ကမ္ဘာကြီးက လိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး အောင်မြင်စွာထုတ်လုပ်နိုင်ပြီ(ရုပ်သံ)

Sharing is caring!

  • အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်။

ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို ရုရှားရှိSechenov First Moscow State Medical University က အပြီးလုပ်ဆောင်ခဲ့ပြီဖြစ်သည်။ထိုသတင်းအား Translational Medicine

and Biotechnology အဖွဲ့အစည်းမှ ဒါရိုက်တာVadim Tarasov က အတည်ပြုခဲ့သည်ဟု Sputnik News သတင်းဌာနက ဖော်ပြခဲ့သည်။ကူးစက်ရောဂါနှင့်အဏုဇီဝဆိုင်ရာ Gamalei Institute မှ ထုတ်လုပ်သော ကိုဗ-၁၉

ကာကွယ်ဆေးသည်ဆေးရုံ၊ဆေးခန်းအဆင့် လက်တွေ့စမ်းသပ်မှုများကို ဇွန်လ ၁၈ ရက်ကစတင်ခဲ့သည်ဟုအဆိုပါသတင်း၌ မီးမောင်းထိုးရေးပြထားသည်။လက်တွေ့စမ်းသပ်မှုအတွက် စေတနာ့ဝန်ထမ်းအဖြစ် ကာကွယ်ဆေးစမ်း

သပ်ခံခဲ့ကြသူများကို မကြာမီဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်သည်။ ပထမအဖွဲ့ကို နှစ်ရက် သုံးရက်အတွင်းနှင့် ဒုတိယအဖွဲ့ကို ဇူလိုင် ၂၀ ရက်တို့တွင် ဆေးရုံမှဆင်းခွင့်ပြုမည်ဟု သိရသည်။Sechenov University က ဆေးဘ

က်င်ရာ ကပ်ပါးရောဂါ၊ အပူပိုင်းဒေသနှင့်ပိုးမွှားဆိုင်ရာဂေါတိုက်ဖျက်ရေးအဖွဲ့အစည်းမှ ဒါရိုက်တာ Alexander Lukashev ကို ချီးကျူးပြောဆိုလျက် ကာကွယ်ဆေးက လူများအတွက်ဘေးကင်းလုံခြုံမှုရှိ / မရှိ စစ်ဆေးရန်လေ့လာ

မှုလုပ်ဆောင်ခဲ့ပြီး ယခုအခါ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း အဆိုပါသတင်းတွင်ရေးသားထားသည်။ကာကွယ်ဆေးက ဘေးကင်းကြောင်း အတည်ပြုချက်ရထားပြီဖြစ်သဖြင့် ဈေးကွက်ထဲရောက်ရှိပြီးသားဖြစ်သည့်အဆိုပါာကွယ်

ဆေးများမှာလည်း အန္တရာယ်ကင်းကြောင်း Lukashev က ပြောခဲ့သည်။ထို့အပြင် ကာကွယ်ဆေးထုတ်လုပ်သူက ဗိုင်းရပ်စ်ကူးစက်ရောဂါဆိုင်ရာအခြေအနေရှုပ်ထွေးမှုများပါဝင်လာမည့်အဆိုပါကာကွယ်ဆေး၏ တိုးတက်ဖြစ်ပေါ်

မှုအတွက် အစီအစဉ်တစ်ခုပြင်ဆင်နေပြီး ကာကွယ်ဆေးထုတ်လုပ်မှုကိုမည်သို့တိုးမြှင့်ရမည်ဆိုသည်ကိုပါ လုပ်ဆောင်နေသည်ဟု ဆိုသည်။ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှုဖိအားကြောင့် ရုန်းကန်နေရစဉ်

တွင် Sechenov University သည်ပညာရပ်ဆိုင်ရာတက္ကသိုလ်ဆိုသည်ထက် ဤကာကွယ်ဆေးအတွက် သိပ္ပံနှင့်နည်းပညာသုတေသနစင်တာအဖြစ် ပေါ်ထွက်ခဲ့သည်ဟု Tarasov ကမှတ်ချက်ပြုခဲ့သည်။Tanslational

Medicine and Biotechnology အဖွဲ့အစည်းသည် ကာကွယ်ဆေးဆိုင်ရာ ရှေးဦးလက်တွေ့လေ့လာမှုများ၊လုပ်ထုံးလုပ်နည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်လက်တွေ့စမ်းသပ်မှုများကိုလုပ်ဆောင်ခဲ့သည်ဟု Tarasov ကပြောသည်။

ဤအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်စဖို့ဒ်မှထုတ်သည့်ကာကွယ်ဆေးသည်ထိပ်တန်းမှဦးဆောင်နေသောကာကွယ်ဆေးဖြစ်ကြောင်း ပြီးခဲ့သည့်လကပြောခဲ့သည်။အောက်စဖို့ဒ်ကာကွယ်ဆေး

straZeneca သည် စမ်းသပ်မှုအဆင့်သုံးဖြစ်သည့် လက်တွေ့စမ်းသပ်မှုလုပ်ဆောင်နေစဉ်ရုရှားကာကွယ်ဆေးက မကြာမီ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။

credit MRTV

  • ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ

Zawgyi Version

  • ေအာက္တြင္ ဗီဒီယိုဖိုင္ ထည့္ထားပါသည္။

ကမာၻ႔ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈမ်ားကို ႐ုရွားရွိSechenov First Moscow State Medical University က အၿပီးလုပ္ေဆာင္ခဲ့ၿပီျဖစ္သည္။ထိုသတင္းအား Translational Medicine

and Biotechnology အဖြဲ႕အစည္းမွ ဒါ႐ိုက္တာVadim Tarasov က အတည္ျပဳခဲ့သည္ဟု Sputnik News သတင္းဌာနက ေဖာ္ျပခဲ့သည္။ကူးစက္ေရာဂါႏွင့္အဏုဇီဝဆိုင္ရာ Gamalei Institute မွ ထုတ္လုပ္ေသာ ကိုဗ-၁၉

ကာကြယ္ေဆးသည္ေဆး႐ုံ၊ေဆးခန္းအဆင့္ လက္ေတြ႕စမ္းသပ္မႈမ်ားကို ဇြန္လ ၁၈ ရက္ကစတင္ခဲ့သည္ဟုအဆိုပါသတင္း၌ မီးေမာင္းထိုးေရးျပထားသည္။လက္ေတြ႕စမ္းသပ္မႈအတြက္ ေစတနာ့ဝန္ထမ္းအျဖစ္ ကာကြယ္ေဆးစမ္း

သပ္ခံခဲ့ၾကသူမ်ားကို မၾကာမီေဆး႐ုံမွဆင္းခြင့္ျပဳမည္ျဖစ္သည္။ ပထမအဖြဲ႕ကို ႏွစ္ရက္ သုံးရက္အတြင္းႏွင့္ ဒုတိယအဖြဲ႕ကို ဇူလိုင္ ၂၀ ရက္တို႔တြင္ ေဆး႐ုံမွဆင္းခြင့္ျပဳမည္ဟု သိရသည္။Sechenov University က ေဆးဘ

က္င္ရာ ကပ္ပါးေရာဂါ၊ အပူပိုင္းေဒသႏွင့္ပိုးမႊားဆိုင္ရာေဂါတိုက္ဖ်က္ေရးအဖြဲ႕အစည္းမွ ဒါ႐ိုက္တာ Alexander Lukashev ကို ခ်ီးက်ဴးေျပာဆိုလ်က္ ကာကြယ္ေဆးက လူမ်ားအတြက္ေဘးကင္းလုံၿခဳံမႈရွိ / မရွိ စစ္ေဆးရန္ေလ့လာ

မႈလုပ္ေဆာင္ခဲ့ၿပီး ယခုအခါ ေအာင္ျမင္စြာၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း အဆိုပါသတင္းတြင္ေရးသားထားသည္။ကာကြယ္ေဆးက ေဘးကင္းေၾကာင္း အတည္ျပဳခ်က္ရထားၿပီျဖစ္သျဖင့္ ေဈးကြက္ထဲေရာက္ရွိၿပီးသားျဖစ္သည့္အဆိုပါာကြယ္

ေဆးမ်ားမွာလည္း အႏၲရာယ္ကင္းေၾကာင္း Lukashev က ေျပာခဲ့သည္။ထို႔အျပင္ ကာကြယ္ေဆးထုတ္လုပ္သူက ဗိုင္းရပ္စ္ကူးစက္ေရာဂါဆိုင္ရာအေျခအေနရႈပ္ေထြးမႈမ်ားပါဝင္လာမည့္အဆိုပါကာကြယ္ေဆး၏ တိုးတက္ျဖစ္ေပၚ

မႈအတြက္ အစီအစဥ္တစ္ခုျပင္ဆင္ေနၿပီး ကာကြယ္ေဆးထုတ္လုပ္မႈကိုမည္သို႔တိုးျမႇင့္ရမည္ဆိုသည္ကိုပါ လုပ္ေဆာင္ေနသည္ဟု ဆိုသည္။ကမာၻ႔ႏိုင္ငံမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္သစ္ကူးစက္မႈဖိအားေၾကာင့္ ႐ုန္းကန္ေနရစဥ္

တြင္ Sechenov University သည္ပညာရပ္ဆိုင္ရာတကၠသိုလ္ဆိုသည္ထက္ ဤကာကြယ္ေဆးအတြက္ သိပၸံႏွင့္နည္းပညာသုေတသနစင္တာအျဖစ္ ေပၚထြက္ခဲ့သည္ဟု Tarasov ကမွတ္ခ်က္ျပဳခဲ့သည္။Tanslational

Medicine and Biotechnology အဖြဲ႕အစည္းသည္ ကာကြယ္ေဆးဆိုင္ရာ ေရွးဦးလက္ေတြ႕ေလ့လာမႈမ်ား၊လုပ္ထုံးလုပ္နည္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္လက္ေတြ႕စမ္းသပ္မႈမ်ားကိုလုပ္ေဆာင္ခဲ့သည္ဟု Tarasov ကေျပာသည္။

ဤအေတာအတြင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေအာက္စဖို႔ဒ္မွထုတ္သည့္ကာကြယ္ေဆးသည္ထိပ္တန္းမွဦးေဆာင္ေနေသာကာကြယ္ေဆးျဖစ္ေၾကာင္း ၿပီးခဲ့သည့္လကေျပာခဲ့သည္။ေအာက္စဖို႔ဒ္ကာကြယ္ေဆး

straZeneca သည္ စမ္းသပ္မႈအဆင့္သုံးျဖစ္သည့္ လက္ေတြ႕စမ္းသပ္မႈလုပ္ေဆာင္ေနစဥ္႐ုရွားကာကြယ္ေဆးက မၾကာမီ ေဈးကြက္အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ေရာင္းခ်ႏိုင္မည္ဟု ေမွ်ာ္လင့္ရသည္။

credit MRTV

  • ဗီဒီယိုဖိုင္ ၾကည့္ရန္ ႏွိပ္ပါ

Add a Comment

Your email address will not be published. Required fields are marked *