ဘယ်သူမှ မသိတဲ့ သူမအခက်အခဲတွေအကြောင်းကို ရင်ဖွင့်လာတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး

Sharing is caring!

အကယ်ဒမီ မင်းသမီး ထက်ထက်မိုးဦးကတော့ တချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ဦး ဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုများကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ကြော်ညာဘုရင်မ အဖြစ်အားလုံးက လက်ခံရတဲ့အထိ သူမရဲ့ ကြော်ညာရိုက်ကူးမှုများကတော့ အောင်မြင်မှုများစွာ ရရှိထားပါတယ်။သူမရဲ့ အောင်မြင်တဲ့ ကြော်ညာများထဲမှာတော့ ဒါရိုက်တာ ဦးမီးပွားနဲ့ ရိုက်ကူးတဲ့ VeVe အချိုရည်ကြော်ညာကလည်း တစ်ခုပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ VeVe Company ကနေပြီး မင်းသမီးချော ထက်ထက်မိုးဦးအတွက် သိန်းတစ်ရာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး ထက်ထက်ကတော့ မီဒီယာများရဲ့ရှေ့မှောက်မှာ အခုလို

ဖြေဆိုခဲ့ပါတယ်။” အဓိကက ကိုဗစ်ကြောင့် အလုပ်တွေလည်း နားရတယ်။ နောက်တခြားအခက်အခဲတွေလည်း ရှိနေတဲ့အချိန်မှာ ကိုရွှေမန်းတို့ VeVe Company က အခုလိုဝိုင်းဝန်း ကူညီပေးတဲ့အတွက် အရမ်းလည်း ကျေးဇူတင်ပါတယ်။ ဒီကျေးဇူးကိုလည်း မမေ့ပါဘူး။ ဘဝတစ်လျှောက်လုံးမှာ ကိုယ့်ကို အလကားပိုက်ဆံပေးတယ် ကြည့်ပေးတယ်ဆိုတာလည်း မရှိခဲ့ဘူး။ ကိုယ့်ဘာသာ ရုန်းကန်ခဲ့ရတာပဲ ။ အခုလို အရမ်းခက်ခဲနေတဲ့အချိန်မှာ ဒီလိုမျိုး အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတဲ့အတွက် သတိတရနဲ့ ကူညီပေးတဲ့အတွက် ကိုရွှေမန်းတို့ကိုရော VeVe Company ကိုရော ကျေးဇူးတင်ပါတယ်။ ”ခက်ခဲတဲ့ ဘဝဖြတ်သန်းပုံနဲ့ ပက်သက်ပြီးတော့လည်း အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။ ” တခါတ

ကျလည်း ကိုယ့်မှ လာပြီး ဖြစ်ရလေသလားလို့ပေါ့နော် ။ မင်းသမီးတွေလည်း အများကြီးပဲ ကိုယ့်လို နှလုံးခွဲရတယ်ဆိုတာ မရှိဘူး ..ကိုယ့်လို လည်ပင်းခွဲရတယ် ဗိုက်ကို အကြိမ်ကြိမ် ခွဲစိတ်ရတယ်ဆိုတာ မရှိဘူး .. င့ါကိုကျမှဖြစ်တာပဲလားဆိုပြီး ဝမ်းနည်းရတယ်။ လူ့ဘဝကြီးမှာ မနေချင်တော့ဘူးဆိုပြီး တခါတခါကျ တွေးမိတယ်။ လောကကြီးမှာ ပိုက်ဆံတစ်ခုပဲ ခက်ခဲတာ မဟုတ်ပါဘူး။ ခက်ခဲတယ်ဆိုတာက ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်နေနေကိုယ်ဘယ်လောက်ပဲ ပေးဆပ် ပေးဆပ် ဘယ်သူကမှ အသိအမှတ် မပြုဘူး ဘယ်သူကမှလည်း အကောင်းမထင်ဘူး ..ဝမ်းလည်းနည်းပြီး စိတ်ဓာတ်လည်း ကျမိတယ်။ငယ်တုန်းကတော့ မိဘနဲ့ အတူတူ မနေရဘူး .. ဟို့လူနား ပြေး

ကပ်နေ ဒီလူ့နား ပြေးကပ်နေနဲ့ နေခဲ့ရတာ။ တခါတလေကျတော့လည်း အဖေ့ကို စိတ်မကောင်းဘူး….ငယ်ငယ်တုန်းကတော့ ပြစ်ထားပြီးတော့ အခုကျမှ ကိုယ်တစ်ယောက်တည်း ခါးစီးပြီး အကုန်လုံးကို ခံရတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ မိဘနဲ့ သားသမီးဆိုတော့ သားသမီးတိုင်းကတော့ မိဘကျေးဇူးဆပ်ရမှာပဲ ..အဖေဖြစ်ရင် ကိုယ်ဘာပဲ ဖြစ်ဖြစ် မရှိတဲ့ကြားက အစွမ်းကုန် ရအောင်လုပ်ပေးမယ်ဆိုပြီး စိတ်အားတင်းပြီး နေတာပဲ။ လူတွေကြားထဲလည်း မသွား

ချင်ဘူး ဘာမှလည်း မလုပ်ချင်ဘူး စိတ်ဓာတ်ကတော့ အရမ်းကျတယ်။ ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ ကိုယ်ပဲသိတယ် ဘယ်သူမှ မသိဘူး။ ” ဆိုကာ သူမဖြတ်သန်းခဲ့ရတဲ့ ခက်ခဲတဲ့ ဘဝအကြောင်းကို အခုလိုပဲ ပြောပြခဲ့တာပါ။ပရိတ်သတ်ကြီးရေ အခက်အခဲများကို ရင်ဆိုင်နေရပြီး လက်ရှိမှာ ကျန်းမာရေးတစ်ဖက် ငွေရေးကြေးရေးတစ်ဖက်နဲ့ စိတ်သောက ရောက်နေတဲ့ ထက်ထက်မိုးဦးအတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

Credit San Kyi Par

Zawwgyi Version

အကယ္ဒမီ မင္းသမီး ထက္ထက္မိုးဦးကေတာ့ တခ်ိန္က ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးတစ္ဦး ျဖစ္ၿပီး လက္ရွိမွာလည္း အႏုပညာလႈပ္ရွားမႈမ်ားကို ျပန္လည္လုပ္ကိုင္ေနၿပီပဲ ျဖစ္ပါတယ္။ ေၾကာ္ညာဘုရင္မ အျဖစ္အားလုံးက လက္ခံရတဲ့အထိ သူမရဲ႕ ေၾကာ္ညာ႐ိုက္ကူးမႈမ်ားကေတာ့ ေအာင္ျမင္မႈမ်ားစြာ ရရွိထားပါတယ္။သူမရဲ႕ ေအာင္ျမင္တဲ့ ေၾကာ္ညာမ်ားထဲမွာေတာ့ ဒါ႐ိုက္တာ ဦးမီးပြားနဲ႔ ႐ိုက္ကူးတဲ့ VeVe အခ်ိဳရည္ေၾကာ္ညာကလည္း တစ္ခုပါအဝင္ပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ VeVe Company ကေနၿပီး မင္းသမီးေခ်ာ ထက္ထက္မိုးဦးအတြက္ သိန္းတစ္ရာ ေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။ အဆိုပါ အေၾကာင္းအရာနဲ႔ ပက္သက္ၿပီး ထက္ထက္ကေတာ့ မီဒီယာမ်ားရဲ႕ေရွ႕ေမွာက္မွာ အခုလို

ေျဖဆိုခဲ့ပါတယ္။” အဓိကက ကိုဗစ္ေၾကာင့္ အလုပ္ေတြလည္း နားရတယ္။ ေနာက္တျခားအခက္အခဲေတြလည္း ရွိေနတဲ့အခ်ိန္မွာ ကိုေ႐ႊမန္းတို႔ VeVe Company က အခုလိုဝိုင္းဝန္း ကူညီေပးတဲ့အတြက္ အရမ္းလည္း ေက်းဇူတင္ပါတယ္။ ဒီေက်းဇူးကိုလည္း မေမ့ပါဘူး။ ဘဝတစ္ေလွ်ာက္လုံးမွာ ကိုယ့္ကို အလကားပိုက္ဆံေပးတယ္ ၾကည့္ေပးတယ္ဆိုတာလည္း မရွိခဲ့ဘူး။ ကိုယ့္ဘာသာ ႐ုန္းကန္ခဲ့ရတာပဲ ။ အခုလို အရမ္းခက္ခဲေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳး အလုပ္အတူတူ တြဲလုပ္ခဲ့ဖူးတဲ့အတြက္ သတိတရနဲ႔ ကူညီေပးတဲ့အတြက္ ကိုေ႐ႊမန္းတို႔ကိုေရာ VeVe Company ကိုေရာ ေက်းဇူးတင္ပါတယ္။ ”ခက္ခဲတဲ့ ဘဝျဖတ္သန္းပုံနဲ႔ ပက္သက္ၿပီးေတာ့လည္း အခုလိုပဲ ရင္ဖြင့္ခဲ့ပါတယ္။ ” တခါတ

က်လည္း ကိုယ့္မွ လာၿပီး ျဖစ္ရေလသလားလို႔ေပါ့ေနာ္ ။ မင္းသမီးေတြလည္း အမ်ားႀကီးပဲ ကိုယ့္လို ႏွလုံးခြဲရတယ္ဆိုတာ မရွိဘူး ..ကိုယ့္လို လည္ပင္းခြဲရတယ္ ဗိုက္ကို အႀကိမ္ႀကိမ္ ခြဲစိတ္ရတယ္ဆိုတာ မရွိဘူး .. င့ါကိုက်မွျဖစ္တာပဲလားဆိုၿပီး ဝမ္းနည္းရတယ္။ လူ႔ဘဝႀကီးမွာ မေနခ်င္ေတာ့ဘူးဆိုၿပီး တခါတခါက် ေတြးမိတယ္။ ေလာကႀကီးမွာ ပိုက္ဆံတစ္ခုပဲ ခက္ခဲတာ မဟုတ္ပါဘူး။ ခက္ခဲတယ္ဆိုတာက ကိုယ္ဘယ္ေလာက္ပဲ ေကာင္းေအာင္ေနေနကိုယ္ဘယ္ေလာက္ပဲ ေပးဆပ္ ေပးဆပ္ ဘယ္သူကမွ အသိအမွတ္ မျပဳဘူး ဘယ္သူကမွလည္း အေကာင္းမထင္ဘူး ..ဝမ္းလည္းနည္းၿပီး စိတ္ဓာတ္လည္း က်မိတယ္။ငယ္တုန္းကေတာ့ မိဘနဲ႔ အတူတူ မေနရဘူး .. ဟို႔လူနား ေျပး

ကပ္ေန ဒီလူ႔နား ေျပးကပ္ေနနဲ႔ ေနခဲ့ရတာ။ တခါတေလက်ေတာ့လည္း အေဖ့ကို စိတ္မေကာင္းဘူး….ငယ္ငယ္တုန္းကေတာ့ ျပစ္ထားၿပီးေတာ့ အခုက်မွ ကိုယ္တစ္ေယာက္တည္း ခါးစီးၿပီး အကုန္လုံးကို ခံရေတာ့ စိတ္မေကာင္းဘူး။ ဒါေပမဲ့ မိဘနဲ႔ သားသမီးဆိုေတာ့ သားသမီးတိုင္းကေတာ့ မိဘေက်းဇူးဆပ္ရမွာပဲ ..အေဖျဖစ္ရင္ ကိုယ္ဘာပဲ ျဖစ္ျဖစ္ မရွိတဲ့ၾကားက အစြမ္းကုန္ ရေအာင္လုပ္ေပးမယ္ဆိုၿပီး စိတ္အားတင္းၿပီး ေနတာပဲ။ လူေတြၾကားထဲလည္း မသြား

ခ်င္ဘူး ဘာမွလည္း မလုပ္ခ်င္ဘူး စိတ္ဓာတ္ကေတာ့ အရမ္းက်တယ္။ ရင္ဆိုင္ခဲ့ရတဲ့အခက္အခဲေတြ ကိုယ္ပဲသိတယ္ ဘယ္သူမွ မသိဘူး။ ” ဆိုကာ သူမျဖတ္သန္းခဲ့ရတဲ့ ခက္ခဲတဲ့ ဘဝအေၾကာင္းကို အခုလိုပဲ ေျပာျပခဲ့တာပါ။ပရိတ္သတ္ႀကီးေရ အခက္အခဲမ်ားကို ရင္ဆိုင္ေနရၿပီး လက္ရွိမွာ က်န္းမာေရးတစ္ဖက္ ေငြေရးေၾကးေရးတစ္ဖက္နဲ႔ စိတ္ေသာက ေရာက္ေနတဲ့ ထက္ထက္မိုးဦးအတြက္ အားေပးစကားေလး ေျပာခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးေက်းဇူးတင္ရွိပါတယ္ရွင္။

Credit San Kyi Par

Add a Comment

Your email address will not be published. Required fields are marked *