စံပယ်ပင်များ ဝေဝေဆာဆာ ပွင့်စေမယ့် နည်းလမ်း

Sharing is caring!

လေတိုက်ချိန်မှာ စံပယ်ပန်းရနံ့သင်းသင်းလေးများ ရရင် အလွန်ကိုစိတ်ကြည်နူးစရာပါနော်။ ဒါကြောင့် ကိုယ့်လို အကြိုက်တူသူများအတွက် အိမ်မှာ စိုက်ထားရင်လည်း ဝေဝေဆာ ဆာပွင့်စေမယ့် နည်းလမ်းလေးတွေ ကို မျှဝေး

လိုက် ပါတယ်နော်။

၁။ စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား… ရွေးပါ။ အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်း

ရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပါ။၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်။ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ။

၃။ စံပယ်ပင်လေးတွေကို တစ်နေ့တစ်ကြိမ်ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေမြေကြီးကိုပဲ လောင်းပါ။ သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေ

ပုပ်သွားတတ်ပါတယ်။၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက်တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊ စင်လေးဖြစ်ဖြစ် ထားပေးပါ။

၅။ စံပယ်ပွင့်လေးတွေ အမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့ မြေသြဇာသုံးပေးပါ။ ပျိုးပင်ဆိုင်လေးတွေမှာ စံပယ်ပင်အတွက် မြေသြဇာဝယ်နိုင်ပါတယ်။

၆။ စံပယ်ပင်လေးတွေကို ကိုင်းညှပ်ပေးပါ။ မခူးဖြစ်တဲ့ အပွင့်ခြောက်တွေ၊ အရွက်ခြောက်တွေ၊ ကိုင်းခြောက်တွေကို ကတ်ကြေးနဲ့ ညှပ်ပါ။ သတိထားရမှာက ပန်းပွင့်နေချိန်မှာ ကိုင်းမညှပ်ပါနဲ့။ ပန်းပွင့်နှုန်းလျော့သွားတတ်လို့ပါ။

၇။ အပြင်မှာ ရာသီဥတုအရမ်းအေးလွန်းရင် စံပယ်ပင်လေးကို အိမ်ထဲရွှေ့ထားပါ။ မြေမှာစိုက်ထားတယ်ဆိုရင် အပင်ခြေနားတဝိုက်ကို ကောက်ရိုးလေးတွေ ပုံထားပေးပါ။

၈။ ရာသီဥတုပူလွန်းရင်လည်း စံပယ်ပင်လေးတွေ ပူပြီးခြောက်မသွားအောင် ရေမကြာခဏလောင်းပေးပါ။

၉။ သင့်စံပယ်ပင်လေးတွေ အပွင့်မပွင့်တာကြာပြီ၊ အရွက်ကြမ်းတွေပဲ ထွက်နေတယ်ဆိုရင် မြေကြီးကို nitrogen လေးထည့်ပေးပါ။ ပြီးရင် အပေါ်ကပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီရဲ့လား ပြန်စစ်ပါ။

၁ဝ။ စံပယ်ပန်းလေးတွေကို ခူးရင် ကတ်ကြေးထက်ထက်နဲ့ ညှပ်ပြီး ခူးပါ။ လက်နဲ့ မချိုးပါနဲ့၊ မဆိတ်ပါနဲ့။ ခူးပြီးသားစံပယ်ပွင့်လေးတွေကို ကြာရှည်လတ်ဆတ်နေချင်ရင် ရိုးတံလေးကို ရေထဲစိမ်ထားပါ။

၁၁။ စံပယ်ဖူးလေးတွေကိုသုံးပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ Jasmine Tea လေး လုပ်သောက်လို့ရပါတယ်။

မနက်စောစောမှာ စံပယ်ဖူးလေးတွေကို ခူးပါ။ မနက်စောစောအချိန်က စံပယ်ဖူးလေးတွေအတွက် အမွှေးဆုံးနဲ့ အာနိသင်အကောင်းဆုံးအချိန်ပါ။ပြီးရင် စံပယ်ဖူးလေးတွေကို ဗန်းသန့်သန့်လေးမှာ ထည့်ခင်းပြီးနေပူလှန်းပါ။နေပူလှန်း

တဲ့အခါ နေရောင်တိုက်ရိုက်မထိပါစေနဲ့။ မှန်ပြတင်းကို ဖြတ်ပြီးဝင်လာတဲ့ နေရောင်နဲ့လှမ်းပါ။တစ်နေ့နဲ့ တစ်ညလှမ်းပြီးသွားရင် စံပယ်ဖူးလေးတွေကို လေလုံတဲ့ဘူးထဲထည့်ထားလိုက်ပါ။ပြီးရင် ရေနွေးပူပူထဲကို ၄၊ ၅ ဖူးလောက်ခတ်

ပြီးသောက်ပါ။ နှလုံးရောဂါအတွက် တကယ်ကို အသုံးဝင်ပါတယ်။

Zawgyi Version