လားရှိုးတွင် ရေတွင်းဆင်းတူးသူ (၅) ဦး အောက်ဆီဂျင်ပြတ်ပြီး (၃) ဦးသေဆုံးခဲ့
|လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အေတီအနီးအောင်သစ္စာတိုးချဲ့ရပ်ကွက်တွင်ရေတွင်းတူးရင်း လူ(၅)ဦးအောက်ဆီဂျင်ပြတ်ပြီးသေဆုံးမှုရှိကြောင်းလဲသိရ။
ဆယ်ယူနိုင်သူအချို့အား ပရဟိတအသင်းကားများဖြင့် လားရှိုးဆေးရုံသို့ အချိန်မီ ပို့ဆောင်ထားကြောင်းသိရ။
(၉-၅-၂၀၂၀) နေ့လည်(၁:၀၀)နာရီ
ရေတွင်းထဲသို့ ပထမ(၂)ဦး ဆင်းဆယ်စဉ် အောက်ဆီဂျင်ပြတ်၍ အကူအညီပေးနိုင်ရန်အတွက် နောက်ထပ်(၃)ဦးမှ ဆင်းသွားရာ လူ(၅)ဦးလုံး အောက်ဆီဂျင်ပြတ်ပြီး
တွင်းထဲမှ ပြန်မတက်နိုင်ပဲရှိနေကြောင်း၊ ပတ်ဝန်းကျင်မှ ပရဟိတအဖွဲ့များသို့ ချိတ်ဆက်အကူအညီတောင်းခဲ့သဖြင့် ပရဟိတအသင်းကားများနှင့် မီးသတ်တပ်ဖွဲ့ကယ်ဆယ်ရေးယာဉ်တို့ဖြင့် သွားရောက်ခဲ့ကြကြောင်းသိရသည်။
အခင်းဖြစ်နေရာသို့အရောက်တွင် မီးသတ်တပ်ဖွဲ့ဝင်များက ရေတွင်းထဲသို့ဆင်းပြီး လူများအား သယ်ထုတ်ပေးနိုင်ခဲ့သော်လဲ (၃)ဦး သေဆုံးကြောင်းသိရသည်။
Credit Nay Myo
Zawgyi Version
(၉-၅-၂၀၂၀) နေ့လည်(၁:၀၀)နာရီ
Credit Nay Myo