ကိုယ့်ကလေးကိုချစ်ရင် ဟာလဝါ၊ထိုးမုန့် လုံးဝ(လုံးဝ) မကျွေးကြပါနဲ့

Sharing is caring!

စမ်းသပ်ခန်းထဲမှာ အန်လို့လာပြတဲ့လူနာကို ဆေးသွင်းနေရင်း ဆေးခန်းအပြင် လူနာစောင့်အခန်းက “ဆရာရေ ခလေးတက်သွားလို့ပါ” ဆိုပီး ပြေးလာသံကြားလို့ အထဲဝင်ခိုင်းလိုက်တော့ တနှစ်ခွဲခလေးက မလှုပ်မယှက် ပျော့ခွေပီး
ပြာနှမ်းလို့ “ဘာဖြစ်သွားတာလဲ” မေးလိုက်တော့ “အစားစားနေရင်း တက်ပြီး စကားမပြောတော့တာပဲ ဆရာ ဆယ်မိနစ်လောက်ရှိပီ” လို့ အတူပါလာတဲ့ လူကပြောတယ်ခလေးအဖေကတော့ ကြောင်ပီး စကားမပြောနိုင်သေး ဒါနဲ့

န်မြန်လေး မျက်လုံးဖြဲပြီး မီးထိုးကြည့်တယ် သူငယ်အိမ်ကျုံ့နေသေးတယ် ရင်ဘတ်တချက်ကြည့်တော့ အသက်ကမရှူ နားကြပ်နဲ့ရင်ဘတ်ကို နားထောင်တယ် နှလုံးခုန်သံကြားရတယ် အသက်ရှူသွင်းသံလေးကြားလိုက်ရသလိုပဲ။အဲ့မှာတင် ခေါင်းထဲရောက်လာတာက အစာသီးခြင်း၊ အစာနင်ပီး အသက်ရှူလမ်းကြောင်းပိတ်ခြင်း(Choking)ပဲ အစားစားရင်းဖြစ်တာဆိုတော့ ဒါနဲ့ချက်ချင်းပဲ ပါးစပ်ဖြဲကြည့်ကြည့်တယ် အာခေါင်မှာ ဘာမှမတွေ့ပေမယ့် Heimlich

maneuver(ခလေးအနောက်ကနေ လက်တဖက်နဲ့ ဝိုက်ပီးဗိုက်နဲ့ ကျောကို အားပြင်းပြင်း ဆောင့်ပီးဖိခြင်း)စလုပ်တယ် ၆ချက်လောက်လုပ်လိုက်တော့ ခလေးက အဲ့ကနဲ အသံစထွက်လာတယ် နောက်ကျောကနေ အားပြင်းပြင်းနဲ့ ကျောကုန်းကို ဆယ်ချက်လောက်ထပ်ရိုက်တယ်လက်တဖက်ကတော့ ဗိုက်မှာ ထားပီး ခလေးကို ခေါင်းအောက်စိုက်ထားတယ် အဲ့မှာပဲ ခလေးက စငိုလာတယ် ပါးစပ်ထဲကတော့ ဘာမှထွက်မလာသေးဘူး ခလေးပြန်တိတ်သွားပီး

ပြန်ပြာနှမ်းလာတယ် ဒါနဲ့ နောက်ထပ် heimlich maneuver ဘယ်နှခါမှန်းမသိဘူး ထပ်လုပ်လိုက်တော့မှ ထွက်လာပီလေ ဟာလဝါဖတ် ၄ ၅ စင်တီမီတာ လောက်ကြီး အဲ့တော့မှ ခလေးကအသံဗြဲကြီးနဲ့ ထငိုတာ နောက်ကနေပီး ချွဲတွေလဲ ချောင်းဆိုးပီးထပ်ထွက်လာတယ်လူလဲ အဲ့တော့မှ ဟင်းချပီး ဘေးကို သတိထားမိတာ ခလေးအဖေကပျော်ပီး မျက်ရည်ကျလို့ စောနကဆေးသွင်းနေတဲ့ လူနာလဲ လိပ်ပြာအပ်တန်းလန်းလေးနဲ့ ငုတ်တုပ်လေး (စာရေးတာ

သာရှည်တာ တကယ်က ၁၀မိနစ်အတွင်းပဲ ဆေးခန်းထဲဝင်လာချိန်ကနေ ဟာလဝါဖတ်ကျတဲ့အထိက) ဒါပေမဲ့ခလေးက မှိန်းနေလို့ မေးကြည့်တော့ သတိလစ်နေတာ အိမ်မှာဆယ်မိနစ်တဲ့ ဒါနဲ့ပဲ Brain hypoxia(ဦးနှောက်ထဲ အောက်စီဂျင်ပြတ်)ရပီး နောက်ဆက်တွဲ ရောဂါတေဖြစ်လာမှာစိုးလို့ အောက်စီဂျင်ပေးပီး ဆေးရုံကားနဲ့ ဆေးရုံလွှဲလိုက်တယ် သေချာတာကတော့ ဒီကောင်လေး မသေတော့ဘူးပဲ။ခလေးမိဘတွေကို သတိထားစေချင်တာက ခလေး

တွေ အစာစားရင် ဘေးနားကနေ စောင့်ကြည့်နေပေးဖို့ နဲ့ တစ်ကိုက်စာ အတုံးလေးတေပဲ ကျွေးဖို့ပါ ဟာလဝါ၊ အော်ကွေ့ကြည်လိုမျိုး အစာတေဆိုရင်တော့ သတိပိုထားဖို့ပါ။ကွေ့ကြည်လိုမျိုး အစာတေဆိုရင်တော့ သတိပိုထားဖို့ပါ။

Credit- ဒေါက်တာမျိုးကျော်ဦး

Zawgyi Version

စမ္းသပ္ခန္းထဲမွာ အန္လို႔လာျပတဲ့လူနာကို ေဆးသြင္းေနရင္း ေဆးခန္းအျပင္ လူနာေစာင့္အခန္းက “ဆရာေရ ခေလးတက္သြားလို႔ပါ” ဆိုပီး ေျပးလာသံၾကားလို႔ အထဲဝင္ခိုင္းလိုက္ေတာ့ တႏွစ္ခြဲခေလးက မလႈပ္မယွက္ ေပ်ာ့ေခြပီး
ျပာႏွမ္းလို႔ “ဘာျဖစ္သြားတာလဲ” ေမးလိုက္ေတာ့ “အစားစားေနရင္း တက္ၿပီး စကားမေျပာေတာ့တာပဲ ဆရာ ဆယ္မိနစ္ေလာက္ရွိပီ” လို႔ အတူပါလာတဲ့ လူကေျပာတယ္ခေလးအေဖကေတာ့ ေၾကာင္ပီး စကားမေျပာႏိုင္ေသး ဒါနဲ႔

န္ျမန္ေလး မ်က္လုံးၿဖဲၿပီး မီးထိုးၾကည့္တယ္ သူငယ္အိမ္က်ဳံ႕ေနေသးတယ္ ရင္ဘတ္တခ်က္ၾကည့္ေတာ့ အသက္ကမရႉ နားၾကပ္နဲ႔ရင္ဘတ္ကို နားေထာင္တယ္ ႏွလုံးခုန္သံၾကားရတယ္ အသက္ရႉသြင္းသံေလးၾကားလိုက္ရသလိုပဲ။အဲ့မွာတင္ ေခါင္းထဲေရာက္လာတာက အစာသီးျခင္း၊ အစာနင္ပီး အသက္ရႉလမ္းေၾကာင္းပိတ္ျခင္း(Choking)ပဲ အစားစားရင္းျဖစ္တာဆိုေတာ့ ဒါနဲ႔ခ်က္ခ်င္းပဲ ပါးစပ္ၿဖဲၾကည့္ၾကည့္တယ္ အာေခါင္မွာ ဘာမွမေတြ႕ေပမယ့္ Heimlich

maneuver(ခေလးအေနာက္ကေန လက္တဖက္နဲ႔ ဝိုက္ပီးဗိုက္နဲ႔ ေက်ာကို အားျပင္းျပင္း ေဆာင့္ပီးဖိျခင္း)စလုပ္တယ္ ၆ခ်က္ေလာက္လုပ္လိုက္ေတာ့ ခေလးက အဲ့ကနဲ အသံစထြက္လာတယ္ ေနာက္ေက်ာကေန အားျပင္းျပင္းနဲ႔ ေက်ာကုန္းကို ဆယ္ခ်က္ေလာက္ထပ္႐ိုက္တယ္လက္တဖက္ကေတာ့ ဗိုက္မွာ ထားပီး ခေလးကို ေခါင္းေအာက္စိုက္ထားတယ္ အဲ့မွာပဲ ခေလးက စငိုလာတယ္ ပါးစပ္ထဲကေတာ့ ဘာမွထြက္မလာေသးဘူး ခေလးျပန္တိတ္သြားပီး

ျပန္ျပာႏွမ္းလာတယ္ ဒါနဲ႔ ေနာက္ထပ္ heimlich maneuver ဘယ္ႏွခါမွန္းမသိဘူး ထပ္လုပ္လိုက္ေတာ့မွ ထြက္လာပီေလ ဟာလဝါဖတ္ ၄ ၅ စင္တီမီတာ ေလာက္ႀကီး အဲ့ေတာ့မွ ခေလးကအသံၿဗဲႀကီးနဲ႔ ထငိုတာ ေနာက္ကေနပီး ခြၽဲေတြလဲ ေခ်ာင္းဆိုးပီးထပ္ထြက္လာတယ္လူလဲ အဲ့ေတာ့မွ ဟင္းခ်ပီး ေဘးကို သတိထားမိတာ ခေလးအေဖကေပ်ာ္ပီး မ်က္ရည္က်လို႔ ေစာနကေဆးသြင္းေနတဲ့ လူနာလဲ လိပ္ျပာအပ္တန္းလန္းေလးနဲ႔ ငုတ္တုပ္ေလး (စာေရးတာ

သာရွည္တာ တကယ္က ၁၀မိနစ္အတြင္းပဲ ေဆးခန္းထဲဝင္လာခ်ိန္ကေန ဟာလဝါဖတ္က်တဲ့အထိက) ဒါေပမဲ့ခေလးက မွိန္းေနလို႔ ေမးၾကည့္ေတာ့ သတိလစ္ေနတာ အိမ္မွာဆယ္မိနစ္တဲ့ ဒါနဲ႔ပဲ Brain hypoxia(ဦးေႏွာက္ထဲ ေအာက္စီဂ်င္ျပတ္)ရပီး ေနာက္ဆက္တြဲ ေရာဂါေတျဖစ္လာမွာစိုးလို႔ ေအာက္စီဂ်င္ေပးပီး ေဆး႐ုံကားနဲ႔ ေဆး႐ုံလႊဲလိုက္တယ္ ေသခ်ာတာကေတာ့ ဒီေကာင္ေလး မေသေတာ့ဘူးပဲ။ခေလးမိဘေတြကို သတိထားေစခ်င္တာက ခေလး

ေတြ အစာစားရင္ ေဘးနားကေန ေစာင့္ၾကည့္ေနေပးဖို႔ နဲ႔ တစ္ကိုက္စာ အတုံးေလးေတပဲ ေကြၽးဖို႔ပါ ဟာလဝါ၊ ေအာ္ေကြ႕ၾကည္လိုမ်ိဳး အစာေတဆိုရင္ေတာ့ သတိပိုထားဖို႔ပါ။ေကြ႕ၾကည္လိုမ်ိဳး အစာေတဆိုရင္ေတာ့ သတိပိုထားဖို႔ပါ။

Credit- ေဒါက္တာမ်ိဳးေက်ာ္ဦး

Add a Comment

Your email address will not be published. Required fields are marked *