လက်ထပ်ပြီးတာနဲ့ အိမ်ခွဲနေတာ အကောင်းဆုံးပါ( ကိုယ်တွေ့ အကြံပြုချက်)

Sharing is caring!

မြန်မာနိုင်ငံမှာ အိမ်ထောင်ပြုပြီးပြီ ဆိုရင် ယောင်နောက်ဆံထုံးပါ ဆိုသလို လင်မယား ညားပြီးရင် မယားက လင်ယောက်ျား ရဲ့ အိမ်ကိုလိုက်သွားကြရတာ များပါတယ်

ဟုတ်ပြီ လင်ရဲ့ အိမ်ကိုရောက်ပြီရောက်ကာစ ယောက်ခမနဲ့ ချွေး မ သိပ်အဆင်ပြေကြတာသမီးလေး သမီးလေး နဲ့ ဟုတ်ကြတယ်မလား ။

အဲ့လို ညားကာစမှာ ယောက်ခမ နဲ့ ချွေး မ က သားအမိအရင်းလိုပဲအဲ့အချိန်မှာ လင်က သူ့မိန်းမအတွက် စားစရာ ဝယ်လာတယ်ဝတ်စရာ ဝယ်လာတယ်စသဖြင့် ချွေးမအတွက် သူ့လင်ကဘာပဲ ဝယ်လာ ဝယ်လာလင်ရဲ့ မိဘတွေက

ကြည့်စမ်း လင်မယားတွေ ချစ်လိုက်ကြတာတို့သားကလည်း သူ့မိန်းမကိုချစ်လိုက်တာအရမ်း စသဖြင့်ညားကာစမှာလင်က သူ့မယားကို ချစ်တာကို ကြည့်ပြီးမိဘတွေ ပီတိဖြစ်ကြတာ ထုံးစံပါ

အဲ သို့သော် သို့သော် နှစ်တွေ ကြာလာတဲ့အခါလည်း ကျရော လင်က သူ့မယားအတွက် ဘာပဲ ဝယ်လာ ဝယ်လာကြည့် ငါတို့အတွက်ကျ မပါတော့ဘူးငါတို့မွေးလို့ လူဖြစ်လာတဲ့ကောင်က ဟင်းးးးး

အဲ့မှာ စသေပြီ …တအိမ်တည်း နေခြင်းရဲ့ ရလဒ်ကို 3 နှစ် 4 နှစ် လောက်ကစပြီး ခံစားရပြီ …အဲ့ လင် နှစ်ဖက်စလုံးကို ရအောင်ထိန်းပေတော့မထိန်းနိုင်ရင်တော့ ပွဲကြမ်းလာနိုင်တယ်

မိန်းမအတွက် ဘာပဲဝယ်လာ ဝယ်လာမိဘက လိုက်ကြည့်ပြီး မကျေမနပ်ဖြစ်ပြီဟော မိဘအတွက် ဘာပဲ ဝယ်လာ ဝယ်လာမယားက လိုက်ကြည့်ပြီး တင်းပြီ

နှစ်ဖက်စလုံးအတွက် အတူတူ ဝယ်လာရင်လဲ

ဥပမာ အမေ့အတွက်ရယ် မိန်းမအတွက်ရယ် လဖက်ရည် နှစ်ခွက်ဝယ်လာတယ် ဆိုပါစို့အမေကို အရင်သွားပေးရင်အမေက နောက်လက်တဖက်ကလဖက်ရည်ထုတ်ကို ကြည့်ပြီး တွေးပြီ

ကြည့် သူ့မိန်းမကိုကျ ရှယ်ဝယ်လာတယ်ငါ့ကိုကျ ရိုးရိုး ဝယ်လာတယ်အဲ … အဲ့လို

သားက ပြောမယ် ဒီမှာ အမေ့အတွက် လဖက်ရည် ရှယ်ဝယ်လာတယ် ဆိုရင်လည်း အမေက နောက်တထုတ်ကို လှမ်းကြည့်ပြီး တွေးပြန်ပြီ

ကြည့် သူ့မိန်းမအတွက်ကျ လဖက်ရည်ထုတ်က အများကြီးငါ့ကျ နည်းနည်းလေး လိုပဲ ။အဲ … အဲ့လို …အမှန်တကယ်က အတူတူပဲ ဝယ်လာတာ

ဟော မပြီးသေးဘူး အမေကို ပေးပြီး မယားကို သွားပေးတော့လည်း မယား က တွေးပြန်တယ်

ကြည့် သူ့အမေအတွက်ကျ မုန့်ပါ ပါတယ်ထင်တယ် ငါ့ကျတော့ လဖက်ရည် ပဲ ဝယ်လာတယ် အဲ… အဲ့လို

သဘောက သင့်အမေရော သင့်မိန်းမပါ သူတို့ 2 ယောက်စလုံးက သင်ဂရုစိုက်တာ အသိအမှတ်ပြုတာ ကို အခြားသူထက် ပိုလိုချင်ကြတာ

အချစ်ပေါ့ဗျာ တယောက်ကလည်း သားအချစ် တယောက်ကလည်း လင်အချစ် အဲ့မှာ အဲ့ဒီလူ တဖက်ဖက်ကို ဦးစားပေးလိုက်ရင်လည်း ကေယာမသ်နေ့မှာ ရှင်းရအုန်းမယ်

ဥပမာ အမေကျေနပ်အောင်ပဲ အမေ့အတွက်ချည်းပဲ ဝယ်ပေးပြီး မိန်းမကို ဂရုမစိုက်ရင်လည်း မဖြစ်ပြန်ဘူးလေ သူများသားသမီး ယူပြီးရင် စိတ်ချမ်းသာအောင် ထားဖို့လည်း လိုသေးတယ်လေ

ဟော မိန်းမစိတ်ချမ်းသာအောင်ပဲထားပြီး မိဘကို လှည့်မကြည့်လို့လဲ မရပြန်ဘူးလေ

အဲ့တော့ တအိမ်ထဲမှာ ပဲ နေ နေရင် မိဘနဲ့ မယား ကြားထဲမှာ ဗျာများပြီး ကြာလေ တိုင်ပတ်လေ ဖြစ်သွားရော ။သို့သော် သို့သော် အိမ်သီးသန့်နဲ့ နေလိုက်ရင် မိဘကို ဘာပဲဝယ်ပေးပေး သင့်မိန်းမ မသိဘူးလေ ။အဲ့လိုပဲ သင့်မိန်းမကို ဘာပဲဝယ်ပေးပေး ဘယ်လောက်ပဲ ဂရုစိုက် စိုက်သင့်မိဘ မသိဘူးလေ

ဥပမာ သင့်အမေဆီကို လဖက်ရည် ပါဆယ်ဝယ်သွားမယ်ပြီးရင် ပြောလိုက် အမေ့အတွက် စပါယ်ရှယ်ဝယ်လာတာ လို့

အကယ်၍ အမေက သားမိန်းမအတွက်ရော ဝယ်သွားအုန်းမှာလား လို့ မေးလာရင် ခပ်ပြတ်ပြတ် လိမ်ပေတော့ အဲ့ဒီမှာ လိမ်တာ ချွင်းချက်မရှိပိုင်တယ်

ဘယ်လို လိမ်ရမလဲ ဆိုတော့

ဟာ အမေကလည်း သူ့အတွက် ဘာလို့ဝယ်ရမှာလဲ အမေက အသက်ကြီးပြီ လေ အမေ့ကိုပဲ ဦးစားပေးရမှာပေါ့ သူ့ကိုတော့ နောက်ကြုံမှ ဝယ်ပေးလိုက်မယ်

အဲ့လို ပြောလိုက်ရင် သင့်အမေက ငါ့သား ငါ့ကို ဂရုစိုက်ပါလားဆိုပြီး ခွတ်ရှီ ပဲ ဟုတ်တယ်မလား

အဲ ဟုတ်ပြီ အမေ့ဆီကနေ မိန်းမအိမ်ကိုပြန်ပြီ ပြန်တော့ အခုနလိုပဲ လဖက်ရည် ဝယ်သွားလိုက်

မိန်းမဆီရောက်ရင် ရော့ဒီမှာ ကိုယ့်အသည်းလေးအတွက် စပါယ်ရှယ် ဝယ်လာတာ

အဲ့အချိန် သင့်မိန်းမက ကိုယ့်အမေကိုရော ဝယ်ပေးလိုက်သေးလား လို့ မေးလာရင် ခပ်ပြတ်ပြတ် လိမ်ပေတော့ ဘယ်လိုမျိုး လိမ်ရမလဲဆိုတော့

ဟာ မိန်းမကလည်း နောက်ကျနေပြီလေ အခုချိန်မှ ဝယ်ပြီး အမေ့ဆီ တခေါက်ဝင်နေရင် ဖယ်ရီ ဘယ်မှီတော့မလဲ ဒါ့ကြောင့် အသည်းအတွက်ပဲ ဝယ်လာလိုက်တာ အမေ့ကို နောက်မှ ဝယ်ပေးတော့မယ်

အဲ့လို လိမ်တာ လည်း ချွင်းချက်မရှိပိုင်တယ် ။အဲ့လို ပြောလိုက်တော့ မိန်းမကလည်း ငါယောကျာ်း ငါ့ကို ဂရုစိုက်ပါလားဆိုပြီး ခွတ်ရှီပဲ ဟုတ်တယ်မလား ။အဲ အဲ့ဒါမျိုးက အိမ်သီးသန့်နဲ့ နေမှ ရမယ့်ကိစ္စမျိုးပါ

တအိမ်တည်းမှာ နေကြရင်တော့ အဲ့လို လိမ်ဂွင်လည်းလုပ်လို့လည်း မရသလို အဲ့လိုမျိုး မိဘရော မိန် မ ပါ သင့်ကိုအချစ်တိုးအောင် လုပ်ဖို့လည်းမလွယ်ပါ

တခု တော့ သတိပေးပါရစေ လင်မယား သီးသန့်နေပြီးရင် လင်က မိမိရဲ့ မိဘအိမ်ကို အနည်းဆုံး တနေ့ 2 ကြိမ် 3 ကြိမ်လောက်တော့ သွားဖြစ်အောင် သွားဖို့ အလွန်အင်မတန် အရေးကြီးပါတယ်

ဘာလို့လဲဆိုတော့ သားယောကျ်ားလေးက မိမိ မိဘကို တသက်လုံး ဖေးမမှု လုပ်ရမှာ မို့လို့ပါ ။အိမ်ထောင်ကျပြီးသွားရင်လည်း မိဘကို ဆက်လက်ပြီး ဂရုတစိုက် လုပ်နေရမှာပါ

ဒါ့ကြောင့် အနည်းဆုံးတနေ့ 2 ကြိမ် 3 ကြိမ်လောက် မိဘအိမ်ကိုသွားပြီးမိဘရဲ့ လိုအပ်ချက် ဝတ်ကြီးဝတ်ငယ် ကိုဖြည့်ဆည်းပေးရမှာပါ။ ဒါက လင်ယောကျာ်းလုပ်ရမယ့်အရေးကြီးတာဝန်တခုကိုကြားဖြတ်တင်ပြပေးတာပါ

နောက်တခု အိမ်သီးသန့်နဲ့ နေရင် သင်အိမ်ကိုပြန်ရောက်တော့ မိန်းမကို တွေ့တာနဲ့ တန်းပြီး အာပွား ပေးလည်းအကြောင်းမဟုတ်ဘူးလေ ။လင်မယား နှစ်ယောက်တည်းဆိုတော့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေလို့ရတယ်လေ

အဲ့လို လင်မယားနှစ်ယောက် စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေတာ အရမ်းကောင်းတယ်နော် အချစ်တိုးဖို့ အကြောင်းခံ အများကြီး ဖြစ်နိုင်တယ်

ဟော အိမ်တလုံးတည်းမှာ အကုန်စုနေတော့ ကိုယ်က အိမ်ပြန်လာလို့ ကိုယ့်မိန်းမကို အာပွားပေးချင်လည်း လူတွေနဲ့ ဆိုတော့ မဖြစ်ပြန်

စသဖြင့် စသဖြင့် ပြောရရင်တော့ post တအားရှည်သွားလိမ့မယ် အခုတောင် မနည်းရှည်နေပြီ ။ကဲ အခုနောက်ဆုံး အရေးအကြီးဆုံး အရာကို ပြောပါတော့မယ် လင်နဲ့မယား လျာနဲ့သွား ဆိုတာကြားဖူးကြမှာပါ

လင်မယား 2 ယောက် အိမ်သီးသန့်နဲ့ နေတဲ့အခါတယောက်နဲ့ တယောက် စကားများ ရန်ဖြစ်ကြတဲ့အခါ မခေါ်မပြောပဲ ဘယ်လောက်ပဲနေနေ 1 ရက် 2 ရက် နောက်ဆုံး 3 ရက်ထက်မပိုပါဘူး

တယောက်ယောက်က အကြောင်းမရှိ အကြောင်းရှာပြီး စကားပြောရင်းနဲ့ ပြန်ပြီး ပြေလည်သွားကြတာ များပါတယ်

အဲ … တအိမ်ထဲမှာစုနေတဲ့အခါ လင်နဲ့မယား စကားများတဲ့အခါ မှာ 1 ကျပ်သား ပြဿနာ က 1 ပိဿာ ပြဿနာ ဖြစ်ဖြစ်သွားတတ်တယ်

ဘာလို့လဲဆိုတော့ လင်မယား စကားများပြီဆိုရင် ယောက် ခ မ က သူ့သားကို ပြောမယ် ငါ မပြောချင်လို့ ကြည့်နေတာ နင့်မယား လူပါးဝတာများနေပြီ

ယောင်းမတွေ ရှိရင် ယောင်းမတွေကလည်း ပြောမယ် အကိုကြီးမိန်းမကလေ မပြောချင်ဘူး အကိုကြီးမို့လို့ သည်းခံနေတာ မိန်းမ မရှားပါဘူး အကိုကြီးရယ်

အဲ … အဲ့လိုမျိုး ညှောင့်ပေးလိုက်တဲ့အခါ လင်ဖြစ်သူက သွေးနထင်ရောက်သွားပြီး တော်ရုံ တန်ရုံ နဲ့ ပြီးရမယ့် လင်မယား ပြဿနာ အသေးအမွှားကနေ ဘယ်လောက်ကြီးသွားလဲဆိုတာ နောက်ဆုံး ကွဲကြပြဲကြတဲ့အထိ ပါပဲ

အဲ့ဒါက အဆိုးဆုံးပါပဲ

မယုံရင် လိုက်လေ့လာကြည့်ပါ ကွဲသွားကြတဲ့ လင်မယားအများစု တွေမှာ ဘေးလူတွေရဲ့ ပ ယော ဂ အများကြီး ပါပါတယ်

သို့သော် အိမ်တိုင်း အိမ်တိုင်းက လူတိုင်း လူတိုင်း ကိုတော့ မဆိုလိုပါ

တချို့တွေ ကောင်းကြပါတယ် လင်မယား စကားများရင် ပြေလည်သွားအောင် ကြားဝင်ဖြန်ဖြေပေးတဲ့ မိဘ တွေ ယောင်း မ တွေ လည်း ရှိကြပါတယ်

အကောင်းဆုံးကတော့ ကိုယ့်လင်မယား ပြဿနာ ကိုယ့်ဟာကိုယ် ဖြေရှင်းကြတာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါ ကြားလူ ပါမလာရင် အချိန်တန် ပြေလည်သွားကြတာချည်းပါပဲ

အခုလောက်ဆို အိမ်သီးသန့်နေခြင်းရဲ့ အကျိုးရလဒ်ကို ခန့်မှန်းကြည့်လို့ရပါပြီ

အခုလို လင်မယား အိမ်သီးသန့်နဲ့နေဖို့ တင်ပြပေးတာ အားလုံးစုနေတဲ့မိသားစု တကွဲတပြား ဖြစ်စေချင်လို့ တင်ပြခြင်း လုံးဝ လုံးဝ မဟုတ်ရပါ

လင်မယား နှစ်ယောက် စိတ်ချမ်းသာစွာနဲ့ ဘဝကို အဓွန့်ရှည်စွာ ဖြတ်သန်း နိုင်ဖို့ ရည်ရွယ်ပြီး တင်ပြပေးတာပါ

ဒါ့ကြောင့် သာသနာကလည်း လင်မယား ညားပြီဆိုရင် မိဘအိမ်မှာ နေတာထက် လင်မယားနှစ်ယောက် သီးသန့်နေဖို့ကို ပိုမိုတိုက်တွန်းထားတာပါ

မယုံရင် တတ်သိနားလည်တဲ့ အာလင်မ်ပညာရှင်တွေကို မေးမြန်းကြည့်ပါ

ဒီ POST က ဘယ်သူ့ ဘယ်သူ့ ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ

အားလုံးပဲ သာယာချမ်းမြေ့တဲ့ မိသားစု ဘဝကို ပိုင်ဆိုင် နိုင်ကြပါစေ

ခရစ်ဒစ်

ျမန္မာႏိုင္ငံမွာ အိမ္ေထာင္ျပဳၿပီးၿပီ ဆိုရင္ ေယာင္ေနာက္ဆံထုံးပါ ဆိုသလို လင္မယား ညားၿပီးရင္ မယားက လင္ေယာက္်ား ရဲ႕ အိမ္ကိုလိုက္သြားၾကရတာ မ်ားပါတယ္

ဟုတ္ၿပီ လင္ရဲ႕ အိမ္ကိုေရာက္ၿပီေရာက္ကာစ ေယာက္ခမနဲ႔ ေခြၽး မ သိပ္အဆင္ေျပၾကတာသမီးေလး သမီးေလး နဲ႔ ဟုတ္ၾကတယ္မလား ။

အဲ့လို ညားကာစမွာ ေယာက္ခမ နဲ႔ ေခြၽး မ က သားအမိအရင္းလိုပဲအဲ့အခ်ိန္မွာ လင္က သူ႔မိန္းမအတြက္ စားစရာ ဝယ္လာတယ္ဝတ္စရာ ဝယ္လာတယ္စသျဖင့္ ေခြၽးမအတြက္ သူ႔လင္ကဘာပဲ ဝယ္လာ ဝယ္လာလင္ရဲ႕ မိဘေတြက

ၾကည့္စမ္း လင္မယားေတြ ခ်စ္လိုက္ၾကတာတို႔သားကလည္း သူ႔မိန္းမကိုခ်စ္လိုက္တာအရမ္း စသျဖင့္ညားကာစမွာလင္က သူ႔မယားကို ခ်စ္တာကို ၾကည့္ၿပီးမိဘေတြ ပီတိျဖစ္ၾကတာ ထုံးစံပါ

အဲ သို႔ေသာ္ သို႔ေသာ္ ႏွစ္ေတြ ၾကာလာတဲ့အခါလည္း က်ေရာ လင္က သူ႔မယားအတြက္ ဘာပဲ ဝယ္လာ ဝယ္လာၾကည့္ ငါတို႔အတြက္က် မပါေတာ့ဘူးငါတို႔ေမြးလို႔ လူျဖစ္လာတဲ့ေကာင္က ဟင္းးးးး

အဲ့မွာ စေသၿပီ …တအိမ္တည္း ေနျခင္းရဲ႕ ရလဒ္ကို 3 ႏွစ္ 4 ႏွစ္ ေလာက္ကစၿပီး ခံစားရၿပီ …အဲ့ လင္ ႏွစ္ဖက္စလုံးကို ရေအာင္ထိန္းေပေတာ့မထိန္းႏိုင္ရင္ေတာ့ ပြဲၾကမ္းလာႏိုင္တယ္

မိန္းမအတြက္ ဘာပဲဝယ္လာ ဝယ္လာမိဘက လိုက္ၾကည့္ၿပီး မေက်မနပ္ျဖစ္ၿပီေဟာ မိဘအတြက္ ဘာပဲ ဝယ္လာ ဝယ္လာမယားက လိုက္ၾကည့္ၿပီး တင္းၿပီ

ႏွစ္ဖက္စလုံးအတြက္ အတူတူ ဝယ္လာရင္လဲ

ဥပမာ အေမ့အတြက္ရယ္ မိန္းမအတြက္ရယ္ လဖက္ရည္ ႏွစ္ခြက္ဝယ္လာတယ္ ဆိုပါစို႔အေမကို အရင္သြားေပးရင္အေမက ေနာက္လက္တဖက္ကလဖက္ရည္ထုတ္ကို ၾကည့္ၿပီး ေတြးၿပီ

ၾကည့္ သူ႔မိန္းမကိုက် ရွယ္ဝယ္လာတယ္ငါ့ကိုက် ႐ိုး႐ိုး ဝယ္လာတယ္အဲ … အဲ့လို

သားက ေျပာမယ္ ဒီမွာ အေမ့အတြက္ လဖက္ရည္ ရွယ္ဝယ္လာတယ္ ဆိုရင္လည္း အေမက ေနာက္တထုတ္ကို လွမ္းၾကည့္ၿပီး ေတြးျပန္ၿပီ

ၾကည့္ သူ႔မိန္းမအတြက္က် လဖက္ရည္ထုတ္က အမ်ားႀကီးငါ့က် နည္းနည္းေလး လိုပဲ ။အဲ … အဲ့လို …အမွန္တကယ္က အတူတူပဲ ဝယ္လာတာ

ေဟာ မၿပီးေသးဘူး အေမကို ေပးၿပီး မယားကို သြားေပးေတာ့လည္း မယား က ေတြးျပန္တယ္

ၾကည့္ သူ႔အေမအတြက္က် မုန႔္ပါ ပါတယ္ထင္တယ္ ငါ့က်ေတာ့ လဖက္ရည္ ပဲ ဝယ္လာတယ္ အဲ… အဲ့လို

သေဘာက သင့္အေမေရာ သင့္မိန္းမပါ သူတို႔ 2 ေယာက္စလုံးက သင္ဂ႐ုစိုက္တာ အသိအမွတ္ျပဳတာ ကို အျခားသူထက္ ပိုလိုခ်င္ၾကတာ

အခ်စ္ေပါ့ဗ်ာ တေယာက္ကလည္း သားအခ်စ္ တေယာက္ကလည္း လင္အခ်စ္ အဲ့မွာ အဲ့ဒီလူ တဖက္ဖက္ကို ဦးစားေပးလိုက္ရင္လည္း ေကယာမသ္ေန႔မွာ ရွင္းရအုန္းမယ္

ဥပမာ အေမေက်နပ္ေအာင္ပဲ အေမ့အတြက္ခ်ည္းပဲ ဝယ္ေပးၿပီး မိန္းမကို ဂ႐ုမစိုက္ရင္လည္း မျဖစ္ျပန္ဘူးေလ သူမ်ားသားသမီး ယူၿပီးရင္ စိတ္ခ်မ္းသာေအာင္ ထားဖို႔လည္း လိုေသးတယ္ေလ

ေဟာ မိန္းမစိတ္ခ်မ္းသာေအာင္ပဲထားၿပီး မိဘကို လွည့္မၾကည့္လို႔လဲ မရျပန္ဘူးေလ

အဲ့ေတာ့ တအိမ္ထဲမွာ ပဲ ေန ေနရင္ မိဘနဲ႔ မယား ၾကားထဲမွာ ဗ်ာမ်ားၿပီး ၾကာေလ တိုင္ပတ္ေလ ျဖစ္သြားေရာ ။သို႔ေသာ္ သို႔ေသာ္ အိမ္သီးသန႔္နဲ႔ ေနလိုက္ရင္ မိဘကို ဘာပဲဝယ္ေပးေပး သင့္မိန္းမ မသိဘူးေလ ။အဲ့လိုပဲ သင့္မိန္းမကို ဘာပဲဝယ္ေပးေပး ဘယ္ေလာက္ပဲ ဂ႐ုစိုက္ စိုက္သင့္မိဘ မသိဘူးေလ

ဥပမာ သင့္အေမဆီကို လဖက္ရည္ ပါဆယ္ဝယ္သြားမယ္ၿပီးရင္ ေျပာလိုက္ အေမ့အတြက္ စပါယ္ရွယ္ဝယ္လာတာ လို႔

အကယ္၍ အေမက သားမိန္းမအတြက္ေရာ ဝယ္သြားအုန္းမွာလား လို႔ ေမးလာရင္ ခပ္ျပတ္ျပတ္ လိမ္ေပေတာ့ အဲ့ဒီမွာ လိမ္တာ ခြၽင္းခ်က္မရွိပိုင္တယ္

ဘယ္လို လိမ္ရမလဲ ဆိုေတာ့

ဟာ အေမကလည္း သူ႔အတြက္ ဘာလို႔ဝယ္ရမွာလဲ အေမက အသက္ႀကီးၿပီ ေလ အေမ့ကိုပဲ ဦးစားေပးရမွာေပါ့ သူ႔ကိုေတာ့ ေနာက္ႀကဳံမွ ဝယ္ေပးလိုက္မယ္

အဲ့လို ေျပာလိုက္ရင္ သင့္အေမက ငါ့သား ငါ့ကို ဂ႐ုစိုက္ပါလားဆိုၿပီး ခြတ္ရွီ ပဲ ဟုတ္တယ္မလား

အဲ ဟုတ္ၿပီ အေမ့ဆီကေန မိန္းမအိမ္ကိုျပန္ၿပီ ျပန္ေတာ့ အခုနလိုပဲ လဖက္ရည္ ဝယ္သြားလိုက္

မိန္းမဆီေရာက္ရင္ ေရာ့ဒီမွာ ကိုယ့္အသည္းေလးအတြက္ စပါယ္ရွယ္ ဝယ္လာတာ

အဲ့အခ်ိန္ သင့္မိန္းမက ကိုယ့္အေမကိုေရာ ဝယ္ေပးလိုက္ေသးလား လို႔ ေမးလာရင္ ခပ္ျပတ္ျပတ္ လိမ္ေပေတာ့ ဘယ္လိုမ်ိဳး လိမ္ရမလဲဆိုေတာ့

ဟာ မိန္းမကလည္း ေနာက္က်ေနၿပီေလ အခုခ်ိန္မွ ဝယ္ၿပီး အေမ့ဆီ တေခါက္ဝင္ေနရင္ ဖယ္ရီ ဘယ္မွီေတာ့မလဲ ဒါ့ေၾကာင့္ အသည္းအတြက္ပဲ ဝယ္လာလိုက္တာ အေမ့ကို ေနာက္မွ ဝယ္ေပးေတာ့မယ္

အဲ့လို လိမ္တာ လည္း ခြၽင္းခ်က္မရွိပိုင္တယ္ ။အဲ့လို ေျပာလိုက္ေတာ့ မိန္းမကလည္း ငါေယာက်ာ္း ငါ့ကို ဂ႐ုစိုက္ပါလားဆိုၿပီး ခြတ္ရွီပဲ ဟုတ္တယ္မလား ။အဲ အဲ့ဒါမ်ိဳးက အိမ္သီးသန႔္နဲ႔ ေနမွ ရမယ့္ကိစၥမ်ိဳးပါ

တအိမ္တည္းမွာ ေနၾကရင္ေတာ့ အဲ့လို လိမ္ဂြင္လည္းလုပ္လို႔လည္း မရသလို အဲ့လိုမ်ိဳး မိဘေရာ မိန္ မ ပါ သင့္ကိုအခ်စ္တိုးေအာင္ လုပ္ဖို႔လည္းမလြယ္ပါ

တခု ေတာ့ သတိေပးပါရေစ လင္မယား သီးသန႔္ေနၿပီးရင္ လင္က မိမိရဲ႕ မိဘအိမ္ကို အနည္းဆုံး တေန႔ 2 ႀကိမ္ 3 ႀကိမ္ေလာက္ေတာ့ သြားျဖစ္ေအာင္ သြားဖို႔ အလြန္အင္မတန္ အေရးႀကီးပါတယ္

ဘာလို႔လဲဆိုေတာ့ သားေယာက်္ားေလးက မိမိ မိဘကို တသက္လုံး ေဖးမမႈ လုပ္ရမွာ မို႔လို႔ပါ ။အိမ္ေထာင္က်ၿပီးသြားရင္လည္း မိဘကို ဆက္လက္ၿပီး ဂ႐ုတစိုက္ လုပ္ေနရမွာပါ

ဒါ့ေၾကာင့္ အနည္းဆုံးတေန႔ 2 ႀကိမ္ 3 ႀကိမ္ေလာက္ မိဘအိမ္ကိုသြားၿပီးမိဘရဲ႕ လိုအပ္ခ်က္ ဝတ္ႀကီးဝတ္ငယ္ ကိုျဖည့္ဆည္းေပးရမွာပါ။ ဒါက လင္ေယာက်ာ္းလုပ္ရမယ့္အေရးႀကီးတာဝန္တခုကိုၾကားျဖတ္တင္ျပေပးတာပါ

ေနာက္တခု အိမ္သီးသန႔္နဲ႔ ေနရင္ သင္အိမ္ကိုျပန္ေရာက္ေတာ့ မိန္းမကို ေတြ႕တာနဲ႔ တန္းၿပီး အာပြား ေပးလည္းအေၾကာင္းမဟုတ္ဘူးေလ ။လင္မယား ႏွစ္ေယာက္တည္းဆိုေတာ့ စိတ္ႀကိဳက္ လြတ္လြတ္လပ္လပ္ ေနလို႔ရတယ္ေလ

အဲ့လို လင္မယားႏွစ္ေယာက္ စိတ္ႀကိဳက္ လြတ္လြတ္လပ္လပ္ ေနတာ အရမ္းေကာင္းတယ္ေနာ္ အခ်စ္တိုးဖို႔ အေၾကာင္းခံ အမ်ားႀကီး ျဖစ္ႏိုင္တယ္

ေဟာ အိမ္တလုံးတည္းမွာ အကုန္စုေနေတာ့ ကိုယ္က အိမ္ျပန္လာလို႔ ကိုယ့္မိန္းမကို အာပြားေပးခ်င္လည္း လူေတြနဲ႔ ဆိုေတာ့ မျဖစ္ျပန္

စသျဖင့္ စသျဖင့္ ေျပာရရင္ေတာ့ post တအားရွည္သြားလိမ့မယ္ အခုေတာင္ မနည္းရွည္ေနၿပီ ။ကဲ အခုေနာက္ဆုံး အေရးအႀကီးဆုံး အရာကို ေျပာပါေတာ့မယ္ လင္နဲ႔မယား လ်ာနဲ႔သြား ဆိုတာၾကားဖူးၾကမွာပါ

လင္မယား 2 ေယာက္ အိမ္သီးသန႔္နဲ႔ ေနတဲ့အခါတေယာက္နဲ႔ တေယာက္ စကားမ်ား ရန္ျဖစ္ၾကတဲ့အခါ မေခၚမေျပာပဲ ဘယ္ေလာက္ပဲေနေန 1 ရက္ 2 ရက္ ေနာက္ဆုံး 3 ရက္ထက္မပိုပါဘူး

တေယာက္ေယာက္က အေၾကာင္းမရွိ အေၾကာင္းရွာၿပီး စကားေျပာရင္းနဲ႔ ျပန္ၿပီး ေျပလည္သြားၾကတာ မ်ားပါတယ္

အဲ … တအိမ္ထဲမွာစုေနတဲ့အခါ လင္နဲ႔မယား စကားမ်ားတဲ့အခါ မွာ 1 က်ပ္သား ျပႆနာ က 1 ပိႆာ ျပႆနာ ျဖစ္ျဖစ္သြားတတ္တယ္

ဘာလို႔လဲဆိုေတာ့ လင္မယား စကားမ်ားၿပီဆိုရင္ ေယာက္ ခ မ က သူ႔သားကို ေျပာမယ္ ငါ မေျပာခ်င္လို႔ ၾကည့္ေနတာ နင့္မယား လူပါးဝတာမ်ားေနၿပီ

ေယာင္းမေတြ ရွိရင္ ေယာင္းမေတြကလည္း ေျပာမယ္ အကိုႀကီးမိန္းမကေလ မေျပာခ်င္ဘူး အကိုႀကီးမို႔လို႔ သည္းခံေနတာ မိန္းမ မရွားပါဘူး အကိုႀကီးရယ္

အဲ … အဲ့လိုမ်ိဳး ေညႇာင့္ေပးလိုက္တဲ့အခါ လင္ျဖစ္သူက ေသြးနထင္ေရာက္သြားၿပီး ေတာ္႐ုံ တန္႐ုံ နဲ႔ ၿပီးရမယ့္ လင္မယား ျပႆနာ အေသးအမႊားကေန ဘယ္ေလာက္ႀကီးသြားလဲဆိုတာ ေနာက္ဆုံး ကြဲၾကၿပဲၾကတဲ့အထိ ပါပဲ

အဲ့ဒါက အဆိုးဆုံးပါပဲ

မယုံရင္ လိုက္ေလ့လာၾကည့္ပါ ကြဲသြားၾကတဲ့ လင္မယားအမ်ားစု ေတြမွာ ေဘးလူေတြရဲ႕ ပ ေယာ ဂ အမ်ားႀကီး ပါပါတယ္

သို႔ေသာ္ အိမ္တိုင္း အိမ္တိုင္းက လူတိုင္း လူတိုင္း ကိုေတာ့ မဆိုလိုပါ

တခ်ိဳ႕ေတြ ေကာင္းၾကပါတယ္ လင္မယား စကားမ်ားရင္ ေျပလည္သြားေအာင္ ၾကားဝင္ျဖန္ေျဖေပးတဲ့ မိဘ ေတြ ေယာင္း မ ေတြ လည္း ရွိၾကပါတယ္

အေကာင္းဆုံးကေတာ့ ကိုယ့္လင္မယား ျပႆနာ ကိုယ့္ဟာကိုယ္ ေျဖရွင္းၾကတာ အေကာင္းဆုံးနဲ႔ အျဖစ္သင့္ဆုံးပါ ၾကားလူ ပါမလာရင္ အခ်ိန္တန္ ေျပလည္သြားၾကတာခ်ည္းပါပဲ

အခုေလာက္ဆို အိမ္သီးသန႔္ေနျခင္းရဲ႕ အက်ိဳးရလဒ္ကို ခန႔္မွန္းၾကည့္လို႔ရပါၿပီ

အခုလို လင္မယား အိမ္သီးသန႔္နဲ႔ေနဖို႔ တင္ျပေပးတာ အားလုံးစုေနတဲ့မိသားစု တကြဲတျပား ျဖစ္ေစခ်င္လို႔ တင္ျပျခင္း လုံးဝ လုံးဝ မဟုတ္ရပါ

လင္မယား ႏွစ္ေယာက္ စိတ္ခ်မ္းသာစြာနဲ႔ ဘဝကို အဓြန႔္ရွည္စြာ ျဖတ္သန္း ႏိုင္ဖို႔ ရည္႐ြယ္ၿပီး တင္ျပေပးတာပါ

ဒါ့ေၾကာင့္ သာသနာကလည္း လင္မယား ညားၿပီဆိုရင္ မိဘအိမ္မွာ ေနတာထက္ လင္မယားႏွစ္ေယာက္ သီးသန႔္ေနဖို႔ကို ပိုမိုတိုက္တြန္းထားတာပါ

မယုံရင္ တတ္သိနားလည္တဲ့ အာလင္မ္ပညာရွင္ေတြကို ေမးျမန္းၾကည့္ပါ

ဒီ POST က ဘယ္သူ႔ ဘယ္သူ႔ ကိုမွ မရည္႐ြယ္ပါ တိုက္ဆိုင္မႈ ရွိရင္ ခြင့္လႊတ္ပါ

အားလုံးပဲ သာယာခ်မ္းေျမ့တဲ့ မိသားစု ဘဝကို ပိုင္ဆိုင္ ႏိုင္ၾကပါေစ

ခရစ္ဒစ္

Add a Comment

Your email address will not be published. Required fields are marked *