အလုပ်ပေးမည်ဆိုပြီး (၁၆) နှစ်သမီးကို တည်းခိုခန်းခေါ်အိပ်တဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီး
Sharing is caring!
အရွယ်မရောက်သေးသည့် သမီးဖြစ်သူအား သွေးဆောင်ဖြားယောင်း အဓမ္မ ပေါင်းသင်းသည့် တရုတ်နိုင်ငံသားကို အမှုဖွင့်လှစ်အရေးယူမှု တစ်ခု မြဝတီမြို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ချိုမာ
တစ်ယောက် ဇူလိုင်လ (၁၃)ရက် နေ့က အိမ်မှာရှိနေစဉ် သမီးဖြစ်သူ မရွှေယမင်း (၁၆)နှစ်က သူမတွေ့ကြုံခဲ့ရတာတွေ မိခင်ဖြစ် သူကိုပြောပြတိုင်ကြားခဲ့တာပါ။“ဇွန်လ(၂၈)ရက်နေ့က မြဝတီ-မဲ့ထော်သလေး ကားလမ်းမှာရှိတဲ့ ကာ
စိနိုရုံ (၁)ခုမှ သမီးဖြစ်သူဟာ အလုပ်သွားလျှောက်ခဲ့ပြီး အဲသည်နေ့ ညနေ (၀၅:၀၀)နာရီမှာဘဲ “ဘောက်တီ” ကာစီနိုရုံမှာရှိနေတဲ့ တရုတ်နိုင်ငံသား Mr Luo Xiaogaung မှ ထိမ်းမြားလက်ထပ်မည်ဟု ပြောဆိုစည်းရုံးကာ မြဝတီမြို့
၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမပေါ်မှာရှိတဲ့ “သုခဝတီ” ဟိုတယ်ကိုခေါ်ဆောင်ပြီး ဇူလိုင်လ(၉)ရက်နေ့ထိ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး အဲသည်ကမှတစ်ဆင့် “ဘောက်တီ” ကာစီနိုရုံမှာလည်း လင်မယားအဖြစ်
ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့တယ်လို့” သမီးဖြစ်သူ မရွှေယမင်းက မိခင်ဖြစ် သူကိုပြောပြခဲ့ပါတယ်။သမီးဖြစ်သူရဲ့ ပြောပြချက်တွေသိရတဲ့အချိန် ဒေါ်ချိုမာ တစ်ယောက် မြဝတီမြို့မရဲစခန်းကိုသွားရောက်ပြီး အသက် မပြည့်သေးတဲ့သမီး
ဖြစ်သူကို သွေးဆောင်ဖြားယောင်းပေါင်းသင်းတဲ့ ကိုတရုတ်ကို အမှုဖွင့်လှစ်ခဲ့တာမို့ မြဝတီမြို့မရဲစခန်း ၏ (ပ)၄၄၁/၂၀၂၀၊ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၆၃/၃၆၆ ဖြင့်ဖွင့်လှစ်ပြီး Mr Luo Xiaogaung ကို ဖမ်းဆီးအရေးယူ ထားပါယ်။
မြဝတီမြို့မှာရှိနေတဲ့ ကာစီနိုရုံဝန်ထမ်းတွေရဲ့ (၈၀)%ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အဆိုပါလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဖိုးလပြည့်က ပြောပါတယ်။မြတ်ကို-ဒေါနမြေအရှယျမရောကျသေးသည့ျ သမီးဖွဈ သူအား သှေး
Credit
Zawgyi Version
ေဆာင်ဖြားေယာင်း အဓမ္မ ေပါင်းသင်းသည့် တ႐ုတ်ႏိုင်ငံသားကို အမႈဖွင့်လွဈအေရးယူမႈ တဈခု မြဝတီမြိဳ႕မွာဖြဈပွားခဲ့တယ်လို႔သိရပါတယ်။မြဝတီမြိဳ႕၊ အမွတ်(၃)ရပ်ကွက်ေန ေဒါ်ၿခိဳမာ တဈေယာက် ဇူလိုင်လ (၁၃)ရက် ေန႔က အိမ်မွာ
ရွိနေစဉ် သမီးဖြဈသူ မရွွေယမင်း (၁၆)နှဈက သူမတှေ့ကွုံခဲ့ရတာတှေ မိခင်ဖြဈ သူကိုေပြာပြတိုင်ကြားခဲ့တာပါ။
Credit