လူနာအမှတ် ၁၆၂ နဲ့ပတ်သတ်တဲ့ ကြောက်စရာနောက်ဆက်တွဲ
|လူနာအမှတ် ၁၆၂ နဲ့ပတ်သတ်တဲ့ ကြောက်စရာနောက်ဆက်တွဲ အကြောင်းလေးကို ပြောပြချင်ပါတယ်။သူက အမျိုးသမီး အင်းစိန်ခဝဲခြံ ၂ လမ်း အလယ်လောက်မှာ နေတယ်။ သူ့ရဲ့အဖေနဲ့အတူ နေတယ်လို့ သိရတယ်။
အဖေဖြစ်သူက သူ့အိမ်ခြံဝန်းအတွင်းက သီးခြားအဆောက်ဦထဲမှာ ကူညီစောင့်ရှောက်ထားသူ ၁၆ ဦးခန့် ရှိတယ်။ အားလုံးကို Q ဝင်ဖို့ ၄ ရက်နေ့က ခေါ်သွားခဲ့တယ်။နောက် အဲ့ဒီအဘကပဲ ခဝဲခြံ ၂ လမ်းထဲက အခြားအိမ်တစ်ခုမှာ ကူညီစောင့်ရှောက်ပေးထားတဲ့ လူတချို့နေတယ်။
အဲ့ဒီအိမ်ထဲကနေမှ Case,151/ 152/ 153/ 154 ပေါ်ပေါက်လာတယ်။Case, 162 ဟာ ဒေးဗစ်လားရဲ့ပွဲတွေကို သွားတယ်။ဒေးဗစ်လားနဲ့လဲ အနီးကပ် ထိတွေမှု့ ရှိတယ်။
ဒါကိုကြည့်ရရင် ဖြစ်နိုင်ခြေက case, 162 သည် ဒေးဗစ်လားပွဲကနေ မူလကူးစက်ခံထားရသူလို့ ယူဆဖွယ်ရာပဲ
သူကနေ case, 151/ 152/ 153/ 154 ကို ကူးစက်တာက ဖြစ်နိုင်ခြေပဲဘာကြောင့် သူမရဲ့ကူးစက်ခံရမှု့က နောက်ကျမှပေါ်ပေါက်လာရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်။
သူမနဲ့ ဒေးဗစ်လားပွဲဆက်စပ်မှု့ဟာ မူလမှာ ပျောက်နေတဲ့သဘောပဲ
နောက်တစ်ခု သတိထားစရာက သူမရဲ့အဖေ အဘဟာ ဖူးကြီးမှာ မိဘမဲ့ဂေဟာတစ်ခုဖွင့်ထားတယ်။ကလေး ၁၀၀ ဝန်းကျင်ခန့်ရှိတယ်။ဒီတော့ case, 162 အပါအဝင် ဒီအုပ်စုက Positive ဖြစ်သူအချို့ ဖူးကြီးဂေဟာကို သွားခဲ့သေးသလားဆိုတာလဲ စီစစ်ဖို့လိုပါတယ်။
တကယ်တမ်း သွားဖြစ်ခဲ့တယ်ဆိုရင်တော့ တကယ့်ကို ကြောက်စရာဖြစ်လာမှာပါဲနော်။
Via, Thetdwe Aung
တကယ်တမ်း သွားဖြစ်ခဲ့တယ်ဆိုရင်တော့ တကယ့်ကို ကြောက်စရာဖြစ်လာမှာပဲါနော်။
Via, Thetdwe Aung