ဗိုက်အောင့်တဲ့နေရာနဲ့ ဆက်စပ်တဲ့ ရောဂါများအကြောင်း

Sharing is caring!

ဗိုက်အောင့်ခြင်းသည်အောင့်သည့်ဗိုက်၏တည်နေရာနှင့် အောင့်ပုံအောင့်နည်း တို့အပေါ်မူတည်၍အမျိုးမျိုးဖြစ်နိုင်ပါသည်။ ဝမ်းဗိုက်အတွင်းတွင်ရှိနေသော ကလီစာများမှလာသောပြသနာများအဖြစ်များပြီး ထို ကလီစာများ ၏ရောဂါများကိုရှာဖွေတွေ့ရှိရန်မှာ ဗိုက်အောင့်သည်ဟုပြောရုံဖြင့် ရောဂါကိုတန်းပြောရန်မဖြစ်နိုင်သကဲ့သို့ မည်သည့်ရောဂါဖြစ်နိုင်သည်ကိုသေချာစမ်းသပ်စစ်ဆေးပြီးမှသိရှိနိုင်ပါသည်။ဝမ်းဗိုက်အတွင်းတွင်မည်သည့် အရာများရှိသနည်း။ဝမ်းဗိုက်

သည် နံရိုးအောက်မှစတင်ပြီး တင်ပဆုံရိုး နှင့်ဆီးခုံရိုးအပေါ်ပိုင်းအထိပါဝင်ပြီး အထဲတွင် အရေးကြီးသော အင်္ဂါများစွာရှိပါသည်။ ဝမ်းဗိုက်ကို အဓိကအားဖြင့် ၉ပိုင်းပိုင်းနိုင်ပါသည်။ ထို အပိုင်းများနှင့်ထိုနေရာတွင်အကြမ်းအားဖြင့် အောက်ပါအတိုင်းရှိနေကြပါသည်။

ညာဘက်အပေါ်ပိုင်း – အသည်းနှင့်အူသိမ်ဦးပိုင်း၊ သည်ခြေအိတ်

ဘယ်ဘက်အပေါ်ပိုင်း – အူမကြီး နှင့် ဘေလုံး

ရင်ခေါင်း ပိုင်း – အစာအိမ်နှင့်အစာရေမျို

ညာဘက်ခါးပိုင်း – အူမကြီး၊ အူသိမ် နှင့် ကျောက်ကပ်

ဘယ်ဘက်ခါပိုင်း – အူမကြီး နှင့်ကျောက်ကပ်

ချက်ပတ်လည်ပိုင်း – ပန်ကရိယ ၊အူအသေးများ နှင့်အူမကြီး

ညာဘက်အောက်ပိုင်း – အူအတက်၊ အူမကြီး၊ သားဥအိမ်

ဘယ်ဘက်အောက်ပိုင်း – အူမကြီး၊ အူအဆုံးပိုင်း နှင့် အစာဟောင်းအိမ်၊ သားဥအိမ်

ဆီးခုံအပေါ်ပိုင်း – ဆီးအိတ် ၊ သားအိမ် လမ်းကြောင်း

အထက်ပါတည်နေရာများကိုအကြမ်းဖျင်းမှန်း၍အောင့်သည်နေရာပေါ်မူတည်ပြီး ထို နေရာတွင်ရှိနေသော အင်္ဂါမှ ပြသနာတစ်ခုခုကြောင့်အဓိကအောင့်သည်ဟုမှန်းဆနိုင်ပါသည်။သို့သော်ထိုသို့လည်းတပ်အပ်ပုံသေပြော၍မရပေ။ ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်းသည် နေရာရွေ့ခြင်း၊ နေရာပြောင်းလဲနေခြင်းများလည်းရှိနိုင်ပါသည်။ ထိုကြောင့်သေချာအောင်စမ်းသပ်မှု၊ စစ်ဆေးမှုများလည်းများစွာလုပ်ရန်လိုအပ်ပါသည်။အများအားဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းတို့သည်

ဝမ်းဗိုက်အတွင်းပြည့်နှက်စွာရှိနေသောကြောင့် ဗိုက်အောင့်ခြင်းအများစုသည် အဆိုပါ ရောဂါများကြောင့်အဖြစ်များတတ်ပါသည်။ဗိုက်အောင့်ခြင်းနှင့်အတူ အခြားသောအစာအိမ်အူလမ်းကြောင်းလက္ခဏာများဖြစ်သော အန်ခြင်း၊ ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပိန်သွားခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း၊ လေထိုးခြင်းတို့လည်းတွဲဖက်ဖြစ်ပေါ်တတ်ပါသည်။

ညာဘက်အပေါ်ပိုင်းအောင့်ခြင်း

ဝမ်းဗိုက်အပေါ်ညာဘက်ပိုင်း နံရိုးအောက်တွင်အောင့်ခြင်းဖြစ်ပေါ်ပါက ဖော်ပြထားသည့်အတိုင်းအဖြစ်နိုင်ဆုံးမှာ အသည်းရောင်ခြင်း၊ အသည်းကင်ဆာရောဂါ၊အသည်းပြည်တည်ရောဂါ ၊ သည်းခြေကျောက်တည်ခြင်း၊သည်းခြေပြွန်ရောင်ခြင်းနှင့် အူသိမ်ဦးပိုင်းအနာသို့မဟုတ် အူသိမ် ရောင်ခြင်း တို့ဖြစ်နိုင်ပါသည်။ အသည်းသည်အစာအိမ်နှင့်အူလမ်းကြောင်းတို့၏အစာချေခြင်းလုပ်ငန်းတွင် သည်းခြေရည်ဟုခေါ်သော bile များကို အစာလမ်းကြောင်းတွင်း

ထုတ်ပေးခြင်းဖြင့် အစာလမ်းကြောင်းတွင်းရှိအစာများအထူးသဖြင့်အဆီများချေဖျက်ရာတွင်ကူညီပေးပါသည်။ အသည်းသည်ရောင်ခြင်း၊အနာဖြစ်ခြင်း၊သည်းခြေအိတ်ရောဂါများတွင် bile ကောင်းစွာမထုတ်နိုင်ခြင်းကြောင့်အဆီများသေချာမဖြတ်နိုင်ဘဲပြည့်ခြင်း၊ကယ်ခြင်း၊ အစာမကြေခြင်း၊ လေမကြာခဏတက်ခြင်းတို့ကိုပါတွဲဖက်ခံစားရတတ်ပြီးပို၍ဆိုးရွားသောအခြေအနေများတွင်မူ အခါးရည်များ၊ အစမ်းရောင်များအန်ခြင်းကိုလည်းတွေ့ရှိရတတ်ပါသည်။အသည်းနှင့်

သည်းခြေရောဂါရှိသူများသည်အဆီများသောအစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။အူသိမ်ဦးပိုင်း၏တည်နေရာသည်လည်း အစာအိမ်ပြီးလျှင် ညာဘက်သို့ခွေဆင်းလျက်ရှိသောကြောင့်အူသိမ်အောင့်ခြင်းသည်လည်းဝမ်းဗိုက်အပေါ်ညာဘက်အောင့်ခြင်းဖြင့်ဖြစ်ပေါ်တတ်ပါသည်။အူသိမ်အနာ၏လက္ခဏာသည် ဝမ်းဗိုက်ညာဘက်ပိုင်းတွင်ပိုအောင့်တတ်ပြီး အစာမရှိလျှင်ဗိုက်ဆာလျှင်ပိုအောင့်တတ်ပြီး အစာစားလိုက်လျှင် သက်သာသွားတတ်သည်။ည

ဘက် အစာမရှိလျှင်ပိုပိုအောင့်တတ်သောသဘာဝရှိပါသည်။ စိတ်ဖိစီးမှု stress များလျှင်လည်းအက်စစ်အထွက်များပြီးအူသိမ်အနာများဖြစ်နိုင်သကဲ့သို့ အခြားသောအကြောင်းရင်းများဖြစ်သည့် အစာမမှန်ခြင်း၊ အစာအိမ်ပိုး H.pylori၊ အပူအစပ်နှင့်အကိုက်အခဲပျောက်ဆေးများသည်လည်းအူသိမ်အနာကိုဖြစ်စေနိုင်ပါသည်။လူငယ်လူရွယ်အများစုအလုပ်လုပ်နေသောအရွယ်တွင်အဖြစ်များလေ့ရှိသောဗိုက်အောင့်ခြင်းမှာလည်း အဆိုပါ အူသိမ်အနာဖြစ်

ရန်အလားအလာများပါသည်။နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း( အစားစားချိန်မှန်မှန်ထားခြင်း၊ အပူအစပ်နှင့် အရက်များရှောင်ခြင်း၊အစာပျော့ပျော့စားခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊) အက်စစ်လျော့နည်းစေသောဆေးများသောက်ခြင်းတို့ဖြင့် အူသိမ်အနာသည်သက်သာပျောက်ကင်းနိုင်ပါသည်။

ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်း

ဝမ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်းသည် အဖြစ်နည်းတတ်ပြီးများသောအားဖြင့် ဘေလုံးတွင်ပြည်တည်ခြင်း၊ ဘေလုံးကြီးခြင်း၊ အူမကြီးရောင်ခြင်း၊ အူမကြီးကင်ဆာနှင့် အစာအိမ်သည်လည်းဘယ်ဘက်သို့နည်းနည်းရောက်နေတတ်သောကြောင့်အစာအိမ်အောင့်ခြင်းလည်းဖြစ်နိုင်ပြီးပြောရခက်ပါသည်။ သာမန်လေထိုးလေအောင့်ခြင်းများသည်လည်း အဆိုပါနေရာအောင့်ခြင်း မျိုးနှင့်လာတတ်ပါသည်။

ရင်ခေါင်းပိုင်းအောင့်ခြင်း

ရင်ခေါင်းပိုင်းအောင့်ခြင်းသည်အစာအိမ်၊အစာရေမျိုဆိုင်ရာရောဂါများကြောင့်အဖြစ်များပြီး အက်စစ်များကြောင့်အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အက်စစ်လျှံတက်သောကြောင့်အစာရေမျိုအောက်ပိုင်းရောင်ခြင်းတို့မှသည် အစာအိမ်ကင်ဆာအထိဖြစ်နိုင်ပါသည်။အစာအိမ်မှထုတ်လုပ်ပေးသော အက်စစ်သည် ပြင်ပမှအစာနှင့်အတူပါလာသောဘတ်တီးရီးယား များကိုသေစေပြီး အစာများကိုခြေဖျက်ပေးပါသည်။ထိုအက်စစ်သည်စားစေတတ်သောဂုဏ်သ တ္

တိ ရှိပြီး အစာအိမ်နံရံရှိဆဲလ်များမှ mucus barrier ဟုခေါ်သော အကျိအချွဲအမြှေးကို အကာအနေဖြင့်ထုတ်ပေးပြီး အစာအိမ်နံရံကိုအက်စစ်၏ စားခြင်းမှကာကွယ်ပေးပါသည်။ ထိုမျှခြေအနေအထားပျက်သွားသောအခြေအနေတွင် အက်စစ်သည် အစာအိမ်နံရံကိုစားပြီးအစာအိမ်ရောင်ခြင်းဖြစ်ပါသည်။အစာအိမ်၏အက်စစ်ဒဏ်ကိုခံနိုင်သော အစာအိမ်ပိုးတစ်မျိုး ဖြစ်သည့် H.pylori သည်လည်းအစာအိမ်ရောင်ခြင်းကိုဖြစ်စေတတ်ပါသည်။ အခြားသောအစာအိမ်

ရောင်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊အပူအစပ်များစားခြင်းတို့သည် လည်းအစာအိမ်ကိုကာကွယ်ပေးသော mucus အကျိအချွဲများကိုပျက်စေပြီးအစာအိမ်ကိုအက်စစ်စားခြင်းဖြစ်ပေါ်ပြီး အစာအိမ်ရောင်ခြင်းဖြစ်တတ်ပါသည်။အစာအိမ်ရောင်ခြင်းမှတစ်ဆင့် အက်စစ်၏စားခြင်းပိုဆိုးလာလျှင် အစာအိမ်အနာဖြစ်ခြင်း ဖြစ်ပေါ်သည်။အစာအိမ်အနာ၏ကနဦးလက္ခဏာများမှာ ဗိုက်နှင့် ရင်ခေါင်းတွင်အောင့်နေတတ်ခြင်း၊

အစားစားလိုက်လျှင်ပိုအောင့်ခြင်း၊ အချဉ်ရည်များအန်ခြင်း၊ အပူအစပ်များစားလျှင်ချက်ချင်းအောင့်လာခြင်း၊ ရင်ပူခြင်း၊ ရင်ခေါင်းတောင့်ခြင်း၊ တစ်ခါတရံ နှလုံးကြပ်သကဲ့သို့ရင်ဘတ်အောင့်ခြင်းလက္ခဏာများစတင်ခံစားရတတ်ပါသည်။အစာအိမ်ကင်ဆာရောဂါ၏ ကနဦးလက္ခဏာများအဖြစ်ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း ကို ခံစားရနိုင်ပြီး မြန်မြန်ဆန်ဆန်ပင်ကင်ဆာ၏ပြန့်နှံ့ခြင်းအကျိုးဆက်များကိုခံစားရနိုင်ပါသည်။မကြာခဏ

အစာအိမ်ဆေးများသောက်နေရသည့်တိုင် မသက်သာဘဲခံစားနေရခြင်းမျိုးရှိလျှင် သေချာပြသသင့်ပါသည်။ အရေးမကြီး ဟုယူဆပြီး နေခြင်းထက် ရောဂါ အရင်းအမြစ်ကိုသေသေချာချာသိရှိပြီးကုသမှုခံယူရန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ရင်ခေါင်းတောင့်ခြင်းသည် အရေးတကြီးကုသရန်လိုအပ်သော အစာအိမ်ရောဂါ များ၏ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။

အရေးကြီးသောလက္ခဏာ များမှာ

၁။ အသက် ၅၅ နှစ်ကျော်

၂။ ကိုယ်အလေးချိန်ကျသွားခြင်း၊ ပိန်သွားခြင်း

၃။ သွေးအားနည်းခြင်း(ဖြုဖျော့ခြင်း၊ မောပန်းလွယ်ခြင်း)

၄။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် အရင် နှင့် မတူဘဲ ပိုဆိုးလာခြင်း

၅။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် တစ်ခါမှမဖြစ်ဖူးပဲ ခုမှစဖြစ်လာခြင်း

၆။ ဝမ်းမဲမဲသွားခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်း

၇။ အစာမျိုရခက်ခဲခြင်း၊ နင်ခြင်း

၈။ သွေးအန်ခြင်း

အထက်ပါလက္ခဏာများရှိပါက မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန်ထက်ပို၍ဆိုးနိုင်သော ပြသနာဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ကုသရန် လိုအပ်ပါသည်

ညာဘက်ခါးပိုင်းသို့မဟုတ်ဘယ်ဘက်ခါးပိုင်းနာခြင်း

ခါးနေရာကျောနှင့်ကပ်လျက် ကျောက်ကပ်သည်ဘယ်တစ်လုံးညာတစ်လုံးတည်ရှိနေပြီး ကျောက်ကပ်အပေါ်ရှေ့ပိုင်းတွင်အူမကြီး ရှိပါသည်။ ထို့ကြောင့်ခါးနေရာအောင့်ခြင်း၊ နာခြင်းသည် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းတို့ဖြစ်နိုင်ပြီး အောင့်ခြင်းသည် ကျောနောက်အောင့်ခြင်းနှင့်အတူဖြစ်ပေါ်တတ်ပါသည်။

ကျောက်သည် ကျောက်ကပ်မှတစ်ဆင့် ဆီးလမ်းကြောင်း (ureter) တစ်လျှောက်ဖြတ်ဆင်းလျှင် နာကျင်ခြင်းသည်ဆွဲဆုပ်ထားသကဲ့သို့အောင့်တတ်ပြီး ခါးမှ ပေါင် ခြံဘက်သို့နာသည့်ပုံစံမျိုးဖြစ်ပေါ်တတ်ပါသည်။ အူမကြီးသည်လည်း ကျောက်ကပ်အပေါ်ကပ်လျက်ရှိနေသောကြောင့်လေအောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အူမကြီးကင်ဆာကဲ့သို့ရောဂါများရှိနေလျှင်လည်းအဆိုပါနေရာများနာကျင်ခြင်းသည်အဖြစ်များတတ်ပါသည်။

ချက်ပတ်လည်ပိုင်းနာကျင်ခြင်း

ချက်ပတ်လည်ပိုင်းနာကျင်ခြင်းသည် ပန်ကရိယ ဟုခေါ်သောမုတ်ချိုအိတ်ရောင်ခြင်းအဖြစ်များတတ်ပါသည်။ ပန်ကရိယသည် ကျောဘက်ကပ်ရပ်နားတွင်ရှိနေသောကြောင့် မုတ်ချိုအိတ်ကြောင့်ဖြစ်သောဗိုက်အောင့်ခြင်းသည် ကျောနှင့်ရင်နှင့်ညှပ်အောင့်ခြင်းဖြစ်တတ်ပါသည်။ အရက်သောက်ခြင်း၊

သည်းခြေကျောက်သည်မုတ်ချိုအိတ်ပြွန်တွင်တည်ခြင်း တို့ကြောင့်မုတ်ချိုအိတ်ရောင်ခြင်းအဖြစ်များပါသည်။ အူအတက်ရောင်ခြင်းတွင်လည်းတစ်ခါတရံတွင် ချက်ပတ်လည်နာခြင်းနှင့်အစပြုတတ်ပါသည်။ ချက်ပတ်လည်တွင် အူအခွေများလည်းရှိနေသောကြောင့် ဝမ်းကိုက်ခြင်း၊ အူရောင်ခြင်းတို့တွင်ချက်ပတ်လည်အောင့်ခြင်းဖြစ်တတ်သဖြင့် ချက်ပတ်လည်အောင့်ခြင်းသည်သေချာစမ်းသပ်ပြီးမှပြောနိုင်ပါသည်။

ညာဘက်အောက်ပိုင်းအောင့်ခြင်း

ဗိုက်ညာဘက်အောက်ပိုင်းအောင့်ခြင်းအများစုသည် အူအတက်ရောင်ခြင်းဖြစ်တတ်ပြီး အူအတက်ရောင်ခြင်းသည် အူအတက်ပေါက်ခြင်းအထိဖြစ်နိုင်ပြီးအသက်အန္တရာယ် စိုးရိမ်ရတတ်ပါသည်။ အူအတက်ရောင်ခြင်း၊ တက်ပေါက်ခြင်းတို့၏ဗိုက်အောင့်ခြင်းသည်ရုတ်တရတ်တစ်ရက်နှစ်ရက်အတွင်းဖြစ်တတ်ပြီး အန်ခြင်း၊ ဖျားခြင်းတို့နှင့်တွဲတတ်ပါသည်။အူအတက်ပေါက်ခြင်းကဲ့သို့ပင် သန္ဓေသားသားဥပြွန်တွင်တည်ပြီး သားဥပြွန်ပေါက်ထွက်ခြင်းသည်လည်းခွဲမ

ရအောင်တူတတ်ပါသည်။ ဗိုက်ညာဘက်အောက်ဘက် အောင့်ခြင်းသည် အခြားသောအူရောင်ရောဂါ၊အူ တီဘီရောဂါ၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း၊ အမျိုးသမီဆိုင်ရာသားဥအိမ်ရောဂါများနှင့်အူမကြီးကင်ဆာဟူ၍မျိုးစုံဖြစ်နိုင်ပါသည်။

၇။ဘယ်ဘက်အောက်ပိုင်း အောင့်ခြင်း

ဝမ်းဗိုက်၏ဘယ်ဘက်အောက်ပိုင်းတွင် အူမကြီးအဆုံးပိုင်းနှင့်အစာဟောင်းအိမ်ရှိနေသောကြောင့် ဝမ်းချုပ်ခြင်း၊ စမျင်းပိတ်ပြီး အူပိတ်ခြင်း၊ အူမကြီးကင်ဆာကြိတ်များနှင့်အူပိတ်ခြင်းတို့သည်အဖြစ်များတတ်ပြီးအမျိုးသမီးများတွင် သားဥအိမ်၊ သားဥပြွန် နှင့်ပတ်သက်သောရောဂါတို့အဖြစ်များတတ်သဖြင့် သေချာစမ်းသပ်ကုသမှုခံယူသင့်ပါသည်။

ဆီးခုံအပေါ်ပိုင်းအောင့်ခြင်း

ဆီးခုံဟုဆိုသည့်အတိုင်းဆီးအိမ် သည် ဆီးခုံရိုးအောက်တည့်တည့်တွင်ရှိပါသည်။ ဆီးအိမ်၏အနောက်ဘက်တွင် အမျိုးသမီးများတွင်သားအိမ်ရှိနေသောကြောင့် ဆီးစပ်ကိုက်ခြင်း သည်အများအားဖြင့် ပုံမှန်ရာသီလာစဉ်ကိုက်ခဲခြင်းသို့မဟုတ် မိန်းမကိုယ်လမ်းကြောင်းပိုးဝင်ခြင်းတို့အဖြစ်များတတ်ပြီးတစ်ခါတရံတွင် ဝမ်းကိုက်ခြင်းသည်လည်းဆီးစပ်ကိုက်ခြင်း၊ ဝမ်းမကြာခဏသွားချင်ချင်ဖြစ်ခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။

ကျန်းမာရေးအတွက် အရေးကြီးဆုံးသော အရာမှာ ကျန်းမာရေးဗဟုသုတပင်ဖြစ်ပါသည်။ စောလျင်စွာ ကြိုတင်ကာကွယ် ကုသမှု ခံယူပြီး ပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။

ကိုးကား-fm Doctor
credit: အခမဲ့

Zawgyi Version

ဗိုက္ေအာင့္ျခင္းသည္ေအာင့္သည့္ဗိုက္၏တည္ေနရာႏွင့္ ေအာင့္ပုံေအာင့္နည္း တို႔အေပၚမူတည္၍အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါသည္။ ဝမ္းဗိုက္အတြင္းတြင္ရွိေနေသာ ကလီစာမ်ားမွလာေသာျပသနာမ်ားအျဖစ္မ်ားၿပီး ထို ကလီစာမ်ား ၏ေရာဂါမ်ားကိုရွာေဖြေတြ႕ရွိရန္မွာ ဗိုက္ေအာင့္သည္ဟုေျပာ႐ုံျဖင့္ ေရာဂါကိုတန္းေျပာရန္မျဖစ္ႏိုင္သကဲ့သို႔ မည္သည့္ေရာဂါျဖစ္ႏိုင္သည္ကိုေသခ်ာစမ္းသပ္စစ္ေဆးၿပီးမွသိရွိႏိုင္ပါသည္။ဝမ္းဗိုက္အတြင္းတြင္မည္သည့္ အရာမ်ားရွိသနည္း။ဝမ္းဗိုက္

သည္ နံ႐ိုးေအာက္မွစတင္ၿပီး တင္ပဆုံ႐ိုး ႏွင့္ဆီးခုံ႐ိုးအေပၚပိုင္းအထိပါဝင္ၿပီး အထဲတြင္ အေရးႀကီးေသာ အဂၤါမ်ားစြာရွိပါသည္။ ဝမ္းဗိုက္ကို အဓိကအားျဖင့္ ၉ပိုင္းပိုင္းႏိုင္ပါသည္။ ထို အပိုင္းမ်ားႏွင့္ထိုေနရာတြင္အၾကမ္းအားျဖင့္ ေအာက္ပါအတိုင္းရွိေနၾကပါသည္။

ညာဘက္အေပၚပိုင္း – အသည္းႏွင့္အူသိမ္ဦးပိုင္း၊ သည္ေျခအိတ္

ဘယ္ဘက္အေပၚပိုင္း – အူမႀကီး ႏွင့္ ေဘလုံး

ရင္ေခါင္း ပိုင္း – အစာအိမ္ႏွင့္အစာေရမ်ိဳ

ညာဘက္ခါးပိုင္း – အူမႀကီး၊ အူသိမ္ ႏွင့္ ေက်ာက္ကပ္

ဘယ္ဘက္ခါပိုင္း – အူမႀကီး ႏွင့္ေက်ာက္ကပ္

ခ်က္ပတ္လည္ပိုင္း – ပန္ကရိယ ၊အူအေသးမ်ား ႏွင့္အူမႀကီး

ညာဘက္ေအာက္ပိုင္း – အူအတက္၊ အူမႀကီး၊ သားဥအိမ္

ဘယ္ဘက္ေအာက္ပိုင္း – အူမႀကီး၊ အူအဆုံးပိုင္း ႏွင့္ အစာေဟာင္းအိမ္၊ သားဥအိမ္

ဆီးခုံအေပၚပိုင္း – ဆီးအိတ္ ၊ သားအိမ္ လမ္းေၾကာင္း

အထက္ပါတည္ေနရာမ်ားကိုအၾကမ္းဖ်င္းမွန္း၍ေအာင့္သည္ေနရာေပၚမူတည္ၿပီး ထို ေနရာတြင္ရွိေနေသာ အဂၤါမွ ျပသနာတစ္ခုခုေၾကာင့္အဓိကေအာင့္သည္ဟုမွန္းဆႏိုင္ပါသည္။သို႔ေသာ္ထိုသို႔လည္းတပ္အပ္ပုံေသေျပာ၍မရေပ။ ဗိုက္ေအာင့္ျခင္း၊ဗိုက္နာျခင္းသည္ ေနရာေ႐ြ႕ျခင္း၊ ေနရာေျပာင္းလဲေနျခင္းမ်ားလည္းရွိႏိုင္ပါသည္။ ထိုေၾကာင့္ေသခ်ာေအာင္စမ္းသပ္မႈ၊ စစ္ေဆးမႈမ်ားလည္းမ်ားစြာလုပ္ရန္လိုအပ္ပါသည္။အမ်ားအားျဖင့္ အစာအိမ္ႏွင့္အူလမ္းေၾကာင္းတို႔သည္

ဝမ္းဗိုက္အတြင္းျပည့္ႏွက္စြာရွိေနေသာေၾကာင့္ ဗိုက္ေအာင့္ျခင္းအမ်ားစုသည္ အဆိုပါ ေရာဂါမ်ားေၾကာင့္အျဖစ္မ်ားတတ္ပါသည္။ဗိုက္ေအာင့္ျခင္းႏွင့္အတူ အျခားေသာအစာအိမ္အူလမ္းေၾကာင္းလကၡဏာမ်ားျဖစ္ေသာ အန္ျခင္း၊ ပ်ိဳ႕ျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ပိန္သြားျခင္း၊ ရင္ပူျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ဝမ္းေလွ်ာျခင္း၊ ေလထိုးျခင္းတို႔လည္းတြဲဖက္ျဖစ္ေပၚတတ္ပါသည္။

ညာဘက္အေပၚပိုင္းေအာင့္ျခင္း

ဝမ္းဗိုက္အေပၚညာဘက္ပိုင္း နံ႐ိုးေအာက္တြင္ေအာင့္ျခင္းျဖစ္ေပၚပါက ေဖာ္ျပထားသည့္အတိုင္းအျဖစ္ႏိုင္ဆုံးမွာ အသည္းေရာင္ျခင္း၊ အသည္းကင္ဆာေရာဂါ၊အသည္းျပည္တည္ေရာဂါ ၊ သည္းေျခေက်ာက္တည္ျခင္း၊သည္းေျခႁပြန္ေရာင္ျခင္းႏွင့္ အူသိမ္ဦးပိုင္းအနာသို႔မဟုတ္ အူသိမ္ ေရာင္ျခင္း တို႔ျဖစ္ႏိုင္ပါသည္။ အသည္းသည္အစာအိမ္ႏွင့္အူလမ္းေၾကာင္းတို႔၏အစာေခ်ျခင္းလုပ္ငန္းတြင္ သည္းေျခရည္ဟုေခၚေသာ bile မ်ားကို အစာလမ္းေၾကာင္းတြင္း

ထုတ္ေပးျခင္းျဖင့္ အစာလမ္းေၾကာင္းတြင္းရွိအစာမ်ားအထူးသျဖင့္အဆီမ်ားေခ်ဖ်က္ရာတြင္ကူညီေပးပါသည္။ အသည္းသည္ေရာင္ျခင္း၊အနာျဖစ္ျခင္း၊သည္းေျခအိတ္ေရာဂါမ်ားတြင္ bile ေကာင္းစြာမထုတ္ႏိုင္ျခင္းေၾကာင့္အဆီမ်ားေသခ်ာမျဖတ္ႏိုင္ဘဲျပည့္ျခင္း၊ကယ္ျခင္း၊ အစာမေၾကျခင္း၊ ေလမၾကာခဏတက္ျခင္းတို႔ကိုပါတြဲဖက္ခံစားရတတ္ၿပီးပို၍ဆိုး႐ြားေသာအေျခအေနမ်ားတြင္မူ အခါးရည္မ်ား၊ အစမ္းေရာင္မ်ားအန္ျခင္းကိုလည္းေတြ႕ရွိရတတ္ပါသည္။အသည္းႏွင့္

သည္းေျခေရာဂါရွိသူမ်ားသည္အဆီမ်ားေသာအစားအစာမ်ားကို ေရွာင္ၾကဥ္သင့္ပါသည္။အူသိမ္ဦးပိုင္း၏တည္ေနရာသည္လည္း အစာအိမ္ၿပီးလွ်င္ ညာဘက္သို႔ေခြဆင္းလ်က္ရွိေသာေၾကာင့္အူသိမ္ေအာင့္ျခင္းသည္လည္းဝမ္းဗိုက္အေပၚညာဘက္ေအာင့္ျခင္းျဖင့္ျဖစ္ေပၚတတ္ပါသည္။အူသိမ္အနာ၏လကၡဏာသည္ ဝမ္းဗိုက္ညာဘက္ပိုင္းတြင္ပိုေအာင့္တတ္ၿပီး အစာမရွိလွ်င္ဗိုက္ဆာလွ်င္ပိုေအာင့္တတ္ၿပီး အစာစားလိုက္လွ်င္ သက္သာသြားတတ္သည္။ည

ဘက္ အစာမရွိလွ်င္ပိုပိုေအာင့္တတ္ေသာသဘာဝရွိပါသည္။ စိတ္ဖိစီးမႈ stress မ်ားလွ်င္လည္းအက္စစ္အထြက္မ်ားၿပီးအူသိမ္အနာမ်ားျဖစ္ႏိုင္သကဲ့သို႔ အျခားေသာအေၾကာင္းရင္းမ်ားျဖစ္သည့္ အစာမမွန္ျခင္း၊ အစာအိမ္ပိုး H.pylori၊ အပူအစပ္ႏွင့္အကိုက္အခဲေပ်ာက္ေဆးမ်ားသည္လည္းအူသိမ္အနာကိုျဖစ္ေစႏိုင္ပါသည္။လူငယ္လူ႐ြယ္အမ်ားစုအလုပ္လုပ္ေနေသာအ႐ြယ္တြင္အျဖစ္မ်ားေလ့ရွိေသာဗိုက္ေအာင့္ျခင္းမွာလည္း အဆိုပါ အူသိမ္အနာျဖစ္

ရန္အလားအလာမ်ားပါသည္။ေနထိုင္စားေသာက္မႈပုံစံေျပာင္းလဲျခင္း( အစားစားခ်ိန္မွန္မွန္ထားျခင္း၊ အပူအစပ္ႏွင့္ အရက္မ်ားေရွာင္ျခင္း၊အစာေပ်ာ့ေပ်ာ့စားျခင္း၊ စိတ္ဖိစီးမႈေလွ်ာ့ခ်ျခင္း၊) အက္စစ္ေလ်ာ့နည္းေစေသာေဆးမ်ားေသာက္ျခင္းတို႔ျဖင့္ အူသိမ္အနာသည္သက္သာေပ်ာက္ကင္းႏိုင္ပါသည္။

ဘယ္ဘက္အေပၚပိုင္းေအာင့္ျခင္း

ဝမ္းဗိုက္၏ ဘယ္ဘက္အေပၚပိုင္းေအာင့္ျခင္းသည္ အျဖစ္နည္းတတ္ၿပီးမ်ားေသာအားျဖင့္ ေဘလုံးတြင္ျပည္တည္ျခင္း၊ ေဘလုံးႀကီးျခင္း၊ အူမႀကီးေရာင္ျခင္း၊ အူမႀကီးကင္ဆာႏွင့္ အစာအိမ္သည္လည္းဘယ္ဘက္သို႔နည္းနည္းေရာက္ေနတတ္ေသာေၾကာင့္အစာအိမ္ေအာင့္ျခင္းလည္းျဖစ္ႏိုင္ၿပီးေျပာရခက္ပါသည္။ သာမန္ေလထိုးေလေအာင့္ျခင္းမ်ားသည္လည္း အဆိုပါေနရာေအာင့္ျခင္း မ်ိဳးႏွင့္လာတတ္ပါသည္။

ရင္ေခါင္းပိုင္းေအာင့္ျခင္း

ရင္ေခါင္းပိုင္းေအာင့္ျခင္းသည္အစာအိမ္၊အစာေရမ်ိဳဆိုင္ရာေရာဂါမ်ားေၾကာင့္အျဖစ္မ်ားၿပီး အက္စစ္မ်ားေၾကာင့္အစာအိမ္ေရာင္ျခင္း၊ အစာအိမ္အနာျဖစ္ျခင္း၊ အက္စစ္လွ်ံတက္ေသာေၾကာင့္အစာေရမ်ိဳေအာက္ပိုင္းေရာင္ျခင္းတို႔မွသည္ အစာအိမ္ကင္ဆာအထိျဖစ္ႏိုင္ပါသည္။အစာအိမ္မွထုတ္လုပ္ေပးေသာ အက္စစ္သည္ ျပင္ပမွအစာႏွင့္အတူပါလာေသာဘတ္တီးရီးယား မ်ားကိုေသေစၿပီး အစာမ်ားကိုေျခဖ်က္ေပးပါသည္။ထိုအက္စစ္သည္စားေစတတ္ေသာဂုဏ္သ တ္

တိ ရွိၿပီး အစာအိမ္နံရံရွိဆဲလ္မ်ားမွ mucus barrier ဟုေခၚေသာ အက်ိအခြၽဲအေျမႇးကို အကာအေနျဖင့္ထုတ္ေပးၿပီး အစာအိမ္နံရံကိုအက္စစ္၏ စားျခင္းမွကာကြယ္ေပးပါသည္။ ထိုမွ်ေျခအေနအထားပ်က္သြားေသာအေျခအေနတြင္ အက္စစ္သည္ အစာအိမ္နံရံကိုစားၿပီးအစာအိမ္ေရာင္ျခင္းျဖစ္ပါသည္။အစာအိမ္၏အက္စစ္ဒဏ္ကိုခံႏိုင္ေသာ အစာအိမ္ပိုးတစ္မ်ိဳး ျဖစ္သည့္ H.pylori သည္လည္းအစာအိမ္ေရာင္ျခင္းကိုျဖစ္ေစတတ္ပါသည္။ အျခားေသာအစာအိမ္

ေရာင္ျခင္းကိုျဖစ္ေစေသာအေၾကာင္းရင္းမ်ားမွာ အကိုက္အခဲေပ်ာက္ေဆးမ်ားေသာက္ျခင္း၊အပူအစပ္မ်ားစားျခင္းတို႔သည္ လည္းအစာအိမ္ကိုကာကြယ္ေပးေသာ mucus အက်ိအခြၽဲမ်ားကိုပ်က္ေစၿပီးအစာအိမ္ကိုအက္စစ္စားျခင္းျဖစ္ေပၚၿပီး အစာအိမ္ေရာင္ျခင္းျဖစ္တတ္ပါသည္။အစာအိမ္ေရာင္ျခင္းမွတစ္ဆင့္ အက္စစ္၏စားျခင္းပိုဆိုးလာလွ်င္ အစာအိမ္အနာျဖစ္ျခင္း ျဖစ္ေပၚသည္။အစာအိမ္အနာ၏ကနဦးလကၡဏာမ်ားမွာ ဗိုက္ႏွင့္ ရင္ေခါင္းတြင္ေအာင့္ေနတတ္ျခင္း၊

အစားစားလိုက္လွ်င္ပိုေအာင့္ျခင္း၊ အခ်ဥ္ရည္မ်ားအန္ျခင္း၊ အပူအစပ္မ်ားစားလွ်င္ခ်က္ခ်င္းေအာင့္လာျခင္း၊ ရင္ပူျခင္း၊ ရင္ေခါင္းေတာင့္ျခင္း၊ တစ္ခါတရံ ႏွလုံးၾကပ္သကဲ့သို႔ရင္ဘတ္ေအာင့္ျခင္းလကၡဏာမ်ားစတင္ခံစားရတတ္ပါသည္။အစာအိမ္ကင္ဆာေရာဂါ၏ ကနဦးလကၡဏာမ်ားအျဖစ္ရင္ေခါင္းေတာင့္ျခင္း၊ မအီမသာျဖစ္ျခင္း၊ ဗိုက္ေအာင့္ျခင္း ကို ခံစားရႏိုင္ၿပီး ျမန္ျမန္ဆန္ဆန္ပင္ကင္ဆာ၏ျပန႔္ႏွံ႔ျခင္းအက်ိဳးဆက္မ်ားကိုခံစားရႏိုင္ပါသည္။မၾကာခဏ

အစာအိမ္ေဆးမ်ားေသာက္ေနရသည့္တိုင္ မသက္သာဘဲခံစားေနရျခင္းမ်ိဳးရွိလွ်င္ ေသခ်ာျပသသင့္ပါသည္။ အေရးမႀကီး ဟုယူဆၿပီး ေနျခင္းထက္ ေရာဂါ အရင္းအျမစ္ကိုေသေသခ်ာခ်ာသိရွိၿပီးကုသမႈခံယူရန္အေရးႀကီးပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ရင္ေခါင္းေတာင့္ျခင္းသည္ အေရးတႀကီးကုသရန္လိုအပ္ေသာ အစာအိမ္ေရာဂါ မ်ား၏ ေရွ႕ေျပးနိမိတ္တစ္ခုျဖစ္ေသာေၾကာင့္ျဖစ္ပါသည္။

အေရးႀကီးေသာလကၡဏာ မ်ားမွာ

၁။ အသက္ ၅၅ ႏွစ္ေက်ာ္

၂။ ကိုယ္အေလးခ်ိန္က်သြားျခင္း၊ ပိန္သြားျခင္း

၃။ ေသြးအားနည္းျခင္း(ျဖဳေဖ်ာ့ျခင္း၊ ေမာပန္းလြယ္ျခင္း)

၄။ ရင္ေခါင္းေတာင့္ျခင္း၊ မအီမသာျဖစ္ျခင္း သည္ အရင္ ႏွင့္ မတူဘဲ ပိုဆိုးလာျခင္း

၅။ ရင္ေခါင္းေတာင့္ျခင္း၊ မအီမသာျဖစ္ျခင္း သည္ တစ္ခါမွမျဖစ္ဖူးပဲ ခုမွစျဖစ္လာျခင္း

၆။ ဝမ္းမဲမဲသြားျခင္းသို႔မဟုတ္ ဝမ္းထဲတြင္ေသြးပါျခင္း

၇။ အစာမ်ိဳရခက္ခဲျခင္း၊ နင္ျခင္း

၈။ ေသြးအန္ျခင္း

အထက္ပါလကၡဏာမ်ားရွိပါက မိမိ၏ ရင္ေခါင္းေတာင့္ျခင္း၊ မအီမသာျဖစ္ျခင္း သည္ သာမန္ထက္ပို၍ဆိုးႏိုင္ေသာ ျပသနာျဖစ္ႏိုင္ေသာေၾကာင့္ ႀကိဳတင္ကာကြယ္ကုသရန္ လိုအပ္ပါသည္

ညာဘက္ခါးပိုင္းသို႔မဟုတ္ဘယ္ဘက္ခါးပိုင္းနာျခင္း

ခါးေနရာေက်ာႏွင့္ကပ္လ်က္ ေက်ာက္ကပ္သည္ဘယ္တစ္လုံးညာတစ္လုံးတည္ရွိေနၿပီး ေက်ာက္ကပ္အေပၚေရွ႕ပိုင္းတြင္အူမႀကီး ရွိပါသည္။ ထို႔ေၾကာင့္ခါးေနရာေအာင့္ျခင္း၊ နာျခင္းသည္ ေက်ာက္ကပ္ေရာင္ျခင္း၊ ေက်ာက္ကပ္ေက်ာက္တည္ျခင္းတို႔ျဖစ္ႏိုင္ၿပီး ေအာင့္ျခင္းသည္ ေက်ာေနာက္ေအာင့္ျခင္းႏွင့္အတူျဖစ္ေပၚတတ္ပါသည္။

ေက်ာက္သည္ ေက်ာက္ကပ္မွတစ္ဆင့္ ဆီးလမ္းေၾကာင္း (ureter) တစ္ေလွ်ာက္ျဖတ္ဆင္းလွ်င္ နာက်င္ျခင္းသည္ဆြဲဆုပ္ထားသကဲ့သို႔ေအာင့္တတ္ၿပီး ခါးမွ ေပါင္ ၿခံဘက္သို႔နာသည့္ပုံစံမ်ိဳးျဖစ္ေပၚတတ္ပါသည္။ အူမႀကီးသည္လည္း ေက်ာက္ကပ္အေပၚကပ္လ်က္ရွိေနေသာေၾကာင့္ေလေအာင့္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ အူမႀကီးကင္ဆာကဲ့သို႔ေရာဂါမ်ားရွိေနလွ်င္လည္းအဆိုပါေနရာမ်ားနာက်င္ျခင္းသည္အျဖစ္မ်ားတတ္ပါသည္။

ခ်က္ပတ္လည္ပိုင္းနာက်င္ျခင္း

ခ်က္ပတ္လည္ပိုင္းနာက်င္ျခင္းသည္ ပန္ကရိယ ဟုေခၚေသာမုတ္ခ်ိဳအိတ္ေရာင္ျခင္းအျဖစ္မ်ားတတ္ပါသည္။ ပန္ကရိယသည္ ေက်ာဘက္ကပ္ရပ္နားတြင္ရွိေနေသာေၾကာင့္ မုတ္ခ်ိဳအိတ္ေၾကာင့္ျဖစ္ေသာဗိုက္ေအာင့္ျခင္းသည္ ေက်ာႏွင့္ရင္ႏွင့္ညႇပ္ေအာင့္ျခင္းျဖစ္တတ္ပါသည္။ အရက္ေသာက္ျခင္း၊

သည္းေျခေက်ာက္သည္မုတ္ခ်ိဳအိတ္ႁပြန္တြင္တည္ျခင္း တို႔ေၾကာင့္မုတ္ခ်ိဳအိတ္ေရာင္ျခင္းအျဖစ္မ်ားပါသည္။ အူအတက္ေရာင္ျခင္းတြင္လည္းတစ္ခါတရံတြင္ ခ်က္ပတ္လည္နာျခင္းႏွင့္အစျပဳတတ္ပါသည္။ ခ်က္ပတ္လည္တြင္ အူအေခြမ်ားလည္းရွိေနေသာေၾကာင့္ ဝမ္းကိုက္ျခင္း၊ အူေရာင္ျခင္းတို႔တြင္ခ်က္ပတ္လည္ေအာင့္ျခင္းျဖစ္တတ္သျဖင့္ ခ်က္ပတ္လည္ေအာင့္ျခင္းသည္ေသခ်ာစမ္းသပ္ၿပီးမွေျပာႏိုင္ပါသည္။

ညာဘက္ေအာက္ပိုင္းေအာင့္ျခင္း

ဗိုက္ညာဘက္ေအာက္ပိုင္းေအာင့္ျခင္းအမ်ားစုသည္ အူအတက္ေရာင္ျခင္းျဖစ္တတ္ၿပီး အူအတက္ေရာင္ျခင္းသည္ အူအတက္ေပါက္ျခင္းအထိျဖစ္ႏိုင္ၿပီးအသက္အႏၲရာယ္ စိုးရိမ္ရတတ္ပါသည္။ အူအတက္ေရာင္ျခင္း၊ တက္ေပါက္ျခင္းတို႔၏ဗိုက္ေအာင့္ျခင္းသည္႐ုတ္တရတ္တစ္ရက္ႏွစ္ရက္အတြင္းျဖစ္တတ္ၿပီး အန္ျခင္း၊ ဖ်ားျခင္းတို႔ႏွင့္တြဲတတ္ပါသည္။အူအတက္ေပါက္ျခင္းကဲ့သို႔ပင္ သေႏၶသားသားဥႁပြန္တြင္တည္ၿပီး သားဥႁပြန္ေပါက္ထြက္ျခင္းသည္လည္းခြဲမ

ရေအာင္တူတတ္ပါသည္။ ဗိုက္ညာဘက္ေအာက္ဘက္ ေအာင့္ျခင္းသည္ အျခားေသာအူေရာင္ေရာဂါ၊အူ တီဘီေရာဂါ၊ ေလထိုးျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ အမ်ိဳးသမီဆိုင္ရာသားဥအိမ္ေရာဂါမ်ားႏွင့္အူမႀကီးကင္ဆာဟူ၍မ်ိဳးစုံျဖစ္ႏိုင္ပါသည္။

၇။ဘယ္ဘက္ေအာက္ပိုင္း ေအာင့္ျခင္း

ဝမ္းဗိုက္၏ဘယ္ဘက္ေအာက္ပိုင္းတြင္ အူမႀကီးအဆုံးပိုင္းႏွင့္အစာေဟာင္းအိမ္ရွိေနေသာေၾကာင့္ ဝမ္းခ်ဳပ္ျခင္း၊ စမ်င္းပိတ္ၿပီး အူပိတ္ျခင္း၊ အူမႀကီးကင္ဆာႀကိတ္မ်ားႏွင့္အူပိတ္ျခင္းတို႔သည္အျဖစ္မ်ားတတ္ၿပီးအမ်ိဳးသမီးမ်ားတြင္ သားဥအိမ္၊ သားဥႁပြန္ ႏွင့္ပတ္သက္ေသာေရာဂါတို႔အျဖစ္မ်ားတတ္သျဖင့္ ေသခ်ာစမ္းသပ္ကုသမႈခံယူသင့္ပါသည္။

ဆီးခုံအေပၚပိုင္းေအာင့္ျခင္း

ဆီးခုံဟုဆိုသည့္အတိုင္းဆီးအိမ္ သည္ ဆီးခုံ႐ိုးေအာက္တည့္တည့္တြင္ရွိပါသည္။ ဆီးအိမ္၏အေနာက္ဘက္တြင္ အမ်ိဳးသမီးမ်ားတြင္သားအိမ္ရွိေနေသာေၾကာင့္ ဆီးစပ္ကိုက္ျခင္း သည္အမ်ားအားျဖင့္ ပုံမွန္ရာသီလာစဥ္ကိုက္ခဲျခင္းသို႔မဟုတ္ မိန္းမကိုယ္လမ္းေၾကာင္းပိုးဝင္ျခင္းတို႔အျဖစ္မ်ားတတ္ၿပီးတစ္ခါတရံတြင္ ဝမ္းကိုက္ျခင္းသည္လည္းဆီးစပ္ကိုက္ျခင္း၊ ဝမ္းမၾကာခဏသြားခ်င္ခ်င္ျဖစ္ျခင္းတို႔ျဖစ္ေပၚတတ္ပါသည္။

က်န္းမာေရးအတြက္ အေရးႀကီးဆုံးေသာ အရာမွာ က်န္းမာေရးဗဟုသုတပင္ျဖစ္ပါသည္။ ေစာလ်င္စြာ ႀကိဳတင္ကာကြယ္ ကုသမႈ ခံယူၿပီး ေပ်ာက္ကင္းႏိုင္မည္ျဖစ္ပါသည္။

ကိုးကား-fm Doctor
credit: အခမဲ့

Add a Comment

Your email address will not be published. Required fields are marked *