အလောင်းတွေ မသဂြိုလ်နိုင်လို့ လမ်းဘေးပုံနေတဲ့ အီကွေဒေါနိုင်ငံရဲ့ မြင်ကွင်း

Sharing is caring!

မိတ်ဆွေတို့ အားလုံးကို ကြိုတင်အသိပေးချင်ပါတယ်နော်။

ဒီသတင်းက အားလုံးကြောက်အောင် ခြောက်ဖို့အတွက် မဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာ ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ် ရောဂါကူးစက်မှု ဘယ်လို ခံနေရတယ်ဆိုတာကိုသိရှိပြီး ဆင်ခြင်နိုင်အောင်ပါ။

တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကူးစက်မှုက လျင်မြန်နေပြီးတော့ နိုင်ငံတော်တော်များများမှာလည်း ကူးစက်ပျံ့နှံ့နေပါတယ်။ အထိနာဆုံး နိုင်ငံတွေကတော့ အမေရိကန် ၊ အီတလီ တို့ဖြစ်ပြီးတော့ အီကွေဒေါလ် နိုင်ငံဟာလည်း အပါအဝင်ဖြစ်ပါတယ်။

အီကွေဒေါနိုင်ငံ က ဂွိုင်ရာကီးလ်မြိုကမှာ ဆိုရင် သေဆုံးသူတွေမြင့်တက်ပြီးတော့ မြို့အနှံ့လမ်းဘေးတွေမှာ လူသေကောင်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့တည်း အလောင်း ၁၉၀ ကျော်ကိုဘယ်လိုမှ မစီစဉ်ပေးနိုင်ပဲ ဖြစ်နေလို့ပါ။

ပိုဆိုးတာကတော့ ဒီသေတဲ့လူတွေမှာ ကိုဗစ်ရှိလား မရှိလားတောင် မစစ်ဆေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် အားလံးုကထိတ်လန့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ သုသာန်တွေမှာလည်း အလောင်းထားစရာနေရာတွေ မရှိအောင်ဖြစ်နေပါတယ်။

လတ်တလောဖြေရှင်းဖို့အတွက် အီကွေဒေါလ်အစိုးရက စက္ကူအခေါင်းတွေကို လာမည့်တနင်္ဂနွေမှာ ဖြန့်ဝေသွားဖို့ စီစဉ်နေပါတယ်။ သူတို့ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့လည်း အစိုးရက ပြည်သူကိုတောင်းပန်ထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ကိုဗစ်ကို ပေါ့ပျက်ပျက်မထင်ကြစေချင်ပါဘူး။ အခုဆိုရင် ကူးစက်သူက တရိပ်ရိပ် တက်လာသလို အသံတိတ်ပိုးသယ်ဆောင်သူတွေ ဘယ်နှစ်ယောက် ရှိနေလဲ ဘယ်သူမှမသိနိုင်ပါဘူး။

အခုဆို ရန်ကုန်မှာ YBS တွေမှာ Mask မပါတဲ့ လူအုပ်ကြီးကလည်း တိုးဝှေ့စီးနေကြတာ မြင်ရတာ ကြောက်စရာပါပဲ။ ကိုဗစ်ကို အတင်းကြောက်ခိုင်းနေတာ မဟုတ်ပါဘူး ။

မြန်မာပြည်ထက် ကျန်းမာရေးစောင့်ရှောက်မှုကောင်းတဲ့ တိုင်းပြည်တွေမှာတောင် အလူးအလဲခံနေရတာ မြန်မာပြည်မှာသာ ကူးစက်မှု ပြင်းထန်လာရင် အဲ့ဒီထက် အများကြီး ပိုဆိုးသွားနိုင်လို့ပါနော်။

မြန်မာနိုင်ငံသား အားလုံး ဘေးကင်းကြပါစေ

Add a Comment

Your email address will not be published. Required fields are marked *