အပူချိန် ၄၀ ဒီဂရီအောက်မှာ တစ်ကိုယ်လုံးအလုံဝတ်ထားရတဲ့ ကျန်းမာရေးဝန်းထမ်းများရဲ့ ဒုက္ခ

Sharing is caring!

ကျွန်တော်တို့ တွေ အိမ်မှာ နေတာတောင် အဲကွန်းနဲ့ ပန်ကာနဲ့ တော်တော် ပူကြပါတယ်နော်။

ဒီလို အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကတော့ တစ်ကိုယ်လုံးအလုံဝတ်ထားရတဲ့ PPE နဲ့ ရောဂါကာကွယ်ဖို့လုပ်နေကြရပါတယ်။

ဒီအတွက် ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။

“ရန်ကုန်ရဲ့ အပူချိန် ၄၀’ C အောက်မှာ PPE ဝတ်စုံတွေနဲ့ တနေကုန် အပူဒဏ်ကို အန်တုကြပြီးတိုင်းပြည်အတွက် တာဝန်ကျေနေကြတဲ့ စေတနာ့ဝန်ထမ်းများ

လေးစားဂုဏ်ယူ ချီးကျူးလိုက်ပါတယ်ဗျာ ….ယနေ့ သဲအင်းဂူကျောင်းမှာ ညနေ ၃ နာရီဝန်းကျင်မှည ၉ နာရီအထိ PPE ဝတ်စုံတွေနဲ့ အလုပ်လုပ်ချင်း အခုမှပီးဆုံးပါတယ်ဗျာ

ပြည်တော်ပြန်လာကြတဲ့ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှ မြန်မာများကို ကြိုဆိုရင်း သဲအင်းဂူ Quarantine Center သို့ဝင်ရောက်သူ အယောက်(၂၀၀)နီးပါးနှင့် ခရီးဆောင်အိတ် အလုံး(၃၀၀)နီးပါးကို ပိုးသတ်ဆေးဖြန်းပေးပြီး
ခရီးဆောင်အိတ်များသယ်ပီးသကာလ ဟန်မဆောင်နိုင်ဘဲ ခြေကုန်လက်ပန်းကျခဲ့သည်

ပေါ်ပင်မဟုတ် ကိုယ်လည်းမရိုက်ခိုင်း…သူများရိုက်ထားတာတွေ့ရင် ပြန်ယူပီးပြန်တင်ချင်းပါ….အများနည်းတူကိုယ်လည်းကူ…GMW”

အခုလို ပူအိုက်ချိန်မှာ နိုင်ငံတော်အတွက် အားလုံး ကျရာတာဝန်ကို မငြီးမငြူပဲ လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကားလေး ပြောပေးခဲ့ပါဦးနော်။

Source ; Myint Myat Myat Hein

Add a Comment

Your email address will not be published. Required fields are marked *