ယနေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မေသန်းနု
|ယနေ့ထိတိုင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီး မေသန်းနုပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ရေပန်းအစားဆုံး မင်းသမီးလေးတစ်လက်အဖြစ်
အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ချိုသာတဲ့ အပြုံးလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေကြရတာလည်း ဖြစ်ပါတယ်။မေသန်းနုဟာ အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ နေ့ကတည်းက သာ
သာနာ့ဘောင်သို့ ဝင်ရောက်မယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပြီး ဒီနေ့မှာဘဲသီလရှင်ဆရာလေးအဖြစ် သာသနာ့ဘောင်သို့ခေတ္တဝင်ရောက်သွားပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း စင်ရော်မောင်မောင်ရဲ့ Facebook Page မှာ
Live Video လေးတွေ လွှင့်တင်ပေးထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပွဲလေးကိုတော့ ဆွေမျိုး မိတ်သင်္ဂဟာများနဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့နဲ့အတူ ရေစက်ချခဲ့ကာ အလှူပွဲကြီးကို အောင်မြင်အောင် ကျင်းပပြုလုပ်ခဲ့တာပဲ
ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အနုမောဓနာ ခေါ်ဆိုနိုင်အောင် မေသန်းနုရဲ့ Live Video လေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Zin Yaw Mg Mg’s Facebook | Reference & Credit : Myanmarload
Zawgyi Version