လူသိနည်းတဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ဘဝဇာတ်ကြောင်း

Sharing is caring!

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိ ကျောင်းစာ သင်ကြားခဲ့သည်။ (စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လ မှာ စာကျက်ပြီစာမေးပွဲ

ပြန်ဖြေရတယ်။(၁၉၅၆ ခုနှစ် – အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက်သင်ကြား။၁၉၅၇ ခုနှစ် -အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊

အဋ္ဌမတန်း၊ နဝမတန်း (နှစ်ခါ ကျလို့ ကျောင်းထွက်လိုက်ရ)၁၉၆၄ ခုနှစ် -ရန်ကုန်မြို့၊ မြို့နယ် အသီးသီးရှိ အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြား၊ နောက်ပိုင်း ကျောင်း မ

နေဖြစ်တော့ဘဲ အိမ်က ၁၆ ကြိမ်ဆင်း။ အိမ်ပြေး ဘဝနဲ့ လမ်းပေါ်မှာ လေလွင့်။၁၉၆၅ ခုနှစ် – ကမာရွတ်မြို့နယ်၊ ဒေါ်သာထက် ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင် ။၁၉၆၆ ခုနှစ် – ဒဂုံမြို့နယ်၊ ဒေါ်နုနုခင်

အလွတ် ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက် တက်ပြီးရေတပ်ထဲဝင် (ကိုယ်ပိုင် နံပါတ် ၁၂၂၀၅) ၁၉၆၇ ခုနှစ် – ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်

တန်း) အထိ ပညာ သင်ကြားခဲ့သည်။ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်း ဝင် တစ်ဦးဖြစ်သည်။ ရုပ်ရှင်လောကထဲရောက်။၁၉၇၀-ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာနှင့် အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်

ရောက်ခဲ့သည်။ ရုပ်ရှင် သရုပ်ဆောင် အဖြစ် `အကာက အချစ် အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွလေည်းမွှေး´ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ်

ရရှိခဲ့သည်။`မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန် သို့မဟုတ် စိန်

ဖြစ်သည်။ ထို ဇာတ်ကား၏ ကြော်ငြာ ဒီဇိုင်း၊ ပိုစတာများ အားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။ဝတ္ထုတို၊ ဝတ္ထုရှည် အချို့ ရေးသားခဲ့ပြီး တေးစီးရီး အချို့ကိုလည်း သီဆို ထုတ်လုပ်ခဲ့သည်။

ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်သည်။၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှ စ၍ ဦးကျော်ဟိန်း သည် အများဆုံးရသူဖြစ်သည်။၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှ စ၍ ဦးကျော်ဟိန်း သည်

ရုပ်ရှင်လောကမှ အနားယူကာ ရဟန်း ဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ဦးကျော်ဟိန်း ရဟန်း မဝတ်ခင်ကလည်း ကျော်ဟိန်း ၏ နောက်ဆုံး နှုတ် ဆက် ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့

သွားရောက်ခဲ့သေး သည်။ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ဘုန်းကြီးဝတ် အနေဖြင့် စာပေများရေးသောအခါ ကလောင် နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ) ဟု

ဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကား မှာ ကြိုးတန်း ဖြစ်သည်။၁၉၆၇ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ် အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ ကား ဆိုခဲ့တဲ့

သီချင်းခွေပေါင်း ၁၄ ခွေ ဖြစ်သည်။ ဖိုး(4)သမား ရုပ်ရှင်သရုပ်ဆောင် ငယ်စဉ်က ၉တန်းကျောင်းထပ်မတက်ပဲ ရေတပ်သားဘဝနဲ့တစ်နှစ်နေခဲ့တယ်။ရေတပ်သားဘဝမှာလည်းသူမပျော်ပြန်ဘူး..နတ်တလင်းကအဒေါ်ဖြစ်သူက

အတင်းလိုက်ရှာပြီ ၉တန်းပြန်ဖြေခိုင်းတယ်။အောင်သွားပါတယ်။ ဆယ်တန်းမတက်တော့ဘူးအိမ်မှာလည်းငါမနေချင်တော့ဘူးဆိုပြီး ထွက်လာတယ်။ လမ်းမှာဆိတ်ခြံတစ်ခြံမှာ အိပ်စရာမရှိလို့ဒီညအိပ်ပါရစေဆိုတော့ ဆိတ်ခြံထဲတော့

အိပ်လို့ရမယ်ဒါပေမယ့်မနက်ဆိတ်ချေးကျုံးရမယ်။သူ့အတွက်တစ်ညတာအိပ်စက်ခွင့်ရသွားပါတယ်။ ဦးတည်ရာမရှိရည်မှန်းချက်မရှိသွားချင်ရာသွား လမ်းသူရဲတွေနဲ့ပေါင်း ပြီးဘိန်းတွေရှု။နောက်ပိုင်းမှာတော့ ကြံတောသင်္ချ ိုင်းမှာ

ကိုယ်လက်အင်္ဂ ါမစုံသူတွေနဲ့ဖဲတွေရိုက်ဒီလိုနဲ့ဘဝကိုကုန်ဆုံးစေခဲ့တယ်။ စာဖတ်ဝါသနာပါတဲ့သူ တစ်ရက်မှာ ရုပ်ရှင်သရုပ်ဆောင်သင်တန်းကခေါ်တဲ့စာလေးကိုဖတ်လိုက်မိတယ်။ ဟာ မဆိုဘူးပဲ သူလျှောက်ဖို့ စိတ်ကူးလိုက်

တယ်။ ကံပဲကောင်းတာလား တော်လို့ပဲလားပါရမီလားမသိပေမယ့် သရုပ်ဆောင်သင်တန်းတက်ခွင့်စာမေးပွဲအောင်သွားပါတယ်။ သရုပ်ဆောင်သင်တန်းပြီးပြီ ရုပ်ရှင်ရိုက်ချင်ပြီ ဘယ်ကုမ္ပဏီကမှလာမခေါ်ဘူး။ ကံကောင်းစေတဲ့နေ့

သူ့အဒေါ်အဆက်အသွယ်နဲ့ရုပ်ရှင်ကားတစ်ကားမှာပါဝင်ခွင့်ရခဲ့ပါတယ်။ဇတ်လမ်းရိုက်မှာက မန္တလေးမှာ..ဒါရိုက်တာက သူ့ကို သေချာသရုပ်ဆောင်နော်မှားရင်ပြန်ရမယ်။ မနက်ဖြန်မန္တလေးလိုက်ခဲ့ဒါပဲ။ ဆရာကျန်တော့်လမ်း

စာရိတ်လေးရော.! ဒါရိုက်တာက ဟာ ရိုက်တောင်မရိုက်ရသေးဘူး မပေးနိုင်ဘူး။ သူဒေါသထွက်သွားပါတယ်။ဟုတ်ပြီရအောင်ရိုက်ပြမယ်။ မနက်ခင်း မီးရထားဘူတာကိုငေးငိုင်ပြီးလမ်းလျှောက်လာတယ်။ ရပ်ထားတဲ့ရထားဘေးမှာ

မတ်တပ်ရပ်နေတုန်း ရထားပေါ်ကလမ်းခေါ်လိုက်တာက မင်းသမီးကြီးဒေါ်စံရှားတင်။ ဟိတ်ကောင်လေး နင်ငါတို့ရုပ်ရှင်ထဲမှာပါတဲ့ကောင်လေးမလား လာလေဘာလုပ်နေတာလဲ။ ကျန်တော် ရထားစီးဖို့ ပိုက်ဆံက..လာပါငါစိုက်ပေး

မယ်(နောက်ပိုင်းမှာဒေါ်စံရှားတင်ဟာသူ့ဘဝရဲ့ပထမဆုံးကျေးဇူးရှင်လို့ပြောသွားပါတယ်)မန္တလေးကသူ့ဘဝရဲ့ပထမဆုံးရုပ်ရှင် သူဟာသူဌေးသားဆရာဝန်။သူ့ချစ်သူက ရပ်ကွက်ထဲကပဲပြုပ်သည်ကောင်မလေး။မိခင်ဖြစ်သူက သဘောမ

တူတဲ့ချိန်မှာ သူပြန်ပြောပါတယ်- ဟာ မာသားကြီးတို့ကလည်း လူချင်းတူတူပဲဗျ ပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တာ နှာခေါင်းနဲ့အသက်ရှုတာ ————*-******ပထမဆုံးဇာတ်လမ်းဟာ သူ့အတွက် ပရိတ်သတ်စတင်လက်ခံခဲ့တယ်။

လက်ခံခဲ့တယ်။ ဒါရိုက်တာကလည်းသူ့စကားလုံးတွေကိုကြွေသွားခဲ့တယ်။ သူဟာ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ရုပ်ရှင်ရိုက်ခါနီးမှာပျောက်ပျောက်နေတယ်။ဘာလုပ်တာလဲ။ သူအင်မတန်စွဲနေတဲ့ဘိန်းခိုးရှု

နေခဲ့တယ်။တစ်ရက်မှာတော့ မိမိဝင်းရွှေရဲ့အဖေ ပန်းချီဦးဝင်းဖေဟာ သူ့ကိုရိုက်ကွင်းထဲမှာ ဒိုင်ယာလော့တစ်ခုချပြနေတုန်းသူနဲ့ဦးဝင်းဖေမျက်လုံးချင်းဆုံမိလိုက်တယ်။ သူ့အကြောင်းသိနေတဲ့ ဦးဝင်းဖေရဲ့မျက်လုံးတစ်စုံက စကားတွေ

ပြောနေတာသူသိတယ် “အလကားကောင်ဘိန်းစား”တဲ့ သူဒေါသထွက်သွားတယ် ငါလေးစားရတဲ့ ငါ့ဆရာကဒီလိုပြောတယ်ငါမခံနိုင်ဘူး။ ငါရအောင်ဖြတ်မယ်ဆိုပြီး အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့ သူကြိုက်တဲ့ဘိန်းထုပ်ကိုဝ

အောင်ရှုလိုက်တယ်။ ဝပြီဆိုတာနဲ့ဘိန်းထုပ်ကိုယူပြီး ကြွေးကြော်လိုက်တယ်ပြတ်ပြီကွဆိုပြီး သူ့ဘိန်းထုပ်ကိုအိမ်သာခွက်ထဲလောင်းထည့်လိုက်တယ်။မကြာပါဘူး သူယင်းတွေပြန်ထလာပါတယ်။ မနေနိုင်တော့တဲ့အဆုံးမှာသူဟာ

အိမ်သာဘက်ကိုသွားပြီး အိမ်သာခွက်ဘေးမှာတင်နေတဲ့ဘိန်းမှုန့်တစ်ချို့ကို လက်နဲ့ယူလိုက်တယ်။ပြီးတော့ ပါစပ်နားထည့်ခါနီးမှာ သူ့မျက်ဝန်းတစ်စုံဟာ မျက်ရည်တွေစီးကျလာတယ်။ရှက်လိုက်တာရှက်လိုက်တာ..မရှုတော့ဘူးဒီ

ဘိန်းကိုလုံးဝမသုံးတော့ဘူးဆိုပြီးသူ့အသက်သုံးဆယ်မှာဆရာဝန်အကူအညီမပါပဲဘိန်းပြတ်သွားခဲ့ပါတယ်။ရုပ်ရုံလောကမှာလည်းသူမှသူသီချင်းဆိုရာမှာလဲသူမှသူဇာတ်ဝင်တေးဆိုရာမှာလည်းသူမှသူဖြစ်ခဲ့သူကြီးပေါ့စိတ်ဓာတ်ပိုင်းဆိုင်ရာ

ဇာတ်လမ်းတွေ လောကဆိုင်ရာဇာတ်လမ်းတွေကို များများရိုက်ပြီး သူ့ဘဝကိုမြင့်မြတ်သောရဟန်းဘဝနဲ့အချိန်ကုန်စေပါတော့တယ်။ ” ဆိုပြီး ဝေမျှရေးသားထားတာပဲ ဖြစ်ပါတယ်။မင်းသားကြီးကျော်ဟိန်းကတော့ လက်ရှိမှာ သာသနာ့

ဘောင်ထဲသို့ဝင်ရောက်ပြီး ၁၁.၇.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၇ မိနစ်မှာတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာနိုင်ငံရဲ့ အောင်မြင်အကျော်ကြားဆုံးဖြစ်တဲ့ မင်းသား ဒွေး သေဆုံးခဲ့တဲ့

သေဆုံးခဲ့တဲ့ နေ့နဲ့ထပ်တူဖြစ်နေတာပါပဲ။ယနေ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ရုပ်ရှင်ကားတွေကလည်း ပရိသတ်တွေရဲ့ရင်ထဲမှာ ရှင်သန်နေဆဲပါ။ ပရိသတ်တွေလည်း ယူတတ်ရင် သင်ခန်းစာတွေအများကြီးရနိုင်တဲ့ ကျော်ဟိန်းရဲ့ဘဝ

ဇာတ်ကြောင်းကို သဘောကျနှစ်သက်တယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;ဇော်ခိုင်ဦး(မန္တလေး)

Zawgyi Version

ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္၊ ABM ေက်ာင္းမွာ ပထမတန္း ကေန စတုတၳတန္း အထိ ေက်ာင္းစာ သင္ၾကားခဲ့သည္။ (စတုတၳတန္း စာေမးပြဲမွာ ေအာင္မွတ္ မျပည့္လို႔ ေႏြရာသီေက်ာင္းပိတ္ရက္ ႏွစ္လ မွာ စာက်က္ၿပီစာေမးပြဲ

ျပန္ေျဖရတယ္။(၁၉၅၆ ခုႏွစ္ – အလုံၿမိဳ႕နယ္၊ ဟုမ္းလမ္း ဘူတာ႐ုံနားက ယူနစ္ကရင္ေက်ာင္းမွာ ပၪၥမတန္း ကို တက္ေရာက္သင္ၾကား။၁၉၅၇ ခုႏွစ္ -အလုံၿမိဳ႕နယ္၊ ကူရွင္ေက်ာင္းမွာ ဆ႒မတန္း၊ သတၱမတန္း (ႏွစ္ႀကိမ္)၊

အ႒မတန္း၊ နဝမတန္း (ႏွစ္ခါ က်လို႔ ေက်ာင္းထြက္လိုက္ရ)၁၉၆၄ ခုႏွစ္ -ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕နယ္ အသီးသီးရွိ အလြတ္ ပညာသင္ေက်ာင္း (ညေက်ာင္း အပါအဝင္)၊ (၂၃) ေက်ာင္း ေျပာင္းေ႐ႊ႕သင္ၾကား၊ ေနာက္ပိုင္း ေက်ာင္း မ

ေနျဖစ္ေတာ့ဘဲ အိမ္က ၁၆ ႀကိမ္ဆင္း။ အိမ္ေျပး ဘဝနဲ႔ လမ္းေပၚမွာ ေလလြင့္။၁၉၆၅ ခုႏွစ္ – ကမာ႐ြတ္ၿမိဳ႕နယ္၊ ေဒၚသာထက္ ေက်ာင္းမွာ နဝမတန္း (သုံးႀကိမ္ေျမာက္) သင္ၾကားေအာင္ျမင္ ။၁၉၆၆ ခုႏွစ္ – ဒဂုံၿမိဳ႕နယ္၊ ေဒၚႏုႏုခင္

အလြတ္ ပညာသင္ေက်ာင္းမွာ ဒသမတန္းသင္ၾကား၊ သုံးလေလာက္ တက္ၿပီးေရတပ္ထဲဝင္ (ကိုယ္ပိုင္ နံပါတ္ ၁၂၂၀၅) ၁၉၆၇ ခုႏွစ္ – ေရတပ္ထဲကထြက္၊ ဒသမတန္း ျပန္ေျဖ၊ ဆယ္တန္း(ခ)ႏွင့္ေအာင္ (တကၠသိုလ္ဝင္

တန္း) အထိ ပညာ သင္ၾကားခဲ့သည္။ငယ္စဥ္က စိန္ေဂၚလီ ဂိုဏ္း ဝင္ တစ္ဦးျဖစ္သည္။ ႐ုပ္ရွင္ေလာကထဲေရာက္။၁၉၇၀-ျပည့္ႏွစ္မွ စ၍ ႐ုပ္ရွင္ မင္းသမီး စႏၵာႏွင့္ အတူ ဖူးစာလမ္းစုံ ဇာတ္ကားျဖင့္ ႐ုပ္ရွင္ေလာကထဲသို႔ ဝင္

ေရာက္ခဲ့သည္။ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အျဖစ္ `အကာက အခ်စ္ အႏွစ္ကေမတၱာ´၊ `မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´၊ `ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး´၊ `ေဝလည္းေမႊး ႂကြေလည္းေမႊး´ဇာတ္ကားမ်ားျဖင့္ အကယ္ဒမီ ေလးႀကိမ္

ရရွိခဲ့သည္။`မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´ဇာတ္ကားကို ကိုယ္တိုင္ ဒါ႐ိုက္တာ အျဖစ္ ႐ိုက္ကူးခဲ့သည္။ ၁၉၇၀-ခုႏွစ္တြင္ ပထမဆုံး ဒါ႐ိုက္တာလုပ္၍ သ႐ုပ္ေဆာင္ ႐ိုက္ကူးခဲ့ေသာ ဇာတ္ကားမွာ စိန္ သို႔မဟုတ္ စိန္

ျဖစ္သည္။ ထို ဇာတ္ကား၏ ေၾကာ္ျငာ ဒီဇိုင္း၊ ပိုစတာမ်ား အားလုံးကို သူကိုယ္တိုင္ ေနမင္းထိပ္ေခါင္ အမည္ျဖင့္ ေရးဆြဲခဲ့ေပသည္။ဝတၳဳတို၊ ဝတၳဳရွည္ အခ်ိဳ႕ ေရးသားခဲ့ၿပီး ေတးစီးရီး အခ်ိဳ႕ကိုလည္း သီဆို ထုတ္လုပ္ခဲ့သည္။

႐ုပ္သံေၾကာ္ျငာမ်ားတြင္လည္း သ႐ုပ္ေဆာင္ေၾကး အမ်ားဆုံးရသူျဖစ္သည္။၂၀ဝ၈-ခုႏွစ္၊ ႏိုဝင္ဘာ (၄)ရက္ေန႔မွ စ၍ ဦးေက်ာ္ဟိန္း သည္ အမ်ားဆုံးရသူျဖစ္သည္။၂၀ဝ၈-ခုႏွစ္၊ ႏိုဝင္ဘာ (၄) ရက္ေန႔မွ စ၍ ဦးေက်ာ္ဟိန္း သည္

႐ုပ္ရွင္ေလာကမွ အနားယူကာ ရဟန္း ဝတ္ခဲ့ေလသည္။ ဘြဲ႕ေတာ္မွာ ဦးကိတၱိသာရ ျဖစ္သည္။ဦးေက်ာ္ဟိန္း ရဟန္း မဝတ္ခင္ကလည္း ေက်ာ္ဟိန္း ၏ ေနာက္ဆုံး ႏႈတ္ ဆက္ ခရီးစဥ္ဟု အမည္ေပးကာ ျမန္မာႏိုင္ငံ အႏွံ႔သို႔

သြားေရာက္ခဲ့ေသး သည္။ရဟန္းေဘာင္ဝင္၍ တရားပြဲမ်ား ျပဳလုပ္ျခင္းႏွင့္ ပတ္သက္၍ ေဝဖန္ေျပာဆိုမႈမ်ား ရွိခဲ့သည္။ဘုန္းႀကီးဝတ္ အေနျဖင့္ စာေပမ်ားေရးေသာအခါ ကေလာင္ နာမည္ ဦးကိတၱိသာရ (ေခတၱ ၃၁ ဘုံ) ဟု

ျဖစ္သည္။ ေနာက္ဆုံး ႐ိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ကား မွာ ႀကိဳးတန္း ျဖစ္သည္။၁၉၆၇ ခုႏွစ္မွ ၂၀ဝ၈ ခုႏွစ္ထိ (ႏွစ္ေပါင္း ၄၁ ႏွစ္ အတြင္း) ႐ိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ ကားေပါင္း ၂၂၂ကား၊ ဗီဒီယို ကားေပါင္း ၃၆၂ ကား ဆိုခဲ့တဲ့

သီခ်င္းေခြေပါင္း ၁၄ ေခြ ျဖစ္သည္။ ဖိုး(4)သမား ႐ုပ္ရွင္သ႐ုပ္ေဆာင္ ငယ္စဥ္က ၉တန္းေက်ာင္းထပ္မတက္ပဲ ေရတပ္သားဘဝနဲ႔တစ္ႏွစ္ေနခဲ့တယ္။ေရတပ္သားဘဝမွာလည္းသူမေပ်ာ္ျပန္ဘူး..နတ္တလင္းကအေဒၚျဖစ္သူက

အတင္းလိုက္ရွာၿပီ ၉တန္းျပန္ေျဖခိုင္းတယ္။ေအာင္သြားပါတယ္။ ဆယ္တန္းမတက္ေတာ့ဘူးအိမ္မွာလည္းငါမေနခ်င္ေတာ့ဘူးဆိုၿပီး ထြက္လာတယ္။ လမ္းမွာဆိတ္ၿခံတစ္ၿခံမွာ အိပ္စရာမရွိလို႔ဒီညအိပ္ပါရေစဆိုေတာ့ ဆိတ္ၿခံထဲေတာ့

အိပ္လို႔ရမယ္ဒါေပမယ့္မနက္ဆိတ္ေခ်းက်ဳံးရမယ္။သူ႔အတြက္တစ္ညတာအိပ္စက္ခြင့္ရသြားပါတယ္။ ဦးတည္ရာမရွိရည္မွန္းခ်က္မရွိသြားခ်င္ရာသြား လမ္းသူရဲေတြနဲ႔ေပါင္း ၿပီးဘိန္းေတြရႈ။ေနာက္ပိုင္းမွာေတာ့ ႀကံေတာသခ်ၤ ိုင္းမွာ

ကိုယ္လက္အဂၤ ါမစုံသူေတြနဲ႔ဖဲေတြ႐ိုက္ဒီလိုနဲ႔ဘဝကိုကုန္ဆုံးေစခဲ့တယ္။ စာဖတ္ဝါသနာပါတဲ့သူ တစ္ရက္မွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္သင္တန္းကေခၚတဲ့စာေလးကိုဖတ္လိုက္မိတယ္။ ဟာ မဆိုဘူးပဲ သူေလွ်ာက္ဖို႔ စိတ္ကူးလိုက္

တယ္။ ကံပဲေကာင္းတာလား ေတာ္လို႔ပဲလားပါရမီလားမသိေပမယ့္ သ႐ုပ္ေဆာင္သင္တန္းတက္ခြင့္စာေမးပြဲေအာင္သြားပါတယ္။ သ႐ုပ္ေဆာင္သင္တန္းၿပီးၿပီ ႐ုပ္ရွင္႐ိုက္ခ်င္ၿပီ ဘယ္ကုမၸဏီကမွလာမေခၚဘူး။ ကံေကာင္းေစတဲ့ေန႔

သူ႔အေဒၚအဆက္အသြယ္နဲ႔႐ုပ္ရွင္ကားတစ္ကားမွာပါဝင္ခြင့္ရခဲ့ပါတယ္။ဇတ္လမ္း႐ိုက္မွာက မႏၲေလးမွာ..ဒါ႐ိုက္တာက သူ႔ကို ေသခ်ာသ႐ုပ္ေဆာင္ေနာ္မွားရင္ျပန္ရမယ္။ မနက္ျဖန္မႏၲေလးလိုက္ခဲ့ဒါပဲ။ ဆရာက်န္ေတာ့္လမ္း

စာရိတ္ေလးေရာ.! ဒါ႐ိုက္တာက ဟာ ႐ိုက္ေတာင္မ႐ိုက္ရေသးဘူး မေပးႏိုင္ဘူး။ သူေဒါသထြက္သြားပါတယ္။ဟုတ္ၿပီရေအာင္႐ိုက္ျပမယ္။ မနက္ခင္း မီးရထားဘူတာကိုေငးငိုင္ၿပီးလမ္းေလွ်ာက္လာတယ္။ ရပ္ထားတဲ့ရထားေဘးမွာ

မတ္တပ္ရပ္ေနတုန္း ရထားေပၚကလမ္းေခၚလိုက္တာက မင္းသမီးႀကီးေဒၚစံရွားတင္။ ဟိတ္ေကာင္ေလး နင္ငါတို႔႐ုပ္ရွင္ထဲမွာပါတဲ့ေကာင္ေလးမလား လာေလဘာလုပ္ေနတာလဲ။ က်န္ေတာ္ ရထားစီးဖို႔ ပိုက္ဆံက..လာပါငါစိုက္ေပး

မယ္(ေနာက္ပိုင္းမွာေဒၚစံရွားတင္ဟာသူ႔ဘဝရဲ႕ပထမဆုံးေက်းဇူးရွင္လို႔ေျပာသြားပါတယ္)မႏၲေလးကသူ႔ဘဝရဲ႕ပထမဆုံး႐ုပ္ရွင္ သူဟာသူေဌးသားဆရာဝန္။သူ႔ခ်စ္သူက ရပ္ကြက္ထဲကပဲျပဳပ္သည္ေကာင္မေလး။မိခင္ျဖစ္သူက သေဘာမ

တူတဲ့ခ်ိန္မွာ သူျပန္ေျပာပါတယ္- ဟာ မာသားႀကီးတို႔ကလည္း လူခ်င္းတူတူပဲဗ် ပခုံးႏွစ္ဖက္ၾကားကေခါင္းေပါက္တာ ႏွာေခါင္းနဲ႔အသက္ရႈတာ ————*-******ပထမဆုံးဇာတ္လမ္းဟာ သူ႔အတြက္ ပရိတ္သတ္စတင္လက္ခံခဲ့တယ္။

လက္ခံခဲ့တယ္။ ဒါ႐ိုက္တာကလည္းသူ႔စကားလုံးေတြကိုေႂကြသြားခဲ့တယ္။ သူဟာ နာမည္ေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာခဲ့တယ္။ ႐ုပ္ရွင္႐ိုက္ခါနီးမွာေပ်ာက္ေပ်ာက္ေနတယ္။ဘာလုပ္တာလဲ။ သူအင္မတန္စြဲေနတဲ့ဘိန္းခိုးရႈ

ေနခဲ့တယ္။တစ္ရက္မွာေတာ့ မိမိဝင္းေ႐ႊရဲ႕အေဖ ပန္းခ်ီဦးဝင္းေဖဟာ သူ႔ကို႐ိုက္ကြင္းထဲမွာ ဒိုင္ယာေလာ့တစ္ခုခ်ျပေနတုန္းသူနဲ႔ဦးဝင္းေဖမ်က္လုံးခ်င္းဆုံမိလိုက္တယ္။ သူ႔အေၾကာင္းသိေနတဲ့ ဦးဝင္းေဖရဲ႕မ်က္လုံးတစ္စုံက စကားေတြ

ေျပာေနတာသူသိတယ္ “အလကားေကာင္ဘိန္းစား”တဲ့ သူေဒါသထြက္သြားတယ္ ငါေလးစားရတဲ့ ငါ့ဆရာကဒီလိုေျပာတယ္ငါမခံႏိုင္ဘူး။ ငါရေအာင္ျဖတ္မယ္ဆိုၿပီး အိမ္ကိုျပန္လာခဲ့တယ္။ အိမ္ေရာက္ေတာ့ သူႀကိဳက္တဲ့ဘိန္းထုပ္ကိုဝ

ေအာင္ရႈလိုက္တယ္။ ဝၿပီဆိုတာနဲ႔ဘိန္းထုပ္ကိုယူၿပီး ေႂကြးေၾကာ္လိုက္တယ္ျပတ္ၿပီကြဆိုၿပီး သူ႔ဘိန္းထုပ္ကိုအိမ္သာခြက္ထဲေလာင္းထည့္လိုက္တယ္။မၾကာပါဘူး သူယင္းေတြျပန္ထလာပါတယ္။ မေနႏိုင္ေတာ့တဲ့အဆုံးမွာသူဟာ

အိမ္သာဘက္ကိုသြားၿပီး အိမ္သာခြက္ေဘးမွာတင္ေနတဲ့ဘိန္းမႈန႔္တစ္ခ်ိဳ႕ကို လက္နဲ႔ယူလိုက္တယ္။ၿပီးေတာ့ ပါစပ္နားထည့္ခါနီးမွာ သူ႔မ်က္ဝန္းတစ္စုံဟာ မ်က္ရည္ေတြစီးက်လာတယ္။ရွက္လိုက္တာရွက္လိုက္တာ..မရႈေတာ့ဘူးဒီ

ဘိန္းကိုလုံးဝမသုံးေတာ့ဘူးဆိုၿပီးသူ႔အသက္သုံးဆယ္မွာဆရာဝန္အကူအညီမပါပဲဘိန္းျပတ္သြားခဲ့ပါတယ္။႐ုပ္႐ုံေလာကမွာလည္းသူမွသူသီခ်င္းဆိုရာမွာလဲသူမွသူဇာတ္ဝင္ေတးဆိုရာမွာလည္းသူမွသူျဖစ္ခဲ့သူႀကီးေပါ့စိတ္ဓာတ္ပိုင္းဆိုင္ရာ

ဇာတ္လမ္းေတြ ေလာကဆိုင္ရာဇာတ္လမ္းေတြကို မ်ားမ်ား႐ိုက္ၿပီး သူ႔ဘဝကိုျမင့္ျမတ္ေသာရဟန္းဘဝနဲ႔အခ်ိန္ကုန္ေစပါေတာ့တယ္။ ” ဆိုၿပီး ေဝမွ်ေရးသားထားတာပဲ ျဖစ္ပါတယ္။မင္းသားႀကီးေက်ာ္ဟိန္းကေတာ့ လက္ရွိမွာ သာသနာ့

ေဘာင္ထဲသို႔ဝင္ေရာက္ၿပီး ၁၁.၇.၂၀၂၀ ရက္ေန႔ နံနက္ ၉ နာရီ ၂၇ မိနစ္မွာေတာ့ ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားၿပီျဖစ္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ျမန္မာႏိုင္ငံရဲ႕ ေအာင္ျမင္အေက်ာ္ၾကားဆုံးျဖစ္တဲ့ မင္းသား ေဒြး ေသဆုံးခဲ့တဲ့

ေသဆုံးခဲ့တဲ့ ေန႔နဲ႔ထပ္တူျဖစ္ေနတာပါပဲ။ယေန႔ မင္းသားႀကီး ေက်ာ္ဟိန္းရဲ႕ ႐ုပ္ရွင္ကားေတြကလည္း ပရိသတ္ေတြရဲ႕ရင္ထဲမွာ ရွင္သန္ေနဆဲပါ။ ပရိသတ္ေတြလည္း ယူတတ္ရင္ သင္ခန္းစာေတြအမ်ားႀကီးရႏိုင္တဲ့ ေက်ာ္ဟိန္းရဲ႕ဘဝ

ဇာတ္ေၾကာင္းကို သေဘာက်ႏွစ္သက္တယ္ဆိုရင္ share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

Source;ေဇာ္ခိုင္ဦး(မႏၲေလး)