လှပဝေဆာတဲ့ နှင်းဆီးပန်းများ ပွင့်စေမယ့် နည်းလမ်း

Sharing is caring!

မင်္ဂလာပါ မိတ်ဆွေတို့ရေ။နှင်းဆီပန်းချစ်သူတွေအတွက် သတင်းလေးတစ်ပုဒ်ဖော်ပြချင်ပါတယ်…..ဒါကတော့ နှင်းဆီပင်စိုက်တဲ့အခါ အပင်ရှင်သန်ပြီး အပွင့်တွေ လှပဝင့်ကြွားစွာပွင့်စေဖို့ နှင်းဆီပင်စိုက်ရာမှာ သိထားသင့်တဲ့ အ ချက်လေးတွေဖြစ်ပါတယ်….အဲတာတွေကတော့။

“၁။ နှင်းဆီပင်လေးတွေက နေရောင်ကြိုက်ပါတယ်။ အရိပ်ထဲမှာ မစိုက်ပါနဲ့။ တစ်နေ့ကို အနည်းဆုံး (၆) နာရီလောက် နေရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ။

၂။ နှင်းဆီပင်ကို ရေစိမ့်ဝင်မှုအားကောင်းပြီး မြေဆီဓာတ်ကြွယ်ဝတဲ့ မြေမှာ စိုက်ပါ။

၃။ ရေလောင်းတဲ့အခါမှာ အပင်ခြေက မြေကြီးကိုပဲ လောင်းပေးပါ။ နှင်းဆီအရွက်တွေကို ရေမစိုပါစေနဲ့။နှင်းဆီအရွက်တွေပေါ်မှာ ရေတင်နေရင် ပိုးကျတာ၊ မှိုကျတာတွေ ဖြစ်တတ်ပါတယ်။

၄။ နှင်းဆီပန်းအိုးထဲက မြေကို ခြောက်သွေ့မနေပါစေနဲ့။ မြေကြီးကို ရေစိုစွတ်နေအောင်အမြဲထားပါ။ နှင်းဆီပန်းအိုးထဲမှာ ရေဝပ်မနေပါစေနဲ့။

၅။ မကြာခဏ ကိုင်းညှပ်ပေးပါ။ ဒါမှ ကိုင်းသစ်လေးတွေ ထွက်လာမှာပါ။

၆။ အရွက်တွေမှာ ပိုးကျနေပြီဆိုရင် ပိုးကျနေတဲ့အပိုင်းကို ချက်ချင်း ခြွေထုတ်ပါ၊ ညှပ်ထုတ်လိုက်ပါ။

၇။ နှင်းဆီတစ်ခါပွင့်ရင် အပွင့်အားလုံးကို ခူးပြီး နောက်ဆုံးတစ်ပွင့်တည်းကိုပဲ မခူးဘဲ ချန်ထားပါ။ ဒါမှ နောက်ထပ်အပွင့်သစ်တွေ ထွက်လာမှာပါ။

၈။ လျှို့ဝှက်ချက်တစ်ခုက နှင်းဆီပင် အပင်သန်ပြီး အပွင့်ဝေစေချင်ရင် အသားစိမ်း၊ ငါးစိမ်းဆေးထားတဲ့ရေနဲ့ အပင်ခြေနားကိုလောင်းပေးပါ။”

နှင်းဆီချစ်တဲ့ ပျိုမေပရိသတ်ကြီးတို့လည်း နှင်းဆီပန်းတွေ ဝေဝေဆာဆာလှလှပပလိုချင်ရင်တော့ အထက်ပါနည်းလေးအတိုင်း စိုက်ကြည့်ကြပါနော်…။

Source ; ဂန္တဝင် မဂ္ဂဇင်း

Zawgyi Version

မဂၤလာပါ မိတ္ေဆြတို႔ေရ။ႏွင္းဆီပန္းခ်စ္သူေတြအတြက္ သတင္းေလးတစ္ပုဒ္ေဖာ္ျပခ်င္ပါတယ္…..ဒါကေတာ့ ႏွင္းဆီပင္စိုက္တဲ့အခါ အပင္ရွင္သန္ၿပီး အပြင့္ေတြ လွပဝင့္ႂကြားစြာပြင့္ေစဖို႔ ႏွင္းဆီပင္စိုက္ရာမွာ သိထားသင့္တဲ့ အ ခ်က္ေလးေတြျဖစ္ပါတယ္….အဲတာေတြကေတာ့။

“၁။ ႏွင္းဆီပင္ေလးေတြက ေနေရာင္ႀကိဳက္ပါတယ္။ အရိပ္ထဲမွာ မစိုက္ပါနဲ႔။ တစ္ေန႔ကို အနည္းဆုံး (၆) နာရီေလာက္ ေနေရာင္ေကာင္းေကာင္းရတဲ့ေနရာမွာ စိုက္ပါ။

၂။ ႏွင္းဆီပင္ကို ေရစိမ့္ဝင္မႈအားေကာင္းၿပီး ေျမဆီဓာတ္ႂကြယ္ဝတဲ့ ေျမမွာ စိုက္ပါ။

၃။ ေရေလာင္းတဲ့အခါမွာ အပင္ေျခက ေျမႀကီးကိုပဲ ေလာင္းေပးပါ။ ႏွင္းဆီအ႐ြက္ေတြကို ေရမစိုပါေစနဲ႔။ႏွင္းဆီအ႐ြက္ေတြေပၚမွာ ေရတင္ေနရင္ ပိုးက်တာ၊ မႈိက်တာေတြ ျဖစ္တတ္ပါတယ္။

၄။ ႏွင္းဆီပန္းအိုးထဲက ေျမကို ေျခာက္ေသြ႕မေနပါေစနဲ႔။ ေျမႀကီးကို ေရစိုစြတ္ေနေအာင္အၿမဲထားပါ။ ႏွင္းဆီပန္းအိုးထဲမွာ ေရဝပ္မေနပါေစနဲ႔။

၅။ မၾကာခဏ ကိုင္းညႇပ္ေပးပါ။ ဒါမွ ကိုင္းသစ္ေလးေတြ ထြက္လာမွာပါ။

၆။ အ႐ြက္ေတြမွာ ပိုးက်ေနၿပီဆိုရင္ ပိုးက်ေနတဲ့အပိုင္းကို ခ်က္ခ်င္း ေႁခြထုတ္ပါ၊ ညႇပ္ထုတ္လိုက္ပါ။

၇။ ႏွင္းဆီတစ္ခါပြင့္ရင္ အပြင့္အားလုံးကို ခူးၿပီး ေနာက္ဆုံးတစ္ပြင့္တည္းကိုပဲ မခူးဘဲ ခ်န္ထားပါ။ ဒါမွ ေနာက္ထပ္အပြင့္သစ္ေတြ ထြက္လာမွာပါ။

၈။ လွ်ိဳ႕ဝွက္ခ်က္တစ္ခုက ႏွင္းဆီပင္ အပင္သန္ၿပီး အပြင့္ေဝေစခ်င္ရင္ အသားစိမ္း၊ ငါးစိမ္းေဆးထားတဲ့ေရနဲ႔ အပင္ေျခနားကိုေလာင္းေပးပါ။”

ႏွင္းဆီခ်စ္တဲ့ ပ်ိဳေမပရိသတ္ႀကီးတို႔လည္း ႏွင္းဆီပန္းေတြ ေဝေဝဆာဆာလွလွပပလိုခ်င္ရင္ေတာ့ အထက္ပါနည္းေလးအတိုင္း စိုက္ၾကည့္ၾကပါေနာ္…။

Source ; ဂႏၲဝင္ မဂၢဇင္း