အဆိုတော် မျိုးကြီး ကျန်းမာရေးအခြေအနေကို ကောင်းမွန်လာပြီး မကြာခင် ဆေးရုံဆင်းရတော့မည်
|ကျွန်တော်တို့ ချစ်တဲ့ အဆိုတော် မျိုးကြီးတ စ်ယောက်ကတော့ ဆေးစစ်ချက်အရ Nagetive နှစ်ကြိမ် ပြနေပြီလို့သိရပါတယ်။
ဒါဆိုရင် မျိုးကြီးကျန်းမာရေးက ပြန်လာကောင်းမွန်လာပြီဖြစ်ပြီ ဖြစ်ပါတယ်။
Iron Cross တေးဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် မျိုးကြီးဟာ COVID-19 ကူးစက်ခံရမှုရှိ မရှိသိရအောင် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှာ ပြီးခဲ့တဲ့တခေါက်က Negative တစ်ကြိမ်ပြပြီး
အခုရက်ပိုင်း Negative တစ်ကြိမ်ထပ်ပြခဲ့လို့ ရောဂါမတွေ့ရှိဘူးလို့ ဝေဘာဂီ အထူးကုဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်က ပြောပါတယ်။
အဆိုတော် မျိုးကြီးမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါမတွေ့ရှိရပေမယ့် နောက်ထပ် သုံးပတ်ကြာ Quarantine ဆက်ဝင်ရမှာဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီးက ပြောပါတယ်။
အဆိုတော် မျိုးကြီးအနေနဲ့ အခုရက်ပိုင်းမှာ Hotel Quarantine ၁၄ ရက် ၊ Home Quarantine ၇ ရက် စုစုပေါင်း ၂၁ ရက် ဆက်လက်ဝင်ရမှာဖြစ်ပါတယ်။
ဝေဘာဂီဆေးရုံကြီးမှာ ဆေးရုံဆင်းခွင့်ရသူ ၂၅ ယောက်ရှိပြီဖြစ်ပြီး၊ ဒီအထဲက ၃ ယောက်ဟာ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။
ဒါကြောင့် အဆိုတော်မျိုးကြီး ကျန်းမာရေးအမြန်ကောင်းလာဖို့ ဆုတောင်းပေးကြပါဦးနော်။