ကိုဗစ်ကို စက္ကန့် ၄၀ အတွင်း သေစေမယ့် စက်ကို ဟောင်းကောင် စတင်အသုံးပြု

Sharing is caring!

သူငယ်ချင်းတို့ရေ

ကြားသိရသမျှ သတင်းတွေထဲက ကိုဗစ် နဲ့ ပတ်သတ်တဲ့သတင်းကောင်းလေး မျှဝေချင်ပါတယ်နော်။

အဲ့တာကတော့ မည်သည့်ပိုးမွှားကိုမဆို စက္ကန့် ၄၀ အတွင်း သေစေနိုင်တဲ့ စက်ကို ဟောင်ကောင်က စတင် အသုံးပြုနေပြီ
ဖြစ်ပါတယ်။

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ C O V I D-19 အပါအဝင် ပိုးမွှားများ အားလုံးကို စက္ကန် (၄၀) အတွင်း ချေမှုန်းနိုင်တဲ့ သန့်စင် စက်ကိရိယာကို အသုံးပြုုလျက် ရှိနေကြောင်း သိရပါတယ်။ ဒီဟောင်ကောင်လေဆိပ် ဟာ CLean Tech ကို အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံးနေရာလည်း ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် အရေးကြီး လုပ်သားတွေဖြစ်တဲ့ ကျန်းမားရေ ဝန်ထမ်းတွေ အ ဓိ က အသုံးပြု ဖို့ရည်ရွယ် ထားတာပါ။ စက် ရဲ အတွင်းပိုင်းမှာ လူ့ခန္ဓာကိုယ် နဲ့အဝတ်အစားတွေပေါ် မှာရှိတဲ့ ပိုးမွှားတွေကို ချေမှုန်းပေးနိုင်တဲ့ ပစ္စည်း တွေ တပ်ဆင်ထားခဲ့တာပါ။

ဒါ့အပြင် လေယာဉ်ကွင်း ပတ်ဝန်းကျင် မှာ ဆလင်ဒါ ပုံစံစက်ရုပ်တွေမှာ ခရမ်းလွန်ရောင်ခြည် ပါဝင်တဲ့ ပိုးသတ်ဆေးတွေ အသုံးပြုပြီးတော့ စမ်းသပ်မှုတွေ ပြုလုပ်နေတယ် လို့သိရပါတယ်။ ဒီစမ်းသပ်မှုတွေကို မေလ တစ်လလုံး ပြုလုပ်သွား မှာဖြစ်ပြီး ရေရှည် အသုံးပြုနိုင် ဖို့ရည်မှန်းထားတယ် လို့သိရပါတယ်။

ဒါကြောင့် ကိုဗစ် နှိမ်နှင်းရေးမှာ ပိုမိုထိရောက်လာမယ်လို့ ထင်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *