ယခင်ကထက် မီတာခတွေ ပိုကျသင့်နေရင် ဒီအချက်တွေကို သေချာစစ်ကြည့်ပါ
|မီတာခတွေ အများကြီးဆောင်နေရလို့ စိတ်ညစ်နေတဲ့သူတွေ ရှိပါတယ်။ ကိုယ်သုံးတာထက် ပိုပြီး မီတာခဆောင်နေရတယ်လို့ သံသယရှိနေရတာကလည်း တကယ့်ကို စိတ်ညစ်စရာ ကောင်းလှပါတယ်။ဒီအတွက် မီတာခတွေ မှန်
မှန်ကန်ကန် ကျခံဖို့ သင့်ဘက်ကနေ ဒီအချက်တွေကို ပြုလုပ်ပေးရင်တော့ စိတ်ချမ်းသာမှုတွေ ရလာမှာပါနော်။
(၁) လျှပ်စစ်ပစ္စည်းတွေကို စစ်ဆေးပါ။မီတာခအတွက် စိတ်ပူရင် ကိုယ်သုံးတဲ့ လျှပ်စစ်ပစ္စည်းတွေ အကြောင်းကို သိဖို့ လိုပါတယ်။ မီးအားဆွဲတဲ့ လျှပ်စစ်ပစ္စည်းတွေလည်း ရှိတတ်လို့ ဒါတွေကို သတိပြုထားဖို့ လိုပါတယ်။မီး
ချောင်းတွေက ဘယ်လောက်ပဲ မီတာတက်စေတယ်ဆိုတာအပြင် ရေခဲသေတ္တာ၊ အဲကွန်းစတဲ့ မီးအားဆွဲလွန်းတဲ့ ပစ္စည်းတွေ အသုံးပြုတဲ့အခါလည်း မီတာခများနိုင်တာကို သတိပြုသင့်ပါတယ်။
(၂) အသုံးပြုတဲ့ အကြိမ်ရေကို သတိပြုပါ။တစ်ခါတစ်လေကျ ကိုယ်သုံးတဲ့ ပမာဏကို မေ့ပြီး မီတာခ များနေတယ်လို့ ထင်မိတတ်ပါသေးတယ်။ မီတာခ မှန်မှန် ကျသင့်ဖို့ဆို ကိုယ် သုံးတဲ့ အရာတွေကို မှတ်သားထားတာက အ
ကောင်း ဆုံးပါ။မီးချောင်း ဘယ်နှစ်ချောင်း သုံးတယ်။ ရေခဲသေတ္တာ၊ အဲကွန်းစတဲ့ မီးအားဆွဲတဲ့အရာတွေရဲ့ အသုံးပြုချိန်အပြင် ရေမော်တာသုံးတဲ့ အကြိမ်အရေအတွက်နဲ့ မီးပူ၊ တီဗီ သုံးတဲ့ ကြာချိန်တွေကို ဂရုတစိုက်ကြည့်တာက
လည်း သင့်မီတာခ မှန်၊ မမှန်ကို စစ်ဆေးလို့ ရပါတယ်။
(၃) မီတာစာရင်းတွေကို လတိုင်းကြည့်ပါ။အိမ်မှာ သုံးနေကျ အရာတွေကို မှတ်ထားပြီးရင် လုပ်ရမှာက လတိုင်း မီတာ ကွာခြားချက်ကို စစ်ဆေးကြည့်ပါ။ပုံမှန် သုံးနေရက်နဲ့ မီတာခတွေ တိုးကျနေသလားဆိုတာကို မီတာစာရွက်
ကို ကြည့်ရင် သိနိုင်သလို တကယ်ပဲ မီတာတွေ ပိုသုံးမိသလားဆိုတာကို မီတာဘုံးကို ကိုယ်တိုင် လစဉ် စစ်ဆေးကြည့်ခြင်းဖြင့် မီတာကုန်ကျစရိတ်ကို တွက်ချက်နိုင်ပါတယ်။
(၄) ပြောပါ။အကယ်၍ မီတာခတွေက မီတာဘုံးနဲ့ စာရွက်မှာ ကွဲလွဲမှု ရှိလို့ သင့်မှာ အပိုကုန်ကျငွေတွေ ရှိလာရင်တော့ မီတာဌာနကို သွားပါ။ ဒီအကြောင်းကို ဆွေးနွေးပါ။ဒါဆို သင့်မီတာစာရင်းကို နောက်လတွေမှာ ပြန်ပြီး တိကျ
ဖို့ အခွင့်အလမ်း များပါတယ်။
(၅) မှတ်တမ်းတင်ထားပါ။မီတာခတွေ အလွဲအချော်တွေ ဖြစ်ပြီဆို မီတာဌာနနဲ့ စကားပြောစရာတွေ ရှိလာမှာပါ။ ဒါကြောင့် သင့်မီတာဘုံးတွေကို လစဉ်နဲ့ ဓာတ်ပုံမှတ်တမ်းတင်ထားဖို့ လိုအပ်ပြီး မီတာစာရွက်တွေနဲ့ တိုက်ကြည့်တာ
မျိုး လုပ်ပါ။ဒါမှသာ သင့်အတွက် ဆုံးရှုံးမှုတွေ မရှိမှာ ဖြစ်ပါတယ်။
Kham
Zawgyi Version
မီတာခေတြ အမ်ားႀကီးေဆာင္ေနရလို႔ စိတ္ညစ္ေနတဲ့သူေတြ ရွိပါတယ္။ ကိုယ္သုံးတာထက္ ပိုၿပီး မီတာခေဆာင္ေနရတယ္လို႔ သံသယရွိေနရတာကလည္း တကယ့္ကို စိတ္ညစ္စရာ ေကာင္းလွပါတယ္။ဒီအတြက္ မီတာခေတြ မွန္
မွန္ကန္ကန္ က်ခံဖို႔ သင့္ဘက္ကေန ဒီအခ်က္ေတြကို ျပဳလုပ္ေပးရင္ေတာ့ စိတ္ခ်မ္းသာမႈေတြ ရလာမွာပါေနာ္။
(၁) လွ်ပ္စစ္ပစၥည္းေတြကို စစ္ေဆးပါ။မီတာခအတြက္ စိတ္ပူရင္ ကိုယ္သုံးတဲ့ လွ်ပ္စစ္ပစၥည္းေတြ အေၾကာင္းကို သိဖို႔ လိုပါတယ္။ မီးအားဆြဲတဲ့ လွ်ပ္စစ္ပစၥည္းေတြလည္း ရွိတတ္လို႔ ဒါေတြကို သတိျပဳထားဖို႔ လိုပါတယ္။မီး
ေခ်ာင္းေတြက ဘယ္ေလာက္ပဲ မီတာတက္ေစတယ္ဆိုတာအျပင္ ေရခဲေသတၱာ၊ အဲကြန္းစတဲ့ မီးအားဆြဲလြန္းတဲ့ ပစၥည္းေတြ အသုံးျပဳတဲ့အခါလည္း မီတာခမ်ားႏိုင္တာကို သတိျပဳသင့္ပါတယ္။
(၂) အသုံးျပဳတဲ့ အႀကိမ္ေရကို သတိျပဳပါ။တစ္ခါတစ္ေလက် ကိုယ္သုံးတဲ့ ပမာဏကို ေမ့ၿပီး မီတာခ မ်ားေနတယ္လို႔ ထင္မိတတ္ပါေသးတယ္။ မီတာခ မွန္မွန္ က်သင့္ဖို႔ဆို ကိုယ္ သုံးတဲ့ အရာေတြကို မွတ္သားထားတာက အ
ေကာင္း ဆုံးပါ။မီးေခ်ာင္း ဘယ္ႏွစ္ေခ်ာင္း သုံးတယ္။ ေရခဲေသတၱာ၊ အဲကြန္းစတဲ့ မီးအားဆြဲတဲ့အရာေတြရဲ႕ အသုံးျပဳခ်ိန္အျပင္ ေရေမာ္တာသုံးတဲ့ အႀကိမ္အေရအတြက္နဲ႔ မီးပူ၊ တီဗီ သုံးတဲ့ ၾကာခ်ိန္ေတြကို ဂ႐ုတစိုက္ၾကည့္တာက
လည္း သင့္မီတာခ မွန္၊ မမွန္ကို စစ္ေဆးလို႔ ရပါတယ္။
(၃) မီတာစာရင္းေတြကို လတိုင္းၾကည့္ပါ။အိမ္မွာ သုံးေနက် အရာေတြကို မွတ္ထားၿပီးရင္ လုပ္ရမွာက လတိုင္း မီတာ ကြာျခားခ်က္ကို စစ္ေဆးၾကည့္ပါ။ပုံမွန္ သုံးေနရက္နဲ႔ မီတာခေတြ တိုးက်ေနသလားဆိုတာကို မီတာစာ႐ြက္
ကို ၾကည့္ရင္ သိႏိုင္သလို တကယ္ပဲ မီတာေတြ ပိုသုံးမိသလားဆိုတာကို မီတာဘုံးကို ကိုယ္တိုင္ လစဥ္ စစ္ေဆးၾကည့္ျခင္းျဖင့္ မီတာကုန္က်စရိတ္ကို တြက္ခ်က္ႏိုင္ပါတယ္။
(၄) ေျပာပါ။အကယ္၍ မီတာခေတြက မီတာဘုံးနဲ႔ စာ႐ြက္မွာ ကြဲလြဲမႈ ရွိလို႔ သင့္မွာ အပိုကုန္က်ေငြေတြ ရွိလာရင္ေတာ့ မီတာဌာနကို သြားပါ။ ဒီအေၾကာင္းကို ေဆြးေႏြးပါ။ဒါဆို သင့္မီတာစာရင္းကို ေနာက္လေတြမွာ ျပန္ၿပီး တိက်
ဖို႔ အခြင့္အလမ္း မ်ားပါတယ္။
(၅) မွတ္တမ္းတင္ထားပါ။မီတာခေတြ အလြဲအေခ်ာ္ေတြ ျဖစ္ၿပီဆို မီတာဌာနနဲ႔ စကားေျပာစရာေတြ ရွိလာမွာပါ။ ဒါေၾကာင့္ သင့္မီတာဘုံးေတြကို လစဥ္နဲ႔ ဓာတ္ပုံမွတ္တမ္းတင္ထားဖို႔ လိုအပ္ၿပီး မီတာစာ႐ြက္ေတြနဲ႔ တိုက္ၾကည့္တာ
မ်ိဳး လုပ္ပါ။ဒါမွသာ သင့္အတြက္ ဆုံးရႈံးမႈေတြ မရွိမွာ ျဖစ္ပါတယ္။
Kham