ထူးခြား ဆန်းပြားတဲ့ တနင်္လာလေးတွေရဲ့ စိတ်နေသဘောထား

Sharing is caring!

သူငယ်ချင်းတို့ရေ

တနင်္လာ သားသမီးတွေရဲ့ စိတ်နေသဘောထားလေးတွေကို ပြောပြမယ်နော်။ မိမိချစ်သူက တနင်္လာ သားသမီးဆိုရင် သူတို့ စိတ်လေးတွေကို နားလည်တော့ ပိုကောင်းတာပေါ့။

တနင်္လင်္ာ သားသမီးများ

( ၁ ) ဉာဏ်အလွန်ကောင်းပါတယ်။စကားအပြောအဆိုငြင်သာပြီးဉာဏ်ရည်မြင့်တဲ့သူတွေဖြစ်ပါတယ် ။

( ၂ ) အရမ်း ကို ခံစား လွယ်ပြီး ထိခိုက်လွယ်တဲ့သူတွေပါ။ သေးသေးလေးတွေက အစ အရမ်း ခံစားပြီးဝမ်းနည်း လွယ်တဲ့ သူတွေဖြစ်ပါတယ် ။

( ၃ ) မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့အတူတူ အချိန်ဖြုန်းရတာ၊ တွေ့ဆုံရတာမျိုးကို အရမ်းနှစ်သက်တဲ့သူတွေဖြစ်ပါတယ်။ မိသားစု၊သူငယ်ချင်းတွေ အပေါ်သံယောဇဉ် ကြီးတဲ့သူတွေဖြစ်ပါတယ် ။

( ၄ ) ငြိမ်းချမ်းခြင်းကိုလိုလားတဲ့သူတွွေဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးတဲ့သူတွေဖြစ်ပါတယ် ။

( ၅ ) သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာ၊ စကားများတာမျိုးဆိုရင်လည်း အရင်စခေါ်တဲ့သူတွေဟာ သူတိို့တွေပါ ။

( ၆ ) အရည်အချင်း ကို အခြေခံပြီး လုပ်ရတဲ့အလုပ်အကိိုင်တွေကို အထူးစိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ စီးပွားရေးပိိုင်း မှာအောင်မြင်မယ့်သူတွေ ဖြစ်ပါတယ် ။

( ရ ) ညဖက်တွေအိိပ်မပျော်တာ၊ သွေးအားနည်းတာတွေကို ခံစားရတတ်ပါတယ်။အမြဲ လိုလို ခေါင်းမူးပြီး အိပ်ရေး မဝဖြစ်တတ်ပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေနဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်မှသာ တော်ကာကျပါမယ် ။

( ၈ ) ယောက်ျားလေးတွေ ဟာ အစားအသောက်ကောင်းတွေကိုအရမ်းကြိုက်တတ် ပါတယ် ။ အချက်အပြုတ် နဲ့ ပတ်သက် ပြီးလည်းပါရမီပါတဲ့ သူတွေဖြစ်ပါတယ် ။

( ၉ ) မိန်းကလေးတွေ ဟာ အိမ်ထောင်ကျတဲ့ အခါ ပညာရှိပြီး အားကိုးရတဲ့ ဇနီးကောင်း တွေ ဖြစ်သလို မိခင် ကောင်းတွေ လည်း ဖြစ်ပါတယ် ။

( ၁၀ ) ချစ်ခြင်း၊ ဂရုစိုက်ခြင်းကိုကိုယ်စားပြုပြီး ချစ်သူ၊ ခင်သူတွေကို အရမ်းဂရုစိုက်ပြီး ကြင်နာတတ်တဲ့သူတွေပါ ။

( ၁၁ ) အချစ်ကြီးတယ်

အရမ်း ကို အချစ်ကြီး ပါတယ် ။ တစ်ယောက်ကို ချစ်နေစဉ် တခြား တစ်ယောက် အပေါ်လွယ်လွယ် စိတ်ယိုင် တတ်တဲ့ သူတွေမဟုတ်ပါဘူး ။

ချစ်မိပြီ ဆိုရင် အသည်းအသန် ချစ်သလောက် ၊ မချစ်တော့ဘူးဆိုရင်လည်း သတိကိုမရတော့တာမျိုးပါ ။

( ၁၂ ) အငြိုးကြီးတယ်

အငြိုး ကြီးပါတယ် ။ ချစ်သူ က ဘာပဲလုပ်လုပ်ချစ်တဲ့ စိတ်နဲ့ ခွင့်လွှတ် နေမယ့် သူတွေတော့မဟုတ်ပါဘူး ။

ချစ်သူ ကို ဘယ်လောက် ချစ်ချစ် ကိုယ့်ကိုသေးသေး လာတင်ရင် လုံးကြီးတင်ပြီးအဆန်ပါ ခတ်ပေးလိုက် တတ်တဲ့သူတွေပါ ။

ဒီလို လုပ်တတ် လို့ မချစ်ဘူးလား ဆိုတော့မဟုတ်ပါဘူး ။ သူ့လောက် ချစ်တာလည်းသူပါပဲ ။

( ၁၃ ) သံယောဇဉ်ကြီးတယ်

ချစ်သူ ကို အရမ်း စိတ်ကုန် နေရင်တောင် မှကြိတ်မှိတ်ပြီး တွဲလေ့ ရှိပါတယ် ။ အကြောင်းကတော့ သံယောဇဉ် အရမ်း ကြီးလို့ပါ ။

သူတို့ဟာ မချစ်တော့ဘူးဆိုရင် လှည့်တောင်မကြည့်ချင်လောက်အောင် စိတ်ဓာတ်မာကျောပေမယ့်လည်း သံယောဇဉ်ကိုတော့ လွယ်လွယ်နဲ့ မဖြတ်နိုင်ကြတာကြောင့် လွယ်လွယ်နဲ့့လမ်းမခွဲနိုင်ကြပါဘူး ။

( ၁၄ ) စိတ်ဆတ်တယ်

စိတ်ဆတ်ချက်ကတော့ လုံးဝကို လက်ဖျားခါလောက်ပါတယ်။ ထစ်ခနဲ ဆို ဒေါသ ကငယ်ထိပ် ရောက်တတ် တဲ့ သူတွေပါ ။

ဒါကြောင့် တစ်ချို့ အသေးအမွှား ကိစ္စလေးတွေမှာလည်း ပေါက်ကွဲ နေတတ် သလို ၊ထစ်ခနဲရှိ စိတ်ကောက် တတ်တဲ့သူတွေပါ ။

( ၁၅ ) ထိရှလွယ်တယ်

အရမ်းကို ထိရှ လွယ်တဲ့ သူတွေပါ ။ ချစ်သူကို အရမ်း ဂရုစိုက် တတ်ကြသလို ၊ ချစ်သူဆီက ဂရုစိုက်မှု ၊ ကြင်နာမှုလေး တွေကိုအမြဲတမ်း လိုချင်တဲ့ သူလေး တွေပါ ။

တစ်ခါတလေ ချစ်သူ က အကြောင်းအမျိုးမျိုး ကြောင့်် အချိန် မပေး နိုင်တဲ့အခါတွေ၊ ဂရုမစိုက်နိုင်တဲ့အခါတွေမှာ ပေါက်ကရတွေ တွေးပြီးအကြီးအကျယ် ခံစား တတ်ကြ ပါတယ် ။

ဖြစ်နိုင်ရင် ဘယ်လောက် အလုပ်များများသူတို့ကိို ပစ်မထား မိပါစေနဲ့ ။ သင်မမျှော်လင့် ထားတာတွေတောင် ဖြစ်လာနိုင်လို့ပါ ။

အပေါင်းအသင်းတွေကြားမှာ ယုံကြည်မှုအပြည့်အဝ ရှိရှိိ နဲ့ နေတတ် ကြတယ် ။ခင်မင်ရတဲ့ မိတ်ဆွေ တွေနဲ့ စကားပြောနေချိန်မှာ ဆိုရင် စိတ်ရှည်ရှည်နဲ့ စိတ်ပါဝင်စားစွာ နားထောင် ပေးတတ်သူတွေပါ ။

အနားမှာ ရှိတဲ့ သူတွေကိို ပျော်ရွှင်စရာတွေလဲ ဖန်တီး ပေးတတ်သူတွေဖြစ်ကြပါတယ် ။ ဒါကြောင့်လဲလူချစ်လူခင် ပေါများကြတယ် ။

ကိုယ့် ရဲ့ ရှေ့မှာ စိိတ်မကောင်းစရာ တစ်ခုခုမြင်ရရင် သနားတတ်တယ်။ အတတ်နိိုင်ဆုံးလဲ ကူညီပေးလေ့ ရှိကြတယ် ။ သူတို့ဟာစိတ်ကူးယဉ်ဆန်တယ်။ အားနေတဲ့ အချိန်မှာ စာဖတ်တာမျိုး ဗဟုသုတတွေ လေ့လာတာမျိုး လုပ်လေ့ရှိကြတယ်။

စိတ်ကူးကောင်းတွေကြောင့် အလုပ်လုပ်ရာမှာလဲ တွေးခေါ်နိုင်စွမ်း ရှိကြတယ် ။

မှန် နေရင် ဘာကိုမှ ဂရုမစိုက် တတ် သလိုမှားနေရင်လဲ တောင်းပန်ဖိို့ ဝန်မလေးသူများဖြစ်ကြပါတယ်။ ဘူးဆိုရင် ဖရုံမသီးဘူး ။သူတို့အပေါ် ကောင်းတဲ့ သူတွေဆိုရင်သံယောဇဉ်ရှိစွာ ခင်မင်တတ်ကြတယ်။

ချစ်မိ ခင်မိပြီ ဆိုရင် အသေးအဖွဲ့လေးကအစ ဂရုစိိုက် တတ်ကြတယ်။ အရမ်းလဲချစ်တတ်တယ် ။ကိုယ့် ချစ်သူငြိုငြင်မှာသေမတတ်ကြောက်ကြတယ်။ အစွဲအလန်းကြီးပြီး တစ်ယောက်ဆိုတစ်ယောက် အပေါ်မှာပဲစွဲလမ်းနေတတ်ကြတယ် ။

စကားပြောရင် ဆွဲဆောင်မှု ရှိကြတယ် ။နဲနဲ သတိိထားသင့်တဲ့ အချက်ကတော့ပြဿနာ တစ်ခုခုဆိုရင် ဘာမှ မစဉ်းစားတော့ပဲ ဖြေရှင်း တာပဲ ဖြစ်တယ် ။တစ်ခုခုဆိုရင် အမြန် မဆုံးဖြတ်စေချင်ဘူး ။

ဆောင် သင့်တဲ့ အဆောင် ကျောက်ကတော့ ပုုလဲ ရတနာပဲ ဖြစ်ပါတယ်။

ဇောတိကစာပေ

Add a Comment

Your email address will not be published. Required fields are marked *