သားသမီးရှိတဲ့ မိဘတိုင်း ဖတ်သင့်တဲ့ စာ

Sharing is caring!

ပိတ်ရက်ဆိုတော့ သမီးလေးကိုထမင်းခွံ့ဖို့တာဝန်ကို ကျွန်မယူလိုက်တယ်။ သမီးကကောင်းကောင်းမစား၊ ဆော့လို့ချည်းသာ နေတော့တာ။ ဘယ်လိုချော့ကျွေးကျွေးကိုမရ။“ မီးငယ်က အရင်နေ့တွေ ထမင်းစားတယ်ဆို အခုကျ မစားပါလား ဘယ်လိုဖြစ်ပါလိမ့်”

“ သမီးက ချော့ကျွေးနေတာကိုး ပေး ကြီးကြီးကျွေးပြမယ်”ပန်းကန်ကိုယူပြီး သမီးရှေ့ကို သွားထိုင်တော့ သမီးကကျွန်မကို လှမ်းကြည့်တယ်။ သူ့အကြည့်က တစ်မျိုးပဲ ငိုမဲ့မဲ့ကလေးရယ်။

“ မီးငယ် တစ်လုပ်စားလိုက် မစားရင် ဘာဖြစ်မလဲ သိတယ်နော်”ထူးထူးဆန်းဆန်းပဲ သမီးက ချက်ချင်းပါးစပ်ကို ဟပေးတယ်။ မျက်နှာလေးကတော့ စားချင်နေတဲ့ပုံမပေါ်။

“ တွေ့တယ်မလားသမီးရဲ့ ကြီးကြီးတို့က အထာရှိတယ် အဲဒီလိုကျွေးရတာ”“ ဟင် ဘယ်လို အထာတုန်း ကြီးကြီးရဲ့”“ မီးမီးငယ် ပြောပြလိုက် မီးမီးထမင်းမစားရင် ဘာဖြစ်မှာလဲ”“ မီးမီး မစားရင် …. လမ်းထိပ်က ကုလားကြီးကိုခေါ်ပြီး ပေးပစ်လိုက်မှာတဲ့ မေမေ”

သမီးအသံတုန်ခါခါလေးက ကျွန်မကို မတိုင်ရဲတိုင်ရဲနဲ့။ သူ့ကြီးကြီးကတော့ သူ့အကြံအတွက် ဂုဏ်ယူမဆုံးတပြုံးပြုံး။ တကယ်တော့ သမီးလေးမြိုချလိုက်တာ ထမင်းတွေမဟုတ်ဘူး အကြောက်တရားတွေ။ သမီးရင်ဘတ်သေးသေးလေးထဲ ကြောက်စိတ်တွေနဲ့ ထမင်းတစ်

နပ်စီ။

“ ရေမချိုးချင်ဘူး ရေမချိုးဘူးလို့ အီးဟီး”“ လာပါ မီးမီးရဲ့ မေမေချိုးပေးမယ်လေ နော် လိမ္မာတယ်”“ ချိုးဘူး ချိုးဘူး”“ ဟဲ့သမီး ကလေးကို အဲဒီလိုချော့နေလို့မရဘူးလေ ဖယ်ပါဦးအေ ကျုပ်ပြမယ်”“ မီးမီးငယ်ရေ ရေမြန်မြန်ချိုးနော် မချိုးရင် ဒီပိုက်ထဲကနေ သရဲကြီး

ကဆင်းလာပြီး မီးမီးလက်တွေကို စားပစ်လိုက်တော့မှာ သိတယ်မလား ဟော အသံကြားတယ် လာနေပြီထင်တယ်”သမီးကိုယ်လေး ဆတ်ခနဲတုန်ရင်း ခေါင်းလေးကို ခပ်မြန်မြန်ညိတ်၊ ရေလောင်းပေးတော့ မငြင်းမဆန်နဲ့ ရေပိုက်ကို လုံးဝမော့မကြည့်။ သမီးရေချိုးတာ

တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်မဟုတ်၊ သူ့လက်ကလေးတွေ အကိုက်ခံရမှာစိုးလို့ အလန့်တကြားချိုးနေရတာ။ သမီးပေါ်စီးဆင်းသွားတာ ရေတွေမဟုတ်ဘဲ သမီးလေးရဲ့အကြောက်တရားတွေ။

“ ဟော မေမေရေ မုန့်သည်လာနေပြီ မီးစားမယ်၊ မီးစားမယ်နော်”“ ဟိတ် တိတ်စမ်း …. အဲဒါ ဒေဝေါကြီးနော် မီးငယ်ကိုဖမ်းစားဖို့ လူယောင်ဆောင်ထားတာ ခေါ်တာနဲ့ လာဖမ်းစားမှာတဲ့ စားချင်သေးလား ခေါ်လိုက်မယ်လေ ဈေးသည် … ရေ”

“ ဟင့်အင်း မီးမစားတော့ပါဘူး ကြောက်တယ်”“ အင်း မစားနဲ့ ဒီညကလေးတွေကို ပိုစားမှာလို့ကြားတယ် မီးငယ်က ဘယ်မှမသွားဘဲ ခုံမှာပဲထိုင်နေတော့နော် ငြိမ်ငြိမ်မနေလို့လာဖမ်းသွားရင် ဖွားလေးတို့လည်း မထည့်ပေးဘဲ မနေရဲဘူး”

“ ဟုတ်ကဲ့”

သူ့အရုပ်ကလေးကိုပိုက်၊ ထိုင်ခုံထောင့်လေးမှာ ငြိမ်ကျသွားတဲ့သမီးဟာ ခေါင်းကိုငုံ့လို့ သူ့ကိုယ်လုံးလေးကို ချုံ့နိုင်သမျှချုံ့နေရှာတယ်။ သူတို့ရုပ်ရှင်ကို အနှောင့်အယှက်ကင်းကင်းကြည့်ရဖို့အတွက် သမီးလေးက သူ့အကြောက်တရားဟာ ပြတင်းပေါက်က ဝင်လာမလား

မဝံ့မရဲ တုန်နေရရှာတယ်။ တရားရဲ့လား။

ကျွန်မကို ပိုတယ်ထင်မှာပဲ။ နင်တို့တုန်းကလည်း ဒီလိုပဲကြီးလာတာလို့ပြောမှာပဲ။ ဟုတ်တယ် ကျွန်မဒီလိုကြီးလာရလို့လည်း ကျွန်မကြီးပြင်းလာရတဲ့အခါ လူတောမတိုးတာ၊ သံသယကြီးတာ၊ ကြောက်တတ် သိမ်ငယ်တတ်တာ၊ မလိုအပ်ဘဲ ရှက်ရွှံ့နေတတ်တာ အဲဒါ

တွေအကုန်လုံး သမီးလေးကိုမခံစားစေချင်တာလေ။ ကျွန်မကိုပျိုးထောင်မှုအတွက် ကျွန်မအပြစ်မတင်ပါဘူး။ ဒါပေမယ့် ကျွန်မသမီးလေးအထိပါ ထပ်ဖြစ်ဖို့မလိုအပ်ဘူးလို့ထင်တာပဲ။

ထမင်းမစားရင် ထမင်းရဲ့ကောင်းကြောင်းတွေပြောမယ်၊ ပုံပြင်လေးတွေပြောပြီး ကျွေးမယ်၊ ဇာတ်လမ်းထွင်ပြီး သူစိတ်ဝင်စားအောင်လုပ်၊ ထမင်းကို သူစားချင်စဖွယ်ဖြစ်အောင်စီစဉ်ပြီး သူ့အရုပ်ကလေးတွေနဲ့ ကျွေးမယ်ဆိုရင်ကော မရနိုင်ဘူးလား။

သူရေမချိုးဘူးဆိုရင် ရေချိုးပျင်းရင်ဖြစ်လာမယ့်အကျိုးဆက်တွေအကြောင်းပြောပြပေါ့။ ညစ်ပတ်ရင် ဘယ်လိုရောဂါတွေဖြစ်တတ်မလဲ၊ ဘယ်လိုနေမကောင်းဖြစ်တတ်မလဲ သူ့ကိုသေချာပြောပြမယ်ဆိုရင် သူရေမချိုးဘဲ နေပါ့မလား။

အပြင်စာတွေမစားဖို့အတွက် အပြင်စာတွေက မသန့်ရှင်းဘူးဆိုတာ ရှင်းပြပေါ့။ သူစားချင်မယ့် သရေစာမျိုးလုပ်ပေးမှာပေါ့။ သူနဲ့အတူတူလုပ်မယ့် မုန့်တွေဆိုရင် သူစားချင်မှာပဲမဟုတ်လား။ သူကိုယ်တိုင်ကူလုပ်ရတဲ့မုန့်ဆိုရင် သူသေချာပေါက်ကို စားမှာပါ။

ကျွန်မတို့ဟာ အကြောက်တရားများနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ဘာမှန်းမသိတဲ့ ခြိမ်းချောက်မှုတွေထဲ ဘာကောင်ကြီးတွေမှန်းလည်းမသိဘဲ ဘယ်လိုကြောက်စရာမှန်းလည်း မသိဘဲ ခြောက်ခြားရင်း အလန့်တကြားကြီးပြင်းခဲ့ရပါတယ်။ လူကြီးတွေအတွက်တော့ အပိုများဖြစ်

နေမလားမသေချာပေမယ့် ကျွန်မသမီးလေးကိုတော့ ရဲရဲရင့်ရင့် ကြီးပြင်းလာစေချင်တယ်။ သမီးဟာ မလိုအပ်ဘဲ မထိတ်လန့်တတ်တဲ့၊ အကြောင်းအကျိုး ဆင်ခြင်တတ်တဲ့ ကလေးမလေးအဖြစ် လှလှပပ ရှင်သန်လာစေချင်ပါတယ်။ ဒါ ကျွန်မဆန္ဒလေးပါပဲ .. ။ ။

ချစ်တဲ့ ❤️
True Learning

Zawgyi Version

ပိတ္ရက္ဆိုေတာ့ သမီးေလးကိုထမင္းခြံ႕ဖို႔တာဝန္ကို ကြၽန္မယူလိုက္တယ္။ သမီးကေကာင္းေကာင္းမစား၊ ေဆာ့လို႔ခ်ည္းသာ ေနေတာ့တာ။ ဘယ္လိုေခ်ာ့ေကြၽးေကြၽးကိုမရ။“ မီးငယ္က အရင္ေန႔ေတြ ထမင္းစားတယ္ဆို အခုက် မစားပါလား ဘယ္လိုျဖစ္ပါလိမ့္”

“ သမီးက ေခ်ာ့ေကြၽးေနတာကိုး ေပး ႀကီးႀကီးေကြၽးျပမယ္”ပန္းကန္ကိုယူၿပီး သမီးေရွ႕ကို သြားထိုင္ေတာ့ သမီးကကြၽန္မကို လွမ္းၾကည့္တယ္။ သူ႔အၾကည့္က တစ္မ်ိဳးပဲ ငိုမဲ့မဲ့ကေလးရယ္။

“ မီးငယ္ တစ္လုပ္စားလိုက္ မစားရင္ ဘာျဖစ္မလဲ သိတယ္ေနာ္”ထူးထူးဆန္းဆန္းပဲ သမီးက ခ်က္ခ်င္းပါးစပ္ကို ဟေပးတယ္။ မ်က္ႏွာေလးကေတာ့ စားခ်င္ေနတဲ့ပုံမေပၚ။

“ ေတြ႕တယ္မလားသမီးရဲ႕ ႀကီးႀကီးတို႔က အထာရွိတယ္ အဲဒီလိုေကြၽးရတာ”“ ဟင္ ဘယ္လို အထာတုန္း ႀကီးႀကီးရဲ႕”“ မီးမီးငယ္ ေျပာျပလိုက္ မီးမီးထမင္းမစားရင္ ဘာျဖစ္မွာလဲ”“ မီးမီး မစားရင္ …. လမ္းထိပ္က ကုလားႀကီးကိုေခၚၿပီး ေပးပစ္လိုက္မွာတဲ့ ေမေမ”

သမီးအသံတုန္ခါခါေလးက ကြၽန္မကို မတိုင္ရဲတိုင္ရဲနဲ႔။ သူ႔ႀကီးႀကီးကေတာ့ သူ႔အႀကံအတြက္ ဂုဏ္ယူမဆုံးတၿပဳံးၿပဳံး။ တကယ္ေတာ့ သမီးေလးၿမိဳခ်လိုက္တာ ထမင္းေတြမဟုတ္ဘူး အေၾကာက္တရားေတြ။ သမီးရင္ဘတ္ေသးေသးေလးထဲ ေၾကာက္စိတ္ေတြနဲ႔ ထမင္းတစ္

နပ္စီ။

“ ေရမခ်ိဳးခ်င္ဘူး ေရမခ်ိဳးဘူးလို႔ အီးဟီး”“ လာပါ မီးမီးရဲ႕ ေမေမခ်ိဳးေပးမယ္ေလ ေနာ္ လိမၼာတယ္”“ ခ်ိဳးဘူး ခ်ိဳးဘူး”“ ဟဲ့သမီး ကေလးကို အဲဒီလိုေခ်ာ့ေနလို႔မရဘူးေလ ဖယ္ပါဦးေအ က်ဳပ္ျပမယ္”“ မီးမီးငယ္ေရ ေရျမန္ျမန္ခ်ိဳးေနာ္ မခ်ိဳးရင္ ဒီပိုက္ထဲကေန သရဲႀကီး

ကဆင္းလာၿပီး မီးမီးလက္ေတြကို စားပစ္လိုက္ေတာ့မွာ သိတယ္မလား ေဟာ အသံၾကားတယ္ လာေနၿပီထင္တယ္”သမီးကိုယ္ေလး ဆတ္ခနဲတုန္ရင္း ေခါင္းေလးကို ခပ္ျမန္ျမန္ညိတ္၊ ေရေလာင္းေပးေတာ့ မျငင္းမဆန္နဲ႔ ေရပိုက္ကို လုံးဝေမာ့မၾကည့္။ သမီးေရခ်ိဳးတာ

တစ္ကိုယ္ရည္သန႔္ရွင္းေရးအတြက္မဟုတ္၊ သူ႔လက္ကေလးေတြ အကိုက္ခံရမွာစိုးလို႔ အလန႔္တၾကားခ်ိဳးေနရတာ။ သမီးေပၚစီးဆင္းသြားတာ ေရေတြမဟုတ္ဘဲ သမီးေလးရဲ႕အေၾကာက္တရားေတြ။

“ ေဟာ ေမေမေရ မုန႔္သည္လာေနၿပီ မီးစားမယ္၊ မီးစားမယ္ေနာ္”“ ဟိတ္ တိတ္စမ္း …. အဲဒါ ေဒေဝါႀကီးေနာ္ မီးငယ္ကိုဖမ္းစားဖို႔ လူေယာင္ေဆာင္ထားတာ ေခၚတာနဲ႔ လာဖမ္းစားမွာတဲ့ စားခ်င္ေသးလား ေခၚလိုက္မယ္ေလ ေဈးသည္ … ေရ”

“ ဟင့္အင္း မီးမစားေတာ့ပါဘူး ေၾကာက္တယ္”“ အင္း မစားနဲ႔ ဒီညကေလးေတြကို ပိုစားမွာလို႔ၾကားတယ္ မီးငယ္က ဘယ္မွမသြားဘဲ ခုံမွာပဲထိုင္ေနေတာ့ေနာ္ ၿငိမ္ၿငိမ္မေနလို႔လာဖမ္းသြားရင္ ဖြားေလးတို႔လည္း မထည့္ေပးဘဲ မေနရဲဘူး”

“ ဟုတ္ကဲ့”

သူ႔အ႐ုပ္ကေလးကိုပိုက္၊ ထိုင္ခုံေထာင့္ေလးမွာ ၿငိမ္က်သြားတဲ့သမီးဟာ ေခါင္းကိုငုံ႔လို႔ သူ႔ကိုယ္လုံးေလးကို ခ်ဳံ႕ႏိုင္သမွ်ခ်ဳံ႕ေနရွာတယ္။ သူတို႔႐ုပ္ရွင္ကို အေႏွာင့္အယွက္ကင္းကင္းၾကည့္ရဖို႔အတြက္ သမီးေလးက သူ႔အေၾကာက္တရားဟာ ျပတင္းေပါက္က ဝင္လာမလား

မဝံ့မရဲ တုန္ေနရရွာတယ္။ တရားရဲ႕လား။

ကြၽန္မကို ပိုတယ္ထင္မွာပဲ။ နင္တို႔တုန္းကလည္း ဒီလိုပဲႀကီးလာတာလို႔ေျပာမွာပဲ။ ဟုတ္တယ္ ကြၽန္မဒီလိုႀကီးလာရလို႔လည္း ကြၽန္မႀကီးျပင္းလာရတဲ့အခါ လူေတာမတိုးတာ၊ သံသယႀကီးတာ၊ ေၾကာက္တတ္ သိမ္ငယ္တတ္တာ၊ မလိုအပ္ဘဲ ရွက္႐ႊံ႕ေနတတ္တာ အဲဒါ

ေတြအကုန္လုံး သမီးေလးကိုမခံစားေစခ်င္တာေလ။ ကြၽန္မကိုပ်ိဳးေထာင္မႈအတြက္ ကြၽန္မအျပစ္မတင္ပါဘူး။ ဒါေပမယ့္ ကြၽန္မသမီးေလးအထိပါ ထပ္ျဖစ္ဖို႔မလိုအပ္ဘူးလို႔ထင္တာပဲ။

ထမင္းမစားရင္ ထမင္းရဲ႕ေကာင္းေၾကာင္းေတြေျပာမယ္၊ ပုံျပင္ေလးေတြေျပာၿပီး ေကြၽးမယ္၊ ဇာတ္လမ္းထြင္ၿပီး သူစိတ္ဝင္စားေအာင္လုပ္၊ ထမင္းကို သူစားခ်င္စဖြယ္ျဖစ္ေအာင္စီစဥ္ၿပီး သူ႔အ႐ုပ္ကေလးေတြနဲ႔ ေကြၽးမယ္ဆိုရင္ေကာ မရႏိုင္ဘူးလား။

သူေရမခ်ိဳးဘူးဆိုရင္ ေရခ်ိဳးပ်င္းရင္ျဖစ္လာမယ့္အက်ိဳးဆက္ေတြအေၾကာင္းေျပာျပေပါ့။ ညစ္ပတ္ရင္ ဘယ္လိုေရာဂါေတြျဖစ္တတ္မလဲ၊ ဘယ္လိုေနမေကာင္းျဖစ္တတ္မလဲ သူ႔ကိုေသခ်ာေျပာျပမယ္ဆိုရင္ သူေရမခ်ိဳးဘဲ ေနပါ့မလား။

အျပင္စာေတြမစားဖို႔အတြက္ အျပင္စာေတြက မသန႔္ရွင္းဘူးဆိုတာ ရွင္းျပေပါ့။ သူစားခ်င္မယ့္ သေရစာမ်ိဳးလုပ္ေပးမွာေပါ့။ သူနဲ႔အတူတူလုပ္မယ့္ မုန႔္ေတြဆိုရင္ သူစားခ်င္မွာပဲမဟုတ္လား။ သူကိုယ္တိုင္ကူလုပ္ရတဲ့မုန႔္ဆိုရင္ သူေသခ်ာေပါက္ကို စားမွာပါ။

ကြၽန္မတို႔ဟာ အေၾကာက္တရားမ်ားနဲ႔ ႀကီးျပင္းခဲ့ရပါတယ္။ ဘာမွန္းမသိတဲ့ ၿခိမ္းေခ်ာက္မႈေတြထဲ ဘာေကာင္ႀကီးေတြမွန္းလည္းမသိဘဲ ဘယ္လိုေၾကာက္စရာမွန္းလည္း မသိဘဲ ေျခာက္ျခားရင္း အလန႔္တၾကားႀကီးျပင္းခဲ့ရပါတယ္။ လူႀကီးေတြအတြက္ေတာ့ အပိုမ်ားျဖစ္

ေနမလားမေသခ်ာေပမယ့္ ကြၽန္မသမီးေလးကိုေတာ့ ရဲရဲရင့္ရင့္ ႀကီးျပင္းလာေစခ်င္တယ္။ သမီးဟာ မလိုအပ္ဘဲ မထိတ္လန႔္တတ္တဲ့၊ အေၾကာင္းအက်ိဳး ဆင္ျခင္တတ္တဲ့ ကေလးမေလးအျဖစ္ လွလွပပ ရွင္သန္လာေစခ်င္ပါတယ္။ ဒါ ကြၽန္မဆႏၵေလးပါပဲ .. ။ ။

ခ်စ္တဲ့ ❤️
True Learning

Zawgyi Version

Add a Comment

Your email address will not be published. Required fields are marked *