ဗုဒ္ဓ ကျင့်စဉ်ကို သင်ခန်းစာအဖြစ် အမေရိကန် မရိန်းသင်တန်းကျောင်းမှာ သင်ကြား
|မရိန်းတပ်သားတွေဆိုတာဟာ ကမာ္ဘ့အမာဆုံးတပ်သားတွေဖြစ်တယ်ဆိုပေမယ့်လည်း စိတ်ဓါတ်ခွန်အားပြည့်ဝဖို့အတွက် တရားထိုင်ခြင်းတွေ ယောဂလေ့ကျင့်ခန်းတွေပြုလုပ်ရပါတယ်။ တရားထိုင်ခြင်း ဟာ မရိန်းတပ်သားတွေရဲာ့ရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေပြီး လေ့ကျင့်မှုတွေမှာလည်း ရလဒ်ကောင်းတွေပိုမိုထွက်ရှိလာကြောင်းတွေ့ရှိပါတယ်။ တရားထိုင်ခြင်းဆိုတာကတော့ ဗုဒ္ဓဘုရားရှင် ရဲ့ လမ်းညွှန်မှုတစ်ခုဖြစ်ပြီး အတွင်းစိတ်အေးချမ်းစေဖို့
လုပ်ဆောင် တဲ့ လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ အီရတ် နဲ့ အာဖဂန်မှာ တိုက်ပွဲဝင်ပြီးပြန်လာတဲ့စစ်သားတွေဟာ စစ်ပွဲအတွေ့အကြုံတွေကြောင့်စိတ်မအေးချမ်းနိုင်ဖြစ်နေတဲ့အတွက် မရိန်းကော်ပိုရေးရှင်းဟာ တပ်ဖွဲ့ဝင်တွေစိတ်အေးချမ်းစေမယ့် နည်းလမ်းတစ်ခုကိုရှာဖွေခဲ့ပါတယ်။ဒီနည်းလမ်းကိုတော့ “Mindfulness-Based Mind Fitness Training” လို့ခေါ်ပြီး တရားထိုင်တဲ့အလေ့အကျင့်ကို တိုက်ပွဲကပြန်လာတဲ့ တပ်သားတွေကိုကျင့်သုံးစေ
ခဲ့ပါတယ်။တရားထိုင်ခြင်းဆိုတာဟာ အရှေ့တိုင်းမှာ ဘာသာရေးဆန်တဲ့အပြုအမူတစ်ခုဖြစ်ပြီး အလွန်အစွမ်းထက်တဲ့လေ့ကျင့်ခန်းတစ်ခုပါပဲလို့ မရိန်းကော်ပိုရှင်းရဲ့ လေ့ကျင့်ရေး ဒီပျူတီ Jeffery Bearor ကပြောကြားခဲ့ပါတယ်။အခုဆိုရင်တော့ အနောက်ပိုင်းမရိန်းဌာနချုပ်ဖြစ်တဲ့ Pendleton မှာ မရိန်းတပ်သား ၈၀ ကို ၈ ပတ်ကြာ တရားထိုင်နည်းသင်တန်းပို့ချနေပြီဖြစ်ပါတယ်။ ဒီသင်တန်းကိုတက်ရောက်ခဲ့ရတဲ့ မရိန်းတပ်သား Lance Cpl.Carlos Lozano
ကလည်းအခုလိုပဲသူ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။“ကျွန်တော်တို့ကို ပြေးလွှားတိုက်ခိုက်ရတဲ့လေ့ကျင့်ခန်းတွေမလုပ်ခိုင်းပဲ ငြိမ်ငြိမ်လေးထိုင်ခိုင်းထားပြီး စစ်ဖိနပ်ကို စိုက်ကြည့်ခိုင်းထားတယ်။ ကျွန်တော်တို့ ဒါကိုလုံးဝမလုပ်ချင်ခဲ့ဘူး။ဒါပေမယ့် ဒီလေ့ကျင့်ခန်းတွေလုပ်နေရင်းနဲ့ ပိုပြီး သက်တောင့်သက်သာရှိလာပြီး တက်ကြွလာသလိုခံစားရတယ်” လို့ပြောပြခဲ့ပါတယ်။Mindfulness-Based Mind Fitness Training ခေါ် M-Fit လေ့ကျင့်ခန်းကိုတော့ အမေရိ
ကန်စစ်တပ်ကပ္ပတိန်ဟောင်းတစ်ယောက်ဖြစ်တဲ့ Gerogetown တက္ကသိုလ်မှ ပရောဖက်ဆာ Elizabeth Stanley က တီထွင်ခဲ့တာပဲဖြစ်ပါတယ်။Elizabeth Stanley ဟာ တိုက်ပွဲမှာပြန်လာတဲ့အခါ ခံစားရတဲ့ တုန်လှုပ်မှုတွေကို ယောဂ နဲ့ တရားထိုင်မှုတွေ ပြုလုပ်ရင်း ဖြေဖျောက်နိုင်ခဲ့သူပဲဖြစ်ပါတယ်။ အခုလိုတရားထိုင်ခြင်းဟာ ရှုပ်ထွေးနေတဲ့အခြေအနေတွေ (သေခြင်းနဲ့ရှင်ခြင်းကြားရွေးရတဲ့အခြေအနေမျိုး) မှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်အောင်
ကူညီပေးနိုင်စွမ်းရှိတဲ့အပြင်ကြောက်ရွံ့ထိတ်လန့်မှုတွေကလည်းဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်လို့လည်း Stanley ကပြောကြားထားပါတယ်။စစ်သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာက စစ်ဘက်ဆိုင်ရာတိုက်ရည်ခိုက်ရည်ပြည့်ဝဖို့ပဲအပ်တာမဟုတ်ပါဘူး ။ စိတ်ကြည်လင်အေးချမ်းနေဖို့နဲ့ အရေးကြုံတဲ့အခါ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချနိုင်ဖို့အတွက် မရိန်းတပ်သားတွေကို တရားထိုင်နည်းလေ့ကျင့်ခန်းပို့ချနေတာပဲဖြစ်ပါတော့တယ်။
Credit – Min Thu (XYZ News)
Zawgyi Version
မရိန္းတပ္သားေတြဆိုတာဟာ ကမာၻ႔အမာဆုံးတပ္သားေတြျဖစ္တယ္ဆိုေပမယ့္လည္း စိတ္ဓါတ္ခြန္အားျပည့္ဝဖို႔အတြက္ တရားထိုင္ျခင္းေတြ ေယာဂေလ့က်င့္ခန္းေတြျပဳလုပ္ရပါတယ္။ တရားထိုင္ျခင္း ဟာ မရိန္းတပ္သားေတြရဲ႕ာ႐ုံစူးစိုက္မႈကို ပိုမိုအားေကာင္းေစၿပီး ေလ့က်င့္မႈေတြမွာလည္း ရလဒ္ေကာင္းေတြပိုမိုထြက္ရွိလာေၾကာင္းေတြ႕ရွိပါတယ္။ တရားထိုင္ျခင္းဆိုတာကေတာ့ ဗုဒၶဘုရားရွင္ ရဲ႕ လမ္းၫႊန္မႈတစ္ခုျဖစ္ၿပီး အတြင္းစိတ္ေအးခ်မ္းေစဖို႔
လုပ္ေဆာင္ တဲ့ ေလ့က်င့္ခန္းတစ္ခုလည္းျဖစ္ပါတယ္။ အီရတ္ နဲ႔ အာဖဂန္မွာ တိုက္ပြဲဝင္ၿပီးျပန္လာတဲ့စစ္သားေတြဟာ စစ္ပြဲအေတြ႕အႀကဳံေတြေၾကာင့္စိတ္မေအးခ်မ္းႏိုင္ျဖစ္ေနတဲ့အတြက္ မရိန္းေကာ္ပိုေရးရွင္းဟာ တပ္ဖြဲ႕ဝင္ေတြစိတ္ေအးခ်မ္းေစမယ့္ နည္းလမ္းတစ္ခုကိုရွာေဖြခဲ့ပါတယ္။ဒီနည္းလမ္းကိုေတာ့ “Mindfulness-Based Mind Fitness Training” လို႔ေခၚၿပီး တရားထိုင္တဲ့အေလ့အက်င့္ကို တိုက္ပြဲကျပန္လာတဲ့ တပ္သားေတြကိုက်င့္သုံးေစ
ခဲ့ပါတယ္။တရားထိုင္ျခင္းဆိုတာဟာ အေရွ႕တိုင္းမွာ ဘာသာေရးဆန္တဲ့အျပဳအမူတစ္ခုျဖစ္ၿပီး အလြန္အစြမ္းထက္တဲ့ေလ့က်င့္ခန္းတစ္ခုပါပဲလို႔ မရိန္းေကာ္ပိုရွင္းရဲ႕ ေလ့က်င့္ေရး ဒီပ်ဴတီ Jeffery Bearor ကေျပာၾကားခဲ့ပါတယ္။အခုဆိုရင္ေတာ့ အေနာက္ပိုင္းမရိန္းဌာနခ်ဳပ္ျဖစ္တဲ့ Pendleton မွာ မရိန္းတပ္သား ၈၀ ကို ၈ ပတ္ၾကာ တရားထိုင္နည္းသင္တန္းပို႔ခ်ေနၿပီျဖစ္ပါတယ္။ ဒီသင္တန္းကိုတက္ေရာက္ခဲ့ရတဲ့ မရိန္းတပ္သား Lance Cpl.Carlos Lozano
ကလည္းအခုလိုပဲသူ႔အေတြ႕အႀကဳံကိုေျပာျပခဲ့ပါတယ္။“ကြၽန္ေတာ္တို႔ကို ေျပးလႊားတိုက္ခိုက္ရတဲ့ေလ့က်င့္ခန္းေတြမလုပ္ခိုင္းပဲ ၿငိမ္ၿငိမ္ေလးထိုင္ခိုင္းထားၿပီး စစ္ဖိနပ္ကို စိုက္ၾကည့္ခိုင္းထားတယ္။ ကြၽန္ေတာ္တို႔ ဒါကိုလုံးဝမလုပ္ခ်င္ခဲ့ဘူး။ဒါေပမယ့္ ဒီေလ့က်င့္ခန္းေတြလုပ္ေနရင္းနဲ႔ ပိုၿပီး သက္ေတာင့္သက္သာရွိလာၿပီး တက္ႂကြလာသလိုခံစားရတယ္” လို႔ေျပာျပခဲ့ပါတယ္။Mindfulness-Based Mind Fitness Training ေခၚ M-Fit ေလ့က်င့္ခန္းကိုေတာ့ အေမရိ
ကန္စစ္တပ္ကပၸတိန္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Gerogetown တကၠသိုလ္မွ ပေရာဖက္ဆာ Elizabeth Stanley က တီထြင္ခဲ့တာပဲျဖစ္ပါတယ္။Elizabeth Stanley ဟာ တိုက္ပြဲမွာျပန္လာတဲ့အခါ ခံစားရတဲ့ တုန္လႈပ္မႈေတြကို ေယာဂ နဲ႔ တရားထိုင္မႈေတြ ျပဳလုပ္ရင္း ေျဖေဖ်ာက္ႏိုင္ခဲ့သူပဲျဖစ္ပါတယ္။ အခုလိုတရားထိုင္ျခင္းဟာ ရႈပ္ေထြးေနတဲ့အေျခအေနေတြ (ေသျခင္းနဲ႔ရွင္ျခင္းၾကားေ႐ြးရတဲ့အေျခအေနမ်ိဳး) မွာ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ခ်ႏိုင္ေအာင္
ကူညီေပးႏိုင္စြမ္းရွိတဲ့အျပင္ေၾကာက္႐ြံ႕ထိတ္လန္႔မႈေတြကလည္းဖယ္ရွားေပးႏိုင္စြမ္းရွိပါတယ္လို႔လည္း Stanley ကေျပာၾကားထားပါတယ္။စစ္သူရဲေကာင္းတစ္ေယာက္ျဖစ္ဖို႔ဆိုတာက စစ္ဘက္ဆိုင္ရာတိုက္ရည္ခိုက္ရည္ျပည့္ဝဖို႔ပဲအပ္တာမဟုတ္ပါဘူး ။ စိတ္ၾကည္လင္ေအးခ်မ္းေနဖို႔နဲ႔ အေရးႀကဳံတဲ့အခါ ဆုံးျဖတ္ခ်က္ျပတ္ျပတ္သားသားခ်ႏိုင္ဖို႔အတြက္ မရိန္းတပ္သားေတြကို တရားထိုင္နည္းေလ့က်င့္ခန္းပို႔ခ်ေနတာပဲျဖစ္ပါေတာ့တယ္။
Credit – Min Thu (XYZ News)