ညစ်မှုတွေ ရှိစုမဲ့စုလေးတွေ ရောင်းချပြီး ဆေးကုနေရတဲ့ အောက်ခြေလူတန်းစား

ကော သာမန်လူတန်းစားတွေကော မနိူင်ဝန်ထမ်းနေရတဲ့ ဆေးရုံတက်ပြည်သူတွေရဲ့ ငွေကြေးကုန်ကျမှုများ စွာဖြစ်စေတဲ့ ဓါတ်ခွဲခန်းသုံးစက်တွေက မြန်မာပြည်ရဲ့ တောကြုံ အုံကြား ဆေးရုံမဟုတ်ဘဲ ရန်ကုန်မြို့ကြီးက အထင်ကရ အစိုးရဆေးရုံတွေမှာ ထားဖို့ ဘာလို့မဝယ်တာလဲ…?ဘာဖြစ်ဖြစ် အပြင်ဆေးခန်းမှာပဲသွားစစ်နေရတာ ဘာသဘောလဲ..? ဆေးရုံမှာ ဓါတ်ခွဲခန်းမရှိတာလား..? စက်မရှိတာလား..? အစိုးရက မဝယ်နိုင်ရင် အပြင်က အလှူရှင်မရှိဘူးလား ..? ဘာ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်မဖော်တာလဲ သိပါရစေ..?အရင်အစိုးရလက်ထက်တော့ ထားလိုက်ပါ..။အခု လူထုအစိုးရလက်ထက်မှာ အကောင်အထည် ဖော်လို့မရဘူးလား လိုအပ်

တာသာ ပြောလိုက်ပါ…တတ်နိုင်သလောက်ထည့်မယ့် အလှူရှင်တွေ ပေါ်လာမှာပါ။ လူထုရဲ့ မျက်ရည်တစက်ကို နှစ်သိမ့်ပေးဖို့အတွက် တကယ်လိုအပ်နေတာကြီးကို အခုထိ အကောင်အထည်မဖော်နိုင်တာ အံ့သြမိတယ်။သူငယ်ချင်တယောက်အမေ အသည်းအသန်ဖြစ်တော့ မြောက်ဥက္ကလာဆေးရုံ သွားကြည့်မိတော့လူနာမပြောနဲ့ ကိုယ်တောင် သေချင်စိတ်ပေါက်သွားတယ်။ ဆီးနဲ့ သွေးကို နေ့တိုင်းအပြင်ဆေးခန်းကို စစ်ခိုင်းတယ်။ တနေ့ကို ၃မျိုးလောက်စစ်ရတော့ဆေးစစ်တဲ့ကုန်ကျငွေတင် တနေ့ကို ၄၀၀၀၀ နီးပါးရှိတယ်။ အစိုးရဝန်ထမ်းဖြစ်တဲ့ သူငယ်ချင်းက မျက်ရည်တရွဲရွဲပေါ့။ ဆေးရုံ ၄ရက်မှာ ၃သိန်းကျော်ကုန်သွားတယ်။ အသက်ထွက်ခါနီးတော့ ကျမတို့

လည်းအသည်းအသန်ဆေးရုံ လိုက်သွားကြည့်တော့..လူနာက အသက်ကိုမနည်းရှူနေရပြီ။ တာဝန်ကျဆရာဝန်မက အသည်းအသန် ဆီးအဖြေ သွေးအဖြေကို အတင်းသွားယူခိုင်းတယ် လူနာရှင်ကလည်း ထူပူနေတော့ သွားယူရတာပေါ့ဆီးအဖြေဘဲရသေးတယ် ၊ သွေးအဖြေက ည ၈နာရီကျော်မှရမယ်တဲ့။ ယူလာတဲ့ ဆီးအဖြေစာရွက်ကိုတချက်လေးတောင် ဖတ်မကြည့်ဘူး။အဲ့ဒါကို ဘာဖြစ်လို့ ဆေးအဖြေသွားယူ၊ သွေးအဖြေသွားယူ အော်နေလဲ နားမလည်

ဘူး။လူနာက အသက်ထွက်တော့မှာလေ။သေသွားရင် အဲ့အဖြေသွားမရွေးတော့ ဓါတ်ခွဲခန်း က ပိုက်ဆံမရမှာစိုးလို့လား။ ဘာသဘောလဲဆိုတာ တကယ်ကိုဝေခွဲရခက်ပါတယ်။အော်ဟစ်ငိုယိုနေကြတဲ့လူတွေကို ကျန်းမာရေးဝန်ကြီးမြင်လှည့်စေချင်ပါတယ်။ မကျန်းမာရတဲ့အထဲ ငွေကိုဘယ်လို ဘယ်ပုံနဲ့ ဆေးကုဖို့ရှာရမှာလဲ လူတော်တော်များများက မချောင်လည်ကြဘူးလေ။ မြန်မာပြည်ကလူထုက ကိုယ့်အသက်ကို ဘုရားဆီဘဲ ပုံထားရတယ်။ ကံတရားရဲ့ဆုံးအဖြတ်

ကိုဘဲ ထိုင်စောင့်နေရတယ်။ဘယ်သူတက်လာလာ လွယ်လွယ်လေးဖြည့်စည်းလို့ရတဲ့ဟာလည်းဖြစ်မလာသေး၊ ခက်တာလည်းဖြစ်မလာသေး။တက်လိုက်ရတဲ့ လွှတ်တော်…ပြောလိုက်ရတဲ့ စကားကြီး စကားကျယ် သတင်းစာ ရှင်းလင်းပွဲတွေ…

😮

Ma Ma Htike
Original- https://www.facebook.com/205756342930562/photos/a.396466393859555/1542755359230647/?type=3&theater

Zawgyi Version

ေဆး႐ုံတက္တဲ့လူတိုင္းကို ေဆး႐ုံက ဆရာဝန္ေတြက ဆီးအေျဖ ေသြးအေျဖ ဘာျဖစ္ျဖစ္အျပင္ကို သြားစစ္ခိုင္းတယ္။ေဆး႐ုံက စစ္ရမယ့္ဟာကို အျပင္ဓါတ္ခြဲခန္းက စာ႐ြက္နဲ႔ ဆရာဝန္နာမည္ပါထည့္ၿပီး ေရးေပးလိုက္တာ ဘာေဘာလဲ..?အျပင္က ဓါတ္ခြဲခန္းေတြနဲ႔ ေဆး႐ုံကတာဝန္က် ဆရာဝန္ေတြနဲ႔ ဘယ္လိုပါတ္သက္ဆက္ႏြယ္ေနတာလဲ …?ေဆး႐ုံကဆရာဝန္ေတြဆီကို အျပင္ဓါတ္ခြဲခန္းက စာ႐ြက္ေတြက ဘာလို႔ေရာက္ေနတာ ဘယ္လိုအခ်ိတ္အဆက္

ေတြရွိေနတယ္ဆိုတာ က်မၼာေရးဝန္ႀကီးဌာနအေနနဲ႔ရွင္းျပဖို႔အခ်ိန္တန္ပါၿပီ။..မရွိလို႔ အစိုးရေဆး႐ုံတက္ပါတယ္ – လိုအပ္လား မလိုအပ္လား မသိရတဲ့ဆီးအေျဖ ေသြးအေျဖ ကို ခဏ ခဏ စစ္ခိုင္းတယ္။ တေန႔တည္းမွာတင္ ၃၀၀၀၀ ကေန ၄၀၀၀၀ မက ကုန္တယ္။ ေနာက္ရက္က်ေတာ့လည္း ထပ္စစ္ခိုင္းတယ္။ အေျဖထြက္လာမွ ေဆးေပးတယ္။ ေဆးစစ္ခ်က္အေျဖမထြက္လာခင္ ဘာေဆးေပးရမယ္ဆိုတာ မသိဘူးေပါ့ 🙄 ။Ok ရၿပီ..အေျဖထြက္လာ

မွ ေဆးကုလို႔ရမယ္ဆိုရင္အဲ့ ဆီးအေျဖ ေသြးအေျဖအတြက္ စစ္ေပးႏိုင္တဲ့ စက္က ေဆး႐ုံမွာ ဘာလို႔မရွိတာလဲ…?လူထုအတြက္တကယ္လိုအပ္ေနတဲ့အရာႀကီးေလဘာေၾကာင့္မရွိရတာလဲ ..?ေဈးႀကီးလို႔လား ၊ က်န္းမာေရးဝန္ႀကီးအေနနဲ႔ budget မရွိလို႔လား ၊ အျပင္ဓါတ္ခြဲခန္းေတြ လုပ္စားမရမွာစိုးလို႔လား..? 🙄မရွိဆင္းရဲသားေတြ ေနမေကာင္းျဖစ္လို႔ ပူေဆြးေနၾကတဲ့ စိတ္ညစ္မႈေတြ ရွိစုမဲ့စုေလးေတြ ေရာင္းခ်ၿပီး ေဆးကုေနရတဲ့ ေအာက္ေျခလူတန္းစား

ေကာ သာမန္လူတန္းစားေတြေကာ မႏိူင္ဝန္ထမ္းေနရတဲ့ ေဆး႐ုံတက္ျပည္သူေတြရဲ႕ ေငြေၾကးကုန္က်မႈမ်ား စြာျဖစ္ေစတဲ့ ဓါတ္ခြဲခန္းသုံးစက္ေတြက ျမန္မာျပည္ရဲ႕ ေတာႀကဳံ အုံၾကား ေဆး႐ုံမဟုတ္ဘဲ ရန္ကုန္ၿမိဳ႕ႀကီးက အထင္ကရ အစိုးရေဆး႐ုံေတြမွာ ထားဖို႔ ဘာလို႔မဝယ္တာလဲ…?ဘာျဖစ္ျဖစ္ အျပင္ေဆးခန္းမွာပဲသြားစစ္ေနရတာ ဘာသေဘာလဲ..? ေဆး႐ုံမွာ ဓါတ္ခြဲခန္းမရွိတာလား..? စက္မရွိတာလား..? အစိုးရက မဝယ္ႏိုင္ရင္ အျပင္က အလႉရွင္မရွိဘူးလား ..? ဘာ့ေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနက အေကာင္အထည္မေဖာ္တာလဲ သိပါရေစ..?အရင္အစိုးရလက္ထက္ေတာ့ ထားလိုက္ပါ..။အခု လူထုအစိုးရလက္ထက္မွာ အေကာင္အထည္ ေဖာ္လို႔မရဘူးလား လိုအပ္

တာသာ ေျပာလိုက္ပါ…တတ္ႏိုင္သေလာက္ထည့္မယ့္ အလႉရွင္ေတြ ေပၚလာမွာပါ။ လူထုရဲ႕ မ်က္ရည္တစက္ကို ႏွစ္သိမ့္ေပးဖို႔အတြက္ တကယ္လိုအပ္ေနတာႀကီးကို အခုထိ အေကာင္အထည္မေဖာ္ႏိုင္တာ အံ့ၾသမိတယ္။သူငယ္ခ်င္တေယာက္အေမ အသည္းအသန္ျဖစ္ေတာ့ ေျမာက္ဥကၠလာေဆး႐ုံ သြားၾကည့္မိေတာ့လူနာမေျပာနဲ႔ ကိုယ္ေတာင္ ေသခ်င္စိတ္ေပါက္သြားတယ္။ ဆီးနဲ႔ ေသြးကို ေန႔တိုင္းအျပင္ေဆးခန္းကို စစ္ခိုင္းတယ္။ တေန႔ကို ၃မ်ိဳးေလာက္စစ္ရေတာ့ေဆးစစ္တဲ့ကုန္က်ေငြတင္ တေန႔ကို ၄၀၀၀၀ နီးပါးရွိတယ္။ အစိုးရဝန္ထမ္းျဖစ္တဲ့ သူငယ္ခ်င္းက မ်က္ရည္တ႐ြဲ႐ြဲေပါ့။ ေဆး႐ုံ ၄ရက္မွာ ၃သိန္းေက်ာ္ကုန္သြားတယ္။ အသက္ထြက္ခါနီးေတာ့ က်မတို႔

လည္းအသည္းအသန္ေဆး႐ုံ လိုက္သြားၾကည့္ေတာ့..လူနာက အသက္ကိုမနည္းရႉေနရၿပီ။ တာဝန္က်ဆရာဝန္မက အသည္းအသန္ ဆီးအေျဖ ေသြးအေျဖကို အတင္းသြားယူခိုင္းတယ္ လူနာရွင္ကလည္း ထူပူေနေတာ့ သြားယူရတာေပါ့ဆီးအေျဖဘဲရေသးတယ္ ၊ ေသြးအေျဖက ည ၈နာရီေက်ာ္မွရမယ္တဲ့။ ယူလာတဲ့ ဆီးအေျဖစာ႐ြက္ကိုတခ်က္ေလးေတာင္ ဖတ္မၾကည့္ဘူး။အဲ့ဒါကို ဘာျဖစ္လို႔ ေဆးအေျဖသြားယူ၊ ေသြးအေျဖသြားယူ ေအာ္ေနလဲ နားမလည္

ဘူး။လူနာက အသက္ထြက္ေတာ့မွာေလ။ေသသြားရင္ အဲ့အေျဖသြားမေ႐ြးေတာ့ ဓါတ္ခြဲခန္း က ပိုက္ဆံမရမွာစိုးလို႔လား။ ဘာသေဘာလဲဆိုတာ တကယ္ကိုေဝခြဲရခက္ပါတယ္။ေအာ္ဟစ္ငိုယိုေနၾကတဲ့လူေတြကို က်န္းမာေရးဝန္ႀကီးျမင္လွည့္ေစခ်င္ပါတယ္။ မက်န္းမာရတဲ့အထဲ ေငြကိုဘယ္လို ဘယ္ပုံနဲ႔ ေဆးကုဖို႔ရွာရမွာလဲ လူေတာ္ေတာ္မ်ားမ်ားက မေခ်ာင္လည္ၾကဘူးေလ။ ျမန္မာျပည္ကလူထုက ကိုယ့္အသက္ကို ဘုရားဆီဘဲ ပုံထားရတယ္။ ကံတရားရဲ႕ဆုံးအျဖတ္

ကိုဘဲ ထိုင္ေစာင့္ေနရတယ္။ဘယ္သူတက္လာလာ လြယ္လြယ္ေလးျဖည့္စည္းလို႔ရတဲ့ဟာလည္းျဖစ္မလာေသး၊ ခက္တာလည္းျဖစ္မလာေသး။တက္လိုက္ရတဲ့ လႊတ္ေတာ္…ေျပာလိုက္ရတဲ့ စကားႀကီး စကားက်ယ္ သတင္းစာ ရွင္းလင္းပြဲေတြ…

😮

Ma Ma Htike
Original- https://www.facebook.com/205756342930562/photos/a.396466393859555/1542755359230647/?type=3&theater