တစ်နိုင်ငံလုံး ဒေသအလိုက် မိုးရွာသွန်းမည့် နေ့ရက်များ
|သူငယ်ချင်းအားလုံး မင်္ဂလာပါ။
အခုဆိုရင် နေက စထွက်တာနဲ့ ပူလိုက်တာနော်။ မိုးလေး ရွာပါတော့လို့ မျှော်နေမိကြမယ်ထင်ပါတယ်။အခုတော့
အားလုံးမျှော်လင့်နေကြတဲ့ ရွှေမိုးကြီးလာတော့မည်။ တစ်နိုင်ငံလုံး မိုးရွာသွန်းမယ့်နေ့ရက်များကို ဖော်ပြပေးလိုက်ပါတယ်။
တောင်ဆီမှာမှောင်ရီပြာ မိုးရိပ်တွေဆင်…
MME ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Update မြန်မာမိုးအခြေအနေကတော့မေလ ၈ရက်နေ့မှ ၁၄ရက်နေ့အတွင်း
ချင်းပြည်နယ် စစ်ကိုင်းတိုင်းကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မြောက်ပိုင်းကယားပြည်နယ် ပဲခူးတိုင်းအရှေ့ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းတွေမှာ မိုးရရှိဖွယ်ရှိပြီးမေလ ၁၅ရက်နေ့မှ ၂၁ရက်နေ့အတွင်းမှာတော့ တစ်နိုင်ငံလုံးမိုးရရှိနိုင်သလို ဧရာဝတီတိုင်း ရန်ကုန်တိုင်း တွေမိုးများနိုင်ပါတယ်
မေလ ၂၂ရက်နေ့မှ ဂျွန်လ ၄ရက်နေ့အတွင်း မုတ်သုန်ကြိုမိုးနဲ့ မုတ်သုန်လေစောရရှိနိုင်ပြီး မိုးဦးစောစေနိုင်တယ်လို့ #MME မှ ခန့်မှန်းပေးထားပါတယ်…
အပူဒါဏ်ကိုထီးမိုးကာမယ်သိလား အားကိုးလိုက်စမ်းတော့ သူရေ…
နွေရာသီ ဧပြီလအထိ သိသာစွာမပူခဲ့ပဲ မေလမှာ ပူပြင်းခြင်းကလည်း ရက်အနည်းငယ်သာရှိပါလိမ့်မယ် မိုးရရှိတာနဲ့ အပူလျော့စေမှာဖြစ်ပါတယ်နော်…
ဒါကြောင့် သူငယ်ချင်းတွေကိုလည်း မိုးရွာတော့မှာ ဖြစ်တဲ့ အကြောင်း ဝမ်းသာစွာ သတင်းကောင်းပါးပေးလိုက်ကြပါဦးနော်။
SU SU SAN
SU SU SAN