ကိုယ့်ရှေ့ကယာဉ်ကို ညာဘက်ကကျော်လို့ရတယ်ဆိုတာ သင်သိပါသလား
|ကျွန်တော်တို့တွေ မိမိရှေ့ကယာဉ်တွေကိုကျော်တက်ကြတဲ့နေရာမှာ သာမန်အားဖြင့်ဘယ်ဘက်(လက်ဝဲဘက်)ကနေပဲကျော်တက်ကြရမယ်လို့အများသိထားကြပါတယ်အဲ့ ညာဘက်(လက်ယာဘက်)ကတော့ကျော်တက်လို့မရဘူးရယ်လို့ပေါ့။
မှန်ပါတယ်မိမိရှေ့ကယာဉ်ကို ကျော်တက်မယ်ဆိုရင်သာမန်အားဖြင့် ဘယ်ဘက်(လက်ဝဲဘက်)ကပဲကျော်တက်ရပါ့မယ်သို့သော် ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ညာဘက်(လက်ယာဘက်)ကနေကျော်တက်နိုင်ပါတယ် အဲ့ဒါတွေကတော့-
၁။ ရှေ့ကယာဉ်ဟာ လက်ဝဲဘက်(ဘယ်ဘက်)ကိုကွေ့ဖို့အချက်ပြနေတဲ့အခါ၊
၂။ လမ်းမှာ ယာဉ်တွေပိတ်နေလို့ လက်ယာဘက်(ညာဘက်)မှာပဲ လမ်းပွင့်နေတဲ့အခါ၊
၃။ ယာဉ်ကြောပြောင်းတဲ့အနေနဲ့ လက်ဝဲဘက်(ဘယ်ဘက်)ယာဉ်ကြောမှာမောင်းနေတဲ့ယာဉ်ရဲ့ရှေ့သို့ လက်ယာဘက်(ညာဘက်)ယာဉ်ကြောမှလမ်းပြောင်းဝင်တဲ့အခါ၊
၄။ တစ်လမ်းမောင်းမှာ မောင်းနှင်သွားလာတဲ့အခါ။
ကဲ အဲ့အချက်(၄)ချက်နဲ့ကြုံလာတဲ့အခါမျိုးမှာလက်ယာဘက်(ညာဘက်)ကနေလည်းကျော်တက်လို့ရပါပြီဗျာ အဲ့ မျဉ်းသေတို့မလွတ်တလွတ်ကျော်တက်တာတို့လုတက်တာတို့တော့ ကျွန်တော်သိတယ်ကျွန်တော်ကိုခင်ကြတဲ့ယာဉ်မေ ာင်းတွေမို့အဲ့ဒီလိုတော့လုပ်မှာမဟုတ်ဘူးလို့။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
30.7.2020
Zawgyi Version
30.7.2020