Brand ဆိုင်ကြီးတွေမှာ လုပ်ပြီး ဝယ်သူတွေကို မတူမတန်သလို ဆက်ဆံတတ်တဲ့ ဝန်ထမ်းတွေဖတ်ရအောင်

Sharing is caring!

Brand ဆိုင်ကြီးတွေမှာ အလုပ်လုပ်နေရတယ်ဆိုပြီး ဝယ်သူတွေကို မတူမတန်သလို ဆက်ဆံတတ်တဲ့ ဝန်ထမ်းတွေဖတ်ဖို့။အမျိုးသမီးတို့ရင်ဖွင့်သံကဏ္ဍနဲ့ ကိုက်ညီလားတော့မသိပါဘူး။ ဒါပေမဲ့ ကျွန်မကလည်း အမျိုးသမီးဖြစ်ပြီး အဲ့ဒီလိုအချိုးမပြေဆက်ဆံရေးပိုင်ရှင်တွေကလည်း အမျိုးသမီးတွေများလို့ ဒီမှာပဲရင်ဖွင့်လိုက်ပါတယ်။ စိတ် ပေါက်နေတာတော့ကြာပါပြီ။ တခြားမဟုတ်ပါဘူး။Brand ဆိုင်အများစုမှာ ဝန်ထမ်းလုပ်နေကြတဲ့သူတွေရဲ့ ဆိုး ဝါးတဲ့ဆက်ဆံရေး

တွေအကြောင်းပါ။ လာဝယ်တဲ့သူရဲ့ ဝတ်စားပုံတွေကြည့်ပြီး မသားနားရင် မသားနားသလို အထင်သေးသလို ကြည့်ကြဆက်ဆံကြတာ ဘယ်လိုမှကို နားမလည်နိုင်ပါဘူး။ဟိုတလောက သူငယ်ချင်းနဲ့ နှစ်ယောက်သားအိမ်မှာ နေနေရင်း စိတ်ကူးပေါက်လာလို့ အိတ်ထွက်ဝယ်ကြပါတယ်။ အပြင်ထွက်သလို တောက်တောက်ပြောင်ပြောင်တွေ ဝတ်မထားပေမဲ့ ကျွန်မတို့အိမ်နေရင်းဝတ်တွေကလည်း စုတ်ပြတ်နေတာ မဟုတ်ပါဘူး။သူတို့ဆိုင်ထဲစဝင်သွားကတည်းက ဆိုင်

က ကောင်မလေးတွေအားလုံး ကျွန်မတို့ကို လုံးဝအပြုံး အရယ်မရှိတဲ့မျက်နှာသေကြီးတွေနဲ့ကြည့်ကြပါတယ်။ ပြီးတော့ မေးတဲ့ဈေးတွေကိုလည်း “ အဲ့ဒါက ဈေးကြီး တယ်။ ဘယ်လောက်” ဆိုတာမျိုးဖြေပါတယ်။ အတော့်ကို ာင့်သက်သက်ဖြစ်ရပါတယ်။တကယ်တမ်း သူပြောတဲ့ဈေးကို ကျွန်မတို့ ဝယ်နိုင်ပါတယ်။ အိတ်ကိုလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ မဝယ်ခဲ့လိုက် ဘူး။ ဒါဟာ သူတို့ဆိုင်ရှင်အတွက် ဆုံးရှုံးမှုပါပဲ။သိန်းချီတန်အိတ်တစ်လုံးရောင်းရ

ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ် ပါဘူး။ ကျွန်မတို့ကလည်း တကယ်ဝယ်မယ့်သူတွေပါ။ ဒါပေမဲ့ မဝယ်ခဲ့ရုံသာမကဘူး၊ နောက်ဆို အဲ့ဒီလောက် ဆက်ဆံရေးဆိုးဝါးညံ့ဖျင်းတဲ့ဆိုင်ကို ဘယ်တော့မှ မဝယ်တော့ဘူးလို့တောင် နှစ်ာက်သား ဆုံးဖြတ်လိုက် ပါတယ်။သူများကို နှိမ်တာမဟုတ်ပါဘူး။ ကိုယ်တိုင်တောင် ကိုယ်ပိုင်လုပ်ငန်းမရှိလို့ သူများ ဝန်ထမ်းဝင်လုပ်နေ တာကို ဝယ်မယ့်သူတွေကို အဲ့ဒီလိုဆက်ဆံတာကတော့ လုံးဝမမိုက်ဘူးလို့ ခံစားရပါတယ်။

သူတို့ဆိုင်က ပစ္စည်း တွေ ဘယ်လောက်ဈေးကြီးကြီး အဲ့ဒါ သူတို့အပိုင်လည်း မဟုတ်ပါဘူး။ အဲ့ဒါတောင် အဲ့ဒီလောက်မာန်တက်ပြီး ဈေးဝယ်တွေကို မတူမတန်သလို ဖြစ်နေကြရင် ကိုယ်ပိုင်ဆိုင်သာဆို ဘယ်လိုနေကြမလဲလို့လည်း တွေးမိပါ တယ်။ဒီလိုလုပ်တာများလာရင် ဆိုင်ရှင်တွေအတွက်လည်း နစ်နာတဲ့အတွက် ဝန်ထမ်းတွေကို ခန့်ထားပြီးရင် ပြီးရောဆိုပြီး ပစ်မထားသင့်ဘူးလို့ မြင်ပါတယ်။ကိုယ်တိုင်ဆိုင်မထိုင်နိုင်ရင်တောင် အကျိုးအကြောင်း ပြန် သိနိုင်

လောက်တဲ့ အခြေအနေတွေဖန်တီးထားတာမျိုးလည်း လုပ်သင့်ပါတယ်။ ဥပမာ- စာရွက်နဲ့ဘောပင် ထားထားပြီး အကြံပြုစာထည့်ခိုင်းတာမျိုးပေါ့။သော့ကို ဆိုင်ရှင်က ကိုင်ထားပါ။ နည်းလမ်းတွေ အများကြီးရှိပါ တယ်။ ခံရပါများလို့ အောင့်သက်သက်ဖြစ်လာလို့ ဒီစာကိုရေးတာပါ။ကျွန်မလိုတွေ့ကြုံဖူးတဲ့သူတွေရှိရင်လည်း ပြောခဲ့ကြပါဦး။

ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း

Zawgyi Version

Brand ဆိုင္ႀကီးေတြမွာ အလုပ္လုပ္ေနရတယ္ဆိုၿပီး ဝယ္သူေတြကို မတူမတန္သလို ဆက္ဆံတတ္တဲ့ ဝန္ထမ္းေတြဖတ္ဖို႔။အမ်ိဳးသမီးတို႔ရင္ဖြင့္သံက႑နဲ႔ ကိုက္ညီလားေတာ့မသိပါဘူး။ ဒါေပမဲ့ ကြၽန္မကလည္း အမ်ိဳးသမီးျဖစ္ၿပီး အဲ့ဒီလိုအခ်ိဳးမေျပဆက္ဆံေရးပိုင္ရွင္ေတြကလည္း အမ်ိဳးသမီးေတြမ်ားလို႔ ဒီမွာပဲရင္ဖြင့္လိုက္ပါတယ္။ စိတ္ ေပါက္ေနတာေတာ့ၾကာပါၿပီ။ တျခားမဟုတ္ပါဘူး။Brand ဆိုင္အမ်ားစုမွာ ဝန္ထမ္းလုပ္ေနၾကတဲ့သူေတြရဲ႕ ဆိုး ဝါးတဲ့ဆက္ဆံေရး

ေတြအေၾကာင္းပါ။ လာဝယ္တဲ့သူရဲ႕ ဝတ္စားပုံေတြၾကည့္ၿပီး မသားနားရင္ မသားနားသလို အထင္ေသးသလို ၾကည့္ၾကဆက္ဆံၾကတာ ဘယ္လိုမွကို နားမလည္ႏိုင္ပါဘူး။ဟိုတေလာက သူငယ္ခ်င္းနဲ႔ ႏွစ္ေယာက္သားအိမ္မွာ ေနေနရင္း စိတ္ကူးေပါက္လာလို႔ အိတ္ထြက္ဝယ္ၾကပါတယ္။ အျပင္ထြက္သလို ေတာက္ေတာက္ေျပာင္ေျပာင္ေတြ ဝတ္မထားေပမဲ့ ကြၽန္မတို႔အိမ္ေနရင္းဝတ္ေတြကလည္း စုတ္ျပတ္ေနတာ မဟုတ္ပါဘူး။သူတို႔ဆိုင္ထဲစဝင္သြားကတည္းက ဆိုင္

က ေကာင္မေလးေတြအားလုံး ကြၽန္မတို႔ကို လုံးဝအၿပဳံး အရယ္မရွိတဲ့မ်က္ႏွာေသႀကီးေတြနဲ႔ၾကည့္ၾကပါတယ္။ ၿပီးေတာ့ ေမးတဲ့ေဈးေတြကိုလည္း “ အဲ့ဒါက ေဈးႀကီး တယ္။ ဘယ္ေလာက္” ဆိုတာမ်ိဳးေျဖပါတယ္။ အေတာ့္ကို ာင့္သက္သက္ျဖစ္ရပါတယ္။တကယ္တမ္း သူေျပာတဲ့ေဈးကို ကြၽန္မတို႔ ဝယ္ႏိုင္ပါတယ္။ အိတ္ကိုလည္း ႀကိဳက္ပါတယ္။ ဒါေပမဲ့ ကြၽန္မတို႔ မဝယ္ခဲ့လိုက္ ဘူး။ ဒါဟာ သူတို႔ဆိုင္ရွင္အတြက္ ဆုံးရႈံးမႈပါပဲ။သိန္းခ်ီတန္အိတ္တစ္လုံးေရာင္းရ

ဖို႔ဆိုတာ လြယ္တဲ့ကိစၥမဟုတ္ ပါဘူး။ ကြၽန္မတို႔ကလည္း တကယ္ဝယ္မယ့္သူေတြပါ။ ဒါေပမဲ့ မဝယ္ခဲ့႐ုံသာမကဘူး၊ ေနာက္ဆို အဲ့ဒီေလာက္ ဆက္ဆံေရးဆိုးဝါးညံ့ဖ်င္းတဲ့ဆိုင္ကို ဘယ္ေတာ့မွ မဝယ္ေတာ့ဘူးလို႔ေတာင္ ႏွစ္ာက္သား ဆုံးျဖတ္လိုက္ ပါတယ္။သူမ်ားကို ႏွိမ္တာမဟုတ္ပါဘူး။ ကိုယ္တိုင္ေတာင္ ကိုယ္ပိုင္လုပ္ငန္းမရွိလို႔ သူမ်ား ဝန္ထမ္းဝင္လုပ္ေန တာကို ဝယ္မယ့္သူေတြကို အဲ့ဒီလိုဆက္ဆံတာကေတာ့ လုံးဝမမိုက္ဘူးလို႔ ခံစားရပါတယ္။

သူတို႔ဆိုင္က ပစၥည္း ေတြ ဘယ္ေလာက္ေဈးႀကီးႀကီး အဲ့ဒါ သူတို႔အပိုင္လည္း မဟုတ္ပါဘူး။ အဲ့ဒါေတာင္ အဲ့ဒီေလာက္မာန္တက္ၿပီး ေဈးဝယ္ေတြကို မတူမတန္သလို ျဖစ္ေနၾကရင္ ကိုယ္ပိုင္ဆိုင္သာဆို ဘယ္လိုေနၾကမလဲလို႔လည္း ေတြးမိပါ တယ္။ဒီလိုလုပ္တာမ်ားလာရင္ ဆိုင္ရွင္ေတြအတြက္လည္း နစ္နာတဲ့အတြက္ ဝန္ထမ္းေတြကို ခန႔္ထားၿပီးရင္ ၿပီးေရာဆိုၿပီး ပစ္မထားသင့္ဘူးလို႔ ျမင္ပါတယ္။ကိုယ္တိုင္ဆိုင္မထိုင္ႏိုင္ရင္ေတာင္ အက်ိဳးအေၾကာင္း ျပန္ သိႏိုင္

ေလာက္တဲ့ အေျခအေနေတြဖန္တီးထားတာမ်ိဳးလည္း လုပ္သင့္ပါတယ္။ ဥပမာ- စာ႐ြက္နဲ႔ေဘာပင္ ထားထားၿပီး အႀကံျပဳစာထည့္ခိုင္းတာမ်ိဳးေပါ့။ေသာ့ကို ဆိုင္ရွင္က ကိုင္ထားပါ။ နည္းလမ္းေတြ အမ်ားႀကီးရွိပါ တယ္။ ခံရပါမ်ားလို႔ ေအာင့္သက္သက္ျဖစ္လာလို႔ ဒီစာကိုေရးတာပါ။ကြၽန္မလိုေတြ႕ႀကဳံဖူးတဲ့သူေတြရွိရင္လည္း ေျပာခဲ့ၾကပါဦး။

ခရက္ဒစ္ ဂႏၴဝင္မဂၢဇင္း