ဇူလိုင်(၁၈)ရက် နောက်ပိုင်း တစ်နိုင်ငံလုံး ရေကြီးနိုင်ကြောင်း မိုးဇလ သတိပေးထုတ်ပြန်
|မိုးများပြီး မြစ်ရေ ၊ ချောင်းရေတွေ မြင့်တက်လာ နိုင် ပါ တယ်ဇူလိုင်( ၁၈ ) ရက်နေ့ နောက်ပိုင်းကစပြီး မုတ်သုံလေအားကောင်းကာ မိုးရွာသွန်းမှုက ယခု ထက် ပိုလာနိုင်တယ် လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ
သိရ ပါတယ် ။မိုးများပြီး မြစ်ရေ ၊ ချောင်းရေတွေ မြင့်တက်လာ နိုင် ပါ တယ်းများလာ နိုင်တဲ့ အတွက် မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာနိုင်ပြီး တစ်နိုင်ငံလုံး ရေကြီးမှု အန္တရာယ်ကို သတိပြုဖို့ လိုတယ်လို့ မိုးဇလ တာဝန်ရှိသူ
တစ်ဦးကပြော ပါတယ်။ဇူလိုင်လ အတွင်း ပုံမှန် မိုးရေချိန်မရောက်သေး တဲ့ ယခုအချိန်မှာတောင် မြစ်ရေမြင့်တက်မှုတွေလည်း ရှိနေ ပါတယ်။“ ဇူလိုင်လ နဲ့ သြဂုတ်လကတော့ နှစ်စဉ်နှစ်တိုင်း ရေကြီးမှုတွေဖြစ်နေကျပါ ။ အရင်က
ဆို (၂)နှစ်ခြား တစ်ခါ ၊ (၃)နှစ်ခြား တစ်ခါမှသာ ရေကြီးမှုကဖြစ်နေကျပါ ။ (၂၀၁၄)ကနေ (၂၀၁၉)ထိကေတော့ နှစ်စဉ်ပုံမှန် ရေကြီးမှုတွေကြုံတွေ့နေရရတော့ ရေကြီးမှုအန္တရာယ်ကို အခုနောက်ပိုင်းမှာ ပိုပြီးတော့သတိပြုနေရပါ
တယ်။ လက်ရှိအာရှနိုင်ငံတော်တော် များများ မှာ လည်း ရေကြီးမှုတွေကြုံတွေ့နေရတယ်။ မြန်မာနိုင်ငံမှာ လည်း ဇူလိုင်(၁၈)ရက်နေ့ နောက်ပိုင်း ကစပြီး မုတ်သုံလေအားကောင်းကာ မိုးရွာသွန်းမှုက ယခုထက်ပိုလာနိုင်လို့ မြစ်ာင်း
ရှိတဲ့ ဒေသတွေမှာတော့ ရေကြီးမှုအန္တရာယ်ကို သတိပြုဖို့ လိုတယ်” လို့ မိုးဇလ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦး ကပြောပါတယ်။လက် ရှိ ဧရာဝတီမြစ်အထက်ပိုင်း မှာ မြစ်ရေ မြင့်တက်နေမှုတွေ ရှိနေပြီး မိုးဆက်တိုက်ရွာသွန်းနေ
မယ် ဆိုရင်တော့ စိုးရိမ်ရေမှတ် ကို ရောက်ရှိလာနိုင်တယ်လို့ သိရ ပါတယ်။မိုးဦးကာလမှာ မိုးရွာသွန်းမှု နောက်ကျ ခဲ့ တာကြောင့် ယခုနောက် ပိုင်း ကာလတွေ မှာ မိုးများလာနိုင်ပြီး မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုနဲ့ မြေပြိုမှုန္တ
ရာယ်တွေ ကို သတိပြုဖို့ လိုတယ်လို့ ဦးကျော်မိုးဦးကပြော ပါတ ယ်။မိုးများပြီး မြစ်ရေ ၊ ချောင်းရေတွေ မြင့်တက်လာ နိုင် ပါ တယ်မိုးဇလရဲ့ ဒီကနေ့ ညနေ (၄)နာရီ ထုတ်ပြန်ချက်အရ ဒီကနေ့ ညနေပိုင်း အထိရန်ကုန် တိုင်း
ဒေသကြီးအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် တို့မှာ မိုးသည်း ထန်စွာရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း (၈၀)% အထိ ရှိတယ်လို့လည်း
ထုတ်ပြန်ကြေညာထား ပါတယ် ။
မိုးဇလ
Zawgyi Version
မိုးဇလ