အခက်အခဲဖြစ်နေတဲ့ မိသားစုလေးကို ချက်ခြင်း သွားရောက်ကူညီခဲ့တဲ့ ယုန်လေး

Sharing is caring!

မြန်မာနိုင်ငံရဲ့ အဆိုတော် ဒါရိုက်တာ သရုပ်ဆောင် ယုန်လေးကတော့ သူတတ်နိုင်သလောက် ချို့တဲ့ ခက်ခဲနေတဲ့ သူတွေကို လှူဒါန်းကူညီပေးနေတာပဲ ဖြစ်ပါတယ်။

သူဟာ ဆိုရင် စေတနာကောင်းတဲ့ သူဆိုတာထက် စာနာစိတ်ကြီးသူလို့ ပြောရမှာပါ။

ယုန်လေးက အခက်အခဲဖြစ်နေတဲ့ လူတွေများစွာကို စိတ်ရင်းနဲ့ကူညီပေးနေသလို သူ့ကိုပြန်ပြီး ကူညီကြတဲ့သူတွေကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ယုန်လေးက ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုစာမျက်နှာမှာ နာမည်ကြီးနေတဲ့ မိသားစုကို သွားရောက်ကူညီခဲ့ကြောင်း ပြောပြထားပါတယ်။

“တောင်ဒဂုံ က မိသားစု ၅ယောက်ကို ရှာကျွေးနေတဲ့ ညီမလေး ပေါင်သွေးခဲသွားလို့ ၆လ နားရမယ့် ညီမလေးဆီကို ရောက်ခဲ့ပါပြီ။ အစ်မကဆုံးသွားပြီး ကျွန်တော်လို မိဘမဲ့ အဖြစ် ကလေး ၃ယောက်ကျန်ခဲ့တယ်။

သူတို့ကိုတော့ ဘဝတူတွေ ဖြစ်ကြောင်းအားပေးခဲ့ပါတယ်။ တစ်မိသားစုလုံး စိတ်ဓာတ်ကိုတော့ လေးစားပါတယ်။ ဘယ်သူ့မှမပြောဘူး ကြိတ်ပြီး ဆန်ပြုတ်လေးပဲ သောက်နေတာ။ သတင်း Media တစ်ခုက တင်တော့မှ ကို7Day ဇာတ်ညွန်းနဲ့ တစ်ခြားလူများ Cb မှာလာပို့တယ်။ ကျွန်တော်တို့သိတယ်။ လာကူဖြစ်တယ်။”

ယုန်လေးက ထိုမိန်းကလေး မိသားစုအတွက် စေတနာရှင်တွေရဲ့ အလှူငွေ ၇ သိန်း ၁ သောင်းတိတိကို လှူဒါန်းပေးခဲ့ပြီး သူကတော့ တာဝန်ယူ သွားလှူ စိတ်ခွန်အားပဲ သွားပေးနိုင်လို့ အဲ့အတွက်လည်း တောင်းပန်ပါတယ်လို့ ဆိုထားပါတယ်။

ပရိသတ်ကြီးလည်း ယုန်လေးနဲ့ စေတနာရှင်တွေရဲ့ လှူဒါန်းပေးမှုကြောင့် မိန်းကလေးရဲ့ မိသားစုတွေအစား ထပ်တူဝမ်းသာနေမယ် ထင်ပါတယ်နော်။

ယုန်လေးရဲ့ အလှူလေးနဲ့ ကူညီတတ်တဲ့ စိတ်အတွက်လည်း သာဓုခေါ်ပေးကြပါဦးနော်။

Source: Yone Lay’s fb

ျမန္မာႏိုင္ငံရဲ႕ အဆိုေတာ္ ဒါ႐ိုက္တာ သ႐ုပ္ေဆာင္ ယုန္ေလးကေတာ့ သူတတ္ႏိုင္သေလာက္ ခ်ိဳ႕တဲ့ ခက္ခဲေနတဲ့ သူေတြကို လႉဒါန္းကူညီေပးေနတာပဲ ျဖစ္ပါတယ္။

သူဟာ ဆိုရင္ ေစတနာေကာင္းတဲ့ သူဆိုတာထက္ စာနာစိတ္ႀကီးသူလို႔ ေျပာရမွာပါ။

ယုန္ေလးက အခက္အခဲျဖစ္ေနတဲ့ လူေတြမ်ားစြာကို စိတ္ရင္းနဲ႔ကူညီေပးေနသလို သူ႔ကိုျပန္ၿပီး ကူညီၾကတဲ့သူေတြကိုလည္း ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ ယုန္ေလးက ၿပီးခဲ့တဲ့ရက္ပိုင္းက လူမႈစာမ်က္ႏွာမွာ နာမည္ႀကီးေနတဲ့ မိသားစုကို သြားေရာက္ကူညီခဲ့ေၾကာင္း ေျပာျပထားပါတယ္။

“ေတာင္ဒဂုံ က မိသားစု ၅ေယာက္ကို ရွာေကြၽးေနတဲ့ ညီမေလး ေပါင္ေသြးခဲသြားလို႔ ၆လ နားရမယ့္ ညီမေလးဆီကို ေရာက္ခဲ့ပါၿပီ။ အစ္မကဆုံးသြားၿပီး ကြၽန္ေတာ္လို မိဘမဲ့ အျဖစ္ ကေလး ၃ေယာက္က်န္ခဲ့တယ္။

သူတို႔ကိုေတာ့ ဘဝတူေတြ ျဖစ္ေၾကာင္းအားေပးခဲ့ပါတယ္။ တစ္မိသားစုလုံး စိတ္ဓာတ္ကိုေတာ့ ေလးစားပါတယ္။ ဘယ္သူ႔မွမေျပာဘူး ႀကိတ္ၿပီး ဆန္ျပဳတ္ေလးပဲ ေသာက္ေနတာ။ သတင္း Media တစ္ခုက တင္ေတာ့မွ ကို7Day ဇာတ္ၫြန္းနဲ႔ တစ္ျခားလူမ်ား Cb မွာလာပို႔တယ္။ ကြၽန္ေတာ္တို႔သိတယ္။ လာကူျဖစ္တယ္။”

ယုန္ေလးက ထိုမိန္းကေလး မိသားစုအတြက္ ေစတနာရွင္ေတြရဲ႕ အလႉေငြ ၇ သိန္း ၁ ေသာင္းတိတိကို လႉဒါန္းေပးခဲ့ၿပီး သူကေတာ့ တာဝန္ယူ သြားလႉ စိတ္ခြန္အားပဲ သြားေပးႏိုင္လို႔ အဲ့အတြက္လည္း ေတာင္းပန္ပါတယ္လို႔ ဆိုထားပါတယ္။

ပရိသတ္ႀကီးလည္း ယုန္ေလးနဲ႔ ေစတနာရွင္ေတြရဲ႕ လႉဒါန္းေပးမႈေၾကာင့္ မိန္းကေလးရဲ႕ မိသားစုေတြအစား ထပ္တူဝမ္းသာေနမယ္ ထင္ပါတယ္ေနာ္။

ယုန္ေလးရဲ႕ အလႉေလးနဲ႔ ကူညီတတ္တဲ့ စိတ္အတြက္လည္း သာဓုေခၚေပးၾကပါဦးေနာ္။

Source: Yone Lay’s fb

Add a Comment

Your email address will not be published. Required fields are marked *