အိပ်မက်တွေနောက်လိုက်နေတဲ့ လူငယ်တွေအတွက် ဖြိုးပြည့်စုံရဲ့ သီချင်းအသစ်လေး တစ်ပုဒ်
|ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဖြိုးပြည့်စုံ တစ်ယောက်ကတော့ အိမ်မှာနေတဲ့ အချိန်တွေမှာ ပရိသတ်တွေအတွက်သီချင်းတစ်ပုဒ် ကို ဖန်တီးပေးခဲ့ပြီ ဖြစ်ပါတယ်။
သူဟာဆိုရင် လူငယ်များအကြားမှာ ရေပန်းစားတဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။
အခုတစ်ခါ ဖန်တီးခဲ့တဲ့ သီချင်းလေးကတော့ လူငယ်တွေအကြိုက်လို့ ပဲ ဆိုရမှာပါ။ အိမ်မက်တွေနောက်လိုက်နေတယ်ဆိုတဲ့ သီချင်းလေးပါပဲ။
ဒီသီချင်းလေးကို အခက်အခဲတွေ အမျိုးမျိုးကြားက ကြိုးစားပြီး တင်ဆက်ပေးခဲ့တာဖြစ်လို့ လိုအပ်ချက်တွေရှိရင်လည်း နားလည်ပေးဖို့ တောင်းဆိုထားပါတယ်။
ကဲ ဒါဆိုရင် သီချင်းအသစ်လေးကို ခံစားကြည့်လိုက်ရအောင်နော်
- ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ
Source- Phyo Pyae Sone’s Facebook