ဟိုင်းကြီးကျွန်းပေါ် ဂုံးခရုများ အမြောက်အများ ရောက်ရှိလာတဲ့ ထူးခြားဖြစ်စဉ်

Sharing is caring!

မင်္ဂလာပါ သူငယ်ချင်းတို့ရေ

ဟိုင်းကြီးကျွန်းမှာ ၂ ကြိမ် တိုင် ဂုံးကောင်တွေ အများကြီး ကမ်းပေါ်ရောက်လာတဲ့ သတင်းလေးအောက်ပါအတိုင်း လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်..

“ဟိုင်းကြီးကျွန်းမှာ ဧပြီလဆန်းပိုင်း မှာတစ်ကြိမ်၊မနေ့ကစပြီးတစ်ကြိမ် (၂)ကြိမ်တိုင် ပုံပါအတိုင်း၊ဒေသအခေါ် ဂုံးများကမ်းခြေပေါ်အမြောက်အမြား ရောက်ရှိနေတယ်လို့ ဒေသခံတစ်ဦးမှ ပြောပြလာပါတယ်။

ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာ၊နောက်ထပ်ဘာဖြစ်နိုင်မယ်ဆိုတာ မသိနိုင်တဲ့အတွက်ရှေ့မီနောက်မီ ဒေသခံများ နဲ့ ကျွမ်းကျင်သူများမှဒေသခံများ ဂရုပြုနိုင်ရန် ပြောပြပေးစေလိုပါတယ်။

ယမန်နှစ်ကခရုအိုးစုပ်(မြိတ်ကျွန်းစုအခေါ်)အမြောက် အမြား ငွေဆောင်အနီးအနားတဝိုက်မှာ တွေ့ရှိရပြီး၊သိပ်မပြင်းထန်တဲ့ မုန်တိုင်းငယ်ဝင်ရောက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

ယခုကဲ့သို့ဖြစ်ပေါ်မှုအတွက် အရမ်းစိုးရိမ်ဖို့မဟုတ်ဘဲ၊ကြိုတင်သတိပြုနိုင်ဖို့ဖြစ်ပါတယ်။သဘာ၀ အားဖြင့်တော့ပုံမှန်မဟုတ်တဲ့ သတ္တဝါတွေရဲ့အလေ့အထက သဘာ၀ တရားတွေပြောင်းလဲမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။”

အထူးသဖြင့် မြေငလျင်လှုပ်မှာ ၊ ပင်လယ်ဒီရေတက်မှာ မုန်တိုင်း ရှိမှာတွေနဲ့ ပတ်သတ်ဆက်နွယ်တတ်ပါတယ်။

ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ့ မပေါ့မဆပဲ ကမ်းခြေနဲ့ နီးသူတွေ သတိထားကြပါနော်။

Source ; Aquaman

မဂၤလာပါ သူငယ္ခ်င္းတို႔ေရ

ဟိုင္းႀကီးကြၽန္းမွာ ၂ ႀကိမ္ တိုင္ ဂုံးေကာင္ေတြ အမ်ားႀကီး ကမ္းေပၚေရာက္လာတဲ့ သတင္းေလးေအာက္ပါအတိုင္း လူမႈကြန္ရက္မွာ ျပန႔္ႏွံ႔ေနပါတယ္..

“ဟိုင္းႀကီးကြၽန္းမွာ ဧၿပီလဆန္းပိုင္း မွာတစ္ႀကိမ္၊မေန႔ကစၿပီးတစ္ႀကိမ္ (၂)ႀကိမ္တိုင္ ပုံပါအတိုင္း၊ေဒသအေခၚ ဂုံးမ်ားကမ္းေျခေပၚအေျမာက္အျမား ေရာက္ရွိေနတယ္လို႔ ေဒသခံတစ္ဦးမွ ေျပာျပလာပါတယ္။

ဘာေၾကာင့္ဘယ္လိုျဖစ္တယ္ဆိုတာ၊ေနာက္ထပ္ဘာျဖစ္ႏိုင္မယ္ဆိုတာ မသိႏိုင္တဲ့အတြက္ေရွ႕မီေနာက္မီ ေဒသခံမ်ား နဲ႔ ကြၽမ္းက်င္သူမ်ားမွေဒသခံမ်ား ဂ႐ုျပဳႏိုင္ရန္ ေျပာျပေပးေစလိုပါတယ္။

ယမန္ႏွစ္ကခ႐ုအိုးစုပ္(ၿမိတ္ကြၽန္းစုအေခၚ)အေျမာက္ အျမား ေငြေဆာင္အနီးအနားတဝိုက္မွာ ေတြ႕ရွိရၿပီး၊သိပ္မျပင္းထန္တဲ့ မုန္တိုင္းငယ္ဝင္ေရာက္ခဲ့တယ္လို႔လည္း သိရွိရပါတယ္။

ယခုကဲ့သို႔ျဖစ္ေပၚမႈအတြက္ အရမ္းစိုးရိမ္ဖို႔မဟုတ္ဘဲ၊ႀကိဳတင္သတိျပဳႏိုင္ဖို႔ျဖစ္ပါတယ္။သဘာ၀ အားျဖင့္ေတာ့ပုံမွန္မဟုတ္တဲ့ သတၱဝါေတြရဲ႕အေလ့အထက သဘာ၀ တရားေတြေျပာင္းလဲမႈနဲ႔ ဆက္စပ္ေနတတ္ပါတယ္။”

အထူးသျဖင့္ ေျမငလ်င္လႈပ္မွာ ၊ ပင္လယ္ဒီေရတက္မွာ မုန္တိုင္း ရွိမွာေတြနဲ႔ ပတ္သတ္ဆက္ႏြယ္တတ္ပါတယ္။

ဒါေၾကာင့္ သူငယ္ခ်င္းတို႔ အေနနဲ႔ မေပါ့မဆပဲ ကမ္းေျခနဲ႔ နီးသူေတြ သတိထားၾကပါေနာ္။

Source ; Aquaman

Add a Comment

Your email address will not be published. Required fields are marked *