ဗုဒ္ဓဘာသာဝင်များအတွက် ဝမ်းသာစရာသတင်းလာပါပြီ

Sharing is caring!

ရွှေတိဂုံစေတီတော်ကြီးအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီများအားလုံး ဇူလိုင် ၃၀ ရက်တွင် ပြန်ဖွင့်မည်သမိုင်ဝင်း ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရားစေတီတော်များအားလုံးကို ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်

ကြောင်း သိရသည်။ကိုဗစ်ကာလအတွင်း ရောဂါဖြစ်ပွားမှုပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရားစေတီများအားလုံးကို ပြီးခဲ့သည့် မတ်လမှစတင်၍ ဖူးမြော်ခွင့်ကို ယာယီပိတ်ထားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များ

အားလုံးကို ဇူလိုင် ၃၀ ရက် နံနက်၄ နာရီမှစ၍ ကိုဗစ်ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးဂေါပကအဖွဲ့များအား ဆက်လက်အသိပေးဆောင်ရွက်သွားရန်

ဇူလိုင်၂၈ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဒုညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်ကလက်မှတ်ထိုးထားသည် အကြောင်းကြားစာ ထုတ်ပြန်ထားသည်။

“ရန်ကုန်ထဲမှာရှိတဲ့ ဘုရားတွေ သုံးဆယ်ရက်နေ့ဖွင့်မယ်ဆိုတာ ဟုတ်ရင်လည်း ဟုတ်လောက်တယ်။ဒါပေမယ့် ဗိုလ်တထောင်ဘုရားမှာတော့ လက်ရှိတည်ဆောက်ရေးလုပ်ငန်းတွေလုပ်နေတယ်။တည်ဆောင်ရေးလုပ်ငန်းတွေက အာရုံခံတန်ဆောင်းတည်ဆောက်တဲ့လုပ်ငန်းတွေ၊

ကြွေပြာခင်းတဲ့လုပ်ငန်းတွေ၊ ရေစီရေလာကောင်းဖို့ိ ရေးမြောင်းတူးတဲ့လုပ်ငန်းတွေ လုပ်တဲ့အတွက်ကြောင့်လူတွေလာရောက်ဖူးရင် နေရာအခက်အခဲဖြစ်တဲ့အတွက်ကြောင့် လောလောဆယ်လကုန်တဲ့အထိ ကျွန်တော်တို့ ဗိုလ်တထောင်ဘုရားကိုဖွင့်ဖို့ အစီအစဉ်မရှိသေးဘူး”ဟု

ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းက ပြောသည်။ရန်ကုန်တိုင်ဒေးသကြီး မြို့တွင်းဧရိယာအတွင်းရှိ ဘုရားစေတီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊

မြို့ပြင်ရှိ ဘုရား၊စေတီများအား သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှကိုဗစ်ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားရန်၊ စစ်ဆေးပြီးစီးမှုအား မစောင့်ဆိုင်းဘဲဇူလိုင် ၃၀ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားရန်နှင့် အဖွဲ့များမှလည်း သတ်မှတ်ညွှန်ကြားချက်များနှင့်

အညီဆောင်ရွက်ထားမှုအခြေအနေအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။

TCM

Zawgyi Version

ေ႐ႊတိဂုံေစတီေတာ္ႀကီးအပါအဝင္ ရန္ကုန္တိုင္းအတြင္းရွိ ဘုရားေစတီမ်ားအားလုံး ဇူလိုင္ ၃၀ ရက္တြင္ ျပန္ဖြင့္မည္သမိုင္ဝင္း ေ႐ႊတိဂုံေစတီေတာ္အပါအဝင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိဘုရားေစတီေတာ္မ်ားအားလုံးကို ဇူလိုင္ ၃၀ ရက္တြင္ ျပန္လည္ဖြင့္လွစ္မည္ျဖစ္

ေၾကာင္း သိရသည္။ကိုဗစ္ကာလအတြင္း ေရာဂါျဖစ္ပြားမႈပ်ံ႕ႏွံ႔မႈကိုထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိဘုရားေစတီမ်ားအားလုံးကို ၿပီးခဲ့သည့္ မတ္လမွစတင္၍ ဖူးေျမာ္ခြင့္ကို ယာယီပိတ္ထားခဲ့သည္။ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဘုရားေစတီေတာ္မ်ား

အားလုံးကို ဇူလိုင္ ၃၀ ရက္ နံနက္၄ နာရီမွစ၍ ကိုဗစ္ေရာဂါေၾကာင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္အမိန႔္၊ ၫႊန္ၾကားခ်က္မ်ား၊ စည္းကမ္းခ်က္မ်ားႏွင့္အညီ ဖြင့္လွစ္ေဆာင္႐ြက္ႏိုင္ေရးေဂါပကအဖြဲ႕မ်ားအား ဆက္လက္အသိေပးေဆာင္႐ြက္သြားရန္

ဇူလိုင္၂၈ ရက္ ရက္စြဲျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ကိုယ္စား ဒုၫႊန္ၾကားေရးမႉး ေဒၚခင္လွျမင့္ကလက္မွတ္ထိုးထားသည္ အေၾကာင္းၾကားစာ ထုတ္ျပန္ထားသည္။

“ရန္ကုန္ထဲမွာရွိတဲ့ ဘုရားေတြ သုံးဆယ္ရက္ေန႔ဖြင့္မယ္ဆိုတာ ဟုတ္ရင္လည္း ဟုတ္ေလာက္တယ္။ဒါေပမယ့္ ဗိုလ္တေထာင္ဘုရားမွာေတာ့ လက္ရွိတည္ေဆာက္ေရးလုပ္ငန္းေတြလုပ္ေနတယ္။တည္ေဆာင္ေရးလုပ္ငန္းေတြက အာ႐ုံခံတန္ေဆာင္းတည္ေဆာက္တဲ့လုပ္ငန္းေတြ၊

ေႂကြျပာခင္းတဲ့လုပ္ငန္းေတြ၊ ေရစီေရလာေကာင္းဖို႔ိ ေရးေျမာင္းတူးတဲ့လုပ္ငန္းေတြ လုပ္တဲ့အတြက္ေၾကာင့္လူေတြလာေရာက္ဖူးရင္ ေနရာအခက္အခဲျဖစ္တဲ့အတြက္ေၾကာင့္ ေလာေလာဆယ္လကုန္တဲ့အထိ ကြၽန္ေတာ္တို႔ ဗိုလ္တေထာင္ဘုရားကိုဖြင့္ဖို႔ အစီအစဥ္မရွိေသးဘူး”ဟု

ဗိုလ္တေထာင္ေစတီေတာ္ ေဂါပကအဖြဲ႕႐ုံးအဖြဲ႕မႉး ဦးေက်ာ္ႏိုင္ထြန္းက ေျပာသည္။ရန္ကုန္တိုင္ေဒးသႀကီး ၿမိဳ႕တြင္းဧရိယာအတြင္းရွိ ဘုရားေစတီမ်ားအား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕လူမႈေရးဝန္ႀကီးဦးေဆာင္သည့္ စစ္ေဆးေရးအဖြဲ႕မွ ႀကီးၾကပ္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း၊

ၿမိဳ႕ျပင္ရွိ ဘုရား၊ေစတီမ်ားအား သက္ဆိုင္ရာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမ်ားမွကိုဗစ္ေကာ္မတီဝင္မ်ားျဖင့္ စစ္ေဆးေဆာင္႐ြက္သြားရန္၊ စစ္ေဆးၿပီးစီးမႈအား မေစာင့္ဆိုင္းဘဲဇူလိုင္ ၃၀ရက္ေန႔မွစ၍ ဖြင့္လွစ္ေပးသြားရန္ႏွင့္ အဖြဲ႕မ်ားမွလည္း သတ္မွတ္ၫႊန္ၾကားခ်က္မ်ားႏွင့္

အညီေဆာင္႐ြက္ထားမႈအေျခအေနအား စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ယင္းအေၾကာင္းၾကားစာတြင္ေဖာ္ျပထားသည္။

TCM

Add a Comment

Your email address will not be published. Required fields are marked *