တစ်နိုင်ငံလုံး ရေကြီးနိုင်၍ သတိဖြင့်နေကြရန် မိုးဇလ ထုတ်ပြန်

Sharing is caring!

ဇူလိုင်(၁၈)ရက်နေ့ နောက်ပိုင်းကစပြီး မုတ်သုံလေအားကောင်းကာ မိုးရွာသွန်းမှုက ယခုထက်ပိုလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။မိုးများလာနိုင်တဲ့ အတွက် မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်

လာနိုင်ပြီး တစ်နိုင်ငံလုံး ရေကြီးမှု အန္တရာယ်ကို သတိပြုဖို့ လိုတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။လက်ရှိ ဧရာဝတီမြစ်အထက်ပိုင်းမှာ မြစ်ရေ မြင့်တက်နေမှုတွေရှိနေပြီး မိုးဆက်တိုက်ရွာသွန်းနေမယ်ဆိုရင်တော့ စိုးရိမ်

ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။မိုးဦးကာလမှာ မိုးရွာသွန်းမှု နောက်ကျခဲ့တာကြောင့် ယခုနောက်ပိုင်းကာလတွေမှာ မိုးများလာနိုင်ပြီး မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိပြုဖို့ လိုတယ်

လို့ သိရပါတယ်။မိုးဇလရဲ့ ဒီကနေ့ ညနေ (၄)နာရီထုတ်ပြန်ချက်အရ ဒီကနေ့ ညနေပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊

မွန်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း (၈၀)% အထိရှိတယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ရွာရန်ရာနှုန်း (၈၀)% အထိရှိတယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

#KS

Zawgyi Version

ဇူလိုင္(၁၈)ရက္ေန႔ ေနာက္ပိုင္းကစၿပီး မုတ္သုံေလအားေကာင္းကာ မိုး႐ြာသြန္းမႈက ယခုထက္ပိုလာႏိုင္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွသိရပါတယ္။မိုးမ်ားလာႏိုင္တဲ့ အတြက္ ျမစ္ေရ၊ ေခ်ာင္းေရေတြ ျမင့္တက္

လာႏိုင္ၿပီး တစ္ႏိုင္ငံလုံး ေရႀကီးမႈ အႏၲရာယ္ကို သတိျပဳဖို႔ လိုတယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။လက္ရွိ ဧရာဝတီျမစ္အထက္ပိုင္းမွာ ျမစ္ေရ ျမင့္တက္ေနမႈေတြရွိေနၿပီး မိုးဆက္တိုက္႐ြာသြန္းေနမယ္ဆိုရင္ေတာ့ စိုးရိမ္

ေရမွတ္ကို ေရာက္ရွိလာႏိုင္တယ္လို႔ သိရပါတယ္။မိုးဦးကာလမွာ မိုး႐ြာသြန္းမႈ ေနာက္က်ခဲ့တာေၾကာင့္ ယခုေနာက္ပိုင္းကာလေတြမွာ မိုးမ်ားလာႏိုင္ၿပီး ျမန္မာႏိုင္ငံအႏွံ႔ ေရႀကီး ေရလွ်ံမႈနဲ႔ ေျမၿပိဳမႈအႏၲရာယ္ေတြကို သတိျပဳဖို႔ လိုတယ္

လို႔ သိရပါတယ္။မိုးဇလရဲ႕ ဒီကေန႔ ညေန (၄)နာရီထုတ္ျပန္ခ်က္အရ ဒီကေန႔ ညေနပိုင္းအထိ ရန္ကုန္တိုင္းေဒသႀကီးအပါအဝင္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္၊

မြန္ျပည္နယ္တို႔မွာ မိုးသည္းထန္စြာ႐ြာသြန္းႏိုင္ၿပီး ႐ြာရန္ရာႏႈန္း (၈၀)% အထိရွိတယ္လို႔လည္း ထုတ္ျပန္ေၾကညာထားပါတယ္။႐ြာရန္ရာႏႈန္း (၈၀)% အထိရွိတယ္လို႔လည္း ထုတ္ျပန္ေၾကညာထားပါတယ္။

#KS