ကိုယ်ဝယ်တဲ့ နွားနို့မှာ ရေဘယ်လောက်ရောထားလဲ သိနိုင်မည့် နည်းလမ်း
|ကိုယ်ဝယ်တဲ့ နွားနို့မှာ ရေဘယ်လောက်ရောထားလဲ သိနိုင်မည့် နည်းလမ်းနွားနို့အစစ်ပါလို့ ပိတ်ငြင်းနေတဲ့ သူတွေကို ဒီလိုလေးလုပ်ပြီး ပြန်ငြင်းကြရအောင်။
ပုံမှန်ဆိုရင် နွားနို့ထဲမှာ ရေကတစ်ဝက်လောက် ရောပြီး ရောင်းတတ်ကြပါတယ်။ ဒီလိုပြောရချင်းက စော်ကားတာ မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ် တစ်ခုကိုပြောပြတာပါ။
နွားနို့နဲ့ ရေနဲ့ ရောသွားလို့ ရေကို ပြန်ထုတ်လို့ မရဘူးလားဆိုတော့ ရပါတယ်။ လွယ်ကူတဲ့နည်းလေးနဲ့ပြန်ဖယ်လို့ရပါတယ်။ ဒီနည်းလေးကိုသိတဲ့သူတွေသိပါတယ်မသိသောသူများလည်းရှိပါတယ်။ အောက်မှာ ဖတ်ကြည့်ပါဗျ။
ပထမဦးစွာ နွားနို့ကို ဘူးထဲ အရင်ထည့်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ ထည့်ပြီး ခဲအောင် လုပ်ထားပေးပါ။ အောက်က ပုံလိုလေး။
ခဲသွားလို့ ပြန်ထုတ်ယူပြီးလျင် အပြင်မှာ ထားပေးပါ။ နွားနို့ကတော့ လွယ်လွယ်နဲ့ အရေပျော်သွားနိုင်ပေမယ့် ရေကတော့ ခဲပြီး ကျန်ခဲ့မှာပါ။ အောက်က ပုံကိုကြည့်ပါ။
ဒါဆိုရင် သင်လိုချင်တဲ့ နွားနို့ စစ်စစ်ကို ရပါပြီ။ ဒီနည်လမ်းအတိုင်း နွားနို့ စစ်မစစ် ရေဘယ်လောက် ရောထားလည်းဆိုတာကို သိနိုင်ပါပြီ။
ဒါဆိုရင် ဘယ်တံဆိပ်ကတော့ ရေရောတာများတယ် ၊ ဘယ်တံဆိပ် ၊ ဘယ်ဆိုင်ကတော့ ရေရောတာ နည်းတယ်ဆိုပြီး သင်သိပြီမို့ ။ နောက်ဆို ကောင်းကောင်းရွေးချယ်နိုင်ပြီပေါ့။
Source : Myanmar Naung Naung Team