သင်္ဘောသီးသုပ်ကြောင့် အသက်ပေးခဲ့ရတဲ့ ၁၆နှစ်အရွယ် ကျောင်းသူလေး
|အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်းဆိုတဲ့ စကားကို ပရိသတ်ကြီးတို့လည်း ကြားဖူးမှာပါ…. မစားသင့်သော အစာကို တစ်လုတ်မျှ စားမိသဖြင့် ဘေးဥပဒ် ဖြစ်တတ်သကဲ့သို့ မသွားသင့်သော အရပ်သို့ တစ်လှမ်းမျှ
သွားမိရုံဖြင့် ဘေးအန္တရာယ် တွေ့ရတတ်တယ်ဆိုတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်…ခု ပြောပြမဲ့ အကြောင်းအရာလေးကတော့ သဘောင်္သီးသုပ်စားမိလို့ အသက်ပေးလိုက်ရတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကြောင်း
ဖြစ်ပါတယ်…ဝမ်းနည်းစရာအကြောင်းဖြစ်ပေမဲ့ ပရိသတ်ကြီးတို့လည်း အစားအသောက်ကို ဂရုတစိုက် ဆင်ခြင်စားတတ်အောင်လို့ ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်…ထိုင်းနိုင်ငံရဲ့ Online သတင်းစာဖြစ်တဲ့ Samui Times သတင်း
စာမှာဖော်ပြထားတာကတော့ ထိုင်းနိုင်ငံက Nong Fon လို့ခေါ်တဲ့ ၁၆ နှစ်အရွယ်မိန်းကလေးဟာ သူ့အမေဝယ်လာတဲ့ ဂဏန်းသဘောင်္သီးသုပ်ကို စားပြီးနောက် သေဆုံးသွားခဲ့ရပါတယ်…Nong Fon ရဲ့ အမေဖြစ်တဲ့ Mrs. Kajorn
ဟာ သြဂုတ်လ ၂၄ ရက်နေ့က ဈေးကနေ ဂဏန်းနဲ့ လုပ်ထားတဲ့ သဘောင်္သီးသုပ်ကို ဝယ်လာခဲ့ပါတယ်…. အမေဝယ်လာတဲ့ သဘောင်္သီးသုပ်ကို အဲဒီနေ့မှာပဲ Nong Fon လေးဟာ စားခဲ့ပါတယ်…နောက်တစ်နေ့ အရုဏ်တက်
ချိန်မှာ Nong Fon ဟာ မခံမရပ်နိုင်အောင် ဗိုက်နာပြီး ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ခံခဲ့ရပါတယ်….အဲဒီအချိန်ထိ မိဘဖြစ်သူတွေဟာ Nong Fon လေးကို ဆေးရုံမပို့သေးပါဘူး…နေ့လယ်လည်းရောက် ဝမ်းလျှောတာဟာပို
ဆိုးလာပြီး Nong Fon လေးဟာ တကိုယ်လုံး သွေးဆုတ်ထားသလို ဖြူဖတ်ဖြူရော်နဲ့ သတိတောင် ကောင်းကောင်းမလည်တော့ပါဘူး…အဲဒီအချိန်ကျမှ အရေးပေါ်လူနာတင်ကားကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်…ကျန်းမာရေးဝန်ထမ်းတွေဟာ
ဖြူဖတ်ဖြူရော်ဖြစ်ပြီး သတိလစ်နေတဲ့ Nong Fon လေးကို အရေးပေါ်အသက်ကယ်နည်းနဲ့အရင်ကယ်ခဲ့ပါသေးတယ်…ဒါပေမဲ့ မရတဲ့အဆုံး ဆေးရုံကို ခေါ်သွားရာမှာတော့ ဆရာဝန်ရောက်မလာခင်မှာပဲ Nong Fon လေးဟာ သူချစ်တဲ့
သူ့မိဘတွေနဲ့ လူ့လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ…ဆရာဝန်ရဲ့ ဆေးဘက်ဆိုင်ရာမှတ်ချက်အရ အစာအိမ်အူရောင်ရမ်းနာရောဂါ(Gastrointestinal tract Infection)ကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါယ်….Nong
Fon လေးဟာ နောက်ဆုံးခရီးကို သူ့ရဲ့ သူငယ်ချင်းတွေလိုက်ပါပို့ဆောင်ပေးခဲ့ပြီး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးခဲ့ကြပါတယ်…Nong Fon လေးဟာ မြန်မာစကားပုံအရ အစားမတော်တစ်လုတ်ဆိုတဲ့ အတိုင်း မစားသင့်တဲ့
အစာကို တစ်လုတ်မျှ စားမိရုံနဲ့ အသက်ပါပေးဆပ်လိုက်ရတာဖြစ်ပါတယ်… ပရိသတ်ကြီးတို့လည်း အစားတစ်ခုစားတော့မယ်ဆို အဲဒီအစာဟာ ကောင်းသေးရဲ့လား …သန့်ရှင်း လတ်ဆတ်ရဲ့လား… ဘေးဥပါဒ်ဖြစ်စေနိုင်လားဆိုတာကို
အရင်လေ့လာကြည့်ပြီးမှ စားကြပါလို့ အကြံပြုပါရစေနော်…
Source : World of Buzz
Credit:(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Zawgyi Version
အစားမေတာ္ တစ္လုတ္၊ အသြားမေတာ္ တစ္လွမ္းဆိုတဲ့ စကားကို ပရိသတ္ႀကီးတို႔လည္း ၾကားဖူးမွာပါ…. မစားသင့္ေသာ အစာကို တစ္လုတ္မွ် စားမိသျဖင့္ ေဘးဥပဒ္ ျဖစ္တတ္သကဲ့သို႔ မသြားသင့္ေသာ အရပ္သို႔ တစ္လွမ္းမွ် သြားမိ႐ုံျဖင့္ ေဘးအႏၲရာယ္ ေတြ႕ရတတ္တယ္ဆိုတာကို ဆိုလိုတာပဲ ျဖစ္ပါတယ္…ခု ေျပာျပမဲ့ အေၾကာင္းအရာေလးကေတာ့ သေဘာသႌးသုပ္စားမိလို႔ အသက္ေပးလိုက္ရတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ေယာက္ေၾကာင္း
ျဖစ္ပါတယ္…ဝမ္းနည္းစရာအေၾကာင္းျဖစ္ေပမဲ့ ပရိသတ္ႀကီးတို႔လည္း အစားအေသာက္ကို ဂ႐ုတစိုက္ ဆင္ျခင္စားတတ္ေအာင္လို႔ ျပန္လည္မွ်ေဝရျခင္း ျဖစ္ပါတယ္…ထိုင္းႏိုင္ငံရဲ႕ Online သတင္းစာျဖစ္တဲ့ Samui Times သတင္းစာမွာ ေဖာ္ျပထားတာကေတာ့ ထိုင္းႏိုင္ငံက Nong Fon လို႔ေခၚတဲ့ ၁၆ ႏွစ္အ႐ြယ္မိန္းကေလးဟာ သူ႔အေမဝယ္လာတဲ့ ဂဏန္းသေဘာသႌးသုပ္ကို စားၿပီးေနာက္ ေသဆုံးသြားခဲ့ရပါတယ္…Nong Fon ရဲ႕ အေမျဖစ္တဲ့ Mrs. Kajorn
ဟာ ၾသဂုတ္လ ၂၄ ရက္ေန႔က ေဈးကေန ဂဏန္းနဲ႔ လုပ္ထားတဲ့ သေဘာသႌးသုပ္ကို ဝယ္လာခဲ့ပါတယ္…. အေမဝယ္လာတဲ့ သေဘာသႌးသုပ္ကို အဲဒီေန႔မွာပဲ Nong Fon ေလးဟာ စားခဲ့ပါတယ္…ေနာက္တစ္ေန႔ အ႐ုဏ္တက္ခ်ိန္မွာ Nong Fon ဟာ မခံမရပ္ႏိုင္ေအာင္ ဗိုက္နာၿပီး ျပင္းထန္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းကို ခံခဲ့ရပါတယ္….အဲဒီအခ်ိန္ထိ မိဘျဖစ္သူေတြဟာ Nong Fon ေလးကို ေဆး႐ုံမပို႔ေသးပါဘူး…ေန႔လယ္လည္းေရာက္ ဝမ္းေလွ်ာတာဟာပို
ဆိုးလာၿပီး Nong Fon ေလးဟာ တကိုယ္လုံး ေသြးဆုတ္ထားသလို ျဖဴဖတ္ျဖဴေရာ္နဲ႔ သတိေတာင္ ေကာင္းေကာင္းမလည္ေတာ့ပါဘူး…အဲဒီအခ်ိန္က်မွ အေရးေပၚလူနာတင္ကားကို ဖုန္းဆက္ေခၚခဲ့ပါတယ္…က်န္းမာေရးဝန္ထမ္းေတြဟာ ျဖဴဖတ္ျဖဴေရာ္ျဖစ္ၿပီး သတိလစ္ေနတဲ့ Nong Fon ေလးကို အေရးေပၚအသက္ကယ္နည္းနဲ႔ အရင္ကယ္ခဲ့ပါေသးတယ္…ဒါေပမဲ့ မရတဲ့အဆုံး ေဆး႐ုံကို ေခၚသြားရာမွာေတာ့ ဆရာဝန္ေရာက္မလာခင္မွာပဲ Nong Fon ေလးဟာ သူခ်စ္တဲ့
သူ႔မိဘေတြနဲ႔ လူ႔ေလာကႀကီးကို ႏႈတ္ဆက္ထြက္ခြာသြားခဲ့ပါၿပီ…ဆရာဝန္ရဲ႕ ေဆးဘက္ဆိုင္ရာမွတ္ခ်က္အရ အစာအိမ္အူေရာင္ရမ္းနာေရာဂါ(Gastrointestinal tract Infection)ေၾကာင့္ ေသဆုံးခဲ့ရတယ္လို႔ သိရပါယ္….Nong Fon ေလးဟာ ေနာက္ဆုံးခရီးကို သူ႔ရဲ႕ သူငယ္ခ်င္းေတြလိုက္ပါပို႔ေဆာင္ေပးခဲ့ၿပီး ေကာင္းရာမြန္ရာေရာက္ဖို႔ ဆုေတာင္းေပးခဲ့ၾကပါတယ္…Nong Fon ေလးဟာ ျမန္မာစကားပုံအရ အစားမေတာ္တစ္လုတ္ဆိုတဲ့ အတိုင္း မစားသင့္တဲ့
အစာကို တစ္လုတ္မွ် စားမိ႐ုံနဲ႔ အသက္ပါေပးဆပ္လိုက္ရတာျဖစ္ပါတယ္… ပရိသတ္ႀကီးတို႔လည္း အစားတစ္ခုစားေတာ့မယ္ဆို အဲဒီအစာဟာ ေကာင္းေသးရဲ႕လား …သန႔္ရွင္း လတ္ဆတ္ရဲ႕လား… ေဘးဥပါဒ္ျဖစ္ေစႏိုင္လားဆိုတာကို အရင္ေလ့လာၾကည့္ၿပီးမွ စားၾကပါလို႔ အႀကံျပဳပါရေစေနာ္…
Source : World of Buzz
Credit:(ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)