ပြည်သူတွေအတွက် ခါးချိစေမယ့် အခွန်နှုန်းသစ်တွေလာတော့မလား
Sharing is caring!
” မောင်မောင် ” ခေါ်တုန်း “ဗျာ” ထူးမလား…။
ကား( မော်တော်ယာဉ် )လက်ဝယ်ရှိသူအပေါ် ဝင်ငွေရလမ်း မဖော်ပြနိုင်ရင်( ငွေမဲ )အဖြစ် သတ်မှတ်မှာဖြစ်ပြီး အမည်ပေါက်ပြောင်းလဲဖို့ရာ ဝင်ငွေခွန်ဆောင်ရမှာကလက်ရှိဘဏ္ဌာနှစ်အတွင်း 3% သတ်မှတ်ပေးထားတာဖြစ်ပါတယ် ။ကားတန်ဖိုး သိန်း150 ဆို ဝင်ငွေခွန် 450,000 ကျသင့်မှာ ဖြစ်ပါတယ် ။သတ်မှတ်နောက်ဆုံးရက်ကတော့ စက်တင်ဘာ 30 ,2020 ရက်နောက်ဆုံး ဖြစ်ပါသတဲ့…။ရက် သိပ်မကျန်တော့ဖူးနော်…။
( အတည်မပြုနိုင်သေးသော သတင်းများအရ ယခုအပတ် လွှတ်တော်မှာ 3% ကို အချိန် သက်တမ်းတိုး,မတိုး စောင့်ကြည့် အကဲခပ်ကြဖို့ပါဘဲ…ကျားသနားရင် နွားချမ်းသာမယ့် သဘောပါဗျ…။ပြည်သူအများစုကတော့ အားလုံး အဆင်မပြေဖြစ်နေချိန်မှာ ‌ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံးကို မျှော်လင့်နေကြတာကို တွေ့ရပါတယ်…။ )
” အောင်ကျော် ” ခေါ်မှ ” ဗျာ ” ထူးမှာလား…။
အကယ်၍သာ 3% ကို လွှတ်တော်မှာ သက်တမ်းမတိုးပေးဖူးဆိုရင်…။% အသစ်တွေနဲ့ ကျိန်းသေပေါက် နှစ်ပါးသွားရဖို့ ရှိနေပါတယ် ။စတင်မယ့် ရက်ကတော့ အောက်တိုဘာ 1 ,2020 ရက်နေ့စပါမယ်တဲ့ဗျ…။
နှုန်းထားတွေကိုကြည့်မယ်ဆိုရင်တော့….
~ စိတ်ငြိမ်ဆေးလေး ‌ဘေးမှာချထားပြီးမှ ကြည့်ဖို့ အကြံပေးပါတယ် ။
~ ကားမောင်းနေရင်း မကြည့်စေချင်သလို ။
~ အနားမှာ ကြိုးရှည်ရှည်တွေလည်း ရှိမနေစေချင်ပါဘူး ။
~ ဇွဲကပင်တောင်နားမှာလည်း မကြည့်မိပါစေနဲ့ဗျ ။
ကျနော်ကတော့ ကိုယ့်မှာကားတွေ မရှိတော့တာတောင် ရင်တွေတုန်နေမိပါတယ် ။ကိုယ့်လောကက မိတ်ဆွေတွေကို ကိုယ်ချင်းစာ,ခံစားနားလည်မိလို့ လေ့လာ,ရှာဖွေပြီးအကြံကောင်းများ ပေးမိပါတယ် ။
နှုန်ထားသစ်လေးတွေ ment ထဲမှာ ရှိပါတယ် ။အတည်ပြုဖို့မသေချာသေးပေမယ့် အခွန်သတ်မှတ်ချက်များထဲမှာ ရေးထားတာမို့ မပြောင်းလဲဖူးဆို ဖြစ်ဖို့ % အတော်များပါတယ် ။
ပြောင်းလဲပါစေ ဆုတောင်းရင်းနဲ့ကားလောက မိတ်ဆွေများ ရန်သူမျိုးငါးပါးဘေးကင်းဝေးပါစေကြောင်း အထူးဆုမွန်ကောင်း တောင်လိုက်ရပါသည်ခင်များ…။
14,07,2020
Credit- Khin Maung Than
Zawgyi Version
14,07,2020
Credit- Khin Maung Than